Friday, July 19, 2019

ဂ်က္ေလယာဥ္ပ်ံစီးရင္ အလယ္ခုံမႀကိဳက္သူမ်ားအတြက္ သတင္းေကာင္း (ဂျက်လေယာဉ်ပျံစီးရင် အလယ်ခုံမကြိုက်သူများအတွက် သတင်းကောင်း)

ဂ်က္ေလယာဥ္ပ်ံစီးရင္ အလယ္ခုံမႀကိဳက္သူမ်ားအတြက္ သတင္းေကာင္း 


တဖက္သုံးခုံပါတဲ့ ေလယာဥ္ေတြမွာအလယ္ခုံကို ခရီးသည္တိုင္းလိုလိုမႀကိဳက္ၾကပါ။ 
ဘိုးအင္း 737အုပ္စု, 787,  အဲယားဘတ္စ္ ေအ 320 , 321 350 တို႔မွာ ခုံေတြက တဖက္ သုံးခုံစီရွိတတ္ၾကပါတယ္။ 
ေလယာဥ္ႀကီးေတြကေတာ့ ေလေၾကာင္းလိုင္းအလိုက္ နည္းနည္းကြားပါတယ္။ 

အလယ္ခုံမွာ ထိုင္ရျခင္းရဲ႕ ဒုကၡမ်ား

ေဘးႏွစ္ဘက္က ကိုယ္ မသိသူေတြ ဆိုအေတာ္အေနက်ပ္ပါတယ္။
ပခုံးေနရာေတြမွာ လည္းၾကပ္ေနပါတယ္။ ဝတဲ့ သူ၂ ေယာက္ၾကားဆို ပိုဆိုးပါတယ္။ ေဘးက ခုံေတြမွာ တဖက္ ကို နည္းနည္း ယိမ္းထားလို႔ရပါေသးတယ္။
လက္တင္တန္းကို ေဘးကသူေတြနဲ႔ လုရပါတယ္။
သတင္းစာဖတ္လ်င္ ျဖန္႔လို႔မရပါ။ ထမင္းစားလ်င္ တေတာင္ဆစ္ ကားၿပီးစားသူ၂ေယာက္ၾကားညပ္ေနလ်င္ စားမရပါ။

Image result for middle seat on plane
https://cboardinggroup.com/10-hacks-to-survive-the-airplane-middle-seat/
ဒီလိုအမ်ားမႀကိဳက္တဲ့အလယ္ခုံစီးသူေတြ ရဲ႕ ဒုကၡကို ကူညီဖို႔ အေမရိကန္ ကိုလိုရာဒိုနယ္က Molon Labe Seating ကုမၸဏီက ခုံပုံစံအသစ္ကိုတီထြင္လိုက္ပါတယ္။
S1, S2 , S3  ဆိုတဲ့ ခုံ သုံးမ်ိဳးမွာ S1ကေတာ့ ခရီးတိုသြား short haulေလယာဥ္ေတြအတြက္ျဖစ္ၿပီး အေမရိကန္ရဲ႕ေလေၾကာင္းအာဏာပိုင္ FAA ကခြင့္ျပဳၿပီးလို႔ Primus Aerospace ကထုတ္ေတာ့မွာျဖစ္ပါတယ္။ အေမရိကန္ရဲ႕ ေလေၾကာင္းလိုင္း ၂ ခုက ေလယာဥ္တခ်ိဳ႕မွာ စတင္ သုံးစြဲမွာျဖစ္ၿပီး ၂၀၂၀ ဧၿပီနဲ႔ ေမလေတြမွာအေမရိကားက ခရီးသည္ေတြ စတင္ၿပီး စံစားရေတာ့မွာပါ ။
အေမရီကားက စတာဆိုေတာ့ ေနာက္ပိုင္းထြက္လာမယ့္ 737 MAX နဲ႔  737 NG တခ်ိဳ႕မွာမ်ားစမ္းသုံးမလားလို႔ မွန္းဆရပါတယ္။

Molon Labe Seating S1

Molon Labe Seating S1 ဆိုတာ အလယ္ခုံကို ေဘး ႏွစ္ခုံထက္ အနည္းငယ္ ႏွိမ့္ထားၿပီး အေနာက္ကိုလည္းနည္းနည္းေ႐ႊ႕လိုက္ပါတယ္။
လက္တင္တန္းေတြကို အဆင့္၂ ဆင့္လုပ္လိုက္ၿပီး နီမ့္တဲ့ အလယ္ခုံမွာ ထိုင္သူက လက္တန္း အေနာက္ဘက္ အနိမ့္ပိုင္းကိုရမွာ ျဖစ္ၿပီး ပိုျမင့္တဲ့ ေဘးခုံ၂ ခုမွာ ထိုင္သူေတြ လက္တင္တန္းရဲ႕ ျမင့္တဲ့ အေရွ႕ပိုင္းကိုသုံးလို႔ရမွာပါ။

https://edition.cnn.com/travel/article/airplane-middle-seat-design-trnd/index.html
အလယ္ခုံကနိမ့္ၿပီး အေနာက္နည္းနည္းေရာက္သြားလို႔ ေဘးကို ၃ လက္မေလာက္အထိပိုက်ယ္ႏိုင္ၿပီး ခရီးသည္ သုံးေယာက္လုံး ပခုံးအခ်င္းခ်င္းၾကပ္ေနတဲ့ ဒုကၡကလည္းလြတ္သြားပါတယ္။
အေနာက္ နည္းနည္းထြက္လာတဲ့ အလယ္ခုံေၾကာင့္ ျပဴတင္းေပါက္ခုံရတဲ့ ခရီးသည္ကေတာ့ အဝင္ အထြက္ နည္းနည္း ခက္သြားမယ္ထင္ပါတယ္။


Screen Shot 2017-12-14 at 11.52.46 AM
S1


Screen Shot 2019-05-10 at 10.56.13 AM
S1

Screen Shot 2019-05-10 at 10.58.29 AM
https://www.airlineseats.biz/s1-short-haul-economy?lightbox=dataItem-jvidbgt6






အနည္းငယ္နွိမ့္ထားတဲ့ အလယ္ခုံ
အနည္းငယ္ပိုက်ယ္တဲ့ S2 ခုံေတြကိုေတာ့ ခရီးရွည္ပ်ံ long haul ေလယာဥ္ႀကီးေတြအတြက္ စမ္းသပ္ေနပါတယ္။


ML Seat-01 - Neutral Background - 0010
S2

ML Seat-01 - Cabin - Fish Eye Scheme 02 0000
S2
ML Seat-01 Dimensions - C 2
S2

ML Seat-01 - Neutral Background - 0006
https://www.airlineseats.biz/s2-long-haul-economy?lightbox=dataItem-jaa3oiy82

S3  ခုံေတြကေတာ့ ခရီးသည္ေတြ အတက္နဲ႔ အတင္းမွာ ေလွ်ာက္လမ္းေဘးခုံကို အလယ္ခုံေပၚကို ထပ္တင္လို႔ရေအာင္လုပ္ထားၿပီးေလွ်ာက္လမ္းကို က်ယ္ေအာင္လုပ္ေပးဖို႔လို႔ဆိုပါတယ္။ အတက္အဆင္းျမန္သြားသလုပ္ သန႔္ရွင္းေရး လုပ္ရတာလည္း ပိုလြယ္ ပိုျမန္ေစမွာပါ၊
ဒီခုံေတြကို ပုံမွန္ခုံေတြထက္ ပိုမိုေပါ့ပါးေအာင္လုပ္ထားလို႔ ေလယာၪ္ အေလးခ်ိန္ သက္သာၿပီး ဆီကုန္လညး္ပိုသင္သာႏိုင္မွာပါ။

ေလွ်ာက္လမ္းက်ယ္ေအာင္ခံုထပ္တားပံု


အီေကာ္ေနာ္မီအတန္းကေန ေလယာဥ္စီးလ်င္ဘယ္ေနရာမွာထိုင္ရလဲ၊ အလယ္ခုံမႀကိဳက္လ်င္ ကိုယ္လိုခ်င္ သလိုေ႐ြးလို႔ရမလား။

အရင္တုန္းက

အရင္တုန္းက ခ်က္ အင္လုပ္ရင္ ေကာင္တာဝန္ထမ္းက ေမးေလ့ရွိပါတယ္။
ျပဴတင္းေပါက္ခုံ window seat ယူမလား လူသြားလမ္းေဘးက isle seat ခုံ ႀကိဳက္လားေပါ့။
အမ်ားစုက ကိုယ္စီးမယ့္ေလယာဥ္က ဘာအမ်ိဳးစားမွန္းလည္းမသိ၊ ဘယ္နံပတ္က ဘာမွန္းလည္းမသိတာမ်ားပါတယ္။
အေရွ႕နား အေနာက္နားwindow seat , isle seat ဆိုၿပီး မွန္ူေ႐ြးၾကတာေပါ့။

အြန္လိုင္းေခတ္

ေနာက္ပိုင္းမွာေတာ့ ဘတ္ဂ်က္ လိုင္းေတြ ေပၚလာၿပီး ေလၾကာင္းလိုင္းေတြ အၿပိဳင္အဆိုင္ေဈးခ်ေတာ့ ခုံေနရာေတြ ကို ေဈးႏႈန္းခြဲၿပီးေရာင္းပါေတာ့တယ္။
အြန္လိုင္းနဲ႔  လက္မွတ္ေရာင္းသလို အြန္လိုင္းခ်က္အင္ေတြလည္းေပၚလာ႐ုံမက တခ်ိဳ႕ဆို ေကာင္တာ ခ်က္အင္ လုပ္ရင္ ပိုက္ဆံေပးရမယ္ဆိုၿပီး အြန္လိုင္းခ်က္အင္လုပ္ဖို႔ တြန္းအားေပးတာေတြပါရွိလာပါတယ္။
ေအးဂ်င့္ေတြ ဆီမွာ လက္မွတ္ဝယ္လွ်င္လည္း ခုံကို တခါတည္း ေ႐ြးခိုင္းလို႔ရတတ္ပါတယ္။
အြန္လိုင္းဝယ္တဲ့ လက္မွတ္ေတြ ခုံေ႐ြးလ်င္ ပိုက္ဆံေပးရတာမ်ားပါတယ္။
ဒါလည္းကိုယ္ ဝယ္တဲ့ လက္မွတ္ရဲ႕ fare ေပၚေတာ့ တည္ပါတယ္။
တခ်ိဳ႕ကေတာ့ အြန္လိုင္းခ်က္အင္က်မွ ခုံေ႐ြးလ်င္ အလကားေပးေ႐ြးပါေသးတယ္၊ ခုံကေတာ့ အေတာ္ကိုကန္႔သတ္ေပးထားပါတယ္။
သတိထားမိသေလာက္ အခုေနာက္ပိုင္း  ဘတ္ဂ်က္လိုင္းေတြသာမက လိုင္းႀကီးေတြေတာင္ လက္မွတ္ဝယ္တာနဲ႔ ခုံကို preassigned  တခါတည္းသတ္မွတ္ေပးလိုက္ပါတယ္။
အြန္လိုင္းခ်က္အင္လုပ္တုန္းမွာ ကိုယ္ရတဲ့ ခုံကိုမႀကိဳက္လို႔ ေျပာင္းခ်င္လ်င္ ခုံအလြတ္သုံးေလးခုံေလာက္ေတာင္ မရွိေအာင္လုပ္ထားပါတယ္။ တခ်ိဳ႕ဆို လုံးဝမေပးပါ။
ခ်က္အင္ ဖြင့္ဖြင့္ခ်င္းလုပ္တာေတာင္ အလကားေ႐ြးလို႔ရတဲ့ ခုံေတြကို အလြန္ကန္႔သတ္ထားၿပီး ႀကိဳက္တာလိုခ်င္လ်င္ ပိုက္ပိုက္ေပးရပါေတာ့တယ္။
တခ်ိဳ႕  fare ေတြမွာေတာ့ ခုံကို အလာကားေ႐ြးဖို႔ အခြင့္ေပးထားပါတယ္။
လိုင္းႀကီးေတြမွာ အြန္လိုင္းခ်က္အင္လုပ္တုန္း ခုံေ႐ြးစရာ မက်န္ေပမယ့္ ေကာင္တာမွာ  ပစၥည္းခ်ိန္၊ စာ႐ြက္စာတန္းစစ္တဲ့ အခ်ိန္ အေျပာေကာင္းလ်င္ လဲေပးတတ္ပါတယ္။

ကိုယ္လိုခ်င္တိုင္းမရႏိုင္တဲ့ခုံမ်ား

ဘယ္လိုပဲျဖစ္ျဖစ္ ခရီးသည္ကို ေ႐ြးခြင့္မေပးဘဲ  ေလေၾကာင္းလိုင္းကထိန္းခ်ဳပ္ထားတဲ့ ခုံေတြရွိပါတယ္။
အေရွ႕ဆုံးအတန္းကို ရင္ခြင္ပိုက္ကေလးငယ္ ပါတဲ့ခရီးသည္ေတြကိုဦးစားေပးပါတယ္။ ပုခက္ခ်ိတ္ဖို႔ေနရာရွိလို႔ပါ။
အဲလိုကေလးနဲ႔ခရီးသည္မပါတဲ့ ခရီးစဥ္ဆိုလ်င္ေတာ့ ကိုယ္ရႏိုင္ပါတယ္။ ဒါကို ေကာင္တာခ်က္အင္က ကိုင္လ်င္ကိုင္မကိုင္လ်င္ ပိုက္ဆံေပးရတဲ့ ခုံ ျဖစ္သြားတာမ်ားပါတယ္။
အေတာင္ပံေပၚက အေရးေပၚ ထြက္ေပါက္ရွိတဲ့ ခုံ တန္းမွာ ခုံအေရွ႕ ေျခခ်တဲ့ေနရာက ပိုက်ယ္ပါတယ္။ အဲဒီေနရာကို ပိုက္ဆံပိုေပးမွ ရတာမ်ားပါတယ္။ ဒါေတာင္ အသက္ႀကီးသူတို႔ ကေလ သူငယ္တို႔ပါလ်င္ မေပးပါ။
အေရးအေၾကာင္းဆို အဲဒီခုံတန္းက ခရီးသည္ေတြက အေရးေပၚတံခါးကိုဖြင့္ေပးၿပီး evacuation ကယ္ဆယ္ေရးအတြက္ ကူညီႏိုင္သူကိုသာေပးပါတယ္။
အသက္ႀကီးသူ ဝွီး ခ်ဲစီးသူေတြကို အိမ္သာသြားလို႔ နီးတဲ့ isle seat ေပးတတ္ပါတယ္။
တခါတေလ ေလယာဥ္ ခုံ မျပည့္လ်င္ သေဘာေကာင္းတဲ့ ႀကီးၾကပ္သူေတြက အသက္ႀကီးသူ၊ ကေလး ပါသူေတြ အေနားက ခုံကို လြတ္ေပးထားတတ္ပါတယ္။

ေ႐ြးခြင့္ရလ်င္ ဘယ္ခုံကိုေ႐ြးမလဲ

လူတကိုယ္ အႀကိဳက္တမ်ိဳးပါ။
အတက္အဆင္းရႈခင္းေတြကို ၾကည့္ခ်င္သူကျပဴတင္းေပါက္ခုံ window seat ကိုႀကိဳက္ပါတယ္။
အိမ္သာ မၾကာခဏ ထသြားတတ္သူ၊ ေလယာဥ္ဆိုက္လ်င္ ျမန္ျမန္ဆင္းခ်င္သူေတြကေတာ့ လူသြားလမ္းေဘးက isle seat ခုံ ကိုေ႐ြးမွာပါ။
အတက္အဆင္းမွာ အေတာင္ပံေပါက ဖလက္ေတြ၊ ေအလာ႐ြန္ေတြ၊ အဲယား ဘရိတ္ေတြ အလုပ္လုပ္တာၾကာည့္ခ်င္သူက အေတာင္ပံ အေနာက္ ၅ တန္းေလာက္က ျပတင္းေပါက္ခုံကိုေ႐ြးၿပီ၊း ေလယာဥ္ အင္ဂ်င္နဲ႔ revers thrust ပြင့္တာၾကည့္ဖို႔ေတာ့ အေတာင္ပံ အေရွ႕ကခုံေတြ ကိုေ႐ြးမွာပါ။
ေလယာဥ္ ပ်က္တဲ့ သတင္းေတြၾကည့္ၿပီး ေၾကာက္သူကေတာ့ ပ်က္က်လ်င္ေတာင္ အသက္ရွင္ဖို႔အခြင့္လမ္းမ်ားတဲ့အၿမီးနား isle seat ကို လိုခ်င္ပါတယ္။
ေလေၾကာင္းလိုင္း ဝဘ္ဆိုဒ္ေတြမွာ ခုံအေနအထား  seat plan ကို ေလယာဥ္အမ်ိဳးအစားအလိုက္ တင္ထားတတ္ပါတယ္။ t
အြန္လိုင္းလက္မွတ္ဝယ္စဥ္နဲ႔ အြန္လိုင္းခ်က္အင္လုပ္လ်င္ ခုံေ႐ြးတဲ့ အဆင့္မွာ ခုံ အေနအထားကို ၾကည့္လို႔ရပါတယ္။
ကိုယ္စီးရမယ့္ ေလယာဥ္အမ်ိဳးစားကိုလည္း လက္မွတ္မွာ ေရးထားေပးပါတယ္။
seat guru website  မွာ ေလေၾကာင္းလိုင္းတခုခ်င္းစီရဲ႕ ေလယာဥ္အမ်ိဳးအစားအလိုက္ ခုံ အေနအထားကိုရွာလို႔ရပါတယ္။ ခုံေနရာအလိုက္ အေကာင္းအဆိုးမွတ္ခ်က္ေတြပါေရးထားပါတယ္။ 

