Tuesday, June 18, 2019

Boeing 737 Max ဆုံးရႈံးသြားတဲ့ ေဖါက္သည္ေတြရဲ႕ ယုံၾကည္မႈေတြ ျပန္ရလာၿပီလား (Boeing 737 Max ဆုံးရှုံးသွားတဲ့ ဖေါက်သည်တွေရဲ့ ယုံကြည်မှုတွေ ပြန်ရလာပြီလား )

Boeing 737 Max ဆုံးရႈံးသြားတဲ့  ေဖါက္သည္ေတြရဲ႕ ယုံၾကည္မႈေတြ ျပန္ရလာၿပီလား






ပဲရစ္ ေလေၾကာင္းပြဲ ဒုတိယေန႔မွာေတာ့ ရင္တမမျဖစ္ေနတဲ့ ဘိုးအင္း အသက္ရွဴေခ်ာင္သြားပါၿပီ။
International Airlines Group IAG  ဆိုတဲ့ ဥေရာပ ကုမၠဏီႀကီးက MCAS  ျပသနာေၾကာင့္ ေလာေလာဆယ္ ေျမနားထားရတဲ့  Boeing 737 Max ေလယာဥ္ အမ်ိဴးစား ၂၀၀ ကိုဝယ္ဖို႔ ရွိတယ္လို႔ ေၾကျငာလိုက္ပါတယ္။၊
IAG ဆိုတာ Aer Lingus, British Airways၊  Iberia , နဲ႔ တျခားဥေရာပ ေလေၾကာင္းတခ်ိဳ႕ကိုပိုင္တဲ့ စီးပြားေရးအုပ္စုႀကီးပါ။ လက္ရွိ IAGရဲ႕  narrow Body ေလယာဥ္ေတြက  Airbus A320 ပဲျဖစ္ၿပီး ဘိုးအင္းေလယာဥ္ေတြကိုေတာ့ wide body ေလယာဥ္ႀကီးေတြပဲသုံးေနတာပါ။ IAG CEO က သူတို႔ရဲ႕ ႀကီးမားတဲ့ လုပ္ငန္းပမာဏအရ A320 တခုတည္းေပၚမွာ တြယ္မေနသင့္ဘူးလို႔ဆိုပါတယ္။ ဒီလို အၿပိင္အဆိုင္ျဖစ္ေအာင္ေ႐ြးလိုက္ေတာ့ Airbus ကလည္း သူတိုကို ေဈးေလွ်ာ့ၿပီး ေအာ္ဖါလုပ္ဦးမွာပါ။
ဘိုအင္းအတြက္ အလြန္ အဖိုးတန္တဲ့ ေအာ္ဒါပါ။ ေဒၚလာ ၂၄ ဘီလီယံ တန္ဖိုးရွိတဲ့ ေအာ္ဒါကို ေဈး အမ်ားႀကီးေလွ်ာ့ေပးမွာကေတာ့ ေသခ်ာပါတယ္။ ေလယာဥ္ထုတ္လုပ္သူေတြဟာ တျခား ကုန္ထုတ္လုပ္သူေတြလိုပဲ သူတို႔ပစၥည္းကို ျပပြဲမွာ ဝယ္လ်င္ ေဈးေလွ်ာေပးပါတယ္။
ဒါေပမယ့္ ဒီေအာ္ဒါက တျခားေအာ္ဒါေတြထက္ထူးျခားပါတယ္။ နာမယ္ပ်က္ကို ျပန္ အဖတ္ဆယ္ရမယ့္ Boeing 737 Max ေမာ္ဒယ္ကို အမ်ားႀကီး ဝယ္လိုက္တာဟာ အဲဒီေလယာဥ္အေပၚ ယုံၾကည္မႈရွိတာကို ျပရာေရာက္တဲ့ အတြက္ အရင္ကအရိပ္မည္းႀကီးကို  တစိပ္တေဒသ ဖယ္ေပးလိုက္ရာေရာက္ပါတယ္။
Airbus အတြက္လည္း အထိနာတယ္လို႔ဆိုရမွာပါ။ သူ႔ A320 Neo, A321 Neo , A321 XLR ေတြကိုပြဲထုတ္ ေနခ်ိန္မွာ သူတို႔ ေဖါက္သည္ေဟာင္းက သူတို႔ရဲ႕ၿပိဳင္ဖက္ကို ပါလက္တြဲလိုက္လို႔ပါ။ Airbus CEO ကေတာ့ ဒီလိုလုပ္တာ သူတို႔ကုမၸဏီကို မထိခိုက္ပါဘူးလို႔ဆိုပါတယ္။
ေလာေလာဆယ္မွာေတာ့ ပ်ံသန္းခြင့္ပိတ္ခံထားရတဲ့ Boeing 737 Max ေတြကို ဒီႏွစ္ ကုန္အထိ ေကာင္းကင္မွာျမင္ႏိုင္ဖို႔ မျမင္ေသးပါဘူး။




 မတ္လလယ္ကစလို႔  ထုတ္ၿပီးသား Boeing 737 Max ေတြကိုလည္း ဝယ္သူေတြလက္ကို မအပ္ရဘဲ ဘိုးအင္းက ေနရာရွာၿပီး ထိန္းသိမ္းထားရပါတယ္။ လက္ထဲမွာရွိထားၿပီးနားထားရတဲ့ေလေၾကာင္းလိုင္းေတြကလည္း အဲဒီေလယာဥ္ေတြ မပ်ံရမခ်င္း ေန႔စဥ္နဲ႔ အမွ်ဆုံးရွိမႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ တခ်ိဳ႕လိုင္းေတြကလည္းအဲဒီဆုံးရႈံးမႈေတြအတြက္ ဘိုးအင္းကေန ေလွ်ာ္ေၾကးေတာင္းဖို႔လုပ္ေနၾကပါတယ္။

Add caption

ေလေၾကာင္းလိုင္းေတြဟာ လုပ္ငန္ေတြခ်ဲ႕ ေနၾကေပမယ့္ အနာဂတ္မွာ သူတို႔လိုအပ္မယ့္ ေလယာဥ္အေတာ္မ်ားမ်ားကို ေအာ္ဒါလုပ္ထားၿပီးလို႔ ေစာင့္ေနၾကၿပီျဖစ္တာေၾကာင့္ ဒီႏွစ္ ပဲရစ္ျပပြဲမွာ ခရီးသည္တင္ေလယာဥ္ေဈးကြက္က အရင္ႏွစ္ေတြကေလာက္ေတာ့ သြက္မွာ ဟုတ္ဘူးလို႔ သုံးသပ္ၾကပါတယ္။
ဖိုးသုည
19-6-19


Boeing 737 Max ဆုံးရှုံးသွားတဲ့  ဖေါက်သည်တွေရဲ့ ယုံကြည်မှုတွေ ပြန်ရလာပြီလား  (ယူနီကုဒ်) 

ပဲရစ် လေကြောင်းပွဲ ဒုတိယနေ့မှာတော့ ရင်တမမဖြစ်နေတဲ့ ဘိုးအင်း အသက်ရှူချောင်သွားပါပြီ။
International Airlines Group IAG  ဆိုတဲ့ ဥရောပ ကုမ္ကဏီကြီးက MCAS  ပြသနာကြောင့် လောလောဆယ် မြေနားထားရတဲ့  Boeing 737 Max လေယာဉ် အမျိူးစား ၂၀၀ ကိုဝယ်ဖို့ ရှိတယ်လို့ ကြေငြာလိုက်ပါတယ်။၊
IAG ဆိုတာ Aer Lingus, British Airways၊  Iberia , နဲ့ တခြားဥရောပ လေကြောင်းတချို့ကိုပိုင်တဲ့ စီးပွားရေးအုပ်စုကြီးပါ။ လက်ရှိ IAGရဲ့  narrow Body လေယာဉ်တွေက  Airbus A320 ပဲဖြစ်ပြီး ဘိုးအင်းလေယာဉ်တွေကိုတော့ wide body လေယာဉ်ကြီးတွေပဲသုံးနေတာပါ။ IAG CEO က သူတို့ရဲ့ ကြီးမားတဲ့ လုပ်ငန်းပမာဏအရ A320 တခုတည်းပေါ်မှာ တွယ်မနေသင့်ဘူးလို့ဆိုပါတယ်။ ဒီလို အပြိင်အဆိုင်ဖြစ်အောင်ရွေးလိုက်တော့ Airbus ကလည်း သူတိုကို ဈေးလျှော့ပြီး အော်ဖါလုပ်ဦးမှာပါ။
ဘိုအင်းအတွက် အလွန် အဖိုးတန်တဲ့ အော်ဒါပါ။ ဒေါ်လာ ၂၄ ဘီလီယံ တန်ဖိုးရှိတဲ့ အော်ဒါကို ဈေး အများကြီးလျှော့ပေးမှာကတော့ သေချာပါတယ်။ လေယာဉ်ထုတ်လုပ်သူတွေဟာ တခြား ကုန်ထုတ်လုပ်သူတွေလိုပဲ သူတို့ပစ္စည်းကို ပြပွဲမှာ ဝယ်လျင် ဈေးလျှောပေးပါတယ်။
ဒါပေမယ့် ဒီအော်ဒါက တခြားအော်ဒါတွေထက်ထူးခြားပါတယ်။ နာမယ်ပျက်ကို ပြန် အဖတ်ဆယ်ရမယ့် Boeing 737 Max မော်ဒယ်ကို အများကြီး ဝယ်လိုက်တာဟာ အဲဒီလေယာဉ်အပေါ် ယုံကြည်မှုရှိတာကို ပြရာရောက်တဲ့ အတွက် အရင်ကအရိပ်မည်းကြီးကို  တစိပ်တဒေသ ဖယ်ပေးလိုက်ရာရောက်ပါတယ်။
Airbus အတွက်လည်း အထိနာတယ်လို့ဆိုရမှာပါ။ သူ့ A320 Neo, A321 Neo , A321 XLR တွေကိုပွဲထုတ် နေချိန်မှာ သူတို့ ဖေါက်သည်ဟောင်းက သူတို့ရဲ့ပြိုင်ဖက်ကို ပါလက်တွဲလိုက်လို့ပါ။ Airbus CEO ကတော့ ဒီလိုလုပ်တာ သူတို့ကုမ္ပဏီကို မထိခိုက်ပါဘူးလို့ဆိုပါတယ်။
လောလောဆယ်မှာတော့ ပျံသန်းခွင့်ပိတ်ခံထားရတဲ့ Boeing 737 Max တွေကို ဒီနှစ် ကုန်အထိ ကောင်းကင်မှာမြင်နိုင်ဖို့ မမြင်သေးပါဘူး၊ မတ်လလယ်ကစလို့  ထုတ်ပြီးသား Boeing 737 Max တွေကိုလည်း ဝယ်သူတွေလက်ကို မအပ်ရဘဲ ဘိုးအင်းက နေရာရှာပြီး ထိန်းသိမ်းထားရပါတယ်။ လက်ထဲမှာရှိထားပြီးနားထားရတဲ့လေကြောင်းလိုင်းတွေကလည်း အဲဒီလေယာဉ်တွေ မပျံရမချင်း နေ့စဉ်နဲ့ အမျှဆုံးရှိမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တချို့လိုင်းတွေကလည်းအဲဒီဆုံးရှုံးမှုတွေအတွက် ဘိုးအင်းကနေ လျှော်ကြေးတောင်းဖို့လုပ်နေကြပါတယ်။
လေကြောင်းလိုင်းတွေဟာ လုပ်ငန်တွေချဲ့ နေကြပေမယ့် အနာဂတ်မှာ သူတို့လိုအပ်မယ့် လေယာဉ်အတော်များများကို အော်ဒါလုပ်ထားပြီးလို့ စောင့်နေကြပြီဖြစ်တာကြောင့် ဒီနှစ် ပဲရစ်ပြပွဲမှာ ခရီးသည်တင်လေယာဉ်ဈေးကွက်က အရင်နှစ်တွေကလောက်တော့ သွက်မှာ ဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။
ဖိုးသုည
19-6-19

No comments:

Post a Comment

#Hello_Max ! #Ready_to_wake_up ? အင်ဒိုနီးရှား Lionair နဲ့ အီသီယိုးပီးယားအဲယားလိုင်း လေယာဉ်တွေပျက်ကျပြီးနောက် ၂၀၁၉ မတ်လလယ်ကစပြီးမြ...