Showing posts with label Boeing. Show all posts
Showing posts with label Boeing. Show all posts

Thursday, June 27, 2019

Boeing 737 max နဲ႔ ေနာက္ထပ္ ျပသနာ အသစ္။


Boeing 737 max နဲ႔ ေနာက္ထပ္ ျပသနာ အသစ္။

ျပသနာမ်ိဳးစုံနဲ႔ နပန္းလုံးေနတဲ့ Boeing 737 max ရဲ႕ ေမွ်ာ္လင့္ခ်က္ ေရာင္ျခည္ တခုျဖစ္တဲ့ MCAS software update ကိုစမ္းသပ္လို႔ၿပီးၿပီျဖစ္ေၾကာင္း  ၂၀၁၉ ေမလ ၁၈ ရက္မွာ ဘိုးအင္းကေၾကျငာခဲ့ပါတယ္။ ဘိုးအင္းရဲ႕ပိုင္းေလာ့ နဲ႔ အင္ဂ်င္နီယာေတြက အဲဒီ ေဆာ့ဝဲအသစ္ကိုသုံးၿပီး ဆင္ျမဴေလတာတာနဲ႔ တကဲ့ စမ္းသပ္ပ်ံသန္းမႈေပါင္း ၂၀၇ ခုကို နာရီ ၃၆၀ ၾကာေအာင္လုပ္ၿပီးၿပီျဖစ္လို႔ FAA ရဲ႕ စစ္ေဆးမႈရယူဖို႔တင္ျပေတာ့မယ္လို႔ေျပာခဲ့တာပါ။ 

737 Max
MCAS system


ေနာက္ဆုံးသတင္း 

အဲဒီေဆာ့ဝဲအသစ္ကို သုံးၿပီး FAA ပိုင္းေလာ့ေတြ simulator နဲ႔ စမ္းသပ္ေနၾကရာက မေမွ်ာ္လင့္ထားတဲ့ျပသနာအသစ္တခုကို ထပ္ေတြ႕ခဲ့တာပါ။ ဘာျပသနာရယ္လို႔ အေသးစိပ္ထုတ္ျပန္ျခင္းမရွိေပမယ့္ FAA က ၂၀၁၉ ဇြန္ လ ၂၆ ရက္မွာ  “ The FAA recently found a potential risk that Boeing must mitigate” လို႔ထုတ္ျပန္ခဲ့သလို ဘိုးအင္းကလည္း “ (FAA) identified an additional requirement that it has asked the company to address through the software changes that the company has been developing for the past eight months.” လို႔ေၾကျငာပါတယ္။ ဒီျပသနာသစ္အတြက္ ဘိုးအင္းက ေဆာ့ဝဲ အသစ္ကို ေရးေနၿပီး ကုမၸဏီအေနနဲ႔ 737 max ပ်ံသန္းခြင့္ျပန္ရဖို႔ လိုအပ္ခ်က္ေတြကို စိတ္တိုင္းမက်မခ်င္း FAA ကို ပ်ံသန္းခြင့္ လက္မွတ္အတြက္ တင္ျပမွာမဟုတ္ဘူးလို႔ဆိုပါတယ္။ 


ေပါက္ၾကားလာတဲ့ သတင္းေတြ

CNN သတင္းဌာနကေတာ့ သူတို႔ရထားတဲ့ 737 max စမ္းသပ္ေနမႈနဲ႔ နီးစပ္တဲ့ သတင္းအရင္းအျမစ္ ႏွစ္ခုအဆိုအရ ဒီတခါျပသနာက မိုက္က႐ိုပေရာဆက္စာခ်ိဳ႕ယြင္းမႈလို႔ဆိုပါတယ္။ 
အဲဒီခ်ိဳ႕ယြင္းခ်က္က ေလယာဥ္ဦးကို ေျမကို စိုက္ေအာင္တြန္းပို႔တယ္လို႔ဆိုပါတယ္။
ဒီခ်ိဳ႕ ယြင္းခ်က္ကိုျပန္ တုန္ျပန္ဖို႔ simulator ထဲ မွာစမ္းၾကတဲ့အခါပိုင္းေလာ့အေနနဲ႔   စကၠန႔္ပိုင္းအတြင္း ဦးျပန္မတ္လာဖို႔  စြမ္းေဆာင္ႏိုင္ဖို႔ အလြန္ခက္ခဲတယ္။ အဲလို စကၠန႔္ပိုင္းအတြင္းအတြင္း တုန္႔ျပန္ဖိုမလြယ္ဘူးဆိုတာ အလြန္အႏၲရာယ္မ်ားတယ္လို႔ဆိုပါတယ္။ အခုအသစ္ေတြ႕ရွိတဲ့ micro processor ခ်ိဳ႕ယြင္းမႈက ၿပီးခဲ့တဲ့ ေလယာဥ္ပ်က္က်မႈ ၂ ခုနဲ႔ ပတ္သက္မႈ ရွိမရွိေတာ့ မသိေသးပါဘူး။
ဒီျပသနာကို ေျဖရွင္းဖို႔ ဘိုးအင္းအင္ဂ်င္နီယာေတြႀကိဳးစားေနၾကၿပီျဖစ္ေပမယ့္ 737 Max ေတြျပန္လည္ပ်ံသန္းခြင့္ရဖို႔ကေတာ့ အခ်ိန္ပိုၿပီး ၾကာသြားေတာ့မွာပါ။
ဒီျပသနာကို ေျဖရွင္းဖို႔ ေဆာ့ဝဲ အပ္ဒိတ္လုပ္႐ုံနဲ႔ ရမလား micro processor ပစၥည္းအသစ္နဲ႔ အစားထိုးရမလာူဆိုတာေတာ့ ေျပာလို႔မရေသးပါဘူး။


ဘာအက်ိဳးဆက္ေတြျဖစ္လာမလဲ

  • 737 max ေတြ ပ်ံခြင့္ရဖို႔ မွန္းထားတာထက္ပိုၿပီးၾကာပါမယ္။
  • ဒီေလယာဥ္ေတြ အေပၚ လူေတြ ရဲ႕ ယုံၾကည္မႈ အေတာ္ေလး ထပ္ေလ်ာ့သြားပါမယ္။
  • ၿပီးခဲ့တဲ့ ၂ ပတ္က ပဲရစ္ ေလေၾကာင္းျပပြဲမွာ ယုံၾကည္စိတ္ခ်စြာနဲ႔ 737 Max အစီး ၂၀၀ ဝယ္မယ္ဆိုတဲ့  IAG အုပ္စုက ဘယ္လို တုန႔္ျပန္မယ္ဆိုတာကလည္းစိတ္ဝင္စားစရာပါ၊
  • ေလယာဥ္ေတြ ေျမမွာနားထားရလို႔. (သို႔) လက္ခံရရွိဖို႔ ေႏွာင့္ေႏွးလို႔ ေဒၚလာဂသန္းခ်ီ နစ္နာေနတဲ့ ေလေၾကာင္းလိုင္းေတြက ဘိုးအင္းထံက ေလ်ာ္ေၾကးေတာင္းတဲ့ သတင္းေတြ ထပ္ၾကားရႏိုင္ပါတယ္။
  • မွာထားတဲ့ ၄.၉ ဘီလီယံဖိုး ေအာ္ဒါေတြကို ဖ်က္သိမ္းခဲ့တဲ့ Garuda Indonesia ေနာက္ကို လိုက္မယ့္ေလေၾကာင္းလိုင္းေတြလည္းေပၚလာႏိုင္ပါတယ္။ 



ပိုင္းေလာ့ထရိန္နင္

Boeing 737 max ေတြ ျပန္လည္ပ်ံသန္းခြင့္ရဖို႔ ေျဖရွင္းရတဲ့ ေနာက္ျပသနာတခုကေတာ့ ပိုင္းေလာထရိန္နင္ပါ။ 
ဘိုးအင္းက 737 type rating ရထားတဲ့ ပိုင့္ေလာ့ေတြ 737 max ကိုေမာင္းဖို႔တနာရီသာသာ အိုင္ပက္ တ်ဴတိုရီရယ္နဲ႔ လုံေလာက္တယ္လို႔ ေျပာခဲ့ပါတယ္။ 
Lion Air flight JT 610 နဲ႔  Ethiopian Aielines ET302 တို႔ပ်က္က်အၿပီးမွာေတာ့ ႏိုင္ငံတကာ ေလေၾကာင္းအာဏာပိုင္ေတြက ဘိုးအင္းေျပာတဲ့ ပိုင္းေလာ့ထရိန္နင္အေပၚမွာ သံသယဝင္လာၾကပါတယ္။ 
ႏိုင္ငံတကာ ေလေၾကာင္းအာဏာပိုင္ေတြ၊ ဘိုးအင္းနဲ႔ FAA တို႔  မြန္ထရီရယ္ၿမိဳ႕မွာ ေမလ ၂၃ ကလုပ္ခဲ့တဲ့ 737 MAX ေတြ ကို  ျပန္လည္ပ်ံသန္းခြင့္ျပဳႏိုင္ဖို႔ အစည္းအေဝးမွာ ေရရာတဲ့ ဆုံးျဖတ္ခ်က္ေတြ မခ်မွတ္ႏိုင္ခဲ့လို႔ IATAက လာမယ့္ ဇူလိုင္လထဲမွာ အလားတူ အစည္းအေဝးေနာက္တခုကို ထပ္မံ ေခၚယူဖို႔ရွိေနပါတယ္။ ။ ကေနဒါ၊ ဥေရာပ ပိုင့္ေလာ့ သမဂၢနဲ႔ အတူ ႏိုင္ငံအေတာ္မ်ားမ်ားက ေလေၾကာင္းလိုင္းေတြနဲ႔ ေလေၾကာင္းအာဏာပိုင္ေတြ က 737 Max ပိုင္းေလာ့ေတြကို simulator training လိုတယ္လို႔ယူဆေနၾကပါၿပီ။ ခက္တာက 737 Max simulator ေတြက အေတာ္ကို နည္းပါးေနေသးၿပီး simulator software မွာလည္းျပသနာရွိလို႔ မၾကာေသးခ်င္ကမွ အပ္ဒိတ္လုပ္ထားခဲ့ရတာပါ။ 737 Max ေတြ အမ်ားအျပားပိုင္ထားတဲ့ အေမရိကားက Southwest နဲ႔  American airlines တို႔အေနနဲ႔ အဲလိုထရန္နင္ေပးဖို႔ ဆိုလ်င္ တလေက်ာ္အခ်ိန္ယူရႏိုင္တယ္ဆိုပါတယ္။ 


737Max သမိုင္းအက်ဥ္း


  • ပထမဆုံး 737Max ေလယာဥ္ကိုေတာ့ ၂၀၁၆ ဇၷဝါရီလ၂၉ ရက္ေန႔မွာ ပ်ံသန္းခဲ့တာပါ ။
  • အေရာင္းသြက္ 737Max မွာ AOA sensor ျပသနာရွိတယ္ဆိုတာကို ဘိုးအင္းအင္ဂ်င္နီယာေတြက ၂၀၁၇ ကတည္းကသိခဲ့တယ္ဆိုပါတယ္။ ဒါေပမယ့္ ဘိုးအင္းက ဒီျပသနာေအၾကာင္းကို လွ်ိဳ႕ဝွက္ထားၿပီး software အပ္ဒိတ္လုပ္ဖို႔ပဲ ႀကိတ္က်ိဳးစားခဲ့တာပါ 
  • ၀၁၈ ေအာက္တိုဘာ ၂၉  မွာ Lion Air flight JT 610 ပ်က္က်ၿပီေလယာဥ္ေပၚပါ ခရီးသည္နဲ႔ ေလယာဥ္ဝန္ထမ္း ၁၈၉ ဦး အားလုံးေသဆုံးးေတာ့ မွ ဘိုးအင္းက 737 max ေတြမွာ အရင္ ဘိုးအင္းေလ ယာဥ္ေတြမွာ မသုံးဘူးတဲ့ MCAS စနစ္ ထည့္သြင္းထားေၾကာင္းထုတ္ေျပာခဲ့ပါတယ္။ 
  • အဲဒီကိစၥကို ဘိုးအင္းတာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံခဲ့တဲ့ အေမရိကန္ေလေၾကာင္းပိုင္းေလာ့ သမဂၢ ကိုယ္စားလွယ္ေတြက မေက်နပ္ေၾကာင္းေျပာခဲ့ပါေသးတယ္။ 
  • ၈ ဇႏၷဝါရီ ၂၀၁၉၊  737Max ေအာ္ဒါ အစင္းေရ ၅၀၀၀ ေက်ာ္သြားၿပီျဖစ္လို႔ ဘိုးအင္းခရီးသည္တင္ ေလယာဥ္ေတြထဲမွာ ေအာ္ဒါအမ်ားဆုံးစံခ်ိန္တင္ေၾကာင္းထုတ္ျပန္။
  • ၂၀၁၉ မတ္လ ၁၀ ရက္မွာ Ethiopian Airlines Flight 302 ပ်က္က်ျပန္ပါတယ္။ 
  • Lion Air နဲ႔ Ethiopian Airlines ပ်က္က်ပုံခ်င္းဆင္တူလို႔ ႏိုင္ငံအေတာ္မ်ားမ်ားက သူတို႔ႏိုင္ငံေတြမွာ 737Max ပ်ံသန္းမႈေတြကိုယာယီရပ္ဆိုင္းခဲ့ေပမယ့္ ဘိုးအင္းနဲ႔ အက္ဖ္ ေအေအတို႔ကေတာ့ မလိုအပ္ဘူးဆိုၿပီး ျငင္းေနခဲ့ပါေသးတယ္။ 
  • ၁၃- မတ္ ၂၀၁၉၊ ဘိုးအင္းနဲ႔ FAA က 737Max ပ်ံသန္းမႈေတြကိုယာယီရပ္ဆိုင္းဖို႔ေၾကျငာပါတယ္။ ကေနဒါ ပို႔ေဆာင္ေရး ဝန္ႀကီး ကတိုက္တြန္းေတာ့မွ အေမရိကန္အစိုးရက 737Max ပ်ံသန္းမႈေတြကိုယာယီရပ္ဆိုင္းဖို႔ အမိန္႔ေပးခဲ့တာပါ။ 737Max ပ်ံသန္းမႈေတြကိုယာယီရပ္ဆိုင္းဖို႔ ေၾကျငာတဲ့ ႏိုင္ငံေတြအထဲမွာေတာ့ ေနာက္ဆုံးလို႔ဆိုပါတယ္
  • ၁၈-ေမ ၂၀၁၉၊  ျပသနာျဖစ္တဲ့ ရဲ႕ ေဆာ့ဖ္ဝဲ အသစ္ကို စမ္းသပ္ၿပီးလို႔ ရဲ႕ အစစ္ေဆးကို ခံၿပီး ေလယာဥ္ေတြမၾကာမီပ်ံသန္းခြင့္ရေတာ့မယ္လို႔ ဘိုးအင္းက ေၾကျငာပါတယ္။ 
  • ၂ ဇြန္ ၂၀၁၉၊   Slat Tracks ဆိုတဲ့ အေတာင္ပံအေရွ႕မွာ တပ္ထားတဲ့ အစိပ္အပိုင္းတခု ဟာ သတ္မွတ္စံခ်ိန္မမွီလို႔  737 Max နဲ႔ 737 NG တခ်ိဳ႕ကို ျပန္လည္ စစ္ေဆးၿပီးပစၥည္း အစားထိုးဖို႔ လိုတယ္လို႔ ေၾကျငာပါတယ္။ 
  • ၂၆ ဇြန္ ၂၀၁၉၊ ေနာက္ျပသနာ အသစ္တခုကို ေတြ႕လို႔ ေျဖရွင္ဖို႔ဘိုးအင္းကိုအေၾကာင္းၾကားထားၿပီး ေလယာဥ္ေတြပ်ံသန္းခြင့္ရဖို႔ ႏွင့္ေႏွးႏိုင္တယ္လို႔  ေၾကျငာ။
ဖိုးသုည
28-06-19


Boeing နဲ့ ပတ္သက္ျပီး ေရးခဲ့ ေသာ ပို့စ္မ်ား ကိုဒီမွာ ဖတ္နိုင္ပါတယ္၊
https://aviation-phoethunya.blogspot.com/search/label/Boeing


Boeing 737 max နဲ့ နောက်ထပ် ပြသနာ အသစ်။ (ယူနီကုဒ်)

ပြသနာမျိုးစုံနဲ့ နပန်းလုံးနေတဲ့ Boeing 737 max ရဲ့ မျှော်လင့်ချက် ရောင်ခြည် တခုဖြစ်တဲ့ MCAS software update ကိုစမ်းသပ်လို့ပြီးပြီဖြစ်ကြောင်း  ၂၀၁၉ မေလ ၁၈ ရက်မှာ ဘိုးအင်းကကြေငြာခဲ့ပါတယ်။ ဘိုးအင်းရဲ့ပိုင်းလော့ နဲ့ အင်ဂျင်နီယာတွေက အဲဒီ ဆော့ဝဲအသစ်ကိုသုံးပြီး ဆင်မြူလေတာတာနဲ့ တကဲ့ စမ်းသပ်ပျံသန်းမှုပေါင်း ၂၀၇ ခုကို နာရီ ၃၆၀ ကြာအောင်လုပ်ပြီးပြီဖြစ်လို့ FAA ရဲ့ စစ်ဆေးမှုရယူဖို့တင်ပြတော့မယ်လို့ပြောခဲ့တာပါ။


နောက်ဆုံးသတင်း

အဲဒီဆော့ဝဲအသစ်ကို သုံးပြီး FAA ပိုင်းလော့တွေ simulator နဲ့ စမ်းသပ်နေကြရာက မမျှော်လင့်ထားတဲ့ပြသနာအသစ်တခုကို ထပ်တွေ့ခဲ့တာပါ။ ဘာပြသနာရယ်လို့ အသေးစိပ်ထုတ်ပြန်ခြင်းမရှိပေမယ့် FAA က ၂၀၁၉ ဇွန် လ ၂၆ ရက်မှာ  The FAA recently found a potential risk that Boeing must mitigate လို့ထုတ်ပြန်ခဲ့သလို ဘိုးအင်းကလည်း (FAA) identified an additional requirement that it has asked the company to address through the software changes that the company has been developing for the past eight months. လို့ကြေငြာပါတယ်။ ဒီပြသနာသစ်အတွက် ဘိုးအင်းက ဆော့ဝဲ အသစ်ကို ရေးနေပြီး ကုမ္ပဏီအနေနဲ့ 737 max ပျံသန်းခွင့်ပြန်ရဖို့ လိုအပ်ချက်တွေကို စိတ်တိုင်းမကျမချင်း FAA ကို ပျံသန်းခွင့် လက်မှတ်အတွက် တင်ပြမှာမဟုတ်ဘူးလို့ဆိုပါတယ်။


ပေါက်ကြားလာတဲ့ သတင်းတွေ

CNN သတင်းဌာနကတော့ သူတို့ရထားတဲ့ 737 max စမ်းသပ်နေမှုနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ် နှစ်ခုအဆိုအရ ဒီတခါပြသနာက မိုက်ကရိုပရောဆက်စာချို့ယွင်းမှုလို့ဆိုပါတယ်။
အဲဒီချို့ယွင်းချက်က လေယာဉ်ဦးကို မြေကို စိုက်အောင်တွန်းပို့တယ်လို့ဆိုပါတယ်။
ဒီချို့ ယွင်းချက်ကိုပြန် တုန်ပြန်ဖို့ simulator ထဲ မှာစမ်းကြတဲ့အခါ
ပိုင်းလော့အနေနဲ့ ဦးပြန်မတ်လာဖို့ စက္ကန့်ပိုင်းအတွင်း စွမ်းဆောင်နိုင်ဖို့ အလွန်ခက်ခဲတယ်။ အဲလို စက္ကန့်ပိုင်းအတွင်းအတွင်း တုန့်ပြန်ဖိုမလွယ်ဘူးဆိုတာ အလွန်အန္တရာယ်များတယ်လို့ဆိုပါတယ်။ အခုအသစ်တွေ့ရှိတဲ့ micro processor ချို့ယွင်းမှုက ပြီးခဲ့တဲ့ လေယာဉ်ပျက်ကျမှု ၂ ခုနဲ့ ပတ်သက်မှု ရှိမရှိတော့ မသိသေးပါဘူး။
ဒီပြသနာကို ဖြေရှင်းဖို့ ဘိုးအင်းအင်ဂျင်နီယာတွေကြိုးစားနေကြပြီဖြစ်ပေမယ့် 737 Max တွေပြန်လည်ပျံသန်းခွင့်ရဖို့ကတော့ အချိန်ပိုပြီး ကြာသွားတော့မှာပါ။
ဒီပြသနာကို ဖြေရှင်းဖို့ ဆော့ဝဲ အပ်ဒိတ်လုပ်ရုံနဲ့ ရမလား micro processor ပစ္စည်းအသစ်နဲ့ အစားထိုးရမလာူဆိုတာတော့ ပြောလို့မရသေးပါဘူး။


