Thursday, June 6, 2019

ဘိုးအင္းရဲ႕ 737 Max ျပသနာက ပိုင္ေလာ့ေတြကိုပါထိခိုက္ၿပီလား (ဘိုးအင်းရဲ့ 737 Max ပြသနာက ပိုင်လော့တွေကိုပါထိခိုက်ပြီလား)








ဘိုးအင္းရဲ႕  737 Max ျပသနာက ပိုင္ေလာ့ေတြကိုပါထိခိုက္ၿပီလား  (ေဇာ္ဂ်ီ)

Icelandair ေလေၾကာင္းလိုင္းကငွားထားတဲ့ 737 Max ပိုင္းေလာ့ ၄၅ ဦးကိုလည္း အလုပ္ကေန ရပ္ဆဲလိုက္ၿပီလို႔ သတင္းထြက္လာပါတယ္

တပူေပၚ၂ ပူဆင့္ျပသနာျဖစ္ေနတဲ့ ဘိုးအင္းရဲ႕  737 Max ေလယာဥ္ေတြ ဘယ္အခ်ိန္မွ ျပန္လည္ပ်ံသန္းခြင့္ရမယ္ဆိုတာ မေရမရာျဖစ္ေနၿပီး ၂၀၁၉ စက္တင္ဘာလထက္မေစာႏိုင္ဘူးလို႔ IATA ကဆိုထားပါတယ္။
အဲဒီေလယာဥ္ေတြကို ၂၀၁၉ မတ္လကတည္းက ေျမမွာ ရပ္နားထားရလို႔ ေလေၾကာင္းလိုင္းအေတာ္မ်ားမ်ားမွာ ဆုံးရႈံးမႈေတြ တေန႔တျခားတက္ေနပါတယ္။


ခရီးစဥ္ဖ်က္သိမ္းရ

တခ်ိဳ႕လိုင္းေတြဆို ဖ်က္သိမ္းလိုက္ရတဲ့ ခရီးစဥ္ေတြက တေန႔တေန႔ ရာနဲ႔ခ်ီပါတယ္၊ လက္ထဲမွာ 737 Max မရွိေသးေပမယ့္ ေအာ္ဒါမွာထားၿပီး သားလိုင္းေတြကလည္း ေလယာဥ္သစ္ေတြကို လက္ခံရရွိဖို႔ မူလကေဘာတူထားတာထက္ လေပါင္းမ်ားစြာ ေႏွာင့္ေႏွးကုန္တာေၾကာင့္ ႀကိဳတင္ျပင္ဆင္ထားတဲ့ ပိုင္းေလာ့ထရိန္နင္ေတြ ခရီးစဥ္ေတြ အကုန္ ကေမာက္ကမျဖစ္ရပါတယ္။

ေခတၱထားသိုဖို႔ေနရာကို ငွားရ

ေနာက္တခုကေလယာဥ္ေတြကို ေခတၱထားသိုဖို႔ေနရာကို ငွားရပါတယ္။ အဲဒီအတြက္လည္းစားရိတ္တက္ပါတယ္။ အေမရိကမွာေတာ့ အဲလိုေနရာေတြရွိပါတယ္၊ ဥပမာ Southwest airlines  ဟာ သူ႔ရဲ႕ 737 Max ေတြကို ကယ္လီဖိုးနီးယားက Victorville မွာရွိတဲ့ ေလယာဥ္သခ်ႋဳင္း ရွိရာ  Southern California Logistics Airport    ေလဆိပ္ကိုပို႔ထားပါတယ္။
ကယ္လီဖိုးနီးယားက Victorville မွာေခတၱရပ္နားထားေသာ Southwest ေလေၾကာင္းပိုင္ 737Max ေလယာဥ္မ်ား

