Friday, July 19, 2019

ဂ်က္ေလယာဥ္ပ်ံစီးရင္ အလယ္ခုံမႀကိဳက္သူမ်ားအတြက္ သတင္းေကာင္း (ဂျက်လေယာဉ်ပျံစီးရင် အလယ်ခုံမကြိုက်သူများအတွက် သတင်းကောင်း)

ဂ်က္ေလယာဥ္ပ်ံစီးရင္ အလယ္ခုံမႀကိဳက္သူမ်ားအတြက္ သတင္းေကာင္း 


တဖက္သုံးခုံပါတဲ့ ေလယာဥ္ေတြမွာအလယ္ခုံကို ခရီးသည္တိုင္းလိုလိုမႀကိဳက္ၾကပါ။ 
ဘိုးအင္း 737အုပ္စု, 787,  အဲယားဘတ္စ္ ေအ 320 , 321 350 တို႔မွာ ခုံေတြက တဖက္ သုံးခုံစီရွိတတ္ၾကပါတယ္။ 
ေလယာဥ္ႀကီးေတြကေတာ့ ေလေၾကာင္းလိုင္းအလိုက္ နည္းနည္းကြားပါတယ္။ 

အလယ္ခုံမွာ ထိုင္ရျခင္းရဲ႕ ဒုကၡမ်ား

ေဘးႏွစ္ဘက္က ကိုယ္ မသိသူေတြ ဆိုအေတာ္အေနက်ပ္ပါတယ္။
ပခုံးေနရာေတြမွာ လည္းၾကပ္ေနပါတယ္။ ဝတဲ့ သူ၂ ေယာက္ၾကားဆို ပိုဆိုးပါတယ္။ ေဘးက ခုံေတြမွာ တဖက္ ကို နည္းနည္း ယိမ္းထားလို႔ရပါေသးတယ္။
လက္တင္တန္းကို ေဘးကသူေတြနဲ႔ လုရပါတယ္။
သတင္းစာဖတ္လ်င္ ျဖန္႔လို႔မရပါ။ ထမင္းစားလ်င္ တေတာင္ဆစ္ ကားၿပီးစားသူ၂ေယာက္ၾကားညပ္ေနလ်င္ စားမရပါ။

Image result for middle seat on plane
https://cboardinggroup.com/10-hacks-to-survive-the-airplane-middle-seat/
ဒီလိုအမ်ားမႀကိဳက္တဲ့အလယ္ခုံစီးသူေတြ ရဲ႕ ဒုကၡကို ကူညီဖို႔ အေမရိကန္ ကိုလိုရာဒိုနယ္က Molon Labe Seating ကုမၸဏီက ခုံပုံစံအသစ္ကိုတီထြင္လိုက္ပါတယ္။
S1, S2 , S3  ဆိုတဲ့ ခုံ သုံးမ်ိဳးမွာ S1ကေတာ့ ခရီးတိုသြား short haulေလယာဥ္ေတြအတြက္ျဖစ္ၿပီး အေမရိကန္ရဲ႕ေလေၾကာင္းအာဏာပိုင္ FAA ကခြင့္ျပဳၿပီးလို႔ Primus Aerospace ကထုတ္ေတာ့မွာျဖစ္ပါတယ္။ အေမရိကန္ရဲ႕ ေလေၾကာင္းလိုင္း ၂ ခုက ေလယာဥ္တခ်ိဳ႕မွာ စတင္ သုံးစြဲမွာျဖစ္ၿပီး ၂၀၂၀ ဧၿပီနဲ႔ ေမလေတြမွာအေမရိကားက ခရီးသည္ေတြ စတင္ၿပီး စံစားရေတာ့မွာပါ ။
အေမရီကားက စတာဆိုေတာ့ ေနာက္ပိုင္းထြက္လာမယ့္ 737 MAX နဲ႔  737 NG တခ်ိဳ႕မွာမ်ားစမ္းသုံးမလားလို႔ မွန္းဆရပါတယ္။