ဘယ္သူမွ မႀကိဳက္တဲ့ ခုံမ်ား

အိမ္သာနားကပ္ေနတဲ့ ေနာက္ဆုံးခုံတန္း၂တန္း ၃ တန္း ေလွ်ာက္လမ္းေဘးခုံေတြ အနားမွာ ထမင္းေကြၽးၿပီးခ်ိန္ အိမ္သာတန္းစီသူေတြနဲ႔ က်ပ္ေနလို႔ အေနခက္ပါတယ္။
အလယ္ခုံကိုေတာ့ ခရီးသည္တိုင္းလိုလိုမႀကိဳက္ၾကပါ။
Molon Labe Seating ခုံေတြ ကိုတကယ္သုံးလာၿပီဆိုလ်င္ေတာ့ ခရီးသည္ေတြရဲ႕ အျမင္ေတြကို ၾကားၾကရေတာ့မွာပါ။
ဘယ္လိုပဲျဖစ္ျဖစ္ အလယ္ခုံကိုေတာ့  မတ္တ္သာမွ ယူၾကမယ္ထင္ပါတယ္။
ဖိုးသုည
20-7-19


ဂျက်လေယာဉ်ပျံစီးရင် အလယ်ခုံမကြိုက်သူများအတွက် သတင်းကောင်း (ယူနီကုဒ်) 


တဖက်သုံးခုံပါတဲ့ လေယာဉ်တွေမှာအလယ်ခုံကို ခရီးသည်တိုင်းလိုလိုမကြိုက်ကြပါ။
ဘိုးအင်း 737အုပ်စု, 787,  အဲယားဘတ်စ် အေ 320 , 321 350 တို့မှာ ခုံတွေက တဖက် သုံးခုံစီရှိတတ်ကြပါတယ်။
လေယာဉ်ကြီးတွေကတော့ လေကြောင်းလိုင်းအလိုက် နည်းနည်းကွားပါတယ်။

အလယ်ခုံမှာ ထိုင်ရခြင်းရဲ့ ဒုက္ခများ

ဘေးနှစ်ဘက်က ကိုယ် မသိသူတွေ ဆိုအတော်အနေကျပ်ပါတယ်။
ပခုံးနေရာတွေမှာ လည်းကြပ်နေပါတယ်။ ဝတဲ့ သူ၂ ယောက်ကြားဆို ပိုဆိုးပါတယ်။ ဘေးက ခုံတွေမှာ တဖက် ကို နည်းနည်း ယိမ်းထားလို့ရပါသေးတယ်။
လက်တင်တန်းကို ဘေးကသူတွေနဲ့ လုရပါတယ်။
သတင်းစာဖတ်လျင် ဖြန့်လို့မရပါ။ ထမင်းစားလျင် တတောင်ဆစ် ကားပြီးစားသူ၂ယောက်ကြားညပ်နေလျင် စားမရပါ။

ဒီလိုအများမကြိုက်တဲ့အလယ်ခုံစီးသူတွေ ရဲ့ ဒုက္ခကို ကူညီဖို့ အမေရိကန် ကိုလိုရာဒိုနယ်က Molon Labe Seating ကုမ္ပဏီက ခုံပုံစံအသစ်ကိုတီထွင်လိုက်ပါတယ်။
S1, S2 , S3  ဆိုတဲ့ ခုံ သုံးမျိုးမှာ S1ကတော့ ခရီးတိုသွား short haulလေယာဉ်တွေအတွက်ဖြစ်ပြီး အမေရိကန်ရဲ့လေကြောင်းအာဏာပိုင် FAA ကခွင့်ပြုပြီးလို့ Primus Aerospace ကထုတ်တော့မှာဖြစ်ပါတယ်။ အမေရိကန်ရဲ့ လေကြောင်းလိုင်း ၂ ခုက လေယာဉ်တချို့မှာ စတင် သုံးစွဲမှာဖြစ်ပြီး ၂၀၂၀ ဧပြီနဲ့ မေလတွေမှာအမေရိကားက ခရီးသည်တွေ စတင်ပြီး စံစားရတော့မှာပါ ။

Molon Labe Seating S1

Molon Labe Seating S1 ဆိုတာ အလယ်ခုံကို ဘေး နှစ်ခုံထက် အနည်းငယ် နှိမ့်ထားပြီး အနောက်ကိုလည်းနည်းနည်းရွှေ့လိုက်ပါတယ်။
လက်တင်တန်းတွေကို အဆင့်၂ ဆင့်လုပ်လိုက်ပြီး နီမ့်တဲ့ အလယ်ခုံမှာ ထိုင်သူက လက်တန်း အနောက်ဘက် အနိမ့်ပိုင်းကိုရမှာ ဖြစ်ပြီး ပိုမြင့်တဲ့ ဘေးခုံ၂ ခုမှာ ထိုင်သူတွေ လက်တင်တန်းရဲ့ မြင့်တဲ့ အရှေ့ပိုင်းကိုသုံးလို့ရမှာပါ။


အလယ်ခုံကနိမ့်ပြီး အနောက်နည်းနည်းရောက်သွားလို့ ဘေးကို ၃ လက်မလောက်အထိပိုကျယ်နိုင်ပြီး ခရီးသည် သုံးယောက်လုံး ပခုံးအချင်းချင်းကြပ်နေတဲ့ ဒုက္ခကလည်းလွတ်သွားပါတယ်။
အနောက် နည်းနည်းထွက်လာတဲ့ အလယ်ခုံကြောင့် ပြူတင်းပေါက်ခုံရတဲ့ ခရီးသည်ကတော့ အဝင် အထွက် နည်းနည်း ခက်သွားမယ်ထင်ပါတယ်။

အနည်းငယ်ပိုကျယ်တဲ့ S2 ခုံတွေကိုတော့ ခရီးရှည်ပျံ long haul လေယာဉ်ကြီးတွေအတွက် စမ်းသပ်နေပါတယ်။
S3  ခုံတွေကတော့ ခရီးသည်တွေ အတက်နဲ့ အတင်းမှာ လျှောက်လမ်းဘေးခုံကို အလယ်ခုံပေါ်ကို ထပ်တင်လို့ရအောင်လုပ်ထားပြီးလျှောက်လမ်းကို ကျယ်အောင်လုပ်ပေးဖို့လို့ဆိုပါတယ်။ အတက်အဆင်းမြန်သွားသလုပ် သန့်ရှင်းရေး လုပ်ရတာလည်း ပိုလွယ် ပိုမြန်စေမှာပါ၊
ဒီခုံတွေကို ပုံမှန်ခုံတွေထက် ပိုမိုပေါ့ပါးအောင်လုပ်ထားလို့ လေယာဉ္ အလေးချိန် သက်သာပြီး ဆီကုန်လညး်ပိုသင်သာနိုင်မှာပါ။
အမေရီကားက စတာဆိုတော့ နောက်ပိုင်းထွက်လာမယ့် 737 MAX နဲ့  737 NG တချို့မှာများစမ်းသုံးမလားလို့ မှန်းဆရပါတယ်။ ၊

အီကော်နော်မီအတန်းကနေ လေယာဉ်စီးလျင်ဘယ်နေရာမှာထိုင်ရလဲ၊ အလယ်ခုံမကြိုက်လျင် ကိုယ်လိုချင် သလိုရွေးလို့ရမလား။


အရင်တုန်းက

အရင်တုန်းက ချက် အင်လုပ်ရင် ကောင်တာဝန်ထမ်းက မေးလေ့ရှိပါတယ်။
ပြူတင်းပေါက်ခုံ window seat ယူမလား လူသွားလမ်းဘေးက isle seat ခုံ ကြိုက်လားပေါ့။
အများစုက ကိုယ်စီးမယ့်လေယာဉ်က ဘာအမျိုးစားမှန်းလည်းမသိ၊ ဘယ်နံပတ်က ဘာမှန်းလည်းမသိတာများပါတယ်။
အရှေ့နား အနောက်နားwindow seat , isle seat ဆိုပြီး မှန်ူရွေးကြတာပေါ့။

အွန်လိုင်းခေတ်

နောက်ပိုင်းမှာတော့ ဘတ်ဂျက် လိုင်းတွေ ပေါ်လာပြီး လေကြာင်းလိုင်းတွေ အပြိုင်အဆိုင်ဈေးချတော့ ခုံနေရာတွေ ကို ဈေးနှုန်းခွဲပြီးရောင်းပါတော့တယ်။
အွန်လိုင်းနဲ့  လက်မှတ်ရောင်းသလို အွန်လိုင်းချက်အင်တွေလည်းပေါ်လာရုံမက တချို့ဆို ကောင်တာ ချက်အင် လုပ်ရင် ပိုက်ဆံပေးရမယ်ဆိုပြီး အွန်လိုင်းချက်အင်လုပ်ဖို့ တွန်းအားပေးတာတွေပါရှိလာပါတယ်။
အေးဂျင့်တွေ ဆီမှာ လက်မှတ်ဝယ်လျှင်လည်း ခုံကို တခါတည်း ရွေးခိုင်းလို့ရတတ်ပါတယ်။
အွန်လိုင်းဝယ်တဲ့ လက်မှတ်တွေ ခုံရွေးလျင် ပိုက်ဆံပေးရတာများပါတယ်။
ဒါလည်းကိုယ် ဝယ်တဲ့ လက်မှတ်ရဲ့ fare ပေါ်တော့ တည်ပါတယ်။
တချို့ကတော့ အွန်လိုင်းချက်အင်ကျမှ ခုံရွေးလျင် အလကားပေးရွေးပါသေးတယ်၊ ခုံကတော့ အတော်ကိုကန့်သတ်ပေးထားပါတယ်။
သတိထားမိသလောက် အခုနောက်ပိုင်း  ဘတ်ဂျက်လိုင်းတွေသာမက လိုင်းကြီးတွေတောင် လက်မှတ်ဝယ်တာနဲ့ ခုံကို preassigned  တခါတည်းသတ်မှတ်ပေးလိုက်ပါတယ်။
အွန်လိုင်းချက်အင်လုပ်တုန်းမှာ ကိုယ်ရတဲ့ ခုံကိုမကြိုက်လို့ ပြောင်းချင်လျင် ခုံအလွတ်သုံးလေးခုံလောက်တောင် မရှိအောင်လုပ်ထားပါတယ်။ တချို့ဆို လုံးဝမပေးပါ။
ချက်အင် ဖွင့်ဖွင့်ချင်းလုပ်တာတောင် အလကားရွေးလို့ရတဲ့ ခုံတွေကို အလွန်ကန့်သတ်ထားပြီး ကြိုက်တာလိုချင်လျင် ပိုက်ပိုက်ပေးရပါတော့တယ်။
တချို့  fare တွေမှာတော့ ခုံကို အလာကားရွေးဖို့ အခွင့်ပေးထားပါတယ်။
လိုင်းကြီးတွေမှာ အွန်လိုင်းချက်အင်လုပ်တုန်း ခုံရွေးစရာ မကျန်ပေမယ့် ကောင်တာမှာ  ပစ္စည်းချိန်၊ စာရွက်စာတန်းစစ်တဲ့ အချိန် အပြောကောင်းလျင် လဲပေးတတ်ပါတယ်။

ကိုယ်လိုချင်တိုင်းမရနိုင်တဲ့ခုံများ

ဘယ်လိုပဲဖြစ်ြဖစ် ခရီးသည်ကို ရွေးခွင့်မပေးဘဲ  လေကြောင်းလိုင်းကထိန်းချုပ်ထားတဲ့ ခုံတွေရှိပါတယ်။
အရှေ့ဆုံးအတန်းကို ရင်ခွင်ပိုက်ကလေးငယ် ပါတဲ့ခရီးသည်တွေကိုဦးစားပေးပါတယ်။ ပုခက်ချိတ်ဖို့နေရာရှိလို့ပါ။
အဲလိုကလေးနဲ့ခရီးသည်မပါတဲ့ ခရီးစဉ်ဆိုလျင်တော့ ကိုယ်ရနိုင်ပါတယ်။ ဒါကို ကောင်တာချက်အင်က ကိုင်လျင်ကိုင်မကိုင်လျင် ပိုက်ဆံပေးရတဲ့ ခုံ ဖြစ်သွားတာများပါတယ်။
အတောင်ပံပေါ်က အရေးပေါ် ထွက်ပေါက်ရှိတဲ့ ခုံ တန်းမှာ ခုံအရှေ့ ခြေချတဲ့နေရာက ပိုကျယ်ပါတယ်။ အဲဒီနေရာကို ပိုက်ဆံပိုပေးမှ ရတာများပါတယ်။ ဒါတောင် အသက်ကြီးသူတို့ ကလေ သူငယ်တို့ပါလျင် မပေးပါ။
အရေးအကြောင်းဆို အဲဒီခုံတန်းက ခရီးသည်တွေက အရေးပေါ်တံခါးကိုဖွင့်ပေးပြီး evacuation ကယ်ဆယ်ရေးအတွက် ကူညီနိုင်သူကိုသာပေးပါတယ်။
အသက်ကြီးသူ ဝှီး ချဲစီးသူတွေကို အိမ်သာသွားလို့ နီးတဲ့ isle seat ပေးတတ်ပါတယ်။
တခါတလေ လေယာဉ် ခုံ မပြည့်လျင် သဘောကောင်းတဲ့ ကြီးကြပ်သူတွေက အသက်ကြီးသူ၊ ကလေး ပါသူတွေ အနေားက ခုံကို လွတ်ပေးထားတတ်ပါတယ်။

ရွေးခွင့်ရလျင် ဘယ်ခုံကိုရွေးမလဲ

လူတကိုယ် အကြိုက်တမျိုးပါ။
အတက်အဆင်းရှုခင်းတွေကို ကြည့်ချင်သူကပြူတင်းပေါက်ခုံ window seat ကိုကြိုက်ပါတယ်။
အိမ်သာ မကြာခဏ ထသွားတတ်သူ၊ လေယာဉ်ဆိုက်လျင် မြန်မြန်ဆင်းချင်သူတွေကတော့ လူသွားလမ်းဘေးက isle seat ခုံ ကိုရွေးမှာပါ။
အတက်အဆင်းမှာ အတောင်ပံပေါက ဖလက်တွေ၊ အေလာရွန်တွေ၊ အဲယား ဘရိတ်တွေ အလုပ်လုပ်တာကြာည့်ချင်သူက အတောင်ပံ အနောက် ၅ တန်းလောက်က ပြတင်းပေါက်ခုံကိုရွေးပြီ၊း လေယာဉ် အင်ဂျင်နဲ့ revers thrust ပွင့်တာကြည့်ဖို့တော့ အတောင်ပံ အရှေ့ကခုံတွေ ကိုရွေးမှာပါ။
လေယာဉ် ပျက်တဲ့ သတင်းတွေကြည့်ပြီး ကြောက်သူကတော့ ပျက်ကျလျင်တောင် အသက်ရှင်ဖို့အခွင့်လမ်းများတဲ့အမြီးနား isle seat ကို လိုချင်ပါတယ်။
လေကြောင်းလိုင်း ဝဘ်ဆိုဒ်တွေမှာ ခုံအနေအထား  seat plan ကို လေယာဉ်အမျိုးအစားအလိုက် တင်ထားတတ်ပါတယ်။ t
အွန်လိုင်းလက်မှတ်ဝယ်စဉ်နဲ့ အွန်လိုင်းချက်အင်လုပ်လျင် ခုံရွေးတဲ့ အဆင့်မှာ ခုံ အနေအထားကို ကြည့်လို့ရပါတယ်။
ကိုယ်စီးရမယ့် လေယာဉ်အမျိုးစားကိုလည်း လက်မှတ်မှာ ရေးထားပေးပါတယ်။
seatguru website  မှာ လေကြောင်းလိုင်းတခုချင်းစီရဲ့ လေယာဉ်အမျိုးအစားအလိုက် ခုံ အနေအထားကိုရှာလို့ရပါတယ်။ ခုံနေရာအလိုက် အကောင်းအဆိုးမှတ်ချက်တွေပါရေးထားပါတယ်။ 

ဘယ်သူမှ မကြိုက်တဲ့ ခုံများ

အိမ္သာနားကပ္ေနတဲ့ ေနာက္ဆုံးခုံတန္း၂တန္း ၃ တန္း ေလွ်ာက္လမ္းေဘးခုံေတြ အနားမွာ ထမင္းေကြၽးၿပီးခ်ိန္ အိမ္သာတန္းစီသူေတြနဲ႔ က်ပ္ေနလို႔ အေနခက္ပါတယ္။
အလယ္ခုံကိုလည္း ခရီးသည္တိုင္းလိုလိုမႀကိဳက္ၾကပါ။
Molon Labe Seating ခုံေတြ ကိုတကယ္သုံးလာၿပီဆိုလ်င္ေတာ့ ခရီးသည္ေတြရဲ႕ အျမင္ေတြကို ၾကားၾကရေတာ့မွာပါ။
ဘယ္လိုပဲျဖစ္ျဖစ္ အလယ္ခုံကိုေတာ့  မတတ္သာမွ ယူၾကမယ္ထင္ပါတယ္။


ဖိုးသုည
20-7-19





Tuesday, July 2, 2019

တေစၦေလဆိပ္ႀကီး Berlin Brandenburg Airport (BER) {တစ္ဆေလေဆိပ်ကြီး Berlin Brandenburg Airport (BER) (ယူနီကုဒ်)}

တေစၦေလဆိပ္ႀကီး Berlin Brandenburg Airport (BER)