737 Max ပိုင္းေလာ့

ပိုင္းေလာ့ေတြမွာ အမ်ိဳးစား မတူတဲ့ ေလယာဥ္ေတြကို ေမာင္းဖို႔ သင္တန္းသတ္သတ္စီတက္ရၿပီး လက္မွတ္သတ္သတ္စီရွိရတယ္ဆိုပါတယ္။ ပိုင္းေလာ့တဦးမွာ မတူတဲ့ေလယာဥ္ တမ်ိဳးထက္ပိုေမာင္းႏိုင္တဲ့လက္မွတ္ရွိႏိုင္ေသာ္လည္း ေလေၾကာင္းလိုင္းေတြက ေဘးအႏၲရာယ္ကင္းေဝးေရးအတြက္ ေရွးရႈၿပီး Type rating အမ်ိဳးတူတဲ့ ေလယာဥ္ေတြေပၚမွာပဲ တာဝန္ခ်ေလ့ရွိတာပါ။
Type rating

737 Max ကေတာ့ 737 အုပ္စုထဲဝင္သြားလို႔ 
737 Max ပိုင္းေလာ့ေတြကို  Type rating တူတဲ့ Boeing 737 Classic နဲ႔ Boeing 737 Next Generation ေတြမွာအလွည့္က် တာဝန္ခ်ထားလို႔ေတာ့ရပါတယ္။
ၿပီးခဲ့တဲ့ မတ္လကစၿပီး 737 Max ေတြေျမမွာနားလိုက္ရတဲ့ အခါ အဲဒီ 737 Max ပိုင္းေလာ့ေတြကို ဘယ္မွာသုံးမလဲဆိုတဲ့ေမးခြန္းထြက္ေပၚလာပါတယ္။ 737 ေမာ္ဒယ္အေဟာင္းေတြကို လက္ရွိေျပးဆြဲေနေသးတဲ့လိုင္းေတြကေတာ့ 737 Max ပိုင္းေလာ့ေတြကို Type rating တူတဲ့ Boeing 737 Classic နဲ႔ Boeing 737 Next Generation ေတြမွာအလွည့္က် တာဝန္ခ်ထားလို႔ရပါေသးတယ္။


Iceland ႏိုင္ငံက Icelandair

ဥေရာပနဲ႔ ေျမာက္အေမရိကအၾကားက Icelandကြၽန္းႏိုင္ငံက Icelandair ဟာသူ႔ရဲ႕ပထဝီအေနအထားအရ အလတ္စား wide body  ေလယာဥ္ေတြကို သုံးေနတာပါ။ 

Iceland  ႏိုင္ငံတည္ေနရာျပေျမပုံ

ဘိုးအင္းရဲ႕ သစၥာရွိေဖါက္သည္ႀကီးကသူ႔ရဲ႕ သက္တန္းကုန္ကာနီး 757 ေတြကို ေလယာဥ္သစ္ေတြနဲ႔ အစားထိုးရမယ့္အခ်ိန္မွာ ဘိုအင္းရဲ႕ 737 Max ဟာကုန္က်စားရိတ္နည္းနည္းနဲ႔  သူတို႔ လိုအပ္ခ်က္ကို ျဖည့္ႏိုင္မယ့္ေလယာဥ္အေနနဲ႔ ေပၚထြက္လာခဲ့တာပါ။
737 Max ေတြဟာ narrow body မိသားစုထဲဆက္ေနေပမယ့္ အရင္ 737 ေတြထက္ခရီးပိုေဝးေဝးကိုပ်ံႏိုင္သလို  ခရီးသည္လည္းပိုဆံ့ပါတယ္။ 737 Max ေတြဟာ Iceland ကေန 757 ေရာက္ႏိုင္တဲ့ အမရိက ေနရာေတာ္ေတာ္မ်ားမ်ားကိုေတာ့ မေရာက္ႏိုင္ေပမယ့္ ဥေရာပေနရာအႏွံ႔ကိုပ်ံႏိုင္ပါတယ္။  
Icelandair ေလယာဥ္မ်ားပ်ံသန္းေရာက္ရွိႏိုင္ေသာအကြာအေဝး

Icelandair မွာ လက္ရွိ Boeing 757-200’s ၂၅စီး၊  757-300’s ၂စီး,  767-300ER’s ေလးစီးနဲ႔   Boeing 737 MAX ၅စီး ရွိပါတယ္။



Icelandair နဲ႔ 737 Max ရဲ႕ျပသနာမ်ား

737 Max ေတြနားထားရလို႔ အေမရိကနဲ႔ ဥေရာပကေလေၾကာင္းလိုင္းေတြဟာ သူတို႔အားထားရတဲ့ ၂၀၁၉ ဇြန္လက  ဩဂုတ္လအထိ ေဟာလီးေဒး ခရီးသြားရာသီအတြက္ 737 Max မပါတဲ့ ခရီးစဥ္ေတြကိုျပန္လည္ေရးဆြဲၾကရေတာ့ ေလယာဥ္ေတြ မလုံမေလာက္ျဖစ္ၾကပါတယ္။ ေဒၚလာသန္းနဲ႔ခ်ီၿပီးဆုံးရႈံးပါတယ္။
ဒီလိုျပသနာေတြရင္ဆိုင္ေနရတဲ့ ေလေၾကာင္းလိုင္းေတြထဲက Icelandair ေလေၾကာင္းကေတာ့ ဒီႏွစ္ ခရီးသြားရာသီအတြက္ ဘိုးအင္း 767 ေလယာဥ္၂ စီး နဲ႔ 757 တစီးကိုစက္တင္ဘာလကုန္အထိ ေခတၱငွားရမ္းအသုံးျပဳမယ္လို႔ ဧၿပီလမွာေၾကျငာခဲ့ပါတယ္။  ဒါေပမယ့္ အေမရိကနဲ႔ ကေနဒါ ခရီးစဥ္တခ်ိဳ႕ကိုဖ်က္သိမ္းရၿပီး ဧၿပီလကေန ဇြန္လအထိ ခရီးစဥ္ ၁၀၀ ေက်ာ္ကို ဖ်က္ခဲ့ရပါတယ္။
တခါ ေရခဲေအာင္ေအးတဲ့ Iceland လို ရာသီဉတုက ေျမျပင္မွာေလယာဥ္ေတြကို ၾကာရွည္နားထားလို႔မသင့္ပါ။ သူတို႔ရဲ႕ 737 Max  ေတြကို ပူေႏြးတဲ့ ေဒသမွာ အခေၾကးေငြေပးၿပီး အပ္ထားရမွာပါ။
Icelandair လေၾကာင္းပိုင္ 737 Max ေလယာဥ္တစီး



Icelandair နဲ႔ 737 Max ပိုင္းေလာ့

Icelandair မွာအရင္ကသုံးေနတဲ့ 757 နဲ႔ 767 က Type rating တူလို႔ 757 နဲ႔ 767 ပိုင္းေလာ့ေတြက အဲဒီ၂မ်ိဳးထဲက ဘယ္ေလယာဥ္ကို မဆို အလွည့္က်ေျပာင္းေမာင္းလို႔ရပါတယ္။
737 Max ကေတာ့ 737 အုပ္စုထဲဝင္သြားလို႔ 757 နဲ႔ 767 ပိုင္းေလာ့ေတြကို 737 Max မွာတာဝန္တြဲခ်လို႔ မရပါဘူး။
737 MAX 8s နဲ႔  9s ၁၆ စီးဝယ္ထားတဲ့ Icelandair ဟာ 737 Max ပိုင္းေလာ့ အသစ္ေတြကိုထပ္၍ငွားရပါတယ္။
ၿပီးခဲ့တဲ့ မတ္လကစၿပီး 737 Max ေတြေျမမွာနားလိုက္ရတဲ့ အခါ အဲဒီ 737 Max ပိုင္းေလာ့ ေတြမွာ အလုပ္မရွိျဖစ္ရပါတယ္။ သူတို႔မွာ တျခားလိုင္းေတြလို ေျပးဆြဲေနတဲ့  737 ေမာ္ဒယ္အေဟာင္းေတြမရွိပါ။