Molon Labe Seating S1

Molon Labe Seating S1 ဆိုတာ အလယ္ခုံကို ေဘး ႏွစ္ခုံထက္ အနည္းငယ္ ႏွိမ့္ထားၿပီး အေနာက္ကိုလည္းနည္းနည္းေ႐ႊ႕လိုက္ပါတယ္။
လက္တင္တန္းေတြကို အဆင့္၂ ဆင့္လုပ္လိုက္ၿပီး နီမ့္တဲ့ အလယ္ခုံမွာ ထိုင္သူက လက္တန္း အေနာက္ဘက္ အနိမ့္ပိုင္းကိုရမွာ ျဖစ္ၿပီး ပိုျမင့္တဲ့ ေဘးခုံ၂ ခုမွာ ထိုင္သူေတြ လက္တင္တန္းရဲ႕ ျမင့္တဲ့ အေရွ႕ပိုင္းကိုသုံးလို႔ရမွာပါ။

https://edition.cnn.com/travel/article/airplane-middle-seat-design-trnd/index.html
အလယ္ခုံကနိမ့္ၿပီး အေနာက္နည္းနည္းေရာက္သြားလို႔ ေဘးကို ၃ လက္မေလာက္အထိပိုက်ယ္ႏိုင္ၿပီး ခရီးသည္ သုံးေယာက္လုံး ပခုံးအခ်င္းခ်င္းၾကပ္ေနတဲ့ ဒုကၡကလည္းလြတ္သြားပါတယ္။
အေနာက္ နည္းနည္းထြက္လာတဲ့ အလယ္ခုံေၾကာင့္ ျပဴတင္းေပါက္ခုံရတဲ့ ခရီးသည္ကေတာ့ အဝင္ အထြက္ နည္းနည္း ခက္သြားမယ္ထင္ပါတယ္။


Screen Shot 2017-12-14 at 11.52.46 AM
S1


Screen Shot 2019-05-10 at 10.56.13 AM
S1

Screen Shot 2019-05-10 at 10.58.29 AM
https://www.airlineseats.biz/s1-short-haul-economy?lightbox=dataItem-jvidbgt6






အနည္းငယ္နွိမ့္ထားတဲ့ အလယ္ခုံ
အနည္းငယ္ပိုက်ယ္တဲ့ S2 ခုံေတြကိုေတာ့ ခရီးရွည္ပ်ံ long haul ေလယာဥ္ႀကီးေတြအတြက္ စမ္းသပ္ေနပါတယ္။


ML Seat-01 - Neutral Background - 0010
S2

ML Seat-01 - Cabin - Fish Eye Scheme 02 0000
S2
ML Seat-01 Dimensions - C 2
S2

ML Seat-01 - Neutral Background - 0006
https://www.airlineseats.biz/s2-long-haul-economy?lightbox=dataItem-jaa3oiy82

S3  ခုံေတြကေတာ့ ခရီးသည္ေတြ အတက္နဲ႔ အတင္းမွာ ေလွ်ာက္လမ္းေဘးခုံကို အလယ္ခုံေပၚကို ထပ္တင္လို႔ရေအာင္လုပ္ထားၿပီးေလွ်ာက္လမ္းကို က်ယ္ေအာင္လုပ္ေပးဖို႔လို႔ဆိုပါတယ္။ အတက္အဆင္းျမန္သြားသလုပ္ သန႔္ရွင္းေရး လုပ္ရတာလည္း ပိုလြယ္ ပိုျမန္ေစမွာပါ၊
ဒီခုံေတြကို ပုံမွန္ခုံေတြထက္ ပိုမိုေပါ့ပါးေအာင္လုပ္ထားလို႔ ေလယာၪ္ အေလးခ်ိန္ သက္သာၿပီး ဆီကုန္လညး္ပိုသင္သာႏိုင္မွာပါ။

ေလွ်ာက္လမ္းက်ယ္ေအာင္ခံုထပ္တားပံု


အီေကာ္ေနာ္မီအတန္းကေန ေလယာဥ္စီးလ်င္ဘယ္ေနရာမွာထိုင္ရလဲ၊ အလယ္ခုံမႀကိဳက္လ်င္ ကိုယ္လိုခ်င္ သလိုေ႐ြးလို႔ရမလား။

အရင္တုန္းက

အရင္တုန္းက ခ်က္ အင္လုပ္ရင္ ေကာင္တာဝန္ထမ္းက ေမးေလ့ရွိပါတယ္။
ျပဴတင္းေပါက္ခုံ window seat ယူမလား လူသြားလမ္းေဘးက isle seat ခုံ ႀကိဳက္လားေပါ့။
အမ်ားစုက ကိုယ္စီးမယ့္ေလယာဥ္က ဘာအမ်ိဳးစားမွန္းလည္းမသိ၊ ဘယ္နံပတ္က ဘာမွန္းလည္းမသိတာမ်ားပါတယ္။
အေရွ႕နား အေနာက္နားwindow seat , isle seat ဆိုၿပီး မွန္ူေ႐ြးၾကတာေပါ့။