မီးရထားတစင္းဆိုက္လာတယ္၊ တံခါးေတြပြင့္လာေတာ့ လူတေယာက္မွ မပါ။
ေလဆိပ္ခန္းမထဲေရာက္ေတာ့ ေလယာဥ္ အတက္အဆင္းခရီးစဥ္ျပ မွန္သားျပင္ေတြမွာ ေလယာဥ္ခရီးစဥ္ အမွတ္ေတြနဲ႔ အခ်ိန္ေတြက လႈပ္ရွားေနေပမယ့္ ခရီးသည္နဲ႔ ေလေၾကာင္းလိုင္း ဝန္ထမ္းေတြ တေယာက္မွမရွိ။
ပစၥည္းေ႐ြးဖို႔ ခါးပတ္ ( baggage reclaim conveyer belt) ႀကီးလႈပ္ရွားလာတယ္။ အိတ္တလုံးမွမပါ။
ဒါေတြကေန႔စဥ္ တကယ္ျဖစ္ေနတာပါ။
စီးသူမရွိတဲ့ ရထားဘူတာ

ေဆာက္ထား တပ္ထားၿပီးသားစက္ေတြ မသုံးျဖစ္လို႔ ဂ်မ္းျဖစ္ၿပီး ရပ္မသြားေအာင္ ေနစဥ္ သုံးစြဲသူမရွိဘဲ လည္ပတ္ အလုပ္လုပ္ခိုင္းထားရတာပါ။ ဘုတ္ေတြမွာ ျပေနတဲ့ ေလယာဥ္ခရီးစဥ္ေတြကေတာ့ အနားက Berlin Schönefeld Airport ေလဆိပ္ကခရီးစဥ္ေတြပါ။
ဥေရာပရဲ႕ စီးပြားေရး အေတာင့္ဆုံး၊ နည္းပညာ အတိုးတက္ဆုံး ဂ်ာမဏီႏိုင္ငံရဲ႕ Berlin Brandenburg Airport (BER) ေလဆိပ္ႀကီးမွာပါ။

သမိုင္းေၾကာင္း

၁၉၈၉ ခု မွာ ဘာလင္တံတိုင္းကိုၿဖိဳခ်ၿပီး အေရွ႕နဲ႔ အေနာက္ဘာလင္ ႏွစ္ျခမ္းျပန္လည္ေပါင္းစည္းခဲ့ပါတယ္.။
၁၉၉၀ မွာ ဂ်ာမဏီ၂ ႏိုင္ငံျပန္လည္ေပါင္းစည္းၿပီး Federal Republic of Germany လို႔ဖြဲစည္းလိုက္တဲ့အခါ ဘာလင္ဟာ ဂ်ာမဏီရဲ႕ၿမိဳ႕ေတာ္ျပန္ျဖစ္လာပါတယ္။
ၿမိဳ႕ေတာ္ျပန္ျဖစ္လာတဲ့  ဘာလင္မွာ တိုးတက္လာတဲ့ ေလေၾကာင္းပို႔ေဆာင္ေရး အတြက္ ရွိၿပီးသားေလဆိပ္ေတြနဲ႔ မလုံေလာက္ေတာ့ ပါဘူး။ ႏိုင္ငံေရးေခါင္းေဆာင္ေတြက ဘာလင္ အတြက္ ေခတ္မွီေလဆိပ္သစ္ႀကီးတခုကို တည္ေဆာက္ဆို႔လိုတယ္ဆိုတာကို သေဘာတူခဲ့ၾကပါတယ္။
ဒီလိုနဲ႔ ေလဆိပ္သစ္ႀကီးကိုစီမံခန္႔ခြဲဖို႔အတြက္ ၁၉၉၁ ခုႏွစ္ ေမလမွာ  Berlin Brandenburg Airport holding company ႀကီး ကို တည္ေထာင္ ခဲ့ပါတယ္။
၁၉၉၆ ခုဇြန္လေရာက္မွ လက္ရွိ အသုံးျပဳေနတဲ့ Berlin Schönefeld Airport (SXF) အနားက ေျမေနရာကို အတည္ျပဳပါတယ္။

Berlin Brandenburg Airport (BER) နဲ့ Berlin Schönefeld Airport (SXF)


တခါ ဘယ္ပုဂၢလိကေဆာက္လုပ္ေရးအဖြဲ႕ေတြကို ေဆာက္ဖို႔  ေခၚယူမယ္ဆိုတာနဲ႔ ပတ္သက္ၿပီးျဖစ္တဲ့ ျပသနာေတြေၾကာင့္ ၂၀၀၀ ခုႏွစ္ ႏိုဝင္ဘာလေရာက္မွ ယာယီ စီမံကိန္း အတည္ျဖစ္ပါတယ္။ ေလဆိပ္ကို  ၂၀၀၇ ခုႏွစ္မွာဖြင့္လွစ္ဖို႔စီစဥ္ခဲ့ၾကပါတယ္။
လက္ေတြ႕မွာေတာ့ ေလဆိပ္ေဆာက္မယ့္ေနရာမွာေတြ႕တဲ့ ေရွးေဟာင္း သခ်ႋဳင္းကို ေရွးေဟာင္း သုေတသီေတြက ထူးေဖၚတာကို ေစာင့္ရ၊ နယ္ေျမခံျပည္သူေတြနဲ႔ျပသနာ ၊  ကုန္က်စရိတ္တြက္ခ်က္ရာမွာ မွားယြင္းမႈ စတဲ့ျပသနာေတြကိုေျဖရွင္းေနရလို႔ ၂၀၀၆ ခု စက္တင္ဘာလေရာက္မွ ေဆာက္လုပ္ေရး လုပ္ငန္းေတြကိုတကယ္စတင္ႏိုင္ခဲ့ပါတယ္။
ဒီလိုနဲ႔ ေလဆိပ္ဖြင့္ဖို႔ ရက္ကို ၂၀၁၀ ခုႏွစ္ ေအာက္တိုဘာလ ၃၀ လို႔ ျပင္ဆင္သတ္မွတ္ထားခဲ့ပါတယ္.
ဒါေပမဲ့ ေဆာက္လုပ္ေရးလုပ္ငန္းမွာ ျပသနာေတြမ်ားလို႔ ေႏွာင့္ေႏွးေနၿပီး ေလဆိပ္ဖြင့္ဖို႔ ရက္ကို ၂၀၁၂ ခု ဇႏၷဝါရီလု ၃ ရက္၊ ေနာက္ေတာ့ ၂၀၁၂ ဇြန္လလို႔ ထပ္ေျပာင္းပါတယ္။
ဝန္ႀကီးခ်ဳပ္ Angela Merkel ကို ဖိတ္ၿပီး ေလဆိပ္ႀကီးကို ဖြင့္ဖို႔ ျပင္ဆင္ထားရာ ဖြင့္ပြဲမတိုင္မီ တလအလို ၂၀၁၂ ေမလ မွာ မီးေဘးကာကြယ္ေရး စနစ္လက္မွတ္ရဖို႔ စစ္ေဆးေတာ့မွ ဘယ္လိုမွ ေမွ်ာ္မွန္းမထားတဲ့ အေတာ္ဆိုး႐ြားတဲ့ ျပသနာေတြကိုေတြ႕ရလို႔ ဖြင့္ပြဲကို ၂၀၁၃ မတ္လ ၁၇ လို႔ ေျပာင္းရပါတယ္၊ ေနာက္ေတာ့ ၂၀၁၃ ေအာက္တိုဘာ ၂၇ ကို ေ႐ႊ႕ျပန္ပါတယ္။


အခုထိအသုံးမျပဳရေသးတဲ့ ေလဆိပ္အေဆာက္ အဦႀကီး


၂၀၁၃ ဇႏၷဝါရီလအေရာက္မွာေတာ့ ေလဆိပ္တကယ္ဖြင့္မယ့္ရက္ကို မေၾကျငာႏိုင္ေတာဘဲ  ၂၀၁၄ အထိ ဖြင့္ႏိုင္မွာ မဟုတ္ဘူးလို႔သာေၾကျငာႏိုင္ပါေတာ့တယ္၊ ဘာလင္ၿမိဳ႕ေတာ္ဝန္လည္း ႀကီးၾကပ္ေရး ဘုတ္အဖြဲ႕က ႏႈတ္ထြက္ၿပီး Berlin Brandenburg Airportရဲ႕ စီအီးအိုကိုလဲ ရာထုးက ျဖဳတ္လိုက္ပါတယ္။
၂၀၁၄ မွာ စီအီးအို အသစ္ Hartmut Mehdorn က ေလဆိပ္ကို ၂၀၁၆ အထိ ဖြင့္လွစ္ႏိုင္ဖြယ္ မရွိလို႔ ေၾကျငာပါတယ္။ တပူေပၚ ႏွစ္ပူဆင့္တက္တက္လာတဲ့ ျပသနာေတြနဲ႔ မေရရာမႈေတြေၾကာင့္ Mehdorn လည္း ၂၀၁၄ ဒီဇင္ဘာလမွာ စီအီးအိုအျဖ့စ္မွ ႏႈတ္ထြက္ခဲ့ပါတယ္။
၂၀၁၅ ဇူလိုင္၊ ဘာလင္ၿမိဳ႕ေတာ္ဝန္သစ္ Michael Müller က ႀကီးၾကပ္ေရး ဘုတ္အဖြဲ႕ဥကၠဌ ေနရာကို ရယူၿပီး ေလဆိပ္ကို  ၂၀၁၇ မွာ ဖြင့္လွစ္ႏိုင္ေအာင္ ဦးေဆာင္ျပန္ပါတယ္။
၂၀၁၅ ဩဂုတ္လမွာေတာ့ ေလဆိပ္စီမံကိမ္း အတြင္းက ခ်စားမႈ လာယ္စားမႈေတြ တစၿပီးတစ ထြက္လာပါတယ္။ ေလဆိပ္နည္းပညာဆိုင္ရာ ဒါ႐ိုက္တာ Jochen Grossmann ဟာ ယူ႐ို သန္းတဝက္ လာယ္စားမယ္ဆိုတဲ့ စြဲခ်က္နဲ႔ တရားတေဘာင္ရင္ဆိုင္ေနရပါတယ္။

၂၀၁၆ ဒီဇင္ဘာလမွာေတာ့ ေနာက္ဆုံးရည္မွန္းထားတဲ့ ၂၀၁၇ မွာေလဆိပ္ဖြင့္လွစ္ႏိုင္ဖို႔ မျဖစ္ႏိုင္ပါဘူးဆိုျပန္ပါတယ္။
မီးလုံးေတြမွားတပ္တာ၊ တံခါးေတြကို နံပတ္တပ္မွားေနတာ၊ မီးခလုပ္ေတြ မရွိတာ၊ မွားယြင္းတဲ့ မီးႀကိဳးသြယ္တန္းမႈ၊ မီးေဘးအခ်က္ေပး စနစ္ မွားယြင္းမႈ စတာေတြကေန အေဆာက္အဦအမိုးက သတ္မွတ္ထားတာထက္ ၂ဆေက်ာ္ပိုေလးေနတယ္ဆိုတဲ့ ျပသနာ အႀကီးႀကီးအထိ၊ ျပသနာေပါင္း (၅၅၀၀၀၀) သန္းတဝက္ေက်ာ္ေလာက္ကိုျပင္ဆင္ရမယ္ဆိုတာ ေတြ႕ရွိလာရလို႔ပါ။

ဘာေတြမွားခဲ့တာလဲ 

ပညာရွင္နဲ႔ ႏိုင္ငံေရးသမား ေနရာမွား

အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္ေတြကို ခ်ေပးရတဲ့ ေလဆိပ္ေဆာက္လုပ္ေရး ႀကီးၾကပ္မႈ ဘုတ္အဖြဲ႕ဝင္ေတြဟာ လုပ္ငန္းကြၽမ္းက်င္သူ စပယ္ရွယ္လစ္ေတြ ျဖစ္ရမယ့္အစား ဒီလုပ္ငန္းေတြနဲ႔ နီးစပ္မႈ မရွိတဲ့ ႏိုင္ငံေရးသမားေတြျဖစ္တဲ့ ဘာလင္ၿမိဳ႕ေတာ္ဝန္ နဲ႔  Brandenburg ျပည္နယ္ဝန္ႀကီးခ်ဳပ္ တို႔ ျဖစ္ေနပါတယ္။  စီမံကိန္းအႀကီးကဲ၊ နည္းပညာအႀကီးအကဲေတြကလည္း ဆိုင္ရာနယ္ပယ္မွာ မကြၽမ္းက်င္ၾကလို႔ လူေတြတေယာက္ၿပီး တေယာက္ေျပာင္းရပါတယ္။
သူတို႔က ေဆာက္လုပ္ေရးလုပ္ငန္းေတြကို အေတြ႕အႀကဳံရင့္ ကုမၸဏီႀကီးတခုကို အပ္ၿပီး စီမံခန္႔ခြဲေစတာမ်ိဳးမဟုတ္ဘဲ လုပ္ငန္း ကန္ထ႐ိုက္  ၃၀ -၄၀ ေလာက္ကို ေဈးသက္သက္သာသာနဲ႔ ခိုင္းလို႔ရတဲ့ ကုမၸဏီ အငယ္ကေလးေတြကို တိုက္႐ိုက္ခြဲေပးခဲ့ပါတယ္။ အဲဒီမွာလုပ္ငန္းေတြအၾကားညႇိႏႈိင္းထိန္းခ်ဳပ္ရတာေတြက ရႈပ္ေထြးကုန္ပါတယ္။

ဗိသုကာဆိုင္ရာျပသနာမ်ား

ဗိသုကာဆိုင္ရာ မွားယြင္းတဲ့ထဲမွာ ျပသနာ္ႀကီးတခုကေတာ့ပါ။ ဒီဇိုင္းဆြဲတဲ့ ဗိသုကာက ပူၿပီး အထက္ကိုဆန္တက္တတ္တဲ့ မီးခိုးေတြကို ေလဆိပ္ခန္းမေအာက္ေျခကေနစုပ္ထုတ္ဖို႔ လုပ္ထားပါတယ္၊  အစအဆုံးျပန္ျပင္ရပါတယ္။
ခ်က္အင္လုပ္ဖို႔ေကာင္တာေတြက သိပ္နည္းေနၿပီး ခရီးသည္ေတြအိတ္ေတြကို ျပန္ေ႐ြးဖို႔ စနစ္ကနည္းလုံေလာက္မႈမရွိပါ။
အေအးေပးစနစ္က အလြန္အားနည္းလို႔ အပူလြန္ၿပီး ကြန္ျပဴတာစနစ္ေတြကို အလိုေလွ်ာက္ျဖတ္ေတာက္ လိုက္ရင္ ေလဆိပ္တခုလုံး ကကြန္ျပဳူတာေတြရပ္သြားႏိုင္ပါတယ္။
မီးအေရးေပၚလ်င္ အလိုေလွ်ာက္ပိတ္ရမယ့္တံခါးေတြ မပိတ္လို႔ ျပန္ျပင္ရမွာ တံခါး တေထာင္ေလာက္ရွိပါသတဲ့ ၊ ျပန္လုပ္ရမယ့္ လွ်ပ္စစ္ႀကိဳးေတြက ကီလိုမီတာေပါင္မ်ားစြာ။
ေလယာဥ္ေတြပ်ံသန္းတဲ့ လမ္းေၾကာင္းနဲ႔ ဆူညံသံကာကြယ္ေပးဖို႔ လိုအပ္တဲ့ ေနရာေတြကို တြက္ခ်က္တာကလဲ လြဲေနပါတယ္။
ေလဆိပ္ဗိသုကာ Meinhard von Gerkan's က ေလဆိပ္မွာ ေဈးဝယ္တာကို မႀကိဳက္သူျဖစ္လို႔ ေလဆိပ္ဒီဇိုင္းမွာ ဆိုင္ေတြ နည္းႏိုင္သမွ်နည္းေအာင္ ေလွ်ာ့ထားခဲ့ ပါတယ္။ ဒီအေၾကာင္းကို ေလဆိပ္ကုမၸဏီက သိတာေနာက္က်လို႔ ဆိုင္ခန္းေတြအတြက္ အထပ္တခု ထပ္တိုးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ ေလဆိပ္ေတြက အဲဒီလိုဆိုင္ခန္းငွားခေတြကေန ဝင္ေငြ အမ်ားအျပားရေနၾကတာပါ။
ျပသနာက အဲလိုထပ္တိုးတဲ့ အထပ္အတြက္ လိုအပ္လာတဲ့ မီးသတ္စနစ္လို မီးခိုးစုပ္ထုတ္စနစ္လို စနစ္ေတြကို ထပ္ျဖည့္ရမွာျဖစ္ၿပီး ဘယ္လို ထပ္ျဖည့္ထားတယ္ဆိုတာ ဘယ္သူမွ ေသခ်ာမသိဘူးဆိုပါတယ္။
ေလဆိပ္ႀကီးရဲ႕ မီးေဘးကာကြယ္ေရးစနစ္ စီမံကိန္းကိုေရးဆြဲသူ Alfredo di Mauro ဟာ လက္မွတ္ရအင္ဂ်င္နီယာတေယာက္မဟုတ္ဘဲ technical draftsman တေယာက္သာျဖစ္ပါသတဲ့ ။
The Magic Carpet နဲ႔ မၿပီးႏိုင္ေသာ ေဆာက္လုပ္ေရးလုပ္ငန္းခြင္