အခုေတာ့ Icelandair ေလေၾကာင္းလိုင္းကငွားထားတဲ့ 737 Max ပိုင္းေလာ့ ၄၅ ဦးကိုလည္း အလုပ္ကေန ရပ္ဆဲလိုက္ၿပီလို႔ သတင္းထြက္လာပါတယ္။
သူတို႔ထဲက ၂၁ေယာက္က 737 Max ေတြ မရပ္နားမီကမွခန္႔လိုက္တာျဖစ္ၿပီး က်န္ ၂၄ ဦးကေတာ့ ၿပီးခဲတဲ့ ႏွစ္ေႏွာင္းပိုင္းကတည္းက ဒီလိုင္းရဲ႕ ရပ္နားသြားတဲ့ ေလယာဥ္ေတြကို ေမာင္းေနတာဆိုပါတယ္။
ဒီေၾကျငာခ်က္ကို ပိုင္းေလာ့သင္တန္းတခုမွာထုတ္ျပန္ခဲ့တယ္လို႔ aviation24.be သတင္းကဆိုပါတယ္။
737 Max ေလယာဥ္ေတြေျမမွာနားေနေသးသ၍ Icelandair က 737 Max ပိုင္းေလာ့ေတြဟာ သူတို႔ေလေၾကာင္းလိုင္းအတြက္ ဝန္ထုပ္ဝန္ပိုးျဖစ္ေနတာမွန္ေပမယ့္ ေနာင္လာမယ့္ ၃လေလာက္မွာ အဲဒီေလယာဥ္ေတြပ်ံသန္းခြင့္ရလာလ်င္ သူတို႔ကိုျပန္လိုအပ္မွာျဖစ္ပါတယ္ ။ ေနာက္ထပ္ေရာက္လာမယ့္ေလယာဥ္ေတြကေနာက္က်ဖို႔ရွိေနေပမယ့္၊ ပိုင္းေလာ့ေတြကိုလည္း ထရိန္နင္ေတြေပးရဦးမွာျဖစ္လို႔ 737 Max ပိုင္ေလာ့အားလုံးကိုထုတ္ပစ္ရင္ေတာ့ အေတာ္လက္ေတြ႕မဆန္တာပါ။
ပိုင္းေလာ့ေတြကို အလုပ္ထုတ္ပစ္လ်င္ ေလွ်ာ္ေၾကးေတြေပးရဦးမွာလည္းျဖစ္ပါတယ္။
အကယ္၍  Icelandair  က သူဝယ္ထားတဲ့ 737 Max ၁၆ စီးကို လုံးဝမသုံးေတာ့ဘူးလို႔ ဆုံးျဖတ္လိုက္တာ မဟုတ္လ်င္ေတာ့ ဒီသတင္း မွန္ဖို႔ ခက္ပါတယ္။
ဖိုးသုည
6-6-19


ဘိုးအင်းရဲ့  737 Max ပြသနာက ပိုင်လော့တွေကိုပါထိခိုက်ပြီလား (ယူနီကုဒ်) (ယူနီကုဒ်)

Icelandair လေကြောင်းလိုင်းကငှားထားတဲ့ 737 Max ပိုင်းလော့ ၄၅ ဦးကိုလည်း အလုပ်ကနေ ရပ်ဆဲလိုက်ပြီလို့ သတင်းထွက်လာပါတယ်


တပူပေါ်၂ ပူဆင့်ပြသနာဖြစ်နေတဲ့ ဘိုးအင်းရဲ့  737 Max လေယာဉ်တွေ ဘယ်အချိန်မှ ပြန်လည်ပျံသန်းခွင့်ရမယ်ဆိုတာ မရေမရာဖြစ်နေပြီး ၂၀၁၉ စက်တင်ဘာလထက်မစောနိုင်ဘူးလို့ IATA ကဆိုထားပါတယ်။
အဲဒီလေယာဉ်တွေကို ၂၀၁၉ မတ်လကတည်းက မြေမှာ ရပ်နားထားရလို့ လေကြောင်းလိုင်းအတော်များများမှာ ဆုံးရှုံးမှုတွေ တနေ့တခြားတက်နေပါတယ်။

ခရီးစဉ်ဖျက်သိမ်းရ

တချို့လိုင်းတွေဆို ဖျက်သိမ်းလိုက်ရတဲ့ ခရီးစဉ်တွေက တနေ့တနေ့ ရာနဲ့ချီပါတယ်၊ လက်ထဲမှာ 737 Max မရှိသေးပေမယ့် အော်ဒါမှာထားပြီး သားလိုင်းတွေကလည်း လေယာဉ်သစ်တွေကို လက်ခံရရှိဖို့ မူကဘောတူထားတာထက် လပေါင်းများစွာ နှောင့်နှေးကုန်တာကြောင့် ကြိုတင်ပြင်ဆင်ထားတဲ့ ပိုင်းလော့ထရိန်နင်တွေ ခရီးစဉ်တွေ အကုန် ကမောက်ကမဖြစ်ရပါတယ်။

ခေတ္တထားသိုဖို့နေရာကို ငှားရ

နောက်တခုကလေယာဉ်တွေကို ခေတ္တထားသိုဖို့နေရာကို ငှားရပါတယ်။ အဲဒီအတွက်လည်းစားရိတ်တက်ပါတယ်။ အမေရိကမှာတော့ အဲလိုနေရာတွေရှိပါတယ်၊ ဥပမာ Southwest airlines  ဟာ သူ့ရဲ့ 737 Max တွေကို ကယ်လီဖိုးနီးယားက Victorville မှာရှိတဲ့ လေယာဉ်သင်္ချိုင်း ရှိရာ  Southern California Logistics Airport    လေဆိပ်ကိုပို့ထားပါတယ်။

737 Max ပိုင်းလော့

ပိုင်းလော့တွေမှာ အမျိုးစား မတူတဲ့ လေယာဉ်တွေကို မောင်းဖို့ သင်တန်းသတ်သတ်စီတက်ရပြီး လက်မှတ်သတ်သတ်စီရှိရတယ်ဆိုပါတယ်။ ပိုင်းလော့တဦးမှာ မတူတဲ့လေယာဉ် တမျိုးထက်ပိုမောင်းနိုင်တဲ့လက်မှတ်ရှိနိုင်သော်လည်း လေကြောင်းလိုင်းတွေက ဘေးအန္တရာယ်ကင်းဝေးရေးအတွက် ရှေးရှုပြီး Type rating အမျိုးတူတဲ့ လေယာဉ်တွေပေါ်မှာပဲ တာဝန်ချလေ့ရှိတာပါ။
737 Max ကတော့ 737 အုပ်စုထဲဝင်သွားလို့  737 Max ပိုင်းလော့တွေကို Type rating တူတဲ့ Boeing 737 Classic နဲ့ Boeing 737 Next Generation တွေမှာအလှည့်ကျ တာဝန်ချထားလို့တော့ရပါတယ်။
ပြီးခဲ့တဲ့ မတ်လကစပြီး 737 Max တွေမြေမှာနားလိုက်ရတဲ့ အခါ အဲဒီ 737 Max ပိုင်းလော့တွေကို ဘယ်မှာသုံးမလဲဆိုတဲ့မေးခွန်းထွက်ပေါ်လာပါတယ်။ 737 မော်ဒယ်အဟောင်းတွေကို လက်ရှိပြေးဆွဲနေေသးတဲ့လိုင်းတွေကတော့ 737 Max ပိုင်းလော့တွေကို Type rating တူတဲ့ Boeing 737 Classic နဲ့ Boeing 737 Next Generation တွေမှာအလှည့်ကျ တာဝန်ချထားလို့ရပါသေးတယ်။

Iceland နိုင်ငံက Icelandair

ဥရောပနဲ့ မြောက်အမေရိကအကြားက Icelandကျွန်းနိုင်ငံက Icelandair ဟာသူ့ရဲ့ပထဝီအနေအထားအရ အလတ်စား wide body  လေယာဉ်တွေကို သုံးနေတာပါ။ ဘိုးအင်းရဲ့ သစ္စာရှိဖေါက်ည်ကြီးကသူ့ရဲ့ သက်တန်းကုန်ကာနီး 757 တွေကို လေယာဉ်သစ်တွေနဲ့ အစားထိုးရမယ့်အချိန်မှာ ဘိုအင်းရဲ့ 737 Max ဟာကုန်ကျစားရိတ်နည်းနည်းနဲ့  သူတို့ လိုအပ်ချက်ကို ဖြည့်နိုင်မယ့်လေယာဉ်အနေနဲ့ ပေါ်ထွက်လာခဲ့တာပါ။
737 Max တွေဟာ narrow body မိသားစုထဲဆက်နေပေမယ့် အရင် 737 တွေထက်ခရီးပိုဝေးဝေးကိုပျံနိုင်သလို  ခရီးသည်လည်းပိုဆံ့ပါတယ် 737 Max တွေဟာ Iceland ကနေ 757 ရောက်နိုင်တဲ့ အမရိက နေရာတော်တော်များများကိုတော့ မရောက်နိုင်ပေမယ့် ဥရောပနေရာအနှံ့ကိုပျံနိုင်ပါတယ်။  
Icelandair မှာ လက်ရှိ Boeing 757-200’s ၂၅စီး၊  757-300’s ၂စီး,  767-300ER’s လေးစီးနဲ့   Boeing 737 MAX ၅စီး ရှိပါတယ်။

Icelandair နဲ့ 737 Max ရဲ့ပြသနာများ

737 Max တွေနားထားရလို့ အမေရိကနဲ့ ဥရောပကလေကြောင်းလိုင်းတွေဟာ သူတို့အားထားရတဲ့ ၂၀၁၉ ဇွန်လက  ဩဂုတ်လအထိ ဟောလီးဒေး ခရီးသွားရာသီအတွက် 737 Max မပါတဲ့ ခရီးစဉ်တွေကိုပြန်လည်ရေးဆွဲကြရတော့ လေယာဉ်တွေ မလုံမလောက်ဖြစ်ကြပါတယ်။ ဒေါ်လာသန်းနဲ့ချီပြီးဆုံးရှုံးပါတယ်။
ဒီလိုပြသနာတွေရင်ဆိုင်နေရတဲ့ လေကြောင်းလိုင်းတွေထဲက Icelandair လေကြောင်းကတော့ ဒီနှစ် ခရီးသွားရာသီအတွက် ဘိုးအင်း 767 လေယာဉ်၂ စီး နဲ့ 757 တစီးကိုစက်တင်ဘာလကုန်အထိ ခေတ္တငှားရမ်းအသုံးပြုမယ်လို့ ဧပြီလမှာကြေငြာခဲ့ပါတယ်  ဒါပေမယ့် အမေရိကနဲ့ ကနေဒါ ခရီးစဉ်တချို့ကိုဖျက်သိမ်းရပြီး ဧပြီလကနေ ဇွန်လအထိ ခရီးစဉ် ၁၀၀ ကျော်ကို ဖျက်ခဲ့ရပါတယ်။
တခါ ရေခဲအောင်အေးတဲ့ Iceland လို ရာသီဉတုက မြေပြင်မှာလေယာဉ်တွေကို ကြာရှည်နားထားလို့မသင့်ပါ။ သူတို့ရဲ့ 737 Max  တွေကို ပူနွေးတဲ့ ဒေသမှာ အခကြေးငွေပေးပြီး အပ်ထားရမှာပါ။

Icelandair နဲ့ 737 Max ပိုင်းလော့

Icelandair မှာအရင်ကသုံးနေတဲ့ 757 နဲ့ 767 က Type rating တူလို့ 757 နဲ့ 767 ပိုင်းလော့တွေက အဲဒီ၂မျိုးထဲက ဘယ်လေယာဉ်ကို မဆို အလှည့်ကျပြောင်းမောင်းလို့ရပါတယ်။
737 Max ကတော့ 737 အုပ်စုထဲဝင်သွားလို့ 757 နဲ့ 767 ပိုင်းလော့တွေကို 737 Max မှာတာဝန်တွဲချလို့ မရပါဘူး။
737 MAX 8s နဲ့  9s ၁၆ စီးဝယ်ထားတဲ့ Icelandair ဟာ 737 Max ပိုင်းလော့ အသစ်တွေကိုထပ်၍ငှားရပါတယ်။
ပြီးခဲ့တဲ့ မတ်လကစပြီး 737 Max တွေမြေမှာနားလိုက်ရတဲ့ အခါ အဲဒီ 737 Max ပိုင်းလော့ တွေမှာ အလုပ်မရှိဖြစ်ရပါတယ်။ သူတို့မှာ တခြားလိုင်းတွေလို ပြေးဆွဲနေတဲ့  737 မော်ဒယ်အဟောင်းတွေရှိပါ။

အခုတော့ Icelandair လေကြောင်းလိုင်းကငှားထားတဲ့ 737 Max ပိုင်းလော့ ၄၅ ဦးကိုလည်း အလုပ်ကနေ ရပ်ဆဲလိုက်ပြီလို့ သတင်းထွက်လာပါတယ်။
သူတို့ထဲက ၂၁ယောက်က 737 Max တွေ မရပ်နားမီကမှခန့်လိုက်တာဖြစ်ပြီး ကျန် ၂၄ ဦးကတော့ ပြီးခဲတဲ့ နှစ်နှောင်းပိုင်းကတည်းက ဒီလိုင်းရဲ့ ရပ်နားသွားတဲ့ လေယာဉ်တွေကို မောင်းနေတာဆိုပါတယ်။
ဒီကြေငြာချက်ကို ပိုင်းလော့သင်တန်းတခုမှာထုတ်ပြန်ခဲ့တယ်လို့ aviation24.beသတင်းကဆိုပါတယ်။
737 Max လေယာဉ်တွေမြေမှာနားနေသေးသ၍ Icelandair က 737 Max ပိုင်းလော့တွေဟာ သူတို့လေကြောင်းလိုင်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာမှန်ပေမယ့် နောင်လာမယ့် ၃လလောက်မှာ အဲဒီလေယာဉ်တွေပျံသန်းခွင့်ရလာလျင် သူတို့ကိုပြန်လိုအပ်မှာဖြစ်ပါတယ် ။ နောက်ထပ်ရောက်လာမယ့်လေယာဉ်တွေကနောက်ကျဖို့ရှိနေပေမယ့်၊ ပိုင်းလော့တွေကိုလည်း ထရိန်နင်တွေပေးရဦးမှာဖြစ်လို့ 737 Max ပိုင်လော့အားလုံးကိုထုတ်ပစ်ရင်တော့ အတော်လက်တွေ့မဆန်တာပါ။
ပိုင်းလော့တွေကို အလုပ်ထုတ်ပစ်လျင် လျှော်ကြေးတွေပေးရဦးမှာလည်းဖြစ်ပါတယ်။
အကယ်၍  Icelandair  က သူဝယ်ထားတဲ့ 737 Max ၁၆ စီးကို လုံးဝမသုံးတော့ဘူးလို့ ဆုံးဖြတ်လိုက်တာ မဟုတ်လျင်တော့ ဒီသတင်း မှန်ဖို့ ခက်ပါတယ်။
ဖိုးသုည
6-6-19





737 Max ပိုင်းလော့
ပိုင်းလော့တွေမှာ အမျိုးစား မတူတဲ့ လေယာဉ်တွေကို မောင်းဖို့ သင်တန်းသတ်သတ်စီတက်ရပြီး လက်မှတ်သတ်သတ်စီရှိရတယ်ဆိုပါတယ်။ ပိုင်းလော့တဦးမှာ မတူတဲ့လေယာဉ် တမျိုးထက်ပိုမောင်းနိုင်တဲ့လက်မှတ်ရှိနိုင်သော်လည်း လေကြောင်းလိုင်းတွေက ဘေးအန္တရာယ်ကင်းဝေးရေးအတွက် ရှေးရှုပြီး Type rating အမျိုးတူတဲ့ လေယာဉ်တွေပေါ်မှာပဲ တာဝန်ချလေ့ရှိတာပါ။

757 နဲ့ 767 က Type rating တူလို့ 757 နဲ့ 767 ပိုင်းလော့တွေက အဲဒီ၂မျိုးထဲက ဘယ်လေယာဉ်ကို မဆို အလှည့်ကျပြောင်းမောင်းလို့ရပါတယ်။
737 Max ကတော့ 737 အုပ်စုထဲဝင်သွားလို့ 757 နဲ့ 767 ပိုင်းလော့တွေကို 737 Max မှာတာဝန်တွဲချလို့ မရပါဘူး။


757 နဲ့ 767 က Type rating တူလို့ 757 နဲ့ 767 ပိုင်းလော့တွေက အဲဒီ၂မျိုးထဲက ဘယ်လေယာဉ်ကို မဆို အလှည့်ကျပြောင်းမောင်းလို့ရပါတယ်။
737 Max ကတော့ 737 အုပ်စုထဲဝင်သွားလို့ 757 နဲ့ 767 ပိုင်းလော့တွေကို 737 Max မှာတာဝန်တွဲချလို့ မရပါဘူး။
737 MAX 8s နဲ့  9s ၁၆ စီးဝယ်ထားတဲ့ Icelandair ဟာ737 Max ပိုင်းလော့ အသစ်တွေကိုထပ်၍ငှားရပါတယ်။
ပြီးခဲ့တဲ့ မတ်လကစပြီး 737 Max တွေမြေမှာနားလိုက်ရတဲ့ အခါ အဲဒီ 737 Max ပိုင်းလော့ တွေမှာ အလုပ်မရှိဖြစ်ရပါတယ်။
တခြားလိုင်းတွေမှာက 737 မော်ဒယ်အဟောင်းတွေရှိနေတော့ 737 Max ပိုင်းလော့တွေကို Type rating တူတဲ့ Boeing 737 Classic နဲ့ Boeing 737 Next Generation တွေမှာအလှည့်ကျ တာဝန်ချထားလို့ရပါသေးတယ်။
737 Max လေယာဉ်တွေမြေမှာနားနေသေးသ၍ Icelandair က 737 Max ပိုင်းလော့တွေဟာသူတို့လေကြောင်းလိုင်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာမှန်ပေမယ့် နောင်လာမယ့် ၃လလောက်မှာ အဲဒီလေယာဉ်တွေပျံသန်းခွင့်ရလာလျင် သူတို့ကိုပြန်လိုအပ်မှာဖြစ်ပါတယ် ။ နောက်ရောက်လာမယ့်လေယာဉ်တွေကနောက်ကျဖို့ရှိနေပေမယ့်၊ ပိုင်းလော့တွေကိုလည်း ထရိန်နင်တွေပေးရဦးမှာဖြစ်လို့ ပိုင်လော့အားလုံးကိုထုတ်ပစ်ရင်တော့ အတော်လက်တွေ့မဆန်တာပါ။
ပိုင်းလော့တွေကို အလုပ်ထုတ်ပစိလျင် လျှော်ကြေးတွေပေးရဦးမှာလည်းဖြစ်ပါတယ်။
အကယ်၍  Icelandair  က 737 Max တွေကို လုံးဝမသုံးတော့ဘုးလို့ ဆုံးဖြတ်လိုက်တာမဟုတ်လျင်တော့ ဒီသတင်း မှန်ဖို့ ခက်ပါတယ်။
ဖိုးသုည
6-6-19


No comments:

Post a Comment

#Hello_Max ! #Ready_to_wake_up ? အင်ဒိုနီးရှား Lionair နဲ့ အီသီယိုးပီးယားအဲယားလိုင်း လေယာဉ်တွေပျက်ကျပြီးနောက် ၂၀၁၉ မတ်လလယ်ကစပြီးမြ...