Sunday, June 9, 2019

ဘိုးအင္းရဲ႕ 777X ေလယာဥ္ေတြကို အခ်ိန္မွီအပ္ႏွံႏိုင္ပါ့မလား (ဘိုးအင်းရဲ့ 777X လေယာဉ်တွေကို အချိန်မှီအပ်နှံနိုင်ပါ့မလား )

ဘိုးအင္းရဲ႕ 777X ေလယာဥ္ေတြကို အခ်ိန္မွီအပ္ႏွံႏိုင္ပ့ါမလား


သက္တမ္းကုန္လို႔ နားသြားတဲ့ ဂ်မ္ဘိုဂ်က္ 747 ေတြေနရာကို အစားထိုးဖို႔ ထုတ္တဲ့ 777X-8 နဲ႔ -9  ေလယာဥ္ ေတြဟာ အင္ဂ်င္၂ လုံးတပ္ ခရီးသည္တင္ေလယာဥ္ေတြထဲမွာ အႀကီးဆုံးျဖစ္လာမွာပါ။
777X


ခရီးသည္ ၃၅၀ ကေလ ၄၂၅ ထိ ဆန္႔ႏိုင္တဲ့ ဒီေလယာဥ္ႀကီးေတြထုတ္မယ့္စီမံကိန္းကို ၂၀၁၃ ကစခဲ့ၿပီး ၿပီးခဲ့တဲ့ မတ္လ ၁၃ ရက္ေန႔မွာ တပ္ဆင္မႈေတြၿပီးလို႔ အမ်ားျပည္သူကို ထုတ္ျပမယ္ဆို႔ ျပင္ဆင္ထားေပမယ့္ 737Max ေတြကို ေျမမွာနားဖို႔ ေၾကျငာရတဲ့ ကိစၥနဲ႔ တိုက္သြားတာေၾကာင့္  ကုမၸဏီဝန္ထမ္းေတြကိုပဲျပသခဲ့တာျဖစ္ပါတယ္။ 


အဲဒီေလယာဥ္ႀကီးေတြမွာ GE Aviation ကထုတ္တဲ့ ဧရာမ  GE9X အင္ဂ်င္ႀကီး ၂လုံးကို အသုံးျပဳမွာျဖစ္လို႔ 7,525 ေနာတီကယ္မိုင္ကို မရပ္တမ္းပ်ံႏိုင္မွာပါ။
GE9X အင္ဂ်င္နဲ႔ 737-800 အ႐ြယ္ကို ႏႈိင္းယွဥ္ျပပုံ

အေတာင္ေတြက ရွည္လြန္းလို႔ကြင္းထဲမွာ ရပ္လ်င္ အဖ်ား ၁၂ ေပကို ေခါက္ထားရမယ့္ေလယာဥ္ႀကီး ၂စီးဟာ Seattle စက္႐ုံကထြက္လို႔ ေျမျပင္စမ္းသပ္မႈေတြစတင္ေနၿပီျဖစ္ပါတယ္။ ဂ်ာမဏီက Lufthansa ေလၾကာင္းက launch customer အေနနဲ႔ ပထမဆုံး 777X ေလယာဥ္ကို ၂၀၁၉ ႏွစ္ကုန္ (သို႔) ၂၀၂၀ ႏွစ္ဆန္းမွာလက္ခံရရွိမယ္လို႔ဆိုပါတယ္။
Emirates ေလေၾကာင္းကေတာ့ သူတို႔ရဲ႕ ပထမဆုံး777-9 ကို ၂၀၂၀ ဇြန္လေႏွာင္းပိုင္းမွာစတင္ေျပးဆြဲဖို႔ စီစဥ္ထားပါတယ္။ 
ေလယာဥ္ကြင္းတြင္ဂိတ္ထိုးလ်င္ေခါက္ထားမည့္အေတာင္ဖ်ား


737Max ရဲ႕  MCAS system နဲ႔ Leading edge slats ျပသနာေတြနဲ႔ နပန္လုံးေနရတဲ့ဘိုးအင္းခမ်ာ အခုထြက္မယ့္ 777X-9 ရဲ႕  GE9X အင္ဂ်င္မွာ ျပသနာအခ်ိဳ႕နဲ႔ ရင္ဆိုင္ရျပန္ပါၿပီ။

777X-9 ရဲ႕ပထမဆုံး စမ္းသပ္ပ်ံသန္းမႈကို ဒီဇြန္လ ၂၆ ရက္ေန႔လို႔ သတ္မွတ္ထားတာပါ။ 

အခုဒီအင္ဂ်င္ျပသနာေၾကာင့္ စမ္းသပ္ပ်ံသန္းမယ့္ရက္ကို အတည္မျပဳႏိုင္ေသးသလို ေလေၾကာင္းလိုင္းေတြကို အပ္ႏွံႏိုင္မယ့္ရက္ကိုလည္း ေျပာင္းလဲႏိုင္တယ္လို႔ သုံးသပ္ေနၾကပါတယ္။

ေလယာဥ္အသစ္ေတြကိုထုတ္တဲ့အခါမေမွ်ာ္လင့္ထားတဲ့ျပသနာဆိုတာကေတာ့ ႀကဳံရစၿမဲပါ။
737Max ထုတ္စဥ္ကလည္း ေႏွာင့္ေႏွးမႈေတြရွိခဲ့လို႔  ေဘးအႏၲရာယ္ကင္းရွင္းေရးအတြက္စစ္ေဆးတဲ့ အဆင့္ေတြမွာ ေသေသခ်ာခ်ာမစစ္တာ၊ ပ်ံသန္းခြင့္ရဖို႔ FAA အင္ဂ်င္နီယာေတြကို ဖိအားေပးၿပီး လက္မွတ္ေတြ ရယူခဲ့တာေတြရွိခဲ့တယ္လို႔ သတင္းေတြထြက္ခဲ့တာပါ။
ဒီ 777X မွာေတာ့ ဒီလို ျပသနာေတြမရွိေအာင္ လုပ္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ဖိုးသုည
09-06-19