ဘာအကျိုးဆက်တွေဖြစ်လာမလဲ

  • 737 max တွေ ပျံခွင့်ရဖို့ မှန်းထားတာထက်ပိုပြီးကြာပါမယ်။
  • ဒီလေယာဉ်တွေ အပေါ် လူတွေ ရဲ့ ယုံကြည်မှု အတော်လေး ထပ်လျော့သွားပါမယ်။
  • ပြီးခဲ့တဲ့ ၂ ပတ်က ပဲရစ် လေကြောင်းပြပွဲမှာ ယုံကြည်စိတ်ချစွာနဲ့ 737 Max အစီး ၂၀၀ ဝယ်မယ်ဆိုတဲ့  IAG အုပ်စုက ဘယ်လို တုန့်ပြန်မယ်ဆိုတာကလည်းစိတ်ဝင်စားစရာပါ၊
  • လေယာဉ်တွေ မြေမှာနားထားရလို့. (သို့) လက်ခံရရှိဖို့ နှောင့်နှေးလို့ ဒေါ်လာ သန်းချီ နစ်နာနေတဲ့ လေကြောင်းလိုင်းတွေက ဘိုးအင်းထံက လျော်ကြေးတောင်းတဲ့ သတင်းတွေ ထပ်ကြားရနိုင်ပါတယ်။
  • မှာထားတဲ့ ၄.၉ ဘီလီယံဖိုး အော်ဒါတွေကို ဖျက်သိမ်းခဲ့တဲ့ Garuda Indonesia နောက်ကို လိုက်မယ့်လေကြောင်းလိုင်းတွေလည်းပေါ်လာနိုင်ပါတယ်။



ပိုင်းလော့ထရိန်နင်

Boeing 737 max တွေ ပြန်လည်ပျံသန်းခွင့်ရဖို့ ဖြေရှင်းရတဲ့ နောက်ပြသနာတခုကတော့ ပိုင်းလောထရိန်နင်ပါ။
ဘိုးအင်းက 737 type rating ရထားတဲ့ ပိုင့်လော့တွေ 737 max ကိုမောင်းဖို့တနာရီသာသာ အိုင်ပက် တျူတိုရီရယ်နဲ့ လုံလောက်တယ်လို့ ပြောခဲ့ပါတယ်။
Lion Air flight JT 610 နဲ့  Ethiopian Aielines ET302 တို့ပျက်ကျအပြီးမှာတော့ နိုင်ငံတကာ လေကြောင်းအာဏာပိုင်တွေက ဘိုးအင်းပြောတဲ့ ပိုင်းလော့ထရိန်နင်အပေါ်မှာ သံသယဝင်လာကြပါတယ်။
နိုင်ငံတကာ လေကြောင်းအာဏာပိုင်တွေ၊ ဘိုးအင်းနဲ့ FAA တို့  မွန်ထရီရယ်မြို့မှာ မေလ ၂၃ ကလုပ်ခဲ့တဲ့ 737 MAX တွေ ကို  ပြန်လည်ပျံသန်းခွင့်ပြုနိုင်ဖို့ အစည်းအဝေးမှာ ရေရာတဲ့ ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်ခဲ့လို့ IATAက လာမယ့် ဇူလိုင်လထဲမှာ အလားတူ အစည်းအဝေးနောက်တခုကို ထပ်မံ ခေါ်ယူဖို့ရှိနေပါတယ်။ကနေဒါ၊ ဥရောပ ပိုင့်လော့ သမဂ္ဂနဲ့ အတူ နိုင်ငံအတော်များများက လေကြောင်းလိုင်းတွေနဲ့ လေကြောင်းအာဏာပိုင်တွေ က 737 Max ပိုင်းလော့တွေကို simulator training လိုတယ်လို့ယူဆနေကြပါပြီ။ ခက်တာက 737 Max simulator တွေက အတော်ကို နည်းပါးနေသေးပြီး simulator software မှာလည်းပြသနာရှိလို့ မကြာသေးချင်ကမှ အပ်ဒိတ်လုပ်ထားခဲ့ရတာပါ။ 737 Max တွေ အများအပြားပိုင်ထားတဲ့ အမေရိကားက Southwest နဲ့  American airlines တို့အနေနဲ့ အဲလိုထရန်နင်ပေးဖို့ ဆိုလျင် တလကျော်အချိန်ယူရနိုင်တယ်ဆိုပါတယ်။


737Max သမိုင်းအကျဉ်း

  • 737 family ရဲ့ နောက်ဆုံးပေါ်  737Max 8 နဲ့ 9 ကို ၂၀၁၁ ဩဂုတ်လ ၃ရက်နေ့မှာ တရားဝင် လူသိရှင်ကြားကြေငြာခဲ့ပါတယ်.
  • ပထမဆုံး 737Max လေယာဉ်ကိုတော့ ၂၀၁၆ ဇ္နဝါရီလ၂၉ ရက်နေ့မှာ ပျံသန်းခဲ့တာပါ ။
  • ဒါပေမယ့် အရောင်းသွက် 737Max မှာ AOA sensor ပြသနာရှိတယ်ဆိုတာကို ဘိုးအင်းအင်ဂျင်နီယာတွေက ၂၀၁၇ ကတည်းကသိခဲ့တယ်ဆိုပါတယ်။ ဒါပေမယ့် ဘိုးအင်းက ဒီပြသနာအေကြာင်းကို လျှို့ဝှက်ထားပြီး ဆော့တဲ့ အပ်ဒိတ်လုပ်ဖို့ပဲ ကြိတ်ကျိုးစားခဲ့တာပါ
  •  ၂၀၁၈ အောက်တိုဘာ ၂၉ ရက်  မှာ Lion Air flight JT 610 ပျက်ကျပြီး လေယာဉ်ပေါ်ပါ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း ၁၈၉ ဦး အားလုံးသေဆုံးတော့ မှ ဘိုးအင်းက 737 max တွေမှာ အရင် ဘိုးအင်းလေ ယာဉ်တွေမှာ မသုံးဘူးတဲ့ MCAS စနစ် ထည့်သွင်းထားကြောင်းထုတ်ပြောခဲ့ပါတယ်။
  • အဲဒီကိစ္စကို ၂၀၁၈ နိုဝင်ဘာလမှာ ဘိုးအင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန်လေကြောင်းပိုင်းလော့ သမဂ္ဂ ကိုယ်စားလှယ်တွေက မကျေနပ်ကြောင်းပြောခဲ့ပါသေးတယ်။
  • ၈ ဇန္နဝါရီ ၂၀၁၉၊ 737Max အော်ဒါ အစင်းရေ ၅၀၀၀ ကျော်သွားပြီဖြစ်လို့ ဘိုးအင်းခရီးသည်တင် လေယာဉ်တွေထဲမှာ အော်ဒါအများဆုံးစံချိန်တင်ကြောင်းထုတ်ပြန်
  • ၂၀၁၉ မတ်လ ၁၀ ရက်မှာ Ethiopian Airlines Flight 302 ပျက်ကျပြီးလေယာဉ်ပေါ်ပါ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း ၁၅၇ ဦး အားလုံးသေဆုံးပြန်ပါတယ်။
  • Lion Air နဲ့ Ethiopian Airlines ပျက်ကျပုံချင်းဆင်တူလို့ နိုင်ငံအတော်များများက သူတို့နိုင်ငံတွေမှာ 737Max ပျံသန်းမှုတွေကိုယာယီရပ်ဆိုင်းခဲ့ပေမယ့် ဘိုးအင်းနဲ့ အက်ဖ် အေအေတို့ကတော့ မလိုအပ်ဘူးဆိုပြီး ငြင်းနေခဲ့ပါသေးတယ်။
  • ၁၃- မတ် ၂၀၁၉၊ ဘိုးအင်းနဲ့ FAA က 737Max ပျံသန်းမှုတွေကိုယာယီရပ်ဆိုင်းဖို့ကြေငြာပါတယ်။ ကနေဒါ ပို့ဆောင်ရေး ဝန်ကြီး ကတိုက်တွန်းတော့မှ အမေရိကန်အစိုးရက 737Max ပျံသန်းမှုတွေကိုယာယီရပ်ဆိုင်းဖို့ အမိန့်ပေးခဲ့တာပါ။ 737Max ပျံသန်းမှုတွေကိုယာယီရပ်ဆိုင်းဖို့ ကြေငြာတဲ့ နိုင်ငံတွေအထဲမှာတော့ နောက်ဆုံးလို့ဆိုပါတယ်
  • ၁၈-မေ ၂၀၁၉၊  ပြသနာဖြစ်တဲ့ ရဲ့ ဆော့ဖ်ဝဲ အသစ်ကို စမ်းသပ်ပြီးလို့ FAA ရဲ့ အစစ်ဆေးကို ခံပြီး  737 Max လေယာဉ်တွေမကြာမီပျံသန်းခွင့်ရတော့မယ်လို့ ဘိုးအင်းက ကြေငြာပါတယ်။ 
  • ၂ ဇွန် ၂၀၁၉၊   Slat Tracks ဆိုတဲ့ အတောင်ပံအရှေ့မှာ တပ်ထားတဲ့ အစိပ်အပိုင်းတခု ဟာ သတ်မှတ်စံချိန်မမှီလို့  737 Max နဲ့ 737 NG တချို့ကို ပြန်လည် စစ်ဆေးပြီးပစ္စည်း အစားထိုးဖို့ လိုတယ်လို့ ကြေငြာပါတယ်။ 
  • ၂၆ ဇွန် ၂၀၁၉၊ နောက်ပြသနာ အသစ်တခုကို တွေ့လို့ ဖြေရှင်ဖို့ဘိုးအင်းကိုအကြောင်းကြားထားပြီး လေယာဉ်တွေပျံသန်းခွင့်ရဖို့ နှင့်နှေးနိုင်တယ်လို့  ကြေငြာခဲ့တာပါ။  
737 Max ေတြ ပ်ံသန္းဖို႔ အႏၳရာယ္မရွိပါဆိုတဲ့ FAA ရဲ႕ မူလေၾကျငာခ်က္ 
737 Max ေတြ ပ်ံသန္းဖို႔ အႏၳရာယ္မရွိပါဆိုတဲ့ FAA ရဲ႕ မူလေၾကျငာခ်က္




ဖိုးသုည
28-6-19

Boeing နဲ့ ပတ်သက်ပြီး ရေးခဲ့ သော ပို့စ်များ ကိုဒီမှာ ဖတ်နိုင်ပါတယ်၊
https://aviation-phoethunya.blogspot.com/search/label/Boeing

Tuesday, June 18, 2019

Boeing 737 Max ဆုံးရႈံးသြားတဲ့ ေဖါက္သည္ေတြရဲ႕ ယုံၾကည္မႈေတြ ျပန္ရလာၿပီလား (Boeing 737 Max ဆုံးရှုံးသွားတဲ့ ဖေါက်သည်တွေရဲ့ ယုံကြည်မှုတွေ ပြန်ရလာပြီလား )

Boeing 737 Max ဆုံးရႈံးသြားတဲ့  ေဖါက္သည္ေတြရဲ႕ ယုံၾကည္မႈေတြ ျပန္ရလာၿပီလား






ပဲရစ္ ေလေၾကာင္းပြဲ ဒုတိယေန႔မွာေတာ့ ရင္တမမျဖစ္ေနတဲ့ ဘိုးအင္း အသက္ရွဴေခ်ာင္သြားပါၿပီ။
International Airlines Group IAG  ဆိုတဲ့ ဥေရာပ ကုမၠဏီႀကီးက MCAS  ျပသနာေၾကာင့္ ေလာေလာဆယ္ ေျမနားထားရတဲ့  Boeing 737 Max ေလယာဥ္ အမ်ိဴးစား ၂၀၀ ကိုဝယ္ဖို႔ ရွိတယ္လို႔ ေၾကျငာလိုက္ပါတယ္။၊
IAG ဆိုတာ Aer Lingus, British Airways၊  Iberia , နဲ႔ တျခားဥေရာပ ေလေၾကာင္းတခ်ိဳ႕ကိုပိုင္တဲ့ စီးပြားေရးအုပ္စုႀကီးပါ။ လက္ရွိ IAGရဲ႕  narrow Body ေလယာဥ္ေတြက  Airbus A320 ပဲျဖစ္ၿပီး ဘိုးအင္းေလယာဥ္ေတြကိုေတာ့ wide body ေလယာဥ္ႀကီးေတြပဲသုံးေနတာပါ။ IAG CEO က သူတို႔ရဲ႕ ႀကီးမားတဲ့ လုပ္ငန္းပမာဏအရ A320 တခုတည္းေပၚမွာ တြယ္မေနသင့္ဘူးလို႔ဆိုပါတယ္။ ဒီလို အၿပိင္အဆိုင္ျဖစ္ေအာင္ေ႐ြးလိုက္ေတာ့ Airbus ကလည္း သူတိုကို ေဈးေလွ်ာ့ၿပီး ေအာ္ဖါလုပ္ဦးမွာပါ။
ဘိုအင္းအတြက္ အလြန္ အဖိုးတန္တဲ့ ေအာ္ဒါပါ။ ေဒၚလာ ၂၄ ဘီလီယံ တန္ဖိုးရွိတဲ့ ေအာ္ဒါကို ေဈး အမ်ားႀကီးေလွ်ာ့ေပးမွာကေတာ့ ေသခ်ာပါတယ္။ ေလယာဥ္ထုတ္လုပ္သူေတြဟာ တျခား ကုန္ထုတ္လုပ္သူေတြလိုပဲ သူတို႔ပစၥည္းကို ျပပြဲမွာ ဝယ္လ်င္ ေဈးေလွ်ာေပးပါတယ္။
ဒါေပမယ့္ ဒီေအာ္ဒါက တျခားေအာ္ဒါေတြထက္ထူးျခားပါတယ္။ နာမယ္ပ်က္ကို ျပန္ အဖတ္ဆယ္ရမယ့္ Boeing 737 Max ေမာ္ဒယ္ကို အမ်ားႀကီး ဝယ္လိုက္တာဟာ အဲဒီေလယာဥ္အေပၚ ယုံၾကည္မႈရွိတာကို ျပရာေရာက္တဲ့ အတြက္ အရင္ကအရိပ္မည္းႀကီးကို  တစိပ္တေဒသ ဖယ္ေပးလိုက္ရာေရာက္ပါတယ္။
Airbus အတြက္လည္း အထိနာတယ္လို႔ဆိုရမွာပါ။ သူ႔ A320 Neo, A321 Neo , A321 XLR ေတြကိုပြဲထုတ္ ေနခ်ိန္မွာ သူတို႔ ေဖါက္သည္ေဟာင္းက သူတို႔ရဲ႕ၿပိဳင္ဖက္ကို ပါလက္တြဲလိုက္လို႔ပါ။ Airbus CEO ကေတာ့ ဒီလိုလုပ္တာ သူတို႔ကုမၸဏီကို မထိခိုက္ပါဘူးလို႔ဆိုပါတယ္။
ေလာေလာဆယ္မွာေတာ့ ပ်ံသန္းခြင့္ပိတ္ခံထားရတဲ့ Boeing 737 Max ေတြကို ဒီႏွစ္ ကုန္အထိ ေကာင္းကင္မွာျမင္ႏိုင္ဖို႔ မျမင္ေသးပါဘူး။




 မတ္လလယ္ကစလို႔  ထုတ္ၿပီးသား Boeing 737 Max ေတြကိုလည္း ဝယ္သူေတြလက္ကို မအပ္ရဘဲ ဘိုးအင္းက ေနရာရွာၿပီး ထိန္းသိမ္းထားရပါတယ္။ လက္ထဲမွာရွိထားၿပီးနားထားရတဲ့ေလေၾကာင္းလိုင္းေတြကလည္း အဲဒီေလယာဥ္ေတြ မပ်ံရမခ်င္း ေန႔စဥ္နဲ႔ အမွ်ဆုံးရွိမႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ တခ်ိဳ႕လိုင္းေတြကလည္းအဲဒီဆုံးရႈံးမႈေတြအတြက္ ဘိုးအင္းကေန ေလွ်ာ္ေၾကးေတာင္းဖို႔လုပ္ေနၾကပါတယ္။

Add caption

ေလေၾကာင္းလိုင္းေတြဟာ လုပ္ငန္ေတြခ်ဲ႕ ေနၾကေပမယ့္ အနာဂတ္မွာ သူတို႔လိုအပ္မယ့္ ေလယာဥ္အေတာ္မ်ားမ်ားကို ေအာ္ဒါလုပ္ထားၿပီးလို႔ ေစာင့္ေနၾကၿပီျဖစ္တာေၾကာင့္ ဒီႏွစ္ ပဲရစ္ျပပြဲမွာ ခရီးသည္တင္ေလယာဥ္ေဈးကြက္က အရင္ႏွစ္ေတြကေလာက္ေတာ့ သြက္မွာ ဟုတ္ဘူးလို႔ သုံးသပ္ၾကပါတယ္။
ဖိုးသုည
19-6-19


Boeing 737 Max ဆုံးရှုံးသွားတဲ့  ဖေါက်သည်တွေရဲ့ ယုံကြည်မှုတွေ ပြန်ရလာပြီလား  (ယူနီကုဒ်) 

ပဲရစ် လေကြောင်းပွဲ ဒုတိယနေ့မှာတော့ ရင်တမမဖြစ်နေတဲ့ ဘိုးအင်း အသက်ရှူချောင်သွားပါပြီ။
International Airlines Group IAG  ဆိုတဲ့ ဥရောပ ကုမ္ကဏီကြီးက MCAS  ပြသနာကြောင့် လောလောဆယ် မြေနားထားရတဲ့  Boeing 737 Max လေယာဉ် အမျိူးစား ၂၀၀ ကိုဝယ်ဖို့ ရှိတယ်လို့ ကြေငြာလိုက်ပါတယ်။၊
IAG ဆိုတာ Aer Lingus, British Airways၊  Iberia , နဲ့ တခြားဥရောပ လေကြောင်းတချို့ကိုပိုင်တဲ့ စီးပွားရေးအုပ်စုကြီးပါ။ လက်ရှိ IAGရဲ့  narrow Body လေယာဉ်တွေက  Airbus A320 ပဲဖြစ်ပြီး ဘိုးအင်းလေယာဉ်တွေကိုတော့ wide body လေယာဉ်ကြီးတွေပဲသုံးနေတာပါ။ IAG CEO က သူတို့ရဲ့ ကြီးမားတဲ့ လုပ်ငန်းပမာဏအရ A320 တခုတည်းပေါ်မှာ တွယ်မနေသင့်ဘူးလို့ဆိုပါတယ်။ ဒီလို အပြိင်အဆိုင်ဖြစ်အောင်ရွေးလိုက်တော့ Airbus ကလည်း သူတိုကို ဈေးလျှော့ပြီး အော်ဖါလုပ်ဦးမှာပါ။
ဘိုအင်းအတွက် အလွန် အဖိုးတန်တဲ့ အော်ဒါပါ။ ဒေါ်လာ ၂၄ ဘီလီယံ တန်ဖိုးရှိတဲ့ အော်ဒါကို ဈေး အများကြီးလျှော့ပေးမှာကတော့ သေချာပါတယ်။ လေယာဉ်ထုတ်လုပ်သူတွေဟာ တခြား ကုန်ထုတ်လုပ်သူတွေလိုပဲ သူတို့ပစ္စည်းကို ပြပွဲမှာ ဝယ်လျင် ဈေးလျှောပေးပါတယ်။
ဒါပေမယ့် ဒီအော်ဒါက တခြားအော်ဒါတွေထက်ထူးခြားပါတယ်။ နာမယ်ပျက်ကို ပြန် အဖတ်ဆယ်ရမယ့် Boeing 737 Max မော်ဒယ်ကို အများကြီး ဝယ်လိုက်တာဟာ အဲဒီလေယာဉ်အပေါ် ယုံကြည်မှုရှိတာကို ပြရာရောက်တဲ့ အတွက် အရင်ကအရိပ်မည်းကြီးကို  တစိပ်တဒေသ ဖယ်ပေးလိုက်ရာရောက်ပါတယ်။
Airbus အတွက်လည်း အထိနာတယ်လို့ဆိုရမှာပါ။ သူ့ A320 Neo, A321 Neo , A321 XLR တွေကိုပွဲထုတ် နေချိန်မှာ သူတို့ ဖေါက်သည်ဟောင်းက သူတို့ရဲ့ပြိုင်ဖက်ကို ပါလက်တွဲလိုက်လို့ပါ။ Airbus CEO ကတော့ ဒီလိုလုပ်တာ သူတို့ကုမ္ပဏီကို မထိခိုက်ပါဘူးလို့ဆိုပါတယ်။
လောလောဆယ်မှာတော့ ပျံသန်းခွင့်ပိတ်ခံထားရတဲ့ Boeing 737 Max တွေကို ဒီနှစ် ကုန်အထိ ကောင်းကင်မှာမြင်နိုင်ဖို့ မမြင်သေးပါဘူး၊ မတ်လလယ်ကစလို့  ထုတ်ပြီးသား Boeing 737 Max တွေကိုလည်း ဝယ်သူတွေလက်ကို မအပ်ရဘဲ ဘိုးအင်းက နေရာရှာပြီး ထိန်းသိမ်းထားရပါတယ်။ လက်ထဲမှာရှိထားပြီးနားထားရတဲ့လေကြောင်းလိုင်းတွေကလည်း အဲဒီလေယာဉ်တွေ မပျံရမချင်း နေ့စဉ်နဲ့ အမျှဆုံးရှိမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တချို့လိုင်းတွေကလည်းအဲဒီဆုံးရှုံးမှုတွေအတွက် ဘိုးအင်းကနေ လျှော်ကြေးတောင်းဖို့လုပ်နေကြပါတယ်။
လေကြောင်းလိုင်းတွေဟာ လုပ်ငန်တွေချဲ့ နေကြပေမယ့် အနာဂတ်မှာ သူတို့လိုအပ်မယ့် လေယာဉ်အတော်များများကို အော်ဒါလုပ်ထားပြီးလို့ စောင့်နေကြပြီဖြစ်တာကြောင့် ဒီနှစ် ပဲရစ်ပြပွဲမှာ ခရီးသည်တင်လေယာဉ်ဈေးကွက်က အရင်နှစ်တွေကလောက်တော့ သွက်မှာ ဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။
ဖိုးသုည
19-6-19

Sunday, June 9, 2019

ဘိုးအင္းရဲ႕ 777X ေလယာဥ္ေတြကို အခ်ိန္မွီအပ္ႏွံႏိုင္ပါ့မလား (ဘိုးအင်းရဲ့ 777X လေယာဉ်တွေကို အချိန်မှီအပ်နှံနိုင်ပါ့မလား )

ဘိုးအင္းရဲ႕ 777X ေလယာဥ္ေတြကို အခ်ိန္မွီအပ္ႏွံႏိုင္ပ့ါမလား


သက္တမ္းကုန္လို႔ နားသြားတဲ့ ဂ်မ္ဘိုဂ်က္ 747 ေတြေနရာကို အစားထိုးဖို႔ ထုတ္တဲ့ 777X-8 နဲ႔ -9  ေလယာဥ္ ေတြဟာ အင္ဂ်င္၂ လုံးတပ္ ခရီးသည္တင္ေလယာဥ္ေတြထဲမွာ အႀကီးဆုံးျဖစ္လာမွာပါ။
777X


ခရီးသည္ ၃၅၀ ကေလ ၄၂၅ ထိ ဆန္႔ႏိုင္တဲ့ ဒီေလယာဥ္ႀကီးေတြထုတ္မယ့္စီမံကိန္းကို ၂၀၁၃ ကစခဲ့ၿပီး ၿပီးခဲ့တဲ့ မတ္လ ၁၃ ရက္ေန႔မွာ တပ္ဆင္မႈေတြၿပီးလို႔ အမ်ားျပည္သူကို ထုတ္ျပမယ္ဆို႔ ျပင္ဆင္ထားေပမယ့္ 737Max ေတြကို ေျမမွာနားဖို႔ ေၾကျငာရတဲ့ ကိစၥနဲ႔ တိုက္သြားတာေၾကာင့္  ကုမၸဏီဝန္ထမ္းေတြကိုပဲျပသခဲ့တာျဖစ္ပါတယ္။ 


အဲဒီေလယာဥ္ႀကီးေတြမွာ GE Aviation ကထုတ္တဲ့ ဧရာမ  GE9X အင္ဂ်င္ႀကီး ၂လုံးကို အသုံးျပဳမွာျဖစ္လို႔ 7,525 ေနာတီကယ္မိုင္ကို မရပ္တမ္းပ်ံႏိုင္မွာပါ။
GE9X အင္ဂ်င္နဲ႔ 737-800 အ႐ြယ္ကို ႏႈိင္းယွဥ္ျပပုံ

အေတာင္ေတြက ရွည္လြန္းလို႔ကြင္းထဲမွာ ရပ္လ်င္ အဖ်ား ၁၂ ေပကို ေခါက္ထားရမယ့္ေလယာဥ္ႀကီး ၂စီးဟာ Seattle စက္႐ုံကထြက္လို႔ ေျမျပင္စမ္းသပ္မႈေတြစတင္ေနၿပီျဖစ္ပါတယ္။ ဂ်ာမဏီက Lufthansa ေလၾကာင္းက launch customer အေနနဲ႔ ပထမဆုံး 777X ေလယာဥ္ကို ၂၀၁၉ ႏွစ္ကုန္ (သို႔) ၂၀၂၀ ႏွစ္ဆန္းမွာလက္ခံရရွိမယ္လို႔ဆိုပါတယ္။
Emirates ေလေၾကာင္းကေတာ့ သူတို႔ရဲ႕ ပထမဆုံး777-9 ကို ၂၀၂၀ ဇြန္လေႏွာင္းပိုင္းမွာစတင္ေျပးဆြဲဖို႔ စီစဥ္ထားပါတယ္။ 
ေလယာဥ္ကြင္းတြင္ဂိတ္ထိုးလ်င္ေခါက္ထားမည့္အေတာင္ဖ်ား


737Max ရဲ႕  MCAS system နဲ႔ Leading edge slats ျပသနာေတြနဲ႔ နပန္လုံးေနရတဲ့ဘိုးအင္းခမ်ာ အခုထြက္မယ့္ 777X-9 ရဲ႕  GE9X အင္ဂ်င္မွာ ျပသနာအခ်ိဳ႕နဲ႔ ရင္ဆိုင္ရျပန္ပါၿပီ။

777X-9 ရဲ႕ပထမဆုံး စမ္းသပ္ပ်ံသန္းမႈကို ဒီဇြန္လ ၂၆ ရက္ေန႔လို႔ သတ္မွတ္ထားတာပါ။ 

အခုဒီအင္ဂ်င္ျပသနာေၾကာင့္ စမ္းသပ္ပ်ံသန္းမယ့္ရက္ကို အတည္မျပဳႏိုင္ေသးသလို ေလေၾကာင္းလိုင္းေတြကို အပ္ႏွံႏိုင္မယ့္ရက္ကိုလည္း ေျပာင္းလဲႏိုင္တယ္လို႔ သုံးသပ္ေနၾကပါတယ္။

ေလယာဥ္အသစ္ေတြကိုထုတ္တဲ့အခါမေမွ်ာ္လင့္ထားတဲ့ျပသနာဆိုတာကေတာ့ ႀကဳံရစၿမဲပါ။
737Max ထုတ္စဥ္ကလည္း ေႏွာင့္ေႏွးမႈေတြရွိခဲ့လို႔  ေဘးအႏၲရာယ္ကင္းရွင္းေရးအတြက္စစ္ေဆးတဲ့ အဆင့္ေတြမွာ ေသေသခ်ာခ်ာမစစ္တာ၊ ပ်ံသန္းခြင့္ရဖို႔ FAA အင္ဂ်င္နီယာေတြကို ဖိအားေပးၿပီး လက္မွတ္ေတြ ရယူခဲ့တာေတြရွိခဲ့တယ္လို႔ သတင္းေတြထြက္ခဲ့တာပါ။
ဒီ 777X မွာေတာ့ ဒီလို ျပသနာေတြမရွိေအာင္ လုပ္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ဖိုးသုည
09-06-19

ဘိုးအင်းရဲ့ 777X လေယာဉ်တွေကို အချိန်မှီအပ်နှံနိုင်ပါ့မလား (ယူနီကုဒ်)


777X

သက်တမ်းကုန်လို့ နားသွားတဲ့ ဂျမ်ဘိုဂျက် 747 တွေနေရာကို အစားထိုးဖို့ ထုတ်တဲ့ 777X-8 နဲ့ -9  လေယာဉ် တွေဟာ အင်ဂျင်၂ လုံးတပ် ခရီးသည်တင်လေယာဉ်တွေထဲမှာ အကြီးဆုံးဖြစ်လာမှာပါ။
Add caption

ခရီးသည် ၃၅၀ ကလေ ၄၂၅ ထိ ဆန့်နိုင်တဲ့ ဒီလေယာဉ်ကြီးတွေထုတ်မယ့်စီမံကိန်းကို ၂၀၁၃ ကစခဲ့ပြီး ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့မှာ တပ်ဆင်မှုတွေပြီးလို့ အများပြည်သူကို ထုတ်ပြမယ်ဆို့ ပြင်ဆင်ထားပေမယ့် 737Max တွေကို မြေမှာနားဖို့ ကြေငြာရတဲ့ ကိစ္စနဲ့ တိုက်သွားတာကြောင့်  ကုမ္ပဏီဝန်ထမ်းတွေကိုပဲပြသခဲ့တာဖြစ်ပါတယ်။

အဲဒီလေယာဉ်ကြီးတွေမှာ GE Aviation ကထုတ်တဲ့ ဧရာမ  GE9X အင်ဂျင်ကြီး ၂လုံးကို အသုံးပြုမှာဖြစ်လို့ 7,525 နောတီကယ်မိုင်ကို မရပ်တမ်းပျံနိုင်မှာပါ။
GE9X အင်ဂျင်နဲ့ 737-800 အရွယ်ကို နှိုင်းယှဉ်ပြပုံ

အတောင်တွေက ရှည်လွန်းလို့ကွင်းထဲမှာ ရပ်လျင် အဖျား ၁၂ ပေကို ခေါက်ထားရမယ့်လေယာဉ်ကြီး ၂စီးဟာ Seattle စက်ရုံကထွက်လို့ မြေပြင်စမ်းသပ်မှုတွေစတင်နေပြီဖြစ်ပါတယ်။ ဂျာမဏီက Lufthansa လေကြာင်းက launch customer အနေနဲ့ ပထမဆုံး 777X လေယာဉ်ကို ၂၀၁၉ နှစ်ကုန် (သို့) ၂၀၂၀ နှစ်ဆန်းမှာလက်ခံရရှိမယ်လို့ဆိုပါတယ်။
Emirates လေကြောင်းကတော့ သူတို့ရဲ့ ပထမဆုံး777-9 ကို ၂၀၂၀ ဇွန်လနှောင်းပိုင်းမှာစတင်ပြေးဆွဲဖို့ စီစဉ်ထားပါတယ်။ 

လေယာဉ်ကွင်းတွင်ဂိတ်ထိုးလျင်ခေါက်ထားမည့်အတောင်ဖျား

737Max ရဲ့  MCAS system နဲ့ Leading edge slats ပြသနာတွေနဲ့ နပန်လုံးနေရတဲ့ဘိုးအင်းခမျာ အခုထွက်မယ့် 777X-9 ရဲ့  GE9X အင်ဂျင်မှာ ပြသနာအချို့နဲ့ ရင်ဆိုင်ရပြန်ပါပြီ။
777X-9 ရဲ့ပထမဆုံး စမ်းသပ်ပျံသန်းမှုကို ဒီဇွန်လ ၂၆ ရက်နေ့လို့ သတ်မှတ်ထားတာပါ။
အခုဒီအင်ဂျင်ပြသနာကြောင့် စမ်းသပ်ပျံသန်းမယ့်ရက်ကို အတည်မပြုနိုင်သေးသလို လေကြောင်းလိုင်းတွေကို အပ်နှံနိုင်မယ့်ရက်ကိုလည်း ပြောင်းလဲနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
လေယာဉ်အသစ်တွေကိုထုတ်တဲ့အခါမမျှော်လင့်ထားတဲ့ပြသနာဆိုတာကတော့ ကြုံရစမြဲပါ။
737Max ထုတ်စဉ်ကလည်း နှောင့်နှေးမှုတွေရှိခဲ့လို့  ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်စစ်ဆေးတဲ့ အဆင့်တွေမှာ သေသေချာချာမစစ်တာ၊ ပျံသန်းခွင့်ရဖို့ FAA အင်ဂျင်နီယာတွေကို ဖိအားပေးပြီး လက်မှတ်တွေ ရယူခဲ့တာတွေရှိခဲ့တယ်လို့ သတင်းတွေထွက်ခဲ့တာပါ။
ဒီ 777X မှာတော့ ဒီလို ပြသနာတွေမရှိအောင် လုပ်မယ်လို့ မျှော်လင့်ရပါတယ်။
ဖိုးသုည
09-06-19

Thursday, June 6, 2019

ဘိုးအင္းရဲ႕ 737 Max ျပသနာက ပိုင္ေလာ့ေတြကိုပါထိခိုက္ၿပီလား (ဘိုးအင်းရဲ့ 737 Max ပြသနာက ပိုင်လော့တွေကိုပါထိခိုက်ပြီလား)








ဘိုးအင္းရဲ႕  737 Max ျပသနာက ပိုင္ေလာ့ေတြကိုပါထိခိုက္ၿပီလား  (ေဇာ္ဂ်ီ)

Icelandair ေလေၾကာင္းလိုင္းကငွားထားတဲ့ 737 Max ပိုင္းေလာ့ ၄၅ ဦးကိုလည္း အလုပ္ကေန ရပ္ဆဲလိုက္ၿပီလို႔ သတင္းထြက္လာပါတယ္

တပူေပၚ၂ ပူဆင့္ျပသနာျဖစ္ေနတဲ့ ဘိုးအင္းရဲ႕  737 Max ေလယာဥ္ေတြ ဘယ္အခ်ိန္မွ ျပန္လည္ပ်ံသန္းခြင့္ရမယ္ဆိုတာ မေရမရာျဖစ္ေနၿပီး ၂၀၁၉ စက္တင္ဘာလထက္မေစာႏိုင္ဘူးလို႔ IATA ကဆိုထားပါတယ္။
အဲဒီေလယာဥ္ေတြကို ၂၀၁၉ မတ္လကတည္းက ေျမမွာ ရပ္နားထားရလို႔ ေလေၾကာင္းလိုင္းအေတာ္မ်ားမ်ားမွာ ဆုံးရႈံးမႈေတြ တေန႔တျခားတက္ေနပါတယ္။


ခရီးစဥ္ဖ်က္သိမ္းရ

တခ်ိဳ႕လိုင္းေတြဆို ဖ်က္သိမ္းလိုက္ရတဲ့ ခရီးစဥ္ေတြက တေန႔တေန႔ ရာနဲ႔ခ်ီပါတယ္၊ လက္ထဲမွာ 737 Max မရွိေသးေပမယ့္ ေအာ္ဒါမွာထားၿပီး သားလိုင္းေတြကလည္း ေလယာဥ္သစ္ေတြကို လက္ခံရရွိဖို႔ မူလကေဘာတူထားတာထက္ လေပါင္းမ်ားစြာ ေႏွာင့္ေႏွးကုန္တာေၾကာင့္ ႀကိဳတင္ျပင္ဆင္ထားတဲ့ ပိုင္းေလာ့ထရိန္နင္ေတြ ခရီးစဥ္ေတြ အကုန္ ကေမာက္ကမျဖစ္ရပါတယ္။

ေခတၱထားသိုဖို႔ေနရာကို ငွားရ

ေနာက္တခုကေလယာဥ္ေတြကို ေခတၱထားသိုဖို႔ေနရာကို ငွားရပါတယ္။ အဲဒီအတြက္လည္းစားရိတ္တက္ပါတယ္။ အေမရိကမွာေတာ့ အဲလိုေနရာေတြရွိပါတယ္၊ ဥပမာ Southwest airlines  ဟာ သူ႔ရဲ႕ 737 Max ေတြကို ကယ္လီဖိုးနီးယားက Victorville မွာရွိတဲ့ ေလယာဥ္သခ်ႋဳင္း ရွိရာ  Southern California Logistics Airport    ေလဆိပ္ကိုပို႔ထားပါတယ္။
ကယ္လီဖိုးနီးယားက Victorville မွာေခတၱရပ္နားထားေသာ Southwest ေလေၾကာင္းပိုင္ 737Max ေလယာဥ္မ်ား

737 Max ပိုင္းေလာ့

ပိုင္းေလာ့ေတြမွာ အမ်ိဳးစား မတူတဲ့ ေလယာဥ္ေတြကို ေမာင္းဖို႔ သင္တန္းသတ္သတ္စီတက္ရၿပီး လက္မွတ္သတ္သတ္စီရွိရတယ္ဆိုပါတယ္။ ပိုင္းေလာ့တဦးမွာ မတူတဲ့ေလယာဥ္ တမ်ိဳးထက္ပိုေမာင္းႏိုင္တဲ့လက္မွတ္ရွိႏိုင္ေသာ္လည္း ေလေၾကာင္းလိုင္းေတြက ေဘးအႏၲရာယ္ကင္းေဝးေရးအတြက္ ေရွးရႈၿပီး Type rating အမ်ိဳးတူတဲ့ ေလယာဥ္ေတြေပၚမွာပဲ တာဝန္ခ်ေလ့ရွိတာပါ။
Type rating

737 Max ကေတာ့ 737 အုပ္စုထဲဝင္သြားလို႔ 
737 Max ပိုင္းေလာ့ေတြကို  Type rating တူတဲ့ Boeing 737 Classic နဲ႔ Boeing 737 Next Generation ေတြမွာအလွည့္က် တာဝန္ခ်ထားလို႔ေတာ့ရပါတယ္။
ၿပီးခဲ့တဲ့ မတ္လကစၿပီး 737 Max ေတြေျမမွာနားလိုက္ရတဲ့ အခါ အဲဒီ 737 Max ပိုင္းေလာ့ေတြကို ဘယ္မွာသုံးမလဲဆိုတဲ့ေမးခြန္းထြက္ေပၚလာပါတယ္။ 737 ေမာ္ဒယ္အေဟာင္းေတြကို လက္ရွိေျပးဆြဲေနေသးတဲ့လိုင္းေတြကေတာ့ 737 Max ပိုင္းေလာ့ေတြကို Type rating တူတဲ့ Boeing 737 Classic နဲ႔ Boeing 737 Next Generation ေတြမွာအလွည့္က် တာဝန္ခ်ထားလို႔ရပါေသးတယ္။


Iceland ႏိုင္ငံက Icelandair

ဥေရာပနဲ႔ ေျမာက္အေမရိကအၾကားက Icelandကြၽန္းႏိုင္ငံက Icelandair ဟာသူ႔ရဲ႕ပထဝီအေနအထားအရ အလတ္စား wide body  ေလယာဥ္ေတြကို သုံးေနတာပါ။ 

Iceland  ႏိုင္ငံတည္ေနရာျပေျမပုံ

ဘိုးအင္းရဲ႕ သစၥာရွိေဖါက္သည္ႀကီးကသူ႔ရဲ႕ သက္တန္းကုန္ကာနီး 757 ေတြကို ေလယာဥ္သစ္ေတြနဲ႔ အစားထိုးရမယ့္အခ်ိန္မွာ ဘိုအင္းရဲ႕ 737 Max ဟာကုန္က်စားရိတ္နည္းနည္းနဲ႔  သူတို႔ လိုအပ္ခ်က္ကို ျဖည့္ႏိုင္မယ့္ေလယာဥ္အေနနဲ႔ ေပၚထြက္လာခဲ့တာပါ။
737 Max ေတြဟာ narrow body မိသားစုထဲဆက္ေနေပမယ့္ အရင္ 737 ေတြထက္ခရီးပိုေဝးေဝးကိုပ်ံႏိုင္သလို  ခရီးသည္လည္းပိုဆံ့ပါတယ္။ 737 Max ေတြဟာ Iceland ကေန 757 ေရာက္ႏိုင္တဲ့ အမရိက ေနရာေတာ္ေတာ္မ်ားမ်ားကိုေတာ့ မေရာက္ႏိုင္ေပမယ့္ ဥေရာပေနရာအႏွံ႔ကိုပ်ံႏိုင္ပါတယ္။  
Icelandair ေလယာဥ္မ်ားပ်ံသန္းေရာက္ရွိႏိုင္ေသာအကြာအေဝး

Icelandair မွာ လက္ရွိ Boeing 757-200’s ၂၅စီး၊  757-300’s ၂စီး,  767-300ER’s ေလးစီးနဲ႔   Boeing 737 MAX ၅စီး ရွိပါတယ္။



Icelandair နဲ႔ 737 Max ရဲ႕ျပသနာမ်ား

737 Max ေတြနားထားရလို႔ အေမရိကနဲ႔ ဥေရာပကေလေၾကာင္းလိုင္းေတြဟာ သူတို႔အားထားရတဲ့ ၂၀၁၉ ဇြန္လက  ဩဂုတ္လအထိ ေဟာလီးေဒး ခရီးသြားရာသီအတြက္ 737 Max မပါတဲ့ ခရီးစဥ္ေတြကိုျပန္လည္ေရးဆြဲၾကရေတာ့ ေလယာဥ္ေတြ မလုံမေလာက္ျဖစ္ၾကပါတယ္။ ေဒၚလာသန္းနဲ႔ခ်ီၿပီးဆုံးရႈံးပါတယ္။
ဒီလိုျပသနာေတြရင္ဆိုင္ေနရတဲ့ ေလေၾကာင္းလိုင္းေတြထဲက Icelandair ေလေၾကာင္းကေတာ့ ဒီႏွစ္ ခရီးသြားရာသီအတြက္ ဘိုးအင္း 767 ေလယာဥ္၂ စီး နဲ႔ 757 တစီးကိုစက္တင္ဘာလကုန္အထိ ေခတၱငွားရမ္းအသုံးျပဳမယ္လို႔ ဧၿပီလမွာေၾကျငာခဲ့ပါတယ္။  ဒါေပမယ့္ အေမရိကနဲ႔ ကေနဒါ ခရီးစဥ္တခ်ိဳ႕ကိုဖ်က္သိမ္းရၿပီး ဧၿပီလကေန ဇြန္လအထိ ခရီးစဥ္ ၁၀၀ ေက်ာ္ကို ဖ်က္ခဲ့ရပါတယ္။
တခါ ေရခဲေအာင္ေအးတဲ့ Iceland လို ရာသီဉတုက ေျမျပင္မွာေလယာဥ္ေတြကို ၾကာရွည္နားထားလို႔မသင့္ပါ။ သူတို႔ရဲ႕ 737 Max  ေတြကို ပူေႏြးတဲ့ ေဒသမွာ အခေၾကးေငြေပးၿပီး အပ္ထားရမွာပါ။
Icelandair လေၾကာင္းပိုင္ 737 Max ေလယာဥ္တစီး



Icelandair နဲ႔ 737 Max ပိုင္းေလာ့

Icelandair မွာအရင္ကသုံးေနတဲ့ 757 နဲ႔ 767 က Type rating တူလို႔ 757 နဲ႔ 767 ပိုင္းေလာ့ေတြက အဲဒီ၂မ်ိဳးထဲက ဘယ္ေလယာဥ္ကို မဆို အလွည့္က်ေျပာင္းေမာင္းလို႔ရပါတယ္။
737 Max ကေတာ့ 737 အုပ္စုထဲဝင္သြားလို႔ 757 နဲ႔ 767 ပိုင္းေလာ့ေတြကို 737 Max မွာတာဝန္တြဲခ်လို႔ မရပါဘူး။
737 MAX 8s နဲ႔  9s ၁၆ စီးဝယ္ထားတဲ့ Icelandair ဟာ 737 Max ပိုင္းေလာ့ အသစ္ေတြကိုထပ္၍ငွားရပါတယ္။
ၿပီးခဲ့တဲ့ မတ္လကစၿပီး 737 Max ေတြေျမမွာနားလိုက္ရတဲ့ အခါ အဲဒီ 737 Max ပိုင္းေလာ့ ေတြမွာ အလုပ္မရွိျဖစ္ရပါတယ္။ သူတို႔မွာ တျခားလိုင္းေတြလို ေျပးဆြဲေနတဲ့  737 ေမာ္ဒယ္အေဟာင္းေတြမရွိပါ။

အခုေတာ့ Icelandair ေလေၾကာင္းလိုင္းကငွားထားတဲ့ 737 Max ပိုင္းေလာ့ ၄၅ ဦးကိုလည္း အလုပ္ကေန ရပ္ဆဲလိုက္ၿပီလို႔ သတင္းထြက္လာပါတယ္။
သူတို႔ထဲက ၂၁ေယာက္က 737 Max ေတြ မရပ္နားမီကမွခန္႔လိုက္တာျဖစ္ၿပီး က်န္ ၂၄ ဦးကေတာ့ ၿပီးခဲတဲ့ ႏွစ္ေႏွာင္းပိုင္းကတည္းက ဒီလိုင္းရဲ႕ ရပ္နားသြားတဲ့ ေလယာဥ္ေတြကို ေမာင္းေနတာဆိုပါတယ္။
ဒီေၾကျငာခ်က္ကို ပိုင္းေလာ့သင္တန္းတခုမွာထုတ္ျပန္ခဲ့တယ္လို႔ aviation24.be သတင္းကဆိုပါတယ္။
737 Max ေလယာဥ္ေတြေျမမွာနားေနေသးသ၍ Icelandair က 737 Max ပိုင္းေလာ့ေတြဟာ သူတို႔ေလေၾကာင္းလိုင္းအတြက္ ဝန္ထုပ္ဝန္ပိုးျဖစ္ေနတာမွန္ေပမယ့္ ေနာင္လာမယ့္ ၃လေလာက္မွာ အဲဒီေလယာဥ္ေတြပ်ံသန္းခြင့္ရလာလ်င္ သူတို႔ကိုျပန္လိုအပ္မွာျဖစ္ပါတယ္ ။ ေနာက္ထပ္ေရာက္လာမယ့္ေလယာဥ္ေတြကေနာက္က်ဖို႔ရွိေနေပမယ့္၊ ပိုင္းေလာ့ေတြကိုလည္း ထရိန္နင္ေတြေပးရဦးမွာျဖစ္လို႔ 737 Max ပိုင္ေလာ့အားလုံးကိုထုတ္ပစ္ရင္ေတာ့ အေတာ္လက္ေတြ႕မဆန္တာပါ။
ပိုင္းေလာ့ေတြကို အလုပ္ထုတ္ပစ္လ်င္ ေလွ်ာ္ေၾကးေတြေပးရဦးမွာလည္းျဖစ္ပါတယ္။
အကယ္၍  Icelandair  က သူဝယ္ထားတဲ့ 737 Max ၁၆ စီးကို လုံးဝမသုံးေတာ့ဘူးလို႔ ဆုံးျဖတ္လိုက္တာ မဟုတ္လ်င္ေတာ့ ဒီသတင္း မွန္ဖို႔ ခက္ပါတယ္။
ဖိုးသုည
6-6-19


ဘိုးအင်းရဲ့  737 Max ပြသနာက ပိုင်လော့တွေကိုပါထိခိုက်ပြီလား (ယူနီကုဒ်) (ယူနီကုဒ်)

Icelandair လေကြောင်းလိုင်းကငှားထားတဲ့ 737 Max ပိုင်းလော့ ၄၅ ဦးကိုလည်း အလုပ်ကနေ ရပ်ဆဲလိုက်ပြီလို့ သတင်းထွက်လာပါတယ်


တပူပေါ်၂ ပူဆင့်ပြသနာဖြစ်နေတဲ့ ဘိုးအင်းရဲ့  737 Max လေယာဉ်တွေ ဘယ်အချိန်မှ ပြန်လည်ပျံသန်းခွင့်ရမယ်ဆိုတာ မရေမရာဖြစ်နေပြီး ၂၀၁၉ စက်တင်ဘာလထက်မစောနိုင်ဘူးလို့ IATA ကဆိုထားပါတယ်။
အဲဒီလေယာဉ်တွေကို ၂၀၁၉ မတ်လကတည်းက မြေမှာ ရပ်နားထားရလို့ လေကြောင်းလိုင်းအတော်များများမှာ ဆုံးရှုံးမှုတွေ တနေ့တခြားတက်နေပါတယ်။

ခရီးစဉ်ဖျက်သိမ်းရ

တချို့လိုင်းတွေဆို ဖျက်သိမ်းလိုက်ရတဲ့ ခရီးစဉ်တွေက တနေ့တနေ့ ရာနဲ့ချီပါတယ်၊ လက်ထဲမှာ 737 Max မရှိသေးပေမယ့် အော်ဒါမှာထားပြီး သားလိုင်းတွေကလည်း လေယာဉ်သစ်တွေကို လက်ခံရရှိဖို့ မူကဘောတူထားတာထက် လပေါင်းများစွာ နှောင့်နှေးကုန်တာကြောင့် ကြိုတင်ပြင်ဆင်ထားတဲ့ ပိုင်းလော့ထရိန်နင်တွေ ခရီးစဉ်တွေ အကုန် ကမောက်ကမဖြစ်ရပါတယ်။

ခေတ္တထားသိုဖို့နေရာကို ငှားရ

နောက်တခုကလေယာဉ်တွေကို ခေတ္တထားသိုဖို့နေရာကို ငှားရပါတယ်။ အဲဒီအတွက်လည်းစားရိတ်တက်ပါတယ်။ အမေရိကမှာတော့ အဲလိုနေရာတွေရှိပါတယ်၊ ဥပမာ Southwest airlines  ဟာ သူ့ရဲ့ 737 Max တွေကို ကယ်လီဖိုးနီးယားက Victorville မှာရှိတဲ့ လေယာဉ်သင်္ချိုင်း ရှိရာ  Southern California Logistics Airport    လေဆိပ်ကိုပို့ထားပါတယ်။

737 Max ပိုင်းလော့

ပိုင်းလော့တွေမှာ အမျိုးစား မတူတဲ့ လေယာဉ်တွေကို မောင်းဖို့ သင်တန်းသတ်သတ်စီတက်ရပြီး လက်မှတ်သတ်သတ်စီရှိရတယ်ဆိုပါတယ်။ ပိုင်းလော့တဦးမှာ မတူတဲ့လေယာဉ် တမျိုးထက်ပိုမောင်းနိုင်တဲ့လက်မှတ်ရှိနိုင်သော်လည်း လေကြောင်းလိုင်းတွေက ဘေးအန္တရာယ်ကင်းဝေးရေးအတွက် ရှေးရှုပြီး Type rating အမျိုးတူတဲ့ လေယာဉ်တွေပေါ်မှာပဲ တာဝန်ချလေ့ရှိတာပါ။
737 Max ကတော့ 737 အုပ်စုထဲဝင်သွားလို့  737 Max ပိုင်းလော့တွေကို Type rating တူတဲ့ Boeing 737 Classic နဲ့ Boeing 737 Next Generation တွေမှာအလှည့်ကျ တာဝန်ချထားလို့တော့ရပါတယ်။
ပြီးခဲ့တဲ့ မတ်လကစပြီး 737 Max တွေမြေမှာနားလိုက်ရတဲ့ အခါ အဲဒီ 737 Max ပိုင်းလော့တွေကို ဘယ်မှာသုံးမလဲဆိုတဲ့မေးခွန်းထွက်ပေါ်လာပါတယ်။ 737 မော်ဒယ်အဟောင်းတွေကို လက်ရှိပြေးဆွဲနေေသးတဲ့လိုင်းတွေကတော့ 737 Max ပိုင်းလော့တွေကို Type rating တူတဲ့ Boeing 737 Classic နဲ့ Boeing 737 Next Generation တွေမှာအလှည့်ကျ တာဝန်ချထားလို့ရပါသေးတယ်။

Iceland နိုင်ငံက Icelandair

ဥရောပနဲ့ မြောက်အမေရိကအကြားက Icelandကျွန်းနိုင်ငံက Icelandair ဟာသူ့ရဲ့ပထဝီအနေအထားအရ အလတ်စား wide body  လေယာဉ်တွေကို သုံးနေတာပါ။ ဘိုးအင်းရဲ့ သစ္စာရှိဖေါက်ည်ကြီးကသူ့ရဲ့ သက်တန်းကုန်ကာနီး 757 တွေကို လေယာဉ်သစ်တွေနဲ့ အစားထိုးရမယ့်အချိန်မှာ ဘိုအင်းရဲ့ 737 Max ဟာကုန်ကျစားရိတ်နည်းနည်းနဲ့  သူတို့ လိုအပ်ချက်ကို ဖြည့်နိုင်မယ့်လေယာဉ်အနေနဲ့ ပေါ်ထွက်လာခဲ့တာပါ။
737 Max တွေဟာ narrow body မိသားစုထဲဆက်နေပေမယ့် အရင် 737 တွေထက်ခရီးပိုဝေးဝေးကိုပျံနိုင်သလို  ခရီးသည်လည်းပိုဆံ့ပါတယ် 737 Max တွေဟာ Iceland ကနေ 757 ရောက်နိုင်တဲ့ အမရိက နေရာတော်တော်များများကိုတော့ မရောက်နိုင်ပေမယ့် ဥရောပနေရာအနှံ့ကိုပျံနိုင်ပါတယ်။  
Icelandair မှာ လက်ရှိ Boeing 757-200’s ၂၅စီး၊  757-300’s ၂စီး,  767-300ER’s လေးစီးနဲ့   Boeing 737 MAX ၅စီး ရှိပါတယ်။

Icelandair နဲ့ 737 Max ရဲ့ပြသနာများ

737 Max တွေနားထားရလို့ အမေရိကနဲ့ ဥရောပကလေကြောင်းလိုင်းတွေဟာ သူတို့အားထားရတဲ့ ၂၀၁၉ ဇွန်လက  ဩဂုတ်လအထိ ဟောလီးဒေး ခရီးသွားရာသီအတွက် 737 Max မပါတဲ့ ခရီးစဉ်တွေကိုပြန်လည်ရေးဆွဲကြရတော့ လေယာဉ်တွေ မလုံမလောက်ဖြစ်ကြပါတယ်။ ဒေါ်လာသန်းနဲ့ချီပြီးဆုံးရှုံးပါတယ်။
ဒီလိုပြသနာတွေရင်ဆိုင်နေရတဲ့ လေကြောင်းလိုင်းတွေထဲက Icelandair လေကြောင်းကတော့ ဒီနှစ် ခရီးသွားရာသီအတွက် ဘိုးအင်း 767 လေယာဉ်၂ စီး နဲ့ 757 တစီးကိုစက်တင်ဘာလကုန်အထိ ခေတ္တငှားရမ်းအသုံးပြုမယ်လို့ ဧပြီလမှာကြေငြာခဲ့ပါတယ်  ဒါပေမယ့် အမေရိကနဲ့ ကနေဒါ ခရီးစဉ်တချို့ကိုဖျက်သိမ်းရပြီး ဧပြီလကနေ ဇွန်လအထိ ခရီးစဉ် ၁၀၀ ကျော်ကို ဖျက်ခဲ့ရပါတယ်။
တခါ ရေခဲအောင်အေးတဲ့ Iceland လို ရာသီဉတုက မြေပြင်မှာလေယာဉ်တွေကို ကြာရှည်နားထားလို့မသင့်ပါ။ သူတို့ရဲ့ 737 Max  တွေကို ပူနွေးတဲ့ ဒေသမှာ အခကြေးငွေပေးပြီး အပ်ထားရမှာပါ။

Icelandair နဲ့ 737 Max ပိုင်းလော့

Icelandair မှာအရင်ကသုံးနေတဲ့ 757 နဲ့ 767 က Type rating တူလို့ 757 နဲ့ 767 ပိုင်းလော့တွေက အဲဒီ၂မျိုးထဲက ဘယ်လေယာဉ်ကို မဆို အလှည့်ကျပြောင်းမောင်းလို့ရပါတယ်။
737 Max ကတော့ 737 အုပ်စုထဲဝင်သွားလို့ 757 နဲ့ 767 ပိုင်းလော့တွေကို 737 Max မှာတာဝန်တွဲချလို့ မရပါဘူး။
737 MAX 8s နဲ့  9s ၁၆ စီးဝယ်ထားတဲ့ Icelandair ဟာ 737 Max ပိုင်းလော့ အသစ်တွေကိုထပ်၍ငှားရပါတယ်။
ပြီးခဲ့တဲ့ မတ်လကစပြီး 737 Max တွေမြေမှာနားလိုက်ရတဲ့ အခါ အဲဒီ 737 Max ပိုင်းလော့ တွေမှာ အလုပ်မရှိဖြစ်ရပါတယ်။ သူတို့မှာ တခြားလိုင်းတွေလို ပြေးဆွဲနေတဲ့  737 မော်ဒယ်အဟောင်းတွေရှိပါ။

အခုတော့ Icelandair လေကြောင်းလိုင်းကငှားထားတဲ့ 737 Max ပိုင်းလော့ ၄၅ ဦးကိုလည်း အလုပ်ကနေ ရပ်ဆဲလိုက်ပြီလို့ သတင်းထွက်လာပါတယ်။
သူတို့ထဲက ၂၁ယောက်က 737 Max တွေ မရပ်နားမီကမှခန့်လိုက်တာဖြစ်ပြီး ကျန် ၂၄ ဦးကတော့ ပြီးခဲတဲ့ နှစ်နှောင်းပိုင်းကတည်းက ဒီလိုင်းရဲ့ ရပ်နားသွားတဲ့ လေယာဉ်တွေကို မောင်းနေတာဆိုပါတယ်။
ဒီကြေငြာချက်ကို ပိုင်းလော့သင်တန်းတခုမှာထုတ်ပြန်ခဲ့တယ်လို့ aviation24.beသတင်းကဆိုပါတယ်။
737 Max လေယာဉ်တွေမြေမှာနားနေသေးသ၍ Icelandair က 737 Max ပိုင်းလော့တွေဟာ သူတို့လေကြောင်းလိုင်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာမှန်ပေမယ့် နောင်လာမယ့် ၃လလောက်မှာ အဲဒီလေယာဉ်တွေပျံသန်းခွင့်ရလာလျင် သူတို့ကိုပြန်လိုအပ်မှာဖြစ်ပါတယ် ။ နောက်ထပ်ရောက်လာမယ့်လေယာဉ်တွေကနောက်ကျဖို့ရှိနေပေမယ့်၊ ပိုင်းလော့တွေကိုလည်း ထရိန်နင်တွေပေးရဦးမှာဖြစ်လို့ 737 Max ပိုင်လော့အားလုံးကိုထုတ်ပစ်ရင်တော့ အတော်လက်တွေ့မဆန်တာပါ။
ပိုင်းလော့တွေကို အလုပ်ထုတ်ပစ်လျင် လျှော်ကြေးတွေပေးရဦးမှာလည်းဖြစ်ပါတယ်။
အကယ်၍  Icelandair  က သူဝယ်ထားတဲ့ 737 Max ၁၆ စီးကို လုံးဝမသုံးတော့ဘူးလို့ ဆုံးဖြတ်လိုက်တာ မဟုတ်လျင်တော့ ဒီသတင်း မှန်ဖို့ ခက်ပါတယ်။
ဖိုးသုည
6-6-19





737 Max ပိုင်းလော့
ပိုင်းလော့တွေမှာ အမျိုးစား မတူတဲ့ လေယာဉ်တွေကို မောင်းဖို့ သင်တန်းသတ်သတ်စီတက်ရပြီး လက်မှတ်သတ်သတ်စီရှိရတယ်ဆိုပါတယ်။ ပိုင်းလော့တဦးမှာ မတူတဲ့လေယာဉ် တမျိုးထက်ပိုမောင်းနိုင်တဲ့လက်မှတ်ရှိနိုင်သော်လည်း လေကြောင်းလိုင်းတွေက ဘေးအန္တရာယ်ကင်းဝေးရေးအတွက် ရှေးရှုပြီး Type rating အမျိုးတူတဲ့ လေယာဉ်တွေပေါ်မှာပဲ တာဝန်ချလေ့ရှိတာပါ။

757 နဲ့ 767 က Type rating တူလို့ 757 နဲ့ 767 ပိုင်းလော့တွေက အဲဒီ၂မျိုးထဲက ဘယ်လေယာဉ်ကို မဆို အလှည့်ကျပြောင်းမောင်းလို့ရပါတယ်။
737 Max ကတော့ 737 အုပ်စုထဲဝင်သွားလို့ 757 နဲ့ 767 ပိုင်းလော့တွေကို 737 Max မှာတာဝန်တွဲချလို့ မရပါဘူး။


757 နဲ့ 767 က Type rating တူလို့ 757 နဲ့ 767 ပိုင်းလော့တွေက အဲဒီ၂မျိုးထဲက ဘယ်လေယာဉ်ကို မဆို အလှည့်ကျပြောင်းမောင်းလို့ရပါတယ်။
737 Max ကတော့ 737 အုပ်စုထဲဝင်သွားလို့ 757 နဲ့ 767 ပိုင်းလော့တွေကို 737 Max မှာတာဝန်တွဲချလို့ မရပါဘူး။
737 MAX 8s နဲ့  9s ၁၆ စီးဝယ်ထားတဲ့ Icelandair ဟာ737 Max ပိုင်းလော့ အသစ်တွေကိုထပ်၍ငှားရပါတယ်။
ပြီးခဲ့တဲ့ မတ်လကစပြီး 737 Max တွေမြေမှာနားလိုက်ရတဲ့ အခါ အဲဒီ 737 Max ပိုင်းလော့ တွေမှာ အလုပ်မရှိဖြစ်ရပါတယ်။
တခြားလိုင်းတွေမှာက 737 မော်ဒယ်အဟောင်းတွေရှိနေတော့ 737 Max ပိုင်းလော့တွေကို Type rating တူတဲ့ Boeing 737 Classic နဲ့ Boeing 737 Next Generation တွေမှာအလှည့်ကျ တာဝန်ချထားလို့ရပါသေးတယ်။
737 Max လေယာဉ်တွေမြေမှာနားနေသေးသ၍ Icelandair က 737 Max ပိုင်းလော့တွေဟာသူတို့လေကြောင်းလိုင်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာမှန်ပေမယ့် နောင်လာမယ့် ၃လလောက်မှာ အဲဒီလေယာဉ်တွေပျံသန်းခွင့်ရလာလျင် သူတို့ကိုပြန်လိုအပ်မှာဖြစ်ပါတယ် ။ နောက်ရောက်လာမယ့်လေယာဉ်တွေကနောက်ကျဖို့ရှိနေပေမယ့်၊ ပိုင်းလော့တွေကိုလည်း ထရိန်နင်တွေပေးရဦးမှာဖြစ်လို့ ပိုင်လော့အားလုံးကိုထုတ်ပစ်ရင်တော့ အတော်လက်တွေ့မဆန်တာပါ။
ပိုင်းလော့တွေကို အလုပ်ထုတ်ပစိလျင် လျှော်ကြေးတွေပေးရဦးမှာလည်းဖြစ်ပါတယ်။
အကယ်၍  Icelandair  က 737 Max တွေကို လုံးဝမသုံးတော့ဘုးလို့ ဆုံးဖြတ်လိုက်တာမဟုတ်လျင်တော့ ဒီသတင်း မှန်ဖို့ ခက်ပါတယ်။
ဖိုးသုည
6-6-19


#Hello_Max ! #Ready_to_wake_up ? အင်ဒိုနီးရှား Lionair နဲ့ အီသီယိုးပီးယားအဲယားလိုင်း လေယာဉ်တွေပျက်ကျပြီးနောက် ၂၀၁၉ မတ်လလယ်ကစပြီးမြ...