အနာဂတ္အတြက္ႀကိဳတင္ျပင္ဆင္မႈအားနည္းခ်က္မ်ား

ေလဆိပ္စီမံကိန္းကို စတင္စဥ္က တႏွစ္ကို ခရီးသည္ ၂၇ သန္း အတြက္ရည္႐ြယ္ခဲ့ေပမယ့္ ေလဆိပ္ဖြင့္လွစ္ဖို႔ ေႏွာင္ေႏွးတာနဲ႔အမွ် အကယ္ဖြင့္လွစ္မယ့္အခ်ိန္မွာ ေလဆိပ္ႀကီး အေနနဲ႔ လက္ခံရမယ့္ ခရီးစဥ္နဲ႔ခရီးသည္အေရအတြက္က  အမ်ားႀကီးပိုလာမွာျဖစ္ပါတယ္။  ဒါေၾကာင့္ ဖြင့္လွစ္ၿပီးတာနဲ႔ တိုးခ်ဲ႕တဲ့လုပ္ငန္းကို  စတင္ရမယ့္ အေနအထားမွာရွိေနပါတယ္.
ေဆာက္လုပ္တာ အခ်ိန္ၾကာတာနဲ႔ အမွ် ေလေၾကာင္းလုပ္ငန္းေတြက ေျပာင္းလဲလာေတာ့ လိုအပ္ခ်က္ အသစ္ေတြ တိုးတိုးလာပါတယ္။ အခုေနာက္ပိုင္း ေဈးသက္သာတဲ့ ဘတ္ဂ်က္ေလေၾကာင္းလိုင္းေတြ အလ်င္အျမန္တိုးခ်ဲ႕တြင္က်ယ္လာတဲ့အခါ ေလဆိပ္ေတြမွာ သူတို႔ဖို႔ ေဈးေပါေပါနဲ႔ အလုပ္လုပ္ေပးႏိုင္တဲ့ low cost တာမီနယ္ေတြလိုလာပါတယ္။ မူလဒီဇိုင္းမွာ အဲလို ဘတ္ဂ်က္ေလေၾကာင္းအတြက္ ဂိတ္ေတြမပါဘဲ  လုပ္ငန္းစရိတ္ႀကီးတဲ့ "jet bridges" ေတြပဲပါပါတယ္၊။ ဒါပမယ့္ ႀကီးၾကပ္ေရးဘုတ္အဖြဲ႕ဝင္ ႏိုင္ငံေရးသမားေတြကို လိုအပ္တဲ့ ဘတ္ဂ်က္ေလေၾကာင္းအတြက္ ဂိတ္ေတြ ထည့္ေပးဖို႔ထက္ Airbus A380 ေလယာဥ္ႀကီးေတြတြက္ ဂိတ္ေတြထည့္ဖို႔ကိုတြန္းအားေပးပါတယ္။
တဖက္ကလည္း အလုပ္လုပ္ေပးႏိုင္တဲ့ low cost တာမီနယ္ေတြ မျဖစ္မေနလိုအပ္လာေတာ့ သူတို႔အတြက္ ေနာက္ထပ္ ေနရာအသစ္တိုးခ်ဲ႕ရျပန္ပါတယ္၊ ဒီလို႔ အသစ္ျဖည့္စြက္ရတာေတြမ်ားလာေတာ့ ေလဆိပ္ေဆာက္လုပ္သူေတြမွာလည္း ဘယ္ကဘယ္လိုဆက္လုပ္ရမယ္ဆိုတာမသိေအာင္ ရႈပ္ေထြးကုန္ပါတယ္။

စရိတ္ စရိတ္ စရိတ္

၂၀၀၆ မွာ စတင္စဥ္က ယူ႐ို ၂.၅ဘီလီယံနဲ႔ ေရးဆြဲခဲ့တဲ့ စီမံကိန္းႀကီးဟာ ၂၀၁၇ မွာ ယူ႐ို ၆.၅ ဘီလီယံအထိကုန္က်ၿပီးျဖစ္ပါတယ္။  ေလဆိပ္ကိုမဖြင့္ရေသးလို႔ ဝင္ေငြမဝင္ေပမယ့္  ၇ ႏွစ္ေက်ာ္ ေႏွာင့္ေႏွးေနတဲ့ ေလဆိပ္မွာ ေန႔စဥ္နဲ႔အမွ် ထိမ္းသိမ္းရတဲ့စရိတ္ေတြတက္ေနသလို LCD display လို တခ်ိဳ႕ပစၥည္းေတြဆို မသုံးရေသးခင္ အသစ္နဲ႔ အစားထိုးရတဲ့ အေနအထားေရာက္ေနပါတယ္။ စက္ပစၥည္းေတြကိုလည္း မသုံးတာၾကာၿပီးဂ်မ္းမျဖစ္ေအာင္ ေန႔စဥ္ေမာင္းေပးေနရပါတယ္။ အစိုးရပိုင္ ေလဆိပ္ကုမၸဏီႀကီးက ေလဆိပ္ကို ထိန္းသိမ္းရတဲ့ စရိတ္ဟာ တလကို ယူ႐ို ၁၇ သန္းရွိပါတယ္။

All 750 of the monitors showing flight information had to be replaced earlier in 2018 - at a cost of €500,000 (Credit: Getty Images)

အခုထိျပင္ရတာေတြကလည္း ျပင္မဆုံးျဖစ္ေနလို႔ဒီေလဆိပ္ကို ဆက္မျပင္ေတာ့ဘဲ ဖ်က္ပစ္ၿပီး အသစ္တခုကို အစကျပန္စတာ အကုန္အက် ပိုသက္သာမယ္လို႔ အႀကံေပးတာေတြလည္းရွိပါတယ္။
ရထားဘူတာကထြက္လာတဲ့ စက္ေလွကားတခ်ိဳ႕ဟာ သိတ္တိုလြန္းတယ္၊ျပန္ျပင္ဖို႔ ကလည္း စားရိတ္အလြန္ႀကီးမယ္

ျပည္သူေတြေပးထားတဲ့ အခြန္ေတြကို ဒီေလာက္မ်ားမ်ားသုံးထားၿပီးမွ ျပန္ဖ်က္ဖို႔ မျဖစ္ေတာ့ဘူး တခုခုအေကာင္အထည္ ျပႏိုင္ေအာင္လုပ္ရေတာ့မယ္ point of no reture ကိုေရာက္ေနၿပီလို႔ ဆိုၿပီး ဆက္လုပ္ေနၾကတာပါ။
အခု ေနာက္ဆုံး သတ္မွတ္ထားတဲ့ ေလဆိပ္ဖြင့္ရက္ကေတာ့ ၂၀၂၀ ေအာက္တိုဘာလထဲမွာ ျဖစ္မယ္လို႔ ဆိုထားပါတယ္။ ဒီသတ္မွတ္ထားတဲ့ ရက္ကိုလည္း စိတ္ဝင္စားသူမရွိသေလာက္ျဖစ္ေနပါၿပီ။
တခ်ိန္က ကမာၻႀကီးကိုၿခိမ္းေျခာက္ခဲ့တဲ့ နာဇီ ဂ်ာမဏီရဲ႕ ၿမိဳ႕ေတာ္၊ အခုလည္းဥေရာပမွာ စီးပြားေရးနဲ႔နည္းပညာမွာ ေရွ႕ကဦးေဆာင္ေနတဲ့ ေခတ္သစ္ဂ်ာမဏီရဲ႕ၿမိဳ႕ေတာ္ ဘာလင္ဟာ ေလာေလာဆယ္မွာေတာ့ ၁၉၃၄ ခုႏွစ္ကတည္းကေဆာက္ခဲ့တဲ့ Berlin Schönefeld Airport  (IATA: SXF, ICAO: EDDB)   နဲ႔ ၁၉၄၈ မွာ ရက္ ၉၀ နဲ႔ တည္ေဆာက္ခဲ့တဲ့ Berlin Tegel "Otto Lilienthal" Airport (IATA: TXL, ICAO: EDDT)  တို႔ကိုပဲဆက္လက္ အားထားေနရပါတယ္။
ဒီ Berlin Brandenburg Airport (BER) ေလဆိပ္ႀကီးရဲ႕ျပသနာကေတာ့ ႏိုင္ငံတကာ မွာလည္း ျဖစ္တတ္တာေၾကာင့္ တိုင္ျပည္အုပ္ခ်ဳပ္သူေတြနဲ႔ ပညာရွင္ေတြ အားလုံး သခၤန္းစာယူရမယ့္ နမူႀကီးတခုျဖစ္ပါတယ္။ 

ဖိုးသုည
2/7/19

တစ္ဆေလေဆိပ်ကြီး Berlin Brandenburg Airport (BER) (ယူနီကုဒ်)

မီးရထားတစင်းဆိုက်လာတယ်၊ တံခါးတွေပွင့်လာတော့ လူတယောက်မှ မပါ။ 
လေဆိပ်ခန်းမထဲရောက်တော့ လေယာဉ် အတက်အဆင်းခရီးစဉ်ပြ မှန်သားပြင်တွေမှာ လေယာဉ်ခရီးစဉ် အမှတ်တွေနဲ့ အချိန်တွေက လှုပ်ရှားနေပေမယ့် ခရီးသည်နဲ့ လေကြောင်းလိုင်း ဝန်ထမ်းတွေ တယောက်မှမရှိ။ 
ပစ္စည်းရွေးဖို့ ခါးပတ် ( baggage reclaim conveyer belt) ကြီးလှုပ်ရှားလာတယ်။ အိတ်တလုံးမှမပါ။ 
ဒါတွေကနေ့စဉ် တကယ်ဖြစ်နေတာပါ။ 
ဆောက်ထား တပ်ထားပြီးသားစက်တွေ မသုံးဖြစ်လို့ ဂျမ်းဖြစ်ပြီး ရပ်မသွားအောင် နေစဉ် သုံးစွဲသူမရှိဘဲ လည်ပတ် အလုပ်လုပ်ခိုင်းထားရတာပါ။ ဘုတ်တွေမှာ ပြနေတဲ့ လေယာဉ်ခရီးစဉ်တွေကတော့ အနားက Berlin Schönefeld Airport လေဆိပ်ကခရီးစဉ်တွေပါ။ 
ဥရောပရဲ့ စီးပွားရေး အတောင့်ဆုံး၊ နည်းပညာ အတိုးတက်ဆုံး ဂျာမဏီနိုင်ငံရဲ့ Berlin Brandenburg Airport (BER) လေဆိပ်ကြီးမှာပါ။

သမိုင်းကြောင်း

၁၉၈၉ ခု မှာ ဘာလင်တံတိုင်းကိုဖြိုချပြီး အရှေ့နဲ့ အနောက်ဘာလင် နှစ်ခြမ်းပြန်လည်ပေါင်းစည်းခဲ့ပါတယ်.။
၁၉၉၀ မှာ ဂျာမဏီ၂ နိုင်ငံပြန်လည်ပေါင်းစည်းပြီး Federal Republic of Germany လို့ဖွဲစည်းလိုက်တဲ့အခါ ဘာလင်ဟာ ဂျာမဏီရဲ့မြို့တော်ပြန်ဖြစ်လာပါတယ်။ 
မြို့တော်ပြန်ဖြစ်လာတဲ့  ဘာလင်မှာ တိုးတက်လာတဲ့ လေကြောင်းပို့ဆောင်ရေး အတွက် ရှိပြီးသားလေဆိပ်တွေနဲ့ မလုံလောက်တော့ ပါဘူး။ နိုင်ငံရေးခေါင်းဆောင်တွေက ဘာလင် အတွက် ခေတ်မှီလေဆိပ်သစ်ကြီးတခုကို တည်ဆောက်ဆို့လိုတယ်ဆိုတာကို သဘောတူခဲ့ကြပါတယ်။
ဒီလိုနဲ့ လေဆိပ်သစ်ကြီးကိုစီမံခန့်ခွဲဖို့အတွက် ၁၉၉၁ ခုနှစ် မေလမှာ  Berlin Brandenburg Airport holding company ကြီး ကို တည်ထောင် ခဲ့ပါတယ်။ 
၁၉၉၆ ခုဇွန်လရောက်မှ လက်ရှိ အသုံးပြုနေတဲ့ Berlin Schönefeld Airport (SXF) အနားက မြေနေရာကို အတည်ပြုပါတယ်။  
MAP
တခါ ဘယ်ပုဂ္ဂလိကဆောက်လုပ်ရေးအဖွဲ့တွေကို ဆောက်ဖို့  ခေါ်ယူမယ်ဆိုတာနဲ့ ပတ်သက်ပြီးဖြစ်တဲ့ ပြသနာတွေကြောင့် ၂၀၀၀ ခုနှစ် နိုဝင်ဘာလရောက်မှ ယာယီ စီမံကိန်း အတည်ဖြစ်ပါတယ်။ လေဆိပ်ကို  ၂၀၀၇ ခုနှစ်မှာဖွင့်လှစ်ဖို့စီစဉ်ခဲ့ကြပါတယ်။ 
လက်တွေ့မှာတော့ လေဆိပ်ဆောက်မယ့်နေရာမှာတွေ့တဲ့ ရှေးဟောင်း သင်္ချိုင်းကို ရှေးဟောင်း သုတေသီတွေက ထူးဖေါ်တာကို စောင့်ရ၊ နယ်မြေခံပြည်သူတွေနဲ့ပြသနာ ၊  ကုန်ကျစရိတ်တွက်ချက်ရာမှာ မှားယွင်းမှု စတဲ့ပြသနာတွေကိုဖြေရှင်းနေရလို့ ၂၀၀၆ ခု စက်တင်ဘာလရောက်မှ ဆောက်လုပ်ရေး လုပ်ငန်းတွေကိုတကယ်စတင်နိုင်ခဲ့ပါတယ်။ 
ဒီလိုနဲ့ လေဆိပ်ဖွင့်ဖို့ ရက်ကို ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၃၀ လို့ ပြင်ဆင်သတ်မှတ်ထားခဲ့ပါတယ်. 
ဒါပေမဲ့ ဆောက်လုပ်ရေးလုပ်ငန်းမှာ ပြသနာတွေများလို့ နှောင့်နှေးနေပြီး လေဆိပ်ဖွင့်ဖို့ ရက်ကို ၂၀၁၂ ခု ဇန္နဝါရီလု ၃ ရက်၊ နောက်တော့ ၂၀၁၂ ဇွန်လလို့ ထပ်ပြောင်းပါတယ်။ 
ဝန်ကြီးချုပ် Angela Merkel ကို ဖိတ်ပြီး လေဆိပ်ကြီးကို ဖွင့်ဖို့ ပြင်ဆင်ထားရာ ဖွင့်ပွဲမတိုင်မီ တလအလို ၂၀၁၂ မေလ မှာ မီးဘေးကာကွယ်ရေး စနစ်လက်မှတ်ရဖို့ စစ်ဆေးတော့မှ ဘယ်လိုမှ မျှော်မှန်းမထားတဲ့ အတော်ဆိုးရွားတဲ့ ပြသနာတွေကိုတွေ့ရလို့ ဖွင့်ပွဲကို ၂၀၁၃ မတ်လ ၁၇ လို့ ပြောင်းရပါတယ်၊ နောက်တော့ ၂၀၁၃ အောက်တိုဘာ ၂၇ ကို ရွှေ့ပြန်ပါတယ်။ 
၂၀၁၃ ဇန္နဝါရီလအရောက်မှာတော့ လေဆိပ်တကယ်ဖွင့်မယ့်ရက်ကို မကြေငြာနိုင်တောဘဲ  ၂၀၁၄ အထိ ဖွင့်နိုင်မှာ မဟုတ်ဘူးလို့သာကြေငြာနိုင်ပါတော့တယ်၊ ဘာလင်မြို့တော်ဝန်လည်း ကြီးကြပ်ရေး ဘုတ်အဖွဲ့က နှုတ်ထွက်ပြီး Berlin Brandenburg Airportရဲ့ စီအီးအိုကိုလဲ ရာထုးက ဖြုတ်လိုက်ပါတယ်။ 
၂၀၁၄ မှာ စီအီးအို အသစ် Hartmut Mehdorn က လေဆိပ်ကို ၂၀၁၆ အထိ ဖွင့်လှစ်နိုင်ဖွယ် မရှိလို့ ကြေငြာပါတယ်။ တပူပေါ် နှစ်ပူဆင့်တက်တက်လာတဲ့ ပြသနာတွေနဲ့ မရေရာမှုတွေကြောင့် Mehdorn လည်း ၂၀၁၄ ဒီဇင်ဘာလမှာ စီအီးအိုအဖြ့စ်မှ နှုတ်ထွက်ခဲ့ပါတယ်။ 
၂၀၁၅ ဇူလိုင်၊ ဘာလင်မြို့တော်ဝန်သစ် Michael Müller က ကြီးကြပ်ရေး ဘုတ်အဖွဲ့ဥက္ကဌ နေရာကို ရယူပြီး လေဆိပ်ကို  ၂၀၁၇ မှာ ဖွင့်လှစ်နိုင်အောင် ဦးဆောင်ပြန်ပါတယ်။ 
၂၀၁၅ ဩဂုတ်လမှာတော့ လေဆိပ်စီမံကိမ်း အတွင်းက ချစားမှု လာယ်စားမှုတွေ တစပြီးတစ ထွက်လာပါတယ်။ လေဆိပ်နည်းပညာဆိုင်ရာ ဒါရိုက်တာ Jochen Grossmann ဟာ ယူရို သန်းတဝက် လာယ်စားမယ်ဆိုတဲ့ စွဲချက်နဲ့ တရားတဘောင်ရင်ဆိုင်နေရပါတယ်။

၂၀၁၆ ဒီဇင်ဘာလမှာတော့ နောက်ဆုံးရည်မှန်းထားတဲ့ ၂၀၁၇ မှာလေဆိပ်ဖွင့်လှစ်နိုင်ဖို့ မဖြစ်နိုင်ပါဘူးဆိုပြန်ပါတယ်။ 
မီးလုံးတွေမှားတပ်တာ၊ တံခါးတွေကို နံပတ်တပ်မှားနေတာ (၄၀၀၀)၊ မီးခလုပ်တွေ မရှိတာ၊ မှားယွင်းတဲ့ မီးကြိုးသွယ်တန်းမှု၊ မီးဘေးအချက်ပေး စနစ် မှားယွင်းမှု စတာတွေကနေ အဆောက်အဦအမိုးက သတ်မှတ်ထားတာထက် ၂ဆကျော်ပိုလေးနေတယ်ဆိုတဲ့ ပြသနာ အကြီးကြီးအထိ၊ ပြသနာပေါင်း (၅၅၀၀၀၀) သန်းတဝက်ကျော်လောက်ကိုပြင်ဆင်ရမယ်ဆိုတာ တွေ့ရှိလာရလို့ပါ။ 