အြန္လိုင္းေခတ္

ေနာက္ပိုင္းမွာေတာ့ ဘတ္ဂ်က္ လိုင္းေတြ ေပၚလာၿပီး ေလၾကာင္းလိုင္းေတြ အၿပိဳင္အဆိုင္ေဈးခ်ေတာ့ ခုံေနရာေတြ ကို ေဈးႏႈန္းခြဲၿပီးေရာင္းပါေတာ့တယ္။
အြန္လိုင္းနဲ႔  လက္မွတ္ေရာင္းသလို အြန္လိုင္းခ်က္အင္ေတြလည္းေပၚလာ႐ုံမက တခ်ိဳ႕ဆို ေကာင္တာ ခ်က္အင္ လုပ္ရင္ ပိုက္ဆံေပးရမယ္ဆိုၿပီး အြန္လိုင္းခ်က္အင္လုပ္ဖို႔ တြန္းအားေပးတာေတြပါရွိလာပါတယ္။
ေအးဂ်င့္ေတြ ဆီမွာ လက္မွတ္ဝယ္လွ်င္လည္း ခုံကို တခါတည္း ေ႐ြးခိုင္းလို႔ရတတ္ပါတယ္။
အြန္လိုင္းဝယ္တဲ့ လက္မွတ္ေတြ ခုံေ႐ြးလ်င္ ပိုက္ဆံေပးရတာမ်ားပါတယ္။
ဒါလည္းကိုယ္ ဝယ္တဲ့ လက္မွတ္ရဲ႕ fare ေပၚေတာ့ တည္ပါတယ္။
တခ်ိဳ႕ကေတာ့ အြန္လိုင္းခ်က္အင္က်မွ ခုံေ႐ြးလ်င္ အလကားေပးေ႐ြးပါေသးတယ္၊ ခုံကေတာ့ အေတာ္ကိုကန္႔သတ္ေပးထားပါတယ္။
သတိထားမိသေလာက္ အခုေနာက္ပိုင္း  ဘတ္ဂ်က္လိုင္းေတြသာမက လိုင္းႀကီးေတြေတာင္ လက္မွတ္ဝယ္တာနဲ႔ ခုံကို preassigned  တခါတည္းသတ္မွတ္ေပးလိုက္ပါတယ္။
အြန္လိုင္းခ်က္အင္လုပ္တုန္းမွာ ကိုယ္ရတဲ့ ခုံကိုမႀကိဳက္လို႔ ေျပာင္းခ်င္လ်င္ ခုံအလြတ္သုံးေလးခုံေလာက္ေတာင္ မရွိေအာင္လုပ္ထားပါတယ္။ တခ်ိဳ႕ဆို လုံးဝမေပးပါ။
ခ်က္အင္ ဖြင့္ဖြင့္ခ်င္းလုပ္တာေတာင္ အလကားေ႐ြးလို႔ရတဲ့ ခုံေတြကို အလြန္ကန္႔သတ္ထားၿပီး ႀကိဳက္တာလိုခ်င္လ်င္ ပိုက္ပိုက္ေပးရပါေတာ့တယ္။
တခ်ိဳ႕  fare ေတြမွာေတာ့ ခုံကို အလာကားေ႐ြးဖို႔ အခြင့္ေပးထားပါတယ္။
လိုင္းႀကီးေတြမွာ အြန္လိုင္းခ်က္အင္လုပ္တုန္း ခုံေ႐ြးစရာ မက်န္ေပမယ့္ ေကာင္တာမွာ  ပစၥည္းခ်ိန္၊ စာ႐ြက္စာတန္းစစ္တဲ့ အခ်ိန္ အေျပာေကာင္းလ်င္ လဲေပးတတ္ပါတယ္။

ကိုယ္လိုခ်င္တိုင္းမရႏိုင္တဲ့ခုံမ်ား

ဘယ္လိုပဲျဖစ္ျဖစ္ ခရီးသည္ကို ေ႐ြးခြင့္မေပးဘဲ  ေလေၾကာင္းလိုင္းကထိန္းခ်ဳပ္ထားတဲ့ ခုံေတြရွိပါတယ္။
အေရွ႕ဆုံးအတန္းကို ရင္ခြင္ပိုက္ကေလးငယ္ ပါတဲ့ခရီးသည္ေတြကိုဦးစားေပးပါတယ္။ ပုခက္ခ်ိတ္ဖို႔ေနရာရွိလို႔ပါ။
အဲလိုကေလးနဲ႔ခရီးသည္မပါတဲ့ ခရီးစဥ္ဆိုလ်င္ေတာ့ ကိုယ္ရႏိုင္ပါတယ္။ ဒါကို ေကာင္တာခ်က္အင္က ကိုင္လ်င္ကိုင္မကိုင္လ်င္ ပိုက္ဆံေပးရတဲ့ ခုံ ျဖစ္သြားတာမ်ားပါတယ္။
အေတာင္ပံေပၚက အေရးေပၚ ထြက္ေပါက္ရွိတဲ့ ခုံ တန္းမွာ ခုံအေရွ႕ ေျခခ်တဲ့ေနရာက ပိုက်ယ္ပါတယ္။ အဲဒီေနရာကို ပိုက္ဆံပိုေပးမွ ရတာမ်ားပါတယ္။ ဒါေတာင္ အသက္ႀကီးသူတို႔ ကေလ သူငယ္တို႔ပါလ်င္ မေပးပါ။
အေရးအေၾကာင္းဆို အဲဒီခုံတန္းက ခရီးသည္ေတြက အေရးေပၚတံခါးကိုဖြင့္ေပးၿပီး evacuation ကယ္ဆယ္ေရးအတြက္ ကူညီႏိုင္သူကိုသာေပးပါတယ္။
အသက္ႀကီးသူ ဝွီး ခ်ဲစီးသူေတြကို အိမ္သာသြားလို႔ နီးတဲ့ isle seat ေပးတတ္ပါတယ္။
တခါတေလ ေလယာဥ္ ခုံ မျပည့္လ်င္ သေဘာေကာင္းတဲ့ ႀကီးၾကပ္သူေတြက အသက္ႀကီးသူ၊ ကေလး ပါသူေတြ အေနားက ခုံကို လြတ္ေပးထားတတ္ပါတယ္။

ေ႐ြးခြင့္ရလ်င္ ဘယ္ခုံကိုေ႐ြးမလဲ

လူတကိုယ္ အႀကိဳက္တမ်ိဳးပါ။
အတက္အဆင္းရႈခင္းေတြကို ၾကည့္ခ်င္သူကျပဴတင္းေပါက္ခုံ window seat ကိုႀကိဳက္ပါတယ္။
အိမ္သာ မၾကာခဏ ထသြားတတ္သူ၊ ေလယာဥ္ဆိုက္လ်င္ ျမန္ျမန္ဆင္းခ်င္သူေတြကေတာ့ လူသြားလမ္းေဘးက isle seat ခုံ ကိုေ႐ြးမွာပါ။
အတက္အဆင္းမွာ အေတာင္ပံေပါက ဖလက္ေတြ၊ ေအလာ႐ြန္ေတြ၊ အဲယား ဘရိတ္ေတြ အလုပ္လုပ္တာၾကာည့္ခ်င္သူက အေတာင္ပံ အေနာက္ ၅ တန္းေလာက္က ျပတင္းေပါက္ခုံကိုေ႐ြးၿပီ၊း ေလယာဥ္ အင္ဂ်င္နဲ႔ revers thrust ပြင့္တာၾကည့္ဖို႔ေတာ့ အေတာင္ပံ အေရွ႕ကခုံေတြ ကိုေ႐ြးမွာပါ။
ေလယာဥ္ ပ်က္တဲ့ သတင္းေတြၾကည့္ၿပီး ေၾကာက္သူကေတာ့ ပ်က္က်လ်င္ေတာင္ အသက္ရွင္ဖို႔အခြင့္လမ္းမ်ားတဲ့အၿမီးနား isle seat ကို လိုခ်င္ပါတယ္။
ေလေၾကာင္းလိုင္း ဝဘ္ဆိုဒ္ေတြမွာ ခုံအေနအထား  seat plan ကို ေလယာဥ္အမ်ိဳးအစားအလိုက္ တင္ထားတတ္ပါတယ္။ t
အြန္လိုင္းလက္မွတ္ဝယ္စဥ္နဲ႔ အြန္လိုင္းခ်က္အင္လုပ္လ်င္ ခုံေ႐ြးတဲ့ အဆင့္မွာ ခုံ အေနအထားကို ၾကည့္လို႔ရပါတယ္။
ကိုယ္စီးရမယ့္ ေလယာဥ္အမ်ိဳးစားကိုလည္း လက္မွတ္မွာ ေရးထားေပးပါတယ္။
seat guru website  မွာ ေလေၾကာင္းလိုင္းတခုခ်င္းစီရဲ႕ ေလယာဥ္အမ်ိဳးအစားအလိုက္ ခုံ အေနအထားကိုရွာလို႔ရပါတယ္။ ခုံေနရာအလိုက္ အေကာင္းအဆိုးမွတ္ခ်က္ေတြပါေရးထားပါတယ္။ 

ဘယ္သူမွ မႀကိဳက္တဲ့ ခုံမ်ား

အိမ္သာနားကပ္ေနတဲ့ ေနာက္ဆုံးခုံတန္း၂တန္း ၃ တန္း ေလွ်ာက္လမ္းေဘးခုံေတြ အနားမွာ ထမင္းေကြၽးၿပီးခ်ိန္ အိမ္သာတန္းစီသူေတြနဲ႔ က်ပ္ေနလို႔ အေနခက္ပါတယ္။
အလယ္ခုံကိုေတာ့ ခရီးသည္တိုင္းလိုလိုမႀကိဳက္ၾကပါ။
Molon Labe Seating ခုံေတြ ကိုတကယ္သုံးလာၿပီဆိုလ်င္ေတာ့ ခရီးသည္ေတြရဲ႕ အျမင္ေတြကို ၾကားၾကရေတာ့မွာပါ။
ဘယ္လိုပဲျဖစ္ျဖစ္ အလယ္ခုံကိုေတာ့  မတ္တ္သာမွ ယူၾကမယ္ထင္ပါတယ္။
ဖိုးသုည
20-7-19


ဂျက်လေယာဉ်ပျံစီးရင် အလယ်ခုံမကြိုက်သူများအတွက် သတင်းကောင်း (ယူနီကုဒ်) 


တဖက်သုံးခုံပါတဲ့ လေယာဉ်တွေမှာအလယ်ခုံကို ခရီးသည်တိုင်းလိုလိုမကြိုက်ကြပါ။
ဘိုးအင်း 737အုပ်စု, 787,  အဲယားဘတ်စ် အေ 320 , 321 350 တို့မှာ ခုံတွေက တဖက် သုံးခုံစီရှိတတ်ကြပါတယ်။
လေယာဉ်ကြီးတွေကတော့ လေကြောင်းလိုင်းအလိုက် နည်းနည်းကွားပါတယ်။

အလယ်ခုံမှာ ထိုင်ရခြင်းရဲ့ ဒုက္ခများ

ဘေးနှစ်ဘက်က ကိုယ် မသိသူတွေ ဆိုအတော်အနေကျပ်ပါတယ်။
ပခုံးနေရာတွေမှာ လည်းကြပ်နေပါတယ်။ ဝတဲ့ သူ၂ ယောက်ကြားဆို ပိုဆိုးပါတယ်။ ဘေးက ခုံတွေမှာ တဖက် ကို နည်းနည်း ယိမ်းထားလို့ရပါသေးတယ်။
လက်တင်တန်းကို ဘေးကသူတွေနဲ့ လုရပါတယ်။
သတင်းစာဖတ်လျင် ဖြန့်လို့မရပါ။ ထမင်းစားလျင် တတောင်ဆစ် ကားပြီးစားသူ၂ယောက်ကြားညပ်နေလျင် စားမရပါ။

ဒီလိုအများမကြိုက်တဲ့အလယ်ခုံစီးသူတွေ ရဲ့ ဒုက္ခကို ကူညီဖို့ အမေရိကန် ကိုလိုရာဒိုနယ်က Molon Labe Seating ကုမ္ပဏီက ခုံပုံစံအသစ်ကိုတီထွင်လိုက်ပါတယ်။
S1, S2 , S3  ဆိုတဲ့ ခုံ သုံးမျိုးမှာ S1ကတော့ ခရီးတိုသွား short haulလေယာဉ်တွေအတွက်ဖြစ်ပြီး အမေရိကန်ရဲ့လေကြောင်းအာဏာပိုင် FAA ကခွင့်ပြုပြီးလို့ Primus Aerospace ကထုတ်တော့မှာဖြစ်ပါတယ်။ အမေရိကန်ရဲ့ လေကြောင်းလိုင်း ၂ ခုက လေယာဉ်တချို့မှာ စတင် သုံးစွဲမှာဖြစ်ပြီး ၂၀၂၀ ဧပြီနဲ့ မေလတွေမှာအမေရိကားက ခရီးသည်တွေ စတင်ပြီး စံစားရတော့မှာပါ ။

Molon Labe Seating S1

Molon Labe Seating S1 ဆိုတာ အလယ်ခုံကို ဘေး နှစ်ခုံထက် အနည်းငယ် နှိမ့်ထားပြီး အနောက်ကိုလည်းနည်းနည်းရွှေ့လိုက်ပါတယ်။
လက်တင်တန်းတွေကို အဆင့်၂ ဆင့်လုပ်လိုက်ပြီး နီမ့်တဲ့ အလယ်ခုံမှာ ထိုင်သူက လက်တန်း အနောက်ဘက် အနိမ့်ပိုင်းကိုရမှာ ဖြစ်ပြီး ပိုမြင့်တဲ့ ဘေးခုံ၂ ခုမှာ ထိုင်သူတွေ လက်တင်တန်းရဲ့ မြင့်တဲ့ အရှေ့ပိုင်းကိုသုံးလို့ရမှာပါ။


အလယ်ခုံကနိမ့်ပြီး အနောက်နည်းနည်းရောက်သွားလို့ ဘေးကို ၃ လက်မလောက်အထိပိုကျယ်နိုင်ပြီး ခရီးသည် သုံးယောက်လုံး ပခုံးအချင်းချင်းကြပ်နေတဲ့ ဒုက္ခကလည်းလွတ်သွားပါတယ်။
အနောက် နည်းနည်းထွက်လာတဲ့ အလယ်ခုံကြောင့် ပြူတင်းပေါက်ခုံရတဲ့ ခရီးသည်ကတော့ အဝင် အထွက် နည်းနည်း ခက်သွားမယ်ထင်ပါတယ်။

အနည်းငယ်ပိုကျယ်တဲ့ S2 ခုံတွေကိုတော့ ခရီးရှည်ပျံ long haul လေယာဉ်ကြီးတွေအတွက် စမ်းသပ်နေပါတယ်။
S3  ခုံတွေကတော့ ခရီးသည်တွေ အတက်နဲ့ အတင်းမှာ လျှောက်လမ်းဘေးခုံကို အလယ်ခုံပေါ်ကို ထပ်တင်လို့ရအောင်လုပ်ထားပြီးလျှောက်လမ်းကို ကျယ်အောင်လုပ်ပေးဖို့လို့ဆိုပါတယ်။ အတက်အဆင်းမြန်သွားသလုပ် သန့်ရှင်းရေး လုပ်ရတာလည်း ပိုလွယ် ပိုမြန်စေမှာပါ၊
ဒီခုံတွေကို ပုံမှန်ခုံတွေထက် ပိုမိုပေါ့ပါးအောင်လုပ်ထားလို့ လေယာဉ္ အလေးချိန် သက်သာပြီး ဆီကုန်လညး်ပိုသင်သာနိုင်မှာပါ။
အမေရီကားက စတာဆိုတော့ နောက်ပိုင်းထွက်လာမယ့် 737 MAX နဲ့  737 NG တချို့မှာများစမ်းသုံးမလားလို့ မှန်းဆရပါတယ်။ ၊

အီကော်နော်မီအတန်းကနေ လေယာဉ်စီးလျင်ဘယ်နေရာမှာထိုင်ရလဲ၊ အလယ်ခုံမကြိုက်လျင် ကိုယ်လိုချင် သလိုရွေးလို့ရမလား။


အရင်တုန်းက

အရင်တုန်းက ချက် အင်လုပ်ရင် ကောင်တာဝန်ထမ်းက မေးလေ့ရှိပါတယ်။
ပြူတင်းပေါက်ခုံ window seat ယူမလား လူသွားလမ်းဘေးက isle seat ခုံ ကြိုက်လားပေါ့။
အများစုက ကိုယ်စီးမယ့်လေယာဉ်က ဘာအမျိုးစားမှန်းလည်းမသိ၊ ဘယ်နံပတ်က ဘာမှန်းလည်းမသိတာများပါတယ်။
အရှေ့နား အနောက်နားwindow seat , isle seat ဆိုပြီး မှန်ူရွေးကြတာပေါ့။

အွန်လိုင်းခေတ်

နောက်ပိုင်းမှာတော့ ဘတ်ဂျက် လိုင်းတွေ ပေါ်လာပြီး လေကြာင်းလိုင်းတွေ အပြိုင်အဆိုင်ဈေးချတော့ ခုံနေရာတွေ ကို ဈေးနှုန်းခွဲပြီးရောင်းပါတော့တယ်။
အွန်လိုင်းနဲ့  လက်မှတ်ရောင်းသလို အွန်လိုင်းချက်အင်တွေလည်းပေါ်လာရုံမက တချို့ဆို ကောင်တာ ချက်အင် လုပ်ရင် ပိုက်ဆံပေးရမယ်ဆိုပြီး အွန်လိုင်းချက်အင်လုပ်ဖို့ တွန်းအားပေးတာတွေပါရှိလာပါတယ်။
အေးဂျင့်တွေ ဆီမှာ လက်မှတ်ဝယ်လျှင်လည်း ခုံကို တခါတည်း ရွေးခိုင်းလို့ရတတ်ပါတယ်။
အွန်လိုင်းဝယ်တဲ့ လက်မှတ်တွေ ခုံရွေးလျင် ပိုက်ဆံပေးရတာများပါတယ်။
ဒါလည်းကိုယ် ဝယ်တဲ့ လက်မှတ်ရဲ့ fare ပေါ်တော့ တည်ပါတယ်။
တချို့ကတော့ အွန်လိုင်းချက်အင်ကျမှ ခုံရွေးလျင် အလကားပေးရွေးပါသေးတယ်၊ ခုံကတော့ အတော်ကိုကန့်သတ်ပေးထားပါတယ်။
သတိထားမိသလောက် အခုနောက်ပိုင်း  ဘတ်ဂျက်လိုင်းတွေသာမက လိုင်းကြီးတွေတောင် လက်မှတ်ဝယ်တာနဲ့ ခုံကို preassigned  တခါတည်းသတ်မှတ်ပေးလိုက်ပါတယ်။
အွန်လိုင်းချက်အင်လုပ်တုန်းမှာ ကိုယ်ရတဲ့ ခုံကိုမကြိုက်လို့ ပြောင်းချင်လျင် ခုံအလွတ်သုံးလေးခုံလောက်တောင် မရှိအောင်လုပ်ထားပါတယ်။ တချို့ဆို လုံးဝမပေးပါ။
ချက်အင် ဖွင့်ဖွင့်ချင်းလုပ်တာတောင် အလကားရွေးလို့ရတဲ့ ခုံတွေကို အလွန်ကန့်သတ်ထားပြီး ကြိုက်တာလိုချင်လျင် ပိုက်ပိုက်ပေးရပါတော့တယ်။
တချို့  fare တွေမှာတော့ ခုံကို အလာကားရွေးဖို့ အခွင့်ပေးထားပါတယ်။
လိုင်းကြီးတွေမှာ အွန်လိုင်းချက်အင်လုပ်တုန်း ခုံရွေးစရာ မကျန်ပေမယ့် ကောင်တာမှာ  ပစ္စည်းချိန်၊ စာရွက်စာတန်းစစ်တဲ့ အချိန် အပြောကောင်းလျင် လဲပေးတတ်ပါတယ်။

ကိုယ်လိုချင်တိုင်းမရနိုင်တဲ့ခုံများ

ဘယ်လိုပဲဖြစ်ြဖစ် ခရီးသည်ကို ရွေးခွင့်မပေးဘဲ  လေကြောင်းလိုင်းကထိန်းချုပ်ထားတဲ့ ခုံတွေရှိပါတယ်။
အရှေ့ဆုံးအတန်းကို ရင်ခွင်ပိုက်ကလေးငယ် ပါတဲ့ခရီးသည်တွေကိုဦးစားပေးပါတယ်။ ပုခက်ချိတ်ဖို့နေရာရှိလို့ပါ။
အဲလိုကလေးနဲ့ခရီးသည်မပါတဲ့ ခရီးစဉ်ဆိုလျင်တော့ ကိုယ်ရနိုင်ပါတယ်။ ဒါကို ကောင်တာချက်အင်က ကိုင်လျင်ကိုင်မကိုင်လျင် ပိုက်ဆံပေးရတဲ့ ခုံ ဖြစ်သွားတာများပါတယ်။
အတောင်ပံပေါ်က အရေးပေါ် ထွက်ပေါက်ရှိတဲ့ ခုံ တန်းမှာ ခုံအရှေ့ ခြေချတဲ့နေရာက ပိုကျယ်ပါတယ်။ အဲဒီနေရာကို ပိုက်ဆံပိုပေးမှ ရတာများပါတယ်။ ဒါတောင် အသက်ကြီးသူတို့ ကလေ သူငယ်တို့ပါလျင် မပေးပါ။
အရေးအကြောင်းဆို အဲဒီခုံတန်းက ခရီးသည်တွေက အရေးပေါ်တံခါးကိုဖွင့်ပေးပြီး evacuation ကယ်ဆယ်ရေးအတွက် ကူညီနိုင်သူကိုသာပေးပါတယ်။
အသက်ကြီးသူ ဝှီး ချဲစီးသူတွေကို အိမ်သာသွားလို့ နီးတဲ့ isle seat ပေးတတ်ပါတယ်။
တခါတလေ လေယာဉ် ခုံ မပြည့်လျင် သဘောကောင်းတဲ့ ကြီးကြပ်သူတွေက အသက်ကြီးသူ၊ ကလေး ပါသူတွေ အနေားက ခုံကို လွတ်ပေးထားတတ်ပါတယ်။

ရွေးခွင့်ရလျင် ဘယ်ခုံကိုရွေးမလဲ

လူတကိုယ် အကြိုက်တမျိုးပါ။
အတက်အဆင်းရှုခင်းတွေကို ကြည့်ချင်သူကပြူတင်းပေါက်ခုံ window seat ကိုကြိုက်ပါတယ်။
အိမ်သာ မကြာခဏ ထသွားတတ်သူ၊ လေယာဉ်ဆိုက်လျင် မြန်မြန်ဆင်းချင်သူတွေကတော့ လူသွားလမ်းဘေးက isle seat ခုံ ကိုရွေးမှာပါ။
အတက်အဆင်းမှာ အတောင်ပံပေါက ဖလက်တွေ၊ အေလာရွန်တွေ၊ အဲယား ဘရိတ်တွေ အလုပ်လုပ်တာကြာည့်ချင်သူက အတောင်ပံ အနောက် ၅ တန်းလောက်က ပြတင်းပေါက်ခုံကိုရွေးပြီ၊း လေယာဉ် အင်ဂျင်နဲ့ revers thrust ပွင့်တာကြည့်ဖို့တော့ အတောင်ပံ အရှေ့ကခုံတွေ ကိုရွေးမှာပါ။
လေယာဉ် ပျက်တဲ့ သတင်းတွေကြည့်ပြီး ကြောက်သူကတော့ ပျက်ကျလျင်တောင် အသက်ရှင်ဖို့အခွင့်လမ်းများတဲ့အမြီးနား isle seat ကို လိုချင်ပါတယ်။
လေကြောင်းလိုင်း ဝဘ်ဆိုဒ်တွေမှာ ခုံအနေအထား  seat plan ကို လေယာဉ်အမျိုးအစားအလိုက် တင်ထားတတ်ပါတယ်။ t
အွန်လိုင်းလက်မှတ်ဝယ်စဉ်နဲ့ အွန်လိုင်းချက်အင်လုပ်လျင် ခုံရွေးတဲ့ အဆင့်မှာ ခုံ အနေအထားကို ကြည့်လို့ရပါတယ်။
ကိုယ်စီးရမယ့် လေယာဉ်အမျိုးစားကိုလည်း လက်မှတ်မှာ ရေးထားပေးပါတယ်။
seatguru website  မှာ လေကြောင်းလိုင်းတခုချင်းစီရဲ့ လေယာဉ်အမျိုးအစားအလိုက် ခုံ အနေအထားကိုရှာလို့ရပါတယ်။ ခုံနေရာအလိုက် အကောင်းအဆိုးမှတ်ချက်တွေပါရေးထားပါတယ်။ 

ဘယ်သူမှ မကြိုက်တဲ့ ခုံများ

အိမ္သာနားကပ္ေနတဲ့ ေနာက္ဆုံးခုံတန္း၂တန္း ၃ တန္း ေလွ်ာက္လမ္းေဘးခုံေတြ အနားမွာ ထမင္းေကြၽးၿပီးခ်ိန္ အိမ္သာတန္းစီသူေတြနဲ႔ က်ပ္ေနလို႔ အေနခက္ပါတယ္။
အလယ္ခုံကိုလည္း ခရီးသည္တိုင္းလိုလိုမႀကိဳက္ၾကပါ။
Molon Labe Seating ခုံေတြ ကိုတကယ္သုံးလာၿပီဆိုလ်င္ေတာ့ ခရီးသည္ေတြရဲ႕ အျမင္ေတြကို ၾကားၾကရေတာ့မွာပါ။
ဘယ္လိုပဲျဖစ္ျဖစ္ အလယ္ခုံကိုေတာ့  မတတ္သာမွ ယူၾကမယ္ထင္ပါတယ္။


ဖိုးသုည
20-7-19





No comments:

Post a Comment

#Hello_Max ! #Ready_to_wake_up ? အင်ဒိုနီးရှား Lionair နဲ့ အီသီယိုးပီးယားအဲယားလိုင်း လေယာဉ်တွေပျက်ကျပြီးနောက် ၂၀၁၉ မတ်လလယ်ကစပြီးမြ...