ဘိုးအင်းရဲ့ 777X လေယာဉ်တွေကို အချိန်မှီအပ်နှံနိုင်ပါ့မလား (ယူနီကုဒ်)


777X

သက်တမ်းကုန်လို့ နားသွားတဲ့ ဂျမ်ဘိုဂျက် 747 တွေနေရာကို အစားထိုးဖို့ ထုတ်တဲ့ 777X-8 နဲ့ -9  လေယာဉ် တွေဟာ အင်ဂျင်၂ လုံးတပ် ခရီးသည်တင်လေယာဉ်တွေထဲမှာ အကြီးဆုံးဖြစ်လာမှာပါ။
Add caption

ခရီးသည် ၃၅၀ ကလေ ၄၂၅ ထိ ဆန့်နိုင်တဲ့ ဒီလေယာဉ်ကြီးတွေထုတ်မယ့်စီမံကိန်းကို ၂၀၁၃ ကစခဲ့ပြီး ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့မှာ တပ်ဆင်မှုတွေပြီးလို့ အများပြည်သူကို ထုတ်ပြမယ်ဆို့ ပြင်ဆင်ထားပေမယ့် 737Max တွေကို မြေမှာနားဖို့ ကြေငြာရတဲ့ ကိစ္စနဲ့ တိုက်သွားတာကြောင့်  ကုမ္ပဏီဝန်ထမ်းတွေကိုပဲပြသခဲ့တာဖြစ်ပါတယ်။

အဲဒီလေယာဉ်ကြီးတွေမှာ GE Aviation ကထုတ်တဲ့ ဧရာမ  GE9X အင်ဂျင်ကြီး ၂လုံးကို အသုံးပြုမှာဖြစ်လို့ 7,525 နောတီကယ်မိုင်ကို မရပ်တမ်းပျံနိုင်မှာပါ။
GE9X အင်ဂျင်နဲ့ 737-800 အရွယ်ကို နှိုင်းယှဉ်ပြပုံ

အတောင်တွေက ရှည်လွန်းလို့ကွင်းထဲမှာ ရပ်လျင် အဖျား ၁၂ ပေကို ခေါက်ထားရမယ့်လေယာဉ်ကြီး ၂စီးဟာ Seattle စက်ရုံကထွက်လို့ မြေပြင်စမ်းသပ်မှုတွေစတင်နေပြီဖြစ်ပါတယ်။ ဂျာမဏီက Lufthansa လေကြာင်းက launch customer အနေနဲ့ ပထမဆုံး 777X လေယာဉ်ကို ၂၀၁၉ နှစ်ကုန် (သို့) ၂၀၂၀ နှစ်ဆန်းမှာလက်ခံရရှိမယ်လို့ဆိုပါတယ်။
Emirates လေကြောင်းကတော့ သူတို့ရဲ့ ပထမဆုံး777-9 ကို ၂၀၂၀ ဇွန်လနှောင်းပိုင်းမှာစတင်ပြေးဆွဲဖို့ စီစဉ်ထားပါတယ်။ 

လေယာဉ်ကွင်းတွင်ဂိတ်ထိုးလျင်ခေါက်ထားမည့်အတောင်ဖျား

737Max ရဲ့  MCAS system နဲ့ Leading edge slats ပြသနာတွေနဲ့ နပန်လုံးနေရတဲ့ဘိုးအင်းခမျာ အခုထွက်မယ့် 777X-9 ရဲ့  GE9X အင်ဂျင်မှာ ပြသနာအချို့နဲ့ ရင်ဆိုင်ရပြန်ပါပြီ။
777X-9 ရဲ့ပထမဆုံး စမ်းသပ်ပျံသန်းမှုကို ဒီဇွန်လ ၂၆ ရက်နေ့လို့ သတ်မှတ်ထားတာပါ။
အခုဒီအင်ဂျင်ပြသနာကြောင့် စမ်းသပ်ပျံသန်းမယ့်ရက်ကို အတည်မပြုနိုင်သေးသလို လေကြောင်းလိုင်းတွေကို အပ်နှံနိုင်မယ့်ရက်ကိုလည်း ပြောင်းလဲနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
လေယာဉ်အသစ်တွေကိုထုတ်တဲ့အခါမမျှော်လင့်ထားတဲ့ပြသနာဆိုတာကတော့ ကြုံရစမြဲပါ။
737Max ထုတ်စဉ်ကလည်း နှောင့်နှေးမှုတွေရှိခဲ့လို့  ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်စစ်ဆေးတဲ့ အဆင့်တွေမှာ သေသေချာချာမစစ်တာ၊ ပျံသန်းခွင့်ရဖို့ FAA အင်ဂျင်နီယာတွေကို ဖိအားပေးပြီး လက်မှတ်တွေ ရယူခဲ့တာတွေရှိခဲ့တယ်လို့ သတင်းတွေထွက်ခဲ့တာပါ။
ဒီ 777X မှာတော့ ဒီလို ပြသနာတွေမရှိအောင် လုပ်မယ်လို့ မျှော်လင့်ရပါတယ်။
ဖိုးသုည
09-06-19

No comments:

Post a Comment

#Hello_Max ! #Ready_to_wake_up ? အင်ဒိုနီးရှား Lionair နဲ့ အီသီယိုးပီးယားအဲယားလိုင်း လေယာဉ်တွေပျက်ကျပြီးနောက် ၂၀၁၉ မတ်လလယ်ကစပြီးမြ...