ဘာတွေမှားခဲ့တာလဲ 

ပညာရှင်နဲ့ နိုင်ငံရေးသမား နေရာမှား

အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချပေးရတဲ့ လေဆိပ်ဆောက်လုပ်ရေး ကြီးကြပ်မှု ဘုတ်အဖွဲ့ဝင်တွေဟာ လုပ်ငန်းကျွမ်းကျင်သူ စပယ်ရှယ်လစ်တွေ ဖြစ်ရမယ့်အစား ဒီလုပ်ငန်းတွေနဲ့ နီးစပ်မှု မရှိတဲ့ နိုင်ငံရေးသမားတွေဖြစ်တဲ့ ဘာလင်မြို့တော်ဝန် နဲ့  Brandenburg ပြည်နယ်ဝန်ကြီးချုပ် တို့ ဖြစ်နေပါတယ်။  စီမံကိန်းအကြီးကဲ၊ နည်းပညာအကြီးအကဲတွေကလည်း ဆိုင်ရာနယ်ပယ်မှာ မကျွမ်းကျင်ကြလို့ လူတွေတယောက်ပြီး တယောက်ပြောင်းရပါတယ်။ 
သူတို့က ဆောက်လုပ်ရေးလုပ်ငန်းတွေကို အတွေ့အကြုံရင့် ကုမ္ပဏီကြီးတခုကို အပ်ပြီး စီမံခန့်ခွဲစေတာမျိုးမဟုတ်ဘဲ လုပ်ငန်း ကန်ထရိုက်  ၃၀ -၄၀ လောက်ကို ဈေးသက်သက်သာသာနဲ့ ခိုင်းလို့ရတဲ့ ကုမ္ပဏီ အငယ်ကလေးတွေကို တိုက်ရိုက်ခွဲပေးခဲ့ပါတယ်။ အဲဒီမှာလုပ်ငန်းတွေအကြားညှိနှိုင်းထိန်းချုပ်ရတာတွေက ရှုပ်ထွေးကုန်ပါတယ်။ 

ဗိသုကာဆိုင်ရာပြသနာများ

ဗိသုကာဆိုင်ရာ မှားယွင်းတဲ့ထဲမှာ ပြသနာ်ကြီးတခုကတော့ပါ။ ဒီဇိုင်းဆွဲတဲ့ ဗိသုကာက ပူပြီး အထက်ကိုဆန်တက်တတ်တဲ့ မီးခိုးတွေကို လေဆိပ်ခန်းမအောက်ခြေကနေစုပ်ထုတ်ဖို့ လုပ်ထားပါတယ်၊  အစအဆုံးပြန်ပြင်ရပါတယ်။ 
ချက်အင်လုပ်ဖို့ကောင်တာတွေက သိပ်နည်းနေပြီး ခရီးသည်တွေအိတ်တွေကို ပြန်ရွေးဖို့ စနစ်ကနည်းလုံလောက်မှုမရှိပါ။ 
အအေးပေးစနစ်က အလွန်အားနည်းလို့ အပူလွန်ပြီး ကွန်ပြူတာစနစ်တွေကို အလိုလျှောက်ဖြတ်တောက် လိုက်ရင် လေဆိပ်တခုလုံး ကကွန်ပြုူတာတွေရပ်သွားနိုင်ပါတယ်။  
မီးအရေးပေါ်လျင် အလိုလျှောက်ပိတ်ရမယ့်တံခါးတွေ မပိတ်လို့ ပြန်ပြင်ရမှာ တံခါး တထောင်လောက်ရှိပါသတဲ့ ၊ ပြန်လုပ်ရမယ့် လျှပ်စစ်ကြိုးတွေက ကီလိုမီတာပေါင်များစွာ။
လေယာဉ်တွေပျံသန်းတဲ့ လမ်းကြောင်းနဲ့ ဆူညံသံကာကွယ်ပေးဖို့ လိုအပ်တဲ့ နေရာတွေကို တွက်ချက်တာကလဲ လွဲနေပါတယ်။ 
လေဆိပ်ဗိသုကာ Meinhard von Gerkan's က လေဆိပ်မှာ ဈေးဝယ်တာကို မကြိုက်သူဖြစ်လို့ လေဆိပ်ဒီဇိုင်းမှာ ဆိုင်တွေ နည်းနိုင်သမျှနည်းအောင် လျှော့ထားခဲ့ ပါတယ်။ ဒီအကြောင်းကို လေဆိပ်ကုမ္ပဏီက သိတာနောက်ကျလို့ ဆိုင်ခန်းတွေအတွက် အထပ်တခု ထပ်တိုးဖို့ တောင်းဆိုခဲ့ပါတယ်။ လေဆိပ်တွေက အဲဒီလိုဆိုင်ခန်းငှားခတွေကနေ ဝင်ငွေ အများအပြားရနေကြတာပါ။ 
ပြသနာက အဲလိုထပ်တိုးတဲ့ အထပ်အတွက် လိုအပ်လာတဲ့ မီးသတ်စနစ်လို မီးခိုးစုပ်ထုတ်စနစ်လို စနစ်တွေကို ထပ်ဖြည့်ရမှာဖြစ်ပြီး ဘယ်လို ထပ်ဖြည့်ထားတယ်ဆိုတာ ဘယ်သူမှ သေချာမသိဘူးဆိုပါတယ်။ 
လေဆိပ်ကြီးရဲ့ မီးဘေးကာကွယ်ရေးစနစ် စီမံကိန်းကိုရေးဆွဲသူ Alfredo di Mauro ဟာ လက်မှတ်ရအင်ဂျင်နီယာတယောက်မဟုတ်ဘဲ technical draftsman တယောက်သာဖြစ်ပါသတဲ့ ။ 

အနာဂတ်အတွက်ကြိုတင်ပြင်ဆင်မှုအားနည်းချက်များ

လေဆိပ်စီမံကိန်းကို စတင်စဉ်က တနှစ်ကို ခရီးသည် ၂၇ သန်း အတွက်ရည်ရွယ်ခဲ့ပေမယ့် လေဆိပ်ဖွင့်လှစ်ဖို့ နှောင်နှေးတာနဲ့အမျှ အကယ်ဖွင့်လှစ်မယ့်အချိန်မှာ လေဆိပ်ကြီး အနေနဲ့ လက်ခံရမယ့် ခရီးစဉ်နဲ့ခရီးသည်အရေအတွက်က  အများကြီးပိုလာမှာဖြစ်ပါတယ်။  ဒါကြောင့် ဖွင့်လှစ်ပြီးတာနဲ့ တိုးချဲ့တဲ့လုပ်ငန်းကို  စတင်ရမယ့် အနေအထားမှာရှိနေပါတယ်. 
ဆောက်လုပ်တာ အချိန်ကြာတာနဲ့ အမျှ လေကြောင်းလုပ်ငန်းတွေက ပြောင်းလဲလာတော့ လိုအပ်ချက် အသစ်တွေ တိုးတိုးလာပါတယ်။ အခုနောက်ပိုင်း ဈေးသက်သာတဲ့ ဘတ်ဂျက်လေကြောင်းလိုင်းတွေ အလျင်အမြန်တိုးချဲ့တွင်ကျယ်လာတဲ့အခါ လေဆိပ်တွေမှာ သူတို့ဖို့ ဈေးပေါပေါနဲ့ အလုပ်လုပ်ပေးနိုင်တဲ့ low cost တာမီနယ်တွေလိုလာပါတယ်။ မူလဒီဇိုင်းမှာ အဲလို ဘတ်ဂျက်လေကြောင်းအတွက် ဂိတ်တွေမပါဘဲ  လုပ်ငန်းစရိတ်ကြီးတဲ့ "jet bridges" တွေပဲပါပါတယ်၊။ ဒါပမယ့် ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင် နိုင်ငံရေးသမားတွေကို လိုအပ်တဲ့ ဘတ်ဂျက်လေကြောင်းအတွက် ဂိတ်တွေ ထည့်ပေးဖို့ထက် Airbus A380 လေယာဉ်ကြီးတွေတွက် ဂိတ်တွေထည့်ဖို့ကိုတွန်းအားပေးပါတယ်။ 
တဖက်ကလည်း အလုပ်လုပ်ပေးနိုင်တဲ့ low cost တာမီနယ်တွေ မဖြစ်မနေလိုအပ်လာတော့ သူတို့အတွက် နောက်ထပ် နေရာအသစ်တိုးချဲ့ရပြန်ပါတယ်၊ ဒီလို့ အသစ်ဖြည့်စွက်ရတာတွေများလာတော့ လေဆိပ်ဆောက်လုပ်သူတွေမှာလည်း ဘယ်ကဘယ်လိုဆက်လုပ်ရမယ်ဆိုတာမသိအောင် ရှုပ်ထွေးကုန်ပါတယ်။  

စရိတ် စရိတ် စရိတ်

၂၀၀၆ မှာ စတင်စဉ်က ယူရို ၂.၅ဘီလီယံနဲ့ ရေးဆွဲခဲ့တဲ့ စီမံကိန်းကြီးဟာ ၂၀၁၇ မှာ ယူရို ၆.၅ ဘီလီယံအထိကုန်ကျပြီးဖြစ်ပါတယ်။  လေဆိပ်ကိုမဖွင့်ရသေးလို့ ဝင်ငွေမဝင်ပေမယ့်  ၇ နှစ်ကျော် နှောင့်နှေးနေတဲ့ လေဆိပ်မှာ နေ့စဉ်နဲ့အမျှ ထိမ်းသိမ်းရတဲ့စရိတ်တွေတက်နေသလို LCD display လို တချို့ပစ္စည်းတွေဆို မသုံးရသေးခင် အသစ်နဲ့ အစားထိုးရတဲ့ အနေအထားရောက်နေပါတယ်။ စက်ပစ္စည်းတွေကိုလည်း မသုံးတာကြာပြီးဂျမ်းမဖြစ်အောင် နေ့စဉ်မောင်းပေးနေရပါတယ်။ အစိုးရပိုင် လေဆိပ်ကုမ္ပဏီကြီးက လေဆိပ်ကို ထိန်းသိမ်းရတဲ့ စရိတ်ဟာ တလကို ယူရို ၁၇ သန်းရှိပါတယ်။ 
အခုထိပြင်ရတာတွေကလည်း ပြင်မဆုံးဖြစ်နေလို့ဒီလေဆိပ်ကို ဆက်မပြင်တော့ဘဲ ဖျက်ပစ်ပြီး အသစ်တခုကို အစကပြန်စတာ အကုန်အကျ ပိုသက်သာမယ်လို့ အကြံပေးတာတွေလည်းရှိပါတယ်။ 
ပြည်သူတွေပေးထားတဲ့ အခွန်တွေကို ဒီလောက်များများသုံးထားပြီးမှ ပြန်ဖျက်ဖို့ မဖြစ်တော့ဘူး တခုခုအကောင်အထည် ပြနိုင်အောင်လုပ်ရတော့မယ် point of no reture ကိုရောက်နေပြီလို့ ဆိုပြီး ဆက်လုပ်နေကြတာပါ။
အခု နောက်ဆုံး သတ်မှတ်ထားတဲ့ လေဆိပ်ဖွင့်ရက်ကတော့ ၂၀၂၀ အောက်တိုဘာလထဲမှာ ဖြစ်မယ်လို့ ဆိုထားပါတယ်။ ဒီသတ်မှတ်ထားတဲ့ ရက်ကိုလည်း စိတ်ဝင်စားသူမရှိသလောက်ဖြစ်နေပါပြီ။ 
တချိန်က ကမ္ဘာကြီးကိုခြိမ်းခြောက်ခဲ့တဲ့ နာဇီ ဂျာမဏီရဲ့ မြို့တော်၊ အခုလည်းဥရောပမှာ စီးပွားရေးနဲ့နည်းပညာမှာ ရှေ့ကဦးဆောင်နေတဲ့ ခေတ်သစ်ဂျာမဏီရဲ့မြို့တော် ဘာလင်ဟာ လောလောဆယ်မှာတော့ ၁၉၃၄ ခုနှစ်ကတည်းကဆောက်ခဲ့တဲ့ Berlin Schönefeld Airport  (IATA: SXF, ICAO: EDDB)   နဲ့ ၁၉၄၈ မှာ ရက် ၉၀ နဲ့ တည်ဆောက်ခဲ့တဲ့ Berlin Tegel "Otto Lilienthal" Airport (IATA: TXL, ICAO: EDDT)  တို့ကိုပဲဆက်လက် အားထားနေရပါတယ်။ 
ဒီ Berlin Brandenburg Airport (BER) လေဆိပ်ကြီးရဲ့ပြသနာကတော့ နိုင်ငံတကာ မှာလည်း ဖြစ်တတ်တာကြောင့် တိုင်ပြည်အုပ်ချုပ်သူတွေနဲ့ ပညာရှင်တွေ အားလုံး သင်္ခန်းစာယူရမယ့် နမူကြီးတခုဖြစ်ပါတယ်။ 

ဖိုးသုည
2/7/19

Thursday, June 27, 2019

Boeing 737 max နဲ႔ ေနာက္ထပ္ ျပသနာ အသစ္။


Boeing 737 max နဲ႔ ေနာက္ထပ္ ျပသနာ အသစ္။

ျပသနာမ်ိဳးစုံနဲ႔ နပန္းလုံးေနတဲ့ Boeing 737 max ရဲ႕ ေမွ်ာ္လင့္ခ်က္ ေရာင္ျခည္ တခုျဖစ္တဲ့ MCAS software update ကိုစမ္းသပ္လို႔ၿပီးၿပီျဖစ္ေၾကာင္း  ၂၀၁၉ ေမလ ၁၈ ရက္မွာ ဘိုးအင္းကေၾကျငာခဲ့ပါတယ္။ ဘိုးအင္းရဲ႕ပိုင္းေလာ့ နဲ႔ အင္ဂ်င္နီယာေတြက အဲဒီ ေဆာ့ဝဲအသစ္ကိုသုံးၿပီး ဆင္ျမဴေလတာတာနဲ႔ တကဲ့ စမ္းသပ္ပ်ံသန္းမႈေပါင္း ၂၀၇ ခုကို နာရီ ၃၆၀ ၾကာေအာင္လုပ္ၿပီးၿပီျဖစ္လို႔ FAA ရဲ႕ စစ္ေဆးမႈရယူဖို႔တင္ျပေတာ့မယ္လို႔ေျပာခဲ့တာပါ။ 

737 Max
MCAS system


ေနာက္ဆုံးသတင္း 

အဲဒီေဆာ့ဝဲအသစ္ကို သုံးၿပီး FAA ပိုင္းေလာ့ေတြ simulator နဲ႔ စမ္းသပ္ေနၾကရာက မေမွ်ာ္လင့္ထားတဲ့ျပသနာအသစ္တခုကို ထပ္ေတြ႕ခဲ့တာပါ။ ဘာျပသနာရယ္လို႔ အေသးစိပ္ထုတ္ျပန္ျခင္းမရွိေပမယ့္ FAA က ၂၀၁၉ ဇြန္ လ ၂၆ ရက္မွာ  “ The FAA recently found a potential risk that Boeing must mitigate” လို႔ထုတ္ျပန္ခဲ့သလို ဘိုးအင္းကလည္း “ (FAA) identified an additional requirement that it has asked the company to address through the software changes that the company has been developing for the past eight months.” လို႔ေၾကျငာပါတယ္။ ဒီျပသနာသစ္အတြက္ ဘိုးအင္းက ေဆာ့ဝဲ အသစ္ကို ေရးေနၿပီး ကုမၸဏီအေနနဲ႔ 737 max ပ်ံသန္းခြင့္ျပန္ရဖို႔ လိုအပ္ခ်က္ေတြကို စိတ္တိုင္းမက်မခ်င္း FAA ကို ပ်ံသန္းခြင့္ လက္မွတ္အတြက္ တင္ျပမွာမဟုတ္ဘူးလို႔ဆိုပါတယ္။ 


ေပါက္ၾကားလာတဲ့ သတင္းေတြ

CNN သတင္းဌာနကေတာ့ သူတို႔ရထားတဲ့ 737 max စမ္းသပ္ေနမႈနဲ႔ နီးစပ္တဲ့ သတင္းအရင္းအျမစ္ ႏွစ္ခုအဆိုအရ ဒီတခါျပသနာက မိုက္က႐ိုပေရာဆက္စာခ်ိဳ႕ယြင္းမႈလို႔ဆိုပါတယ္။ 
အဲဒီခ်ိဳ႕ယြင္းခ်က္က ေလယာဥ္ဦးကို ေျမကို စိုက္ေအာင္တြန္းပို႔တယ္လို႔ဆိုပါတယ္။
ဒီခ်ိဳ႕ ယြင္းခ်က္ကိုျပန္ တုန္ျပန္ဖို႔ simulator ထဲ မွာစမ္းၾကတဲ့အခါပိုင္းေလာ့အေနနဲ႔   စကၠန႔္ပိုင္းအတြင္း ဦးျပန္မတ္လာဖို႔  စြမ္းေဆာင္ႏိုင္ဖို႔ အလြန္ခက္ခဲတယ္။ အဲလို စကၠန႔္ပိုင္းအတြင္းအတြင္း တုန္႔ျပန္ဖိုမလြယ္ဘူးဆိုတာ အလြန္အႏၲရာယ္မ်ားတယ္လို႔ဆိုပါတယ္။ အခုအသစ္ေတြ႕ရွိတဲ့ micro processor ခ်ိဳ႕ယြင္းမႈက ၿပီးခဲ့တဲ့ ေလယာဥ္ပ်က္က်မႈ ၂ ခုနဲ႔ ပတ္သက္မႈ ရွိမရွိေတာ့ မသိေသးပါဘူး။
ဒီျပသနာကို ေျဖရွင္းဖို႔ ဘိုးအင္းအင္ဂ်င္နီယာေတြႀကိဳးစားေနၾကၿပီျဖစ္ေပမယ့္ 737 Max ေတြျပန္လည္ပ်ံသန္းခြင့္ရဖို႔ကေတာ့ အခ်ိန္ပိုၿပီး ၾကာသြားေတာ့မွာပါ။
ဒီျပသနာကို ေျဖရွင္းဖို႔ ေဆာ့ဝဲ အပ္ဒိတ္လုပ္႐ုံနဲ႔ ရမလား micro processor ပစၥည္းအသစ္နဲ႔ အစားထိုးရမလာူဆိုတာေတာ့ ေျပာလို႔မရေသးပါဘူး။


ဘာအက်ိဳးဆက္ေတြျဖစ္လာမလဲ

  • 737 max ေတြ ပ်ံခြင့္ရဖို႔ မွန္းထားတာထက္ပိုၿပီးၾကာပါမယ္။
  • ဒီေလယာဥ္ေတြ အေပၚ လူေတြ ရဲ႕ ယုံၾကည္မႈ အေတာ္ေလး ထပ္ေလ်ာ့သြားပါမယ္။
  • ၿပီးခဲ့တဲ့ ၂ ပတ္က ပဲရစ္ ေလေၾကာင္းျပပြဲမွာ ယုံၾကည္စိတ္ခ်စြာနဲ႔ 737 Max အစီး ၂၀၀ ဝယ္မယ္ဆိုတဲ့  IAG အုပ္စုက ဘယ္လို တုန႔္ျပန္မယ္ဆိုတာကလည္းစိတ္ဝင္စားစရာပါ၊
  • ေလယာဥ္ေတြ ေျမမွာနားထားရလို႔. (သို႔) လက္ခံရရွိဖို႔ ေႏွာင့္ေႏွးလို႔ ေဒၚလာဂသန္းခ်ီ နစ္နာေနတဲ့ ေလေၾကာင္းလိုင္းေတြက ဘိုးအင္းထံက ေလ်ာ္ေၾကးေတာင္းတဲ့ သတင္းေတြ ထပ္ၾကားရႏိုင္ပါတယ္။
  • မွာထားတဲ့ ၄.၉ ဘီလီယံဖိုး ေအာ္ဒါေတြကို ဖ်က္သိမ္းခဲ့တဲ့ Garuda Indonesia ေနာက္ကို လိုက္မယ့္ေလေၾကာင္းလိုင္းေတြလည္းေပၚလာႏိုင္ပါတယ္။ 



ပိုင္းေလာ့ထရိန္နင္

Boeing 737 max ေတြ ျပန္လည္ပ်ံသန္းခြင့္ရဖို႔ ေျဖရွင္းရတဲ့ ေနာက္ျပသနာတခုကေတာ့ ပိုင္းေလာထရိန္နင္ပါ။ 
ဘိုးအင္းက 737 type rating ရထားတဲ့ ပိုင့္ေလာ့ေတြ 737 max ကိုေမာင္းဖို႔တနာရီသာသာ အိုင္ပက္ တ်ဴတိုရီရယ္နဲ႔ လုံေလာက္တယ္လို႔ ေျပာခဲ့ပါတယ္။ 
Lion Air flight JT 610 နဲ႔  Ethiopian Aielines ET302 တို႔ပ်က္က်အၿပီးမွာေတာ့ ႏိုင္ငံတကာ ေလေၾကာင္းအာဏာပိုင္ေတြက ဘိုးအင္းေျပာတဲ့ ပိုင္းေလာ့ထရိန္နင္အေပၚမွာ သံသယဝင္လာၾကပါတယ္။ 
ႏိုင္ငံတကာ ေလေၾကာင္းအာဏာပိုင္ေတြ၊ ဘိုးအင္းနဲ႔ FAA တို႔  မြန္ထရီရယ္ၿမိဳ႕မွာ ေမလ ၂၃ ကလုပ္ခဲ့တဲ့ 737 MAX ေတြ ကို  ျပန္လည္ပ်ံသန္းခြင့္ျပဳႏိုင္ဖို႔ အစည္းအေဝးမွာ ေရရာတဲ့ ဆုံးျဖတ္ခ်က္ေတြ မခ်မွတ္ႏိုင္ခဲ့လို႔ IATAက လာမယ့္ ဇူလိုင္လထဲမွာ အလားတူ အစည္းအေဝးေနာက္တခုကို ထပ္မံ ေခၚယူဖို႔ရွိေနပါတယ္။ ။ ကေနဒါ၊ ဥေရာပ ပိုင့္ေလာ့ သမဂၢနဲ႔ အတူ ႏိုင္ငံအေတာ္မ်ားမ်ားက ေလေၾကာင္းလိုင္းေတြနဲ႔ ေလေၾကာင္းအာဏာပိုင္ေတြ က 737 Max ပိုင္းေလာ့ေတြကို simulator training လိုတယ္လို႔ယူဆေနၾကပါၿပီ။ ခက္တာက 737 Max simulator ေတြက အေတာ္ကို နည္းပါးေနေသးၿပီး simulator software မွာလည္းျပသနာရွိလို႔ မၾကာေသးခ်င္ကမွ အပ္ဒိတ္လုပ္ထားခဲ့ရတာပါ။ 737 Max ေတြ အမ်ားအျပားပိုင္ထားတဲ့ အေမရိကားက Southwest နဲ႔  American airlines တို႔အေနနဲ႔ အဲလိုထရန္နင္ေပးဖို႔ ဆိုလ်င္ တလေက်ာ္အခ်ိန္ယူရႏိုင္တယ္ဆိုပါတယ္။ 


737Max သမိုင္းအက်ဥ္း


  • ပထမဆုံး 737Max ေလယာဥ္ကိုေတာ့ ၂၀၁၆ ဇၷဝါရီလ၂၉ ရက္ေန႔မွာ ပ်ံသန္းခဲ့တာပါ ။
  • အေရာင္းသြက္ 737Max မွာ AOA sensor ျပသနာရွိတယ္ဆိုတာကို ဘိုးအင္းအင္ဂ်င္နီယာေတြက ၂၀၁၇ ကတည္းကသိခဲ့တယ္ဆိုပါတယ္။ ဒါေပမယ့္ ဘိုးအင္းက ဒီျပသနာေအၾကာင္းကို လွ်ိဳ႕ဝွက္ထားၿပီး software အပ္ဒိတ္လုပ္ဖို႔ပဲ ႀကိတ္က်ိဳးစားခဲ့တာပါ 
  • ၀၁၈ ေအာက္တိုဘာ ၂၉  မွာ Lion Air flight JT 610 ပ်က္က်ၿပီေလယာဥ္ေပၚပါ ခရီးသည္နဲ႔ ေလယာဥ္ဝန္ထမ္း ၁၈၉ ဦး အားလုံးေသဆုံးးေတာ့ မွ ဘိုးအင္းက 737 max ေတြမွာ အရင္ ဘိုးအင္းေလ ယာဥ္ေတြမွာ မသုံးဘူးတဲ့ MCAS စနစ္ ထည့္သြင္းထားေၾကာင္းထုတ္ေျပာခဲ့ပါတယ္။ 
  • အဲဒီကိစၥကို ဘိုးအင္းတာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံခဲ့တဲ့ အေမရိကန္ေလေၾကာင္းပိုင္းေလာ့ သမဂၢ ကိုယ္စားလွယ္ေတြက မေက်နပ္ေၾကာင္းေျပာခဲ့ပါေသးတယ္။ 
  • ၈ ဇႏၷဝါရီ ၂၀၁၉၊  737Max ေအာ္ဒါ အစင္းေရ ၅၀၀၀ ေက်ာ္သြားၿပီျဖစ္လို႔ ဘိုးအင္းခရီးသည္တင္ ေလယာဥ္ေတြထဲမွာ ေအာ္ဒါအမ်ားဆုံးစံခ်ိန္တင္ေၾကာင္းထုတ္ျပန္။
  • ၂၀၁၉ မတ္လ ၁၀ ရက္မွာ Ethiopian Airlines Flight 302 ပ်က္က်ျပန္ပါတယ္။ 
  • Lion Air နဲ႔ Ethiopian Airlines ပ်က္က်ပုံခ်င္းဆင္တူလို႔ ႏိုင္ငံအေတာ္မ်ားမ်ားက သူတို႔ႏိုင္ငံေတြမွာ 737Max ပ်ံသန္းမႈေတြကိုယာယီရပ္ဆိုင္းခဲ့ေပမယ့္ ဘိုးအင္းနဲ႔ အက္ဖ္ ေအေအတို႔ကေတာ့ မလိုအပ္ဘူးဆိုၿပီး ျငင္းေနခဲ့ပါေသးတယ္။ 
  • ၁၃- မတ္ ၂၀၁၉၊ ဘိုးအင္းနဲ႔ FAA က 737Max ပ်ံသန္းမႈေတြကိုယာယီရပ္ဆိုင္းဖို႔ေၾကျငာပါတယ္။ ကေနဒါ ပို႔ေဆာင္ေရး ဝန္ႀကီး ကတိုက္တြန္းေတာ့မွ အေမရိကန္အစိုးရက 737Max ပ်ံသန္းမႈေတြကိုယာယီရပ္ဆိုင္းဖို႔ အမိန္႔ေပးခဲ့တာပါ။ 737Max ပ်ံသန္းမႈေတြကိုယာယီရပ္ဆိုင္းဖို႔ ေၾကျငာတဲ့ ႏိုင္ငံေတြအထဲမွာေတာ့ ေနာက္ဆုံးလို႔ဆိုပါတယ္
  • ၁၈-ေမ ၂၀၁၉၊  ျပသနာျဖစ္တဲ့ ရဲ႕ ေဆာ့ဖ္ဝဲ အသစ္ကို စမ္းသပ္ၿပီးလို႔ ရဲ႕ အစစ္ေဆးကို ခံၿပီး ေလယာဥ္ေတြမၾကာမီပ်ံသန္းခြင့္ရေတာ့မယ္လို႔ ဘိုးအင္းက ေၾကျငာပါတယ္။ 
  • ၂ ဇြန္ ၂၀၁၉၊   Slat Tracks ဆိုတဲ့ အေတာင္ပံအေရွ႕မွာ တပ္ထားတဲ့ အစိပ္အပိုင္းတခု ဟာ သတ္မွတ္စံခ်ိန္မမွီလို႔  737 Max နဲ႔ 737 NG တခ်ိဳ႕ကို ျပန္လည္ စစ္ေဆးၿပီးပစၥည္း အစားထိုးဖို႔ လိုတယ္လို႔ ေၾကျငာပါတယ္။ 
  • ၂၆ ဇြန္ ၂၀၁၉၊ ေနာက္ျပသနာ အသစ္တခုကို ေတြ႕လို႔ ေျဖရွင္ဖို႔ဘိုးအင္းကိုအေၾကာင္းၾကားထားၿပီး ေလယာဥ္ေတြပ်ံသန္းခြင့္ရဖို႔ ႏွင့္ေႏွးႏိုင္တယ္လို႔  ေၾကျငာ။
ဖိုးသုည
28-06-19


Boeing နဲ့ ပတ္သက္ျပီး ေရးခဲ့ ေသာ ပို့စ္မ်ား ကိုဒီမွာ ဖတ္နိုင္ပါတယ္၊
https://aviation-phoethunya.blogspot.com/search/label/Boeing


Boeing 737 max နဲ့ နောက်ထပ် ပြသနာ အသစ်။ (ယူနီကုဒ်)

ပြသနာမျိုးစုံနဲ့ နပန်းလုံးနေတဲ့ Boeing 737 max ရဲ့ မျှော်လင့်ချက် ရောင်ခြည် တခုဖြစ်တဲ့ MCAS software update ကိုစမ်းသပ်လို့ပြီးပြီဖြစ်ကြောင်း  ၂၀၁၉ မေလ ၁၈ ရက်မှာ ဘိုးအင်းကကြေငြာခဲ့ပါတယ်။ ဘိုးအင်းရဲ့ပိုင်းလော့ နဲ့ အင်ဂျင်နီယာတွေက အဲဒီ ဆော့ဝဲအသစ်ကိုသုံးပြီး ဆင်မြူလေတာတာနဲ့ တကဲ့ စမ်းသပ်ပျံသန်းမှုပေါင်း ၂၀၇ ခုကို နာရီ ၃၆၀ ကြာအောင်လုပ်ပြီးပြီဖြစ်လို့ FAA ရဲ့ စစ်ဆေးမှုရယူဖို့တင်ပြတော့မယ်လို့ပြောခဲ့တာပါ။


နောက်ဆုံးသတင်း

အဲဒီဆော့ဝဲအသစ်ကို သုံးပြီး FAA ပိုင်းလော့တွေ simulator နဲ့ စမ်းသပ်နေကြရာက မမျှော်လင့်ထားတဲ့ပြသနာအသစ်တခုကို ထပ်တွေ့ခဲ့တာပါ။ ဘာပြသနာရယ်လို့ အသေးစိပ်ထုတ်ပြန်ခြင်းမရှိပေမယ့် FAA က ၂၀၁၉ ဇွန် လ ၂၆ ရက်မှာ  The FAA recently found a potential risk that Boeing must mitigate လို့ထုတ်ပြန်ခဲ့သလို ဘိုးအင်းကလည်း (FAA) identified an additional requirement that it has asked the company to address through the software changes that the company has been developing for the past eight months. လို့ကြေငြာပါတယ်။ ဒီပြသနာသစ်အတွက် ဘိုးအင်းက ဆော့ဝဲ အသစ်ကို ရေးနေပြီး ကုမ္ပဏီအနေနဲ့ 737 max ပျံသန်းခွင့်ပြန်ရဖို့ လိုအပ်ချက်တွေကို စိတ်တိုင်းမကျမချင်း FAA ကို ပျံသန်းခွင့် လက်မှတ်အတွက် တင်ပြမှာမဟုတ်ဘူးလို့ဆိုပါတယ်။


ပေါက်ကြားလာတဲ့ သတင်းတွေ

CNN သတင်းဌာနကတော့ သူတို့ရထားတဲ့ 737 max စမ်းသပ်နေမှုနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ် နှစ်ခုအဆိုအရ ဒီတခါပြသနာက မိုက်ကရိုပရောဆက်စာချို့ယွင်းမှုလို့ဆိုပါတယ်။
အဲဒီချို့ယွင်းချက်က လေယာဉ်ဦးကို မြေကို စိုက်အောင်တွန်းပို့တယ်လို့ဆိုပါတယ်။
ဒီချို့ ယွင်းချက်ကိုပြန် တုန်ပြန်ဖို့ simulator ထဲ မှာစမ်းကြတဲ့အခါ
ပိုင်းလော့အနေနဲ့ ဦးပြန်မတ်လာဖို့ စက္ကန့်ပိုင်းအတွင်း စွမ်းဆောင်နိုင်ဖို့ အလွန်ခက်ခဲတယ်။ အဲလို စက္ကန့်ပိုင်းအတွင်းအတွင်း တုန့်ပြန်ဖိုမလွယ်ဘူးဆိုတာ အလွန်အန္တရာယ်များတယ်လို့ဆိုပါတယ်။ အခုအသစ်တွေ့ရှိတဲ့ micro processor ချို့ယွင်းမှုက ပြီးခဲ့တဲ့ လေယာဉ်ပျက်ကျမှု ၂ ခုနဲ့ ပတ်သက်မှု ရှိမရှိတော့ မသိသေးပါဘူး။
ဒီပြသနာကို ဖြေရှင်းဖို့ ဘိုးအင်းအင်ဂျင်နီယာတွေကြိုးစားနေကြပြီဖြစ်ပေမယ့် 737 Max တွေပြန်လည်ပျံသန်းခွင့်ရဖို့ကတော့ အချိန်ပိုပြီး ကြာသွားတော့မှာပါ။
ဒီပြသနာကို ဖြေရှင်းဖို့ ဆော့ဝဲ အပ်ဒိတ်လုပ်ရုံနဲ့ ရမလား micro processor ပစ္စည်းအသစ်နဲ့ အစားထိုးရမလာူဆိုတာတော့ ပြောလို့မရသေးပါဘူး။


ဘာအကျိုးဆက်တွေဖြစ်လာမလဲ

  • 737 max တွေ ပျံခွင့်ရဖို့ မှန်းထားတာထက်ပိုပြီးကြာပါမယ်။
  • ဒီလေယာဉ်တွေ အပေါ် လူတွေ ရဲ့ ယုံကြည်မှု အတော်လေး ထပ်လျော့သွားပါမယ်။
  • ပြီးခဲ့တဲ့ ၂ ပတ်က ပဲရစ် လေကြောင်းပြပွဲမှာ ယုံကြည်စိတ်ချစွာနဲ့ 737 Max အစီး ၂၀၀ ဝယ်မယ်ဆိုတဲ့  IAG အုပ်စုက ဘယ်လို တုန့်ပြန်မယ်ဆိုတာကလည်းစိတ်ဝင်စားစရာပါ၊
  • လေယာဉ်တွေ မြေမှာနားထားရလို့. (သို့) လက်ခံရရှိဖို့ နှောင့်နှေးလို့ ဒေါ်လာ သန်းချီ နစ်နာနေတဲ့ လေကြောင်းလိုင်းတွေက ဘိုးအင်းထံက လျော်ကြေးတောင်းတဲ့ သတင်းတွေ ထပ်ကြားရနိုင်ပါတယ်။
  • မှာထားတဲ့ ၄.၉ ဘီလီယံဖိုး အော်ဒါတွေကို ဖျက်သိမ်းခဲ့တဲ့ Garuda Indonesia နောက်ကို လိုက်မယ့်လေကြောင်းလိုင်းတွေလည်းပေါ်လာနိုင်ပါတယ်။



ပိုင်းလော့ထရိန်နင်

Boeing 737 max တွေ ပြန်လည်ပျံသန်းခွင့်ရဖို့ ဖြေရှင်းရတဲ့ နောက်ပြသနာတခုကတော့ ပိုင်းလောထရိန်နင်ပါ။
ဘိုးအင်းက 737 type rating ရထားတဲ့ ပိုင့်လော့တွေ 737 max ကိုမောင်းဖို့တနာရီသာသာ အိုင်ပက် တျူတိုရီရယ်နဲ့ လုံလောက်တယ်လို့ ပြောခဲ့ပါတယ်။
Lion Air flight JT 610 နဲ့  Ethiopian Aielines ET302 တို့ပျက်ကျအပြီးမှာတော့ နိုင်ငံတကာ လေကြောင်းအာဏာပိုင်တွေက ဘိုးအင်းပြောတဲ့ ပိုင်းလော့ထရိန်နင်အပေါ်မှာ သံသယဝင်လာကြပါတယ်။
နိုင်ငံတကာ လေကြောင်းအာဏာပိုင်တွေ၊ ဘိုးအင်းနဲ့ FAA တို့  မွန်ထရီရယ်မြို့မှာ မေလ ၂၃ ကလုပ်ခဲ့တဲ့ 737 MAX တွေ ကို  ပြန်လည်ပျံသန်းခွင့်ပြုနိုင်ဖို့ အစည်းအဝေးမှာ ရေရာတဲ့ ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်ခဲ့လို့ IATAက လာမယ့် ဇူလိုင်လထဲမှာ အလားတူ အစည်းအဝေးနောက်တခုကို ထပ်မံ ခေါ်ယူဖို့ရှိနေပါတယ်။ကနေဒါ၊ ဥရောပ ပိုင့်လော့ သမဂ္ဂနဲ့ အတူ နိုင်ငံအတော်များများက လေကြောင်းလိုင်းတွေနဲ့ လေကြောင်းအာဏာပိုင်တွေ က 737 Max ပိုင်းလော့တွေကို simulator training လိုတယ်လို့ယူဆနေကြပါပြီ။ ခက်တာက 737 Max simulator တွေက အတော်ကို နည်းပါးနေသေးပြီး simulator software မှာလည်းပြသနာရှိလို့ မကြာသေးချင်ကမှ အပ်ဒိတ်လုပ်ထားခဲ့ရတာပါ။ 737 Max တွေ အများအပြားပိုင်ထားတဲ့ အမေရိကားက Southwest နဲ့  American airlines တို့အနေနဲ့ အဲလိုထရန်နင်ပေးဖို့ ဆိုလျင် တလကျော်အချိန်ယူရနိုင်တယ်ဆိုပါတယ်။


737Max သမိုင်းအကျဉ်း

  • 737 family ရဲ့ နောက်ဆုံးပေါ်  737Max 8 နဲ့ 9 ကို ၂၀၁၁ ဩဂုတ်လ ၃ရက်နေ့မှာ တရားဝင် လူသိရှင်ကြားကြေငြာခဲ့ပါတယ်.
  • ပထမဆုံး 737Max လေယာဉ်ကိုတော့ ၂၀၁၆ ဇ္နဝါရီလ၂၉ ရက်နေ့မှာ ပျံသန်းခဲ့တာပါ ။
  • ဒါပေမယ့် အရောင်းသွက် 737Max မှာ AOA sensor ပြသနာရှိတယ်ဆိုတာကို ဘိုးအင်းအင်ဂျင်နီယာတွေက ၂၀၁၇ ကတည်းကသိခဲ့တယ်ဆိုပါတယ်။ ဒါပေမယ့် ဘိုးအင်းက ဒီပြသနာအေကြာင်းကို လျှို့ဝှက်ထားပြီး ဆော့တဲ့ အပ်ဒိတ်လုပ်ဖို့ပဲ ကြိတ်ကျိုးစားခဲ့တာပါ
  •  ၂၀၁၈ အောက်တိုဘာ ၂၉ ရက်  မှာ Lion Air flight JT 610 ပျက်ကျပြီး လေယာဉ်ပေါ်ပါ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း ၁၈၉ ဦး အားလုံးသေဆုံးတော့ မှ ဘိုးအင်းက 737 max တွေမှာ အရင် ဘိုးအင်းလေ ယာဉ်တွေမှာ မသုံးဘူးတဲ့ MCAS စနစ် ထည့်သွင်းထားကြောင်းထုတ်ပြောခဲ့ပါတယ်။
  • အဲဒီကိစ္စကို ၂၀၁၈ နိုဝင်ဘာလမှာ ဘိုးအင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန်လေကြောင်းပိုင်းလော့ သမဂ္ဂ ကိုယ်စားလှယ်တွေက မကျေနပ်ကြောင်းပြောခဲ့ပါသေးတယ်။
  • ၈ ဇန္နဝါရီ ၂၀၁၉၊ 737Max အော်ဒါ အစင်းရေ ၅၀၀၀ ကျော်သွားပြီဖြစ်လို့ ဘိုးအင်းခရီးသည်တင် လေယာဉ်တွေထဲမှာ အော်ဒါအများဆုံးစံချိန်တင်ကြောင်းထုတ်ပြန်
  • ၂၀၁၉ မတ်လ ၁၀ ရက်မှာ Ethiopian Airlines Flight 302 ပျက်ကျပြီးလေယာဉ်ပေါ်ပါ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း ၁၅၇ ဦး အားလုံးသေဆုံးပြန်ပါတယ်။
  • Lion Air နဲ့ Ethiopian Airlines ပျက်ကျပုံချင်းဆင်တူလို့ နိုင်ငံအတော်များများက သူတို့နိုင်ငံတွေမှာ 737Max ပျံသန်းမှုတွေကိုယာယီရပ်ဆိုင်းခဲ့ပေမယ့် ဘိုးအင်းနဲ့ အက်ဖ် အေအေတို့ကတော့ မလိုအပ်ဘူးဆိုပြီး ငြင်းနေခဲ့ပါသေးတယ်။
  • ၁၃- မတ် ၂၀၁၉၊ ဘိုးအင်းနဲ့ FAA က 737Max ပျံသန်းမှုတွေကိုယာယီရပ်ဆိုင်းဖို့ကြေငြာပါတယ်။ ကနေဒါ ပို့ဆောင်ရေး ဝန်ကြီး ကတိုက်တွန်းတော့မှ အမေရိကန်အစိုးရက 737Max ပျံသန်းမှုတွေကိုယာယီရပ်ဆိုင်းဖို့ အမိန့်ပေးခဲ့တာပါ။ 737Max ပျံသန်းမှုတွေကိုယာယီရပ်ဆိုင်းဖို့ ကြေငြာတဲ့ နိုင်ငံတွေအထဲမှာတော့ နောက်ဆုံးလို့ဆိုပါတယ်
  • ၁၈-မေ ၂၀၁၉၊  ပြသနာဖြစ်တဲ့ ရဲ့ ဆော့ဖ်ဝဲ အသစ်ကို စမ်းသပ်ပြီးလို့ FAA ရဲ့ အစစ်ဆေးကို ခံပြီး  737 Max လေယာဉ်တွေမကြာမီပျံသန်းခွင့်ရတော့မယ်လို့ ဘိုးအင်းက ကြေငြာပါတယ်။ 
  • ၂ ဇွန် ၂၀၁၉၊   Slat Tracks ဆိုတဲ့ အတောင်ပံအရှေ့မှာ တပ်ထားတဲ့ အစိပ်အပိုင်းတခု ဟာ သတ်မှတ်စံချိန်မမှီလို့  737 Max နဲ့ 737 NG တချို့ကို ပြန်လည် စစ်ဆေးပြီးပစ္စည်း အစားထိုးဖို့ လိုတယ်လို့ ကြေငြာပါတယ်။ 
  • ၂၆ ဇွန် ၂၀၁၉၊ နောက်ပြသနာ အသစ်တခုကို တွေ့လို့ ဖြေရှင်ဖို့ဘိုးအင်းကိုအကြောင်းကြားထားပြီး လေယာဉ်တွေပျံသန်းခွင့်ရဖို့ နှင့်နှေးနိုင်တယ်လို့  ကြေငြာခဲ့တာပါ။  
737 Max ေတြ ပ်ံသန္းဖို႔ အႏၳရာယ္မရွိပါဆိုတဲ့ FAA ရဲ႕ မူလေၾကျငာခ်က္ 
737 Max ေတြ ပ်ံသန္းဖို႔ အႏၳရာယ္မရွိပါဆိုတဲ့ FAA ရဲ႕ မူလေၾကျငာခ်က္




ဖိုးသုည
28-6-19

Boeing နဲ့ ပတ်သက်ပြီး ရေးခဲ့ သော ပို့စ်များ ကိုဒီမှာ ဖတ်နိုင်ပါတယ်၊
https://aviation-phoethunya.blogspot.com/search/label/Boeing

Friday, June 21, 2019

လွ်ပ္စစ္ေလယာဥ္ပ်ံ Alice

အစၥေရးတို႔ရဲ႕ လွ်ပ္စစ္ေလယာဥ္ပ်ံ


ပဲရစ္မွာ ၂၀၁၉ ဇြန္ ၁၇ ကေန ၂၃ အထိျပဳလုပ္ေနတဲ့ ႏိုင္ငံတကာ အာကာသနဲ႔ ေလေၾကာင္းျပပြဲႀကီးမွာ အစၥေရးကုမၸဏီတခုျဖစ္တဲ့  Eviation က Alice လို႔ အမည္ေပးထားတဲ့ လွ်ပ္စစ္ေလယာဥ္ရဲ႕ ေရွ႕ေျပးေမာ္ဒယ္ကိုျပသထားပါတယ္။

Alice





ခ၇ီးသည္ ကိုးဦးကိုသယ္ေဆာင္ႏိုင္တဲ့ အဲဒီေလယာဥ္က မိုင္ ၆၅၀ အထိ အကြားအေဝးကို တနာရီ ၂၇၆ မိုင္ႏႈန္းနဲ႔ ပ်ံသန္းႏိုင္မယ္ဆိုပါတယ္။  ခရီးသည္တင္ ေလယာဥ္အမ်ားစုရဲ႕  အျမန္ႏႈန္းထက္ဝက္သာသာပဲရွိမွာပါ။ 900 ကီလိုဝပ္နာရီ အားရွိတဲ့ ဘက္ထရီကထုတ္ေပးတဲ့ လွ်ပ္စစ္နဲ႔ အၿမီးဖ်ားက ပင္မပန္ကာတလုံး အျပင္အေတာင္ပံဖ်ား ၂ခုမွာလည္း ပန္ကာ အေသးတခုစီပါမွာပါ။
Alice လေယာဉ်၏ အချက်အလက်အချို့

ေလယာဥ္ဝမ္းကို ျပားၿပီးကားထားတဲ့ အတြက္ ေလပင့္အား Lift ကို တျခားေလယာဥ္ေတြကို အေတာင္ပံကရ႐ုံမက ေလယာဥ္ကိုယ္ထည္ကပါ ပံ့ပိုးေပးမယ္ဆိုပါတယ္။

လွ်ပ္စစ္ေလယာဥ္ျဖစ္လို႔ ေလထုညစ္ညမ္းမႈမျဖစ္႐ုံမွ်မက အသံဆူညံမႈကလည္း အလြန္႔အလြန္နည္းသြားပါတယ္။

တစီးကို ေဒၚလာ ေလးသန္းတန္ အဲဒီေလယာဥ္ကို ျပပြဲမွာေဈးဦးေပါက္အေနနဲ႔ အေမရိကန္ regional airline  တခုျဖစ္တဲ့ Cape Air က ဆယ္ဂဏန္း  အေရအတြက္ကို ဝယ္ယူမယ္လို႔ ဆိုပါတယ္။ Alice ကို ၂၀၂၁ မ်ာ ပ်ံသန္းခြင့္လက္မွတ္ရႏိုင္ဖို႔ ေမွ်ာ္လင့္ထားၿပီး ၂၀၂၂ မွာ စတင္ ေပးအပ္ႏိုင္ဖို႔ စီစဥ္ထားပါတယ္။

Alice မွာသုံးထားတဲ့  MagniX ေမာ္တာကို လည္းဒီျပပြဲမွာျပသထားပါတယ္။
Eviation နဲ႔  MagniX ကုမၸဏီ၂ခုလုံးကို စကၤာပူက ဘီလီယံနာသူေဌးႀကီး ကလဲေမာင့္ကေငြေၾကးေထာက္ပံ့ထားတယ္ဆိုပါတယ္။
MagniX ေမာ္တာေတြကို လက္ရွိ အင္ဂ်င္သုံး ေလယာဥ္ငယ္ကေလးေတြမွာ အစားထိုးသုံးလို႔ ရေအာင္ ထုတ္ထားတယ္လို႔ဆိုပါတယ္။


ဖိုးသုည

20-6-19



အစ္စရေးတို့ရဲ့ လျှပ်စစ်လေယာဉ်ပျံ (ယူနီကုဒ်)

ပဲရစ်မှာ ၂၀၁၉ ဇွန် ၁၇ ကနေ ၂၃ အထိပြုလုပ်နေတဲ့ နိုင်ငံတကာ အာကာသနဲ့ လေကြောင်းပြပွဲကြီးမှာ
အစ္စရေးကုမ္ပဏီတခုဖြစ်တဲ့  Eviation က Alice လို့ အမည်ပေးထားတဲ့ လျှပ်စစ်လေယာဉ်ရဲ့ ရှေ့ပြေးမော်ဒယ်ကိုပြသထားပါတယ်။
Alice

ခ၇ီးသည် ကိုးဦးကိုသယ်ဆောင်နိုင်တဲ့ အဲဒီလေယာဉ်က မိုင် ၆၅၀ အထိ အကွားအဝေးကို တနာရီ ၂၇၆ မိုင်နှုန်းနဲ့ ပျံသန်းနိုင်မယ်ဆိုပါတယ်။  ခရီးသည်တင် လေယာဉ်အများစုရဲ့  အမြန်နှုန်းထက်ဝက်သာသာပဲရှိမှာပါ။
Alice လေယာဉ်၏ အချက်အလက်အချို့
900 ကီလိုဝပ်နာရီ အားရှိတဲ့ ဘက်ထရီကထုတ်ပေးတဲ့ လျှပ်စစ်နဲ့ အမြီးဖျားက ပင်မပန်ကာတလုံး အပြင်အတောင်ပံဖျား ၂ခုမှာလည်း ပန်ကာ အသေးတခုစီပါမှာပါ။
လေယာဉ်ဝမ်းကို ပြားပြီးကားထားတဲ့ အတွက် လေပင့်အား Lift ကို တခြားလေယာဉ်တွေကို အတောင်ပံကရရုံမက လေယာဉ်ကိုယ်ထည်ကပါ ပံ့ပိုးပေးမယ်ဆိုပါတယ်။
လျှပ်စစ်လေယာဉ်ဖြစ်လို့ လေထုညစ်ညမ်းမှုမဖြစ်ရုံမျှမက အသံဆူညံမှုကလည်း အလွန့်အလွန်နည်းသွားပါတယ်။
တစီးကို ဒေါ်လာ လေးသန်းတန် အဲဒီလေယာဉ်ကို ပြပွဲမှာဈေးဦးပေါက်အနေနဲ့ အမေရိကန် regional airline  တခုဖြစ်တဲ့ Cape Air က ဆယ်ဂဏန်း အရေအတွက်ကို ဝယ်ယူမယ်လို့ ဆိုပါတယ်။ Alice ကို ၂၀၂၁ မျာ ပျံသန်းခွင့်လက်မှတ်ရနိုင်ဖို့ မျှော်လင့်ထားပြီး ၂၀၂၂ မှာ စတင် ပေးအပ်နိုင်ဖို့ စီစဉ်ထားပါတယ်။ 
Alice မှာသုံးထားတဲ့  MagniX မော်တာကို လည်းဒီပြပွဲမှာပြသထားပါတယ်။
Eviation နဲ့  MagniX ကုမ္ပဏီ၂ခုလုံးကို စင်္ကာပူက ဘီလီယံနာသူဌေးကြီး ကလဲမောင့်ကငွေကြေးထောက်ပံ့ထားတယ်ဆိုပါတယ်။
MagniX မော်တာတွေကို လက်ရှိ အင်ဂျင်သုံး လေယာဉ်ငယ်ကလေးတွေမှာ အစားထိုးသုံးလို့ ရအောင် ထုတ်ထားတယ်လို့ဆိုပါတယ်။
ဖိုးသုည
20-6-19
https://www.cnbc.com/2019/06/18/all-electric-jet-firm-eviation-announces-us-airline-as-first-customer.html

Tuesday, June 18, 2019

အမေရိကန် သမတ၏ မိုးပျံ ရုံးခန်း ၊ Air Force One.(Unicode)


အမေရိကန် သမတ၏ မိုးပျံ ရုံးခန်း ၊   Air Force One.
Standby….Liberty 2–4 is changing call signs, Liberty 2–4 is now Air Force One”

၁၉၉၇ က မင်းသားကြီး ဟယ်ရီစင်ဖို့ဒ် သရုပ်ဆောင်တဲ့ Air Force One ရုပ်ရှင်ထဲက ဇာတ်ဝင် စကားတခုပါ။
လစ်ဘာတီ ၂၄ ဆိုတဲ့ ဆီဖြည့် လေယာဉ်ကြီးက သမတကြီးကို ကယ်တင်ပြီးနောက် သူ့လေယာဉ်ကြီးက သမတစီးတဲ့ လေယာဉ်ဖြစ်သွားလို့ ဆက်သွယ်ရေး သင်္ကေတ ကို  Liberty 2–4  ကနေ Air Force One” လို့ပြောင်းလိုက်တာပါ


Air Force One ဆိုတာဘာလဲ

လက်ရှိ အမေရိကန်သမတ ရှိနေတဲ့ လေယာဉ်ကို  Air Force One, ရဟတ်ယာဉ်ကို Marine One
လို့ခေါ်တာကိုတော့ အများသိကြပါတယ်။
Air Force One ရုပ်ရှင်ကလည်းနာမည်ကြီးခဲ့တာကိုး။
လက်ရှိ Air Force One (လေတပ်အခေါ် VC-25A) အနေနဲ့ အသုံးတော်ခံရတဲ့ လေယာဉ်ကြီးက၊ ချွတ်စွတ်တူတဲ့ အမွှာ ဘိုးအင်း 747-200B လေယာဉ်ကြီး ၂စီး၊ မှတ်ပုံတင် အမှတ် SAM 28000 နဲ့ SAM 29000 အထဲက သမတစီးတဲ့ တစီးစီးကိုခေါ်တာပါ။
လေယာဉ်ကို သမတမစီးသေးသရွေ့ Air Force One မဖြစ်ပါဘူး။
အခုနောက်ပိုင်း အမေရိကန်လေတပ်က အမေရိကန်နိုင်ငံရဲ့ စစ်ဦးစီးချုပ် Commander-in-Chief ( သမတ) စီးတဲ့ အထူး လေယာဉ် (မိုးပျံ အမိန့်ပေးစခန်း) ကို Air Force One လို့ ခေါ်တယ်ဆိုပါတယ်။ 

မိုးပျံအမိန့်ပေးစခန်း (mobile command center)

2001 ခု စက်တင်ဘာ ၁၁ ရက်နေ့ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦနဲ့ပင်တာဂွန် စစ်ဌာနချုပ်တို့ကို အပိုင်စီးထားတဲ့ လေယာဉ်တွေနဲ့ တိုက်ခိုက်ခံရချိန်မှာ အကြမ်းဖက်သမားတွေက ဝါရှင်တန်ရှိ သမတအိမ်ဖြူကိုလည်း အဲလို တိုက်ခိုက်ဖို့ ယူနိုက်တက် ဖလိုက် ၉၃ လေယာဉ်ကို အပိုင်စီးပြီးသွားခဲ့တာပါ။ လေယာဉ်ပေါ်ပါခရီးသည်တွေနဲ့ ဝန်ထမ်းတွေက အခြားအပိုင်စီးခံလေယာဉ်တွေကိုသုံပြီး အကြမ်းဖက်တိုက်ခိုက်တဲ့သတင်းကို ဖုန်းအဆက်အသွယ်တွေကနေသိသွားကြလို့ အပိုင်စီးသူတွေကို ပြန်ခုခံတိုက်ခိုက်ကြတဲ့ အတွက် လေယာဉ်လည်းလိုရာမရောက်ဘဲ ပျက်ကျခဲ့ပါတယ်။  အဲဒီတုန်းက သမတ ဘုရှ်ကိုသူ့ရဲ့ လုံခြုံရေးတွေက  Air Force One ကြီးပေါ်တင်ပြီး ဘာဖြစ်တယ်ဆိုတာ သေချာသိပြီး အခြေအနေတွေ ရှင်းလင်းတဲ့အထိ လေထဲမှာ ၈ နာရီကြာအောင် ပျံဲဝနေခဲ့ပါတယ်။ သမတလည်း လေထဲကနေ ဖုန်းနဲ့ စီမံခန့်ခွဲမှုတွေကို လုပ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအချိန်မှာအမေရိကန်တနိုင်ငံလုံးရဲ့လေပိုင်နက်ကိုတော့ ပိတ်ထားပြီး တခြားဘာလေယာဉ်မှ ပျံသန်းခွင့်မပြုပါ။ အဲ ဒီတကြိမ်ကလွဲရင် Air Force One က သမတရဲ့ ခရီးသွား စီးတော်ယာဉ်အဖြစ်ပဲအသုံးတော်ခံရတာပါ။

သမိုင်းကြောင်း 

Guess Where II 1943

အမေရိကန်သမတအတွက် သီးသန့်လေယာဉ်တွေရဲ့အစဟာ C-87A (Liberator Express) ဆိုတဲ့ အင်ဂျင်လေးလုံးတပ် လေယာဉ်ကြီးလို့ ဆိုရမှာပါ။ Consolidated Aircraft ကုမ္ပဏီကထုတ်တဲ့ serial 41-24159 နဲ့ C-87A လေယာဉ်တစီးကို ၁၉၄၃ ခုမှာ အဲဒီအချိန်က သမတ ဖရင်ကလင် ရုစဗဲရဲ့နိုင်ငံတကာခရီးစဉ်တွေမှာ သုံးဖို့ အထူးပြင်ဆင်မှုတွေလုပ်ပြီး Guess Where II လို့ အမည်ပေးခဲ့ပါတယ်။ ဒါပေမယ့် သမတရဲ့ အထူးလုံခြုံရေးတပ်က C-87A တွေရဲ့ ဘေးကင်းမှုမှတ်တမ်းတွေကို စိတ်မချလို့ ငြင်းပယ်ခဲ့ပါတယ်။ 



Sacred Cow 1942-45

ဒီလိုနဲ့ C-87A အစား ဒေါက် ဂလပ်စ် ကုမ္ပဏီကထုတ်တဲ့ C-54 Skymaster (VC-54C) လေယာဉ်ကို ရေဒီယိုတယ်လီဖုန်း၊ အိပ်ဖို့နေရာနဲ့ သမတရုစဗဲရဲ့ ဘီးတပ်ခုံတက်ဖို့ ဓါတ်လှေကားတွေပါတပ်ပြီး တကယ်သုံးဖြစ်တဲ့ ပထမဆုံး အမေရိကန်သမတစီး သီးသန့်လေယာဉ်ရယ်လို့ ဖြစ်လာပါတယ်။ Sacred Cow လို့နာမည်ပြောင်ပေးထားတဲ့ အဲဒီလေယာဉ်ကို အမေရိကန်လေတပ်ပြတိုက် National Museum of the United States Air Forceမှာ ပြထားပါတယ်။ Sacred Cow အကြောင်း အသေးစိပ်နဲ့ ပုံတွေကို ဒီလင့်  https://www.nationalmuseum.af.mil/Visit/Museum-Exhibits/Fact-Sheets/Display/Article/195813/douglas-vc-54c-sacred-cow/  မှာကြည့်လို့ရပါတယ်။


၁၉၄၃ ခုက သမတရုစဗဲ ဟာ အင်္ဂလန်က ဝန်ကြီးချုပ်ချာချီနဲ့ တွေ့ဖို့ သွားတဲ့ အခါ ဘိုးအင်းကထုတ်တဲ့ 
Boeing 314 Clipper ဆိုတဲ့ ရေယာဉ်ပျံကိုလည်းသုံးခဲ့ပါသေးတယ်။ 

Independence 1947-53


၁၉၄၇ ခုနှစ်မှာတော့ သမတ ထရူးမင်းလက်ထက်မှာ ဒေါက်ဂလပ်စ်ကုမ္ပဏီထုတ် DC-6 Liftmaster (VC-118) လေယာဉ်ကို  အမည်ပေးပြီး Sacred Cow နေရာမှာ အစားထိုးခဲ့ပါတယ်။ လူ၂၄ယောက်စီးနိုင်နဲ့ အဲဒီလေယာဉ်ကိုလည်း အမေရိကန်လေတပ်ပြတိုက် National Museum of the United States Air Forceမှာတွေ့နိုင်ပါတယ်။  The Independence အကြောင်း အသေးစိပ်နဲ့ ပုံတွေကို ဒီလင့် 


The Independence

Columbine II and III and Aero Commanders


သမတ အိုင်စင်ဟောင်ဝါလက်ထက်မှာတော့ Independence အပြင် Columbine II and Columbine III လို့ အမည်ပေးထားတဲ့ Lockheed ကုမ္ပဏီထုတ် C-121 Super Constellations (VC-121E) လေယာဉ် ၂စီးကိုလည်းသုံးခဲ့ပါသေးတယ် 




Columbine III  အကြောင်း အသေးစိပ်နဲ့ ပုံတွေကို ဒီလင့်  https://www.nationalmuseum.af.mil/Visit/Museum-Exhibits/Fact-Sheets/Display/Article/195805/lockheed-vc-121e-columbine-iii/  မှာကြည့်လို့ရပါတယ်။

Special Air Mission 970 (1959-1962)

သမတ အိုင်စင်ဟောင်ဝါ လက်ထက်မှာ ၁၉၅၉ ခုမှ ပထမဆုံး သမတစီး ဂျက်လေယာဉ် အဖြစ်  Boeing 707-120 ကို SAM 970,  ဆိုတဲ့ အမည်နဲ့ Columbine III နေရာကို အစားထိုးလိုက်ပါတယ်။  SAM 970 ကို သမတ အိုင်စင်ဟောင်ဝါ ၊ ကေနဒီ၊ ဂျွန်ဆင် နဲ့ နစ်ဆင်တို့ သုံးခဲ့ကြပါတယ်။ အသေးစိပ် အချက်အလက်တွေကို   https://www.museumofflight.org/aircraft/boeing-vc-137b-707-120sam-970-air-force-one မှာကြည့်နိုင်ပါတယ်။ 


Special Air Mission 26000 and 27000


၁၉၆၂ သမတ ကနေဒီလက်ထက် မှာ ပိုသစ်တဲ့ Boeing 707 VC-137C လေယာဉ်ကို အစားထိုးပြီး 
Special Air Mission SAM 26000 and 27000 လို့ မှတ်ပုံတင်ခဲ့ပါတယ်။ ဒီလေယာဉ်တွေဟာ 
SAM 26000  နဲ့ ပတ်သက်တဲ့ အချက်အလက်တွေနဲ့ ဓါတ်ပုံတွေကို https://www.nationalmuseum.af.mil/Visit/Museum-Exhibits/Fact-Sheets/Display/Article/195807/boeing-vc-137c-sam-26000/ မှာတွေ့နိုင်ပါတယ်၊ 
သမတအတွက် အထူးဒီဇိုင်းတွေနဲ့ ပြင်ဆင်ထားတဲ့ ပထမဆုံး လေယာဉ်တွေလို့ဆိုပါတယ်၊ အပြင်ဘက်မှာလည်းပိုမိုခံညားတဲ့ အပြာနဲ့ အဖြူဆေးရာင်ကိုသုတ်ခဲ့ပါတယ် 


လက်ရှိ Air Force One အဖြစ်အသုံးတော်ခံလေယာဉ်များ (Special Air Mission 28000 and 29000 )(လေတပ်အခေါ်  VC-25A) 

၁၉၉၀ ခုနှစ် မှာတော့ သတမရဲ့လေတပ်အုပ်စုထဲကို  ဘိုးအင်း 747-200B လေယာဉ်
သစ်၂ စီး ရောက်ရှိလာပါတယ်။  အမှတ် 28000 ( ဒီဇင်ဘာ ၈ရက်) နဲ့ 29000 (ဒီဇင်ဘာ ၂၃)  တို့ပါ။
ဒီလေယာဉ်ကြီးတွေမှာ F-16  တိုက်လေယာဉ်တွေမှာ သုံးတဲ့ Heads up Display (HUD)၊ အဆင့်မြင့်ရေဒါစနစ် နဲ့ သူများရေဒါကို ပိတ်ဆို့တဲ့ စနစ်၊  နျူကလီးယားပေါက်ကွဲမှက ထွက်ပေါ်လာတဲ့ ရေဒီယို လျှပ်စစ်သံလိုက်လှိုင်း electromagnetic pulse (EMP) တွေဒါဏ်ခံနိုင်အောင် ကွယ်ထားတဲ့ ဆက်သွယ်ရေးစနစ်၊ ရေငုပ်သင်္ဘောတွေနဲ့ ဆက်သွယ်ဖို့ Very Low Frequency (AVLF)ဆက်သွယ်ရေး။  
အနားရောက်လာတဲ့ အပူရှာ ဒုံးကျဉ်ကို မီးကျဉ်တွေဖြန့်ကြဲပြီလမ်းလွှဲကာ ဖေါက်ခွဲပစ်မယ့် ဒုံးကျဉ်ကာကွယ်ရေးစနစ် directed infrared countermeasures (DIRCM)၊ လေထဲမှာ ဆီဖြည့်တဲ့ စနစ်၊ နဲ့ အခြား လျှိုဝှက်စနစ်တွေပါဝင်လို့  စစ်ဖြစ်လာလျင် လေထဲမှာပျံသန်းရင်း ကွပ်ကဲ အမိန့်ပေးတဲ့ စခန်းအဖြစ်အသုံးပြုနိုင်ပါတယ်။

Special Air Mission 28000

Radar, HF Radio, IR Radiation




အထပ်သုံးထပ်ပါတဲ့ လေယာဉ်ကြီးမှာ သမတနဲ့ မိသားစုအတွက် ရေချိုးခန်း အိမ်သာ၊ အဝတ်လဲခန်းပါတဲ့ အိပ်ခန်၊း နားနေခန်း ကွန်ဖရန့် ခန်းမ၊ သမတရုံးခန်း , လျှိ့ဝှက် ထောက်လှမ်းရေးနဲ့ သမတရဲ့ လက်ထောက် အဖွဲ့များ နဲ့ သတင်း သမားများ နေဖို့ အဆောင်၊ စာသောက်ခန်း၊ ဆေးခန်းနဲ့ ခွဲစိပ်ခန်းငယ်တို့ ပါဝင်ပါတယ်။
ဝန်ထမ်း ၂၆ ယောက် မှာ လေယာဉ်ဝန်ထမ်းတွေသာမက  စားဖိုမှုး၊ ဆရာဝန်၊ သူနာပြုတို့ပါပါဝင်ပါတယ်။
ဒီလေယာဉ်ကြီးတွေ တနာရီပျံတိုင် ကုန်ကျစားရိတ်  ပြည်သူတွေ ပေးထားတဲ့ အခွန်ငွေထဲက  ဒေါ်လာတသိန်းရှစ်သောင်း ကုန်ကျတယ်ဆိုပါတယ်။
၂၀၀၁ ခု 9/11 အချိန်တုန်းက သမတ ဘုရှ်က လေယာဉ်ပေါ်ကနေ  ဗွီဒီယိုကွန်ဖရန့်လုပ်လို့မရသလို  သတင်းဗွီဒီယိုတွေကိုလည်းကြည့်လို့ မရလို့ အြဒီကိစ္စပြီးပြီးချင်း လေယာဉ်ပေါ်က ဆက်သွယ်ရေးစနစ်ကို ဒေါ်လာ သန်း ၅၀ အကုန်ခံပြီး အရေးပေါ် အဆင့် မြှင့်ခဲ့ရပါသေးတယ်။
ဒီလေယာဉ်ကြီးတွေအကြောင် အသးစိတ်အချက်အလက်တွေကိုတေ့ာ https://www.flightglobal.com/news/articles/usaf-offers-rare-glimpse-of-vc-25b-configurations-450587/
https://www.globalsecurity.org/military/systems/aircraft/vc-25-schem02.htm တွေမှာ ရှာလို့ ရနိုင်ပါတယ်။


အနာဂတ်ရဲ့ Air Force One.

သက်တန်း ၃၀ကျော်ပြီဖြစ်တဲ့ ဒီ လေယာဉ်ကြီး ၂စီးကို အစားထိုးဖို့လေတပ်က ပိုကြီးပြီး ပိုခေတ်မှီတဲ့ စနစ်တွေပါတဲ့ ဘိုးအင်းရဲ့ 747-8 ၂စီးကို အော်ဒါလုပ်ထားပါတယ်။ ၂၀၂၄ ဒီဇင်ဘာမှာ လက်ခံရရှိနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

လက်ရှိနဲ့ အနာဂတ် Air Force One. နှိုင်းယှဉ်ချက်
 747-8  ဆိုတာကတော့ ဘိုးအင်းရဲ့  747 မိသားစုရဲ့ နောက်ဆုံးပေါ် အဆင့်မြှင့်ထားတဲ့ မော်ဒယ်ပါ။ ဒါေပမယ့် လေကြောင်းလိုင်းတွေက ဒီ 747-8 ခရီးသည်တင်လေယာဉ်တွေ ထပ်မဝယ်တော့ဘဲ ဆီစား ပိုပြီးသက်သာတဲ့ အင် ဂျင် ၂လုံးတပ်လေယာဉ်တွေကို ပြောင်းသုံးနေကြပါပြီ။ ဘိုးအင်းကလည်း အခုနောက်ပိုင်းမှာ 747-8 ကို ကုန်တင်လေယာဉ်တွေပဲ အသစ်ထုတ်တော့တာပါ။ ဒီလေယာဉ်ကြီး ၂စီးကိုတော့ ရုရှားက Transaero, လေကြောင်းလိုင်းအတွက်ဆောက်ထားခဲ့တာပါ။  လက်လွှဲမပေးနိုင်မီ ၂၀၁၅ မှာအဲဒီလေကြောင်းလိုင်း ဒေဝါလီခံသွားလို့ ပိုက်မိနေတဲ့ ဒီလေယာဉ်ကြီး ၂စီးကို လေတပ်ကို ရောင်းတဲ့အခါ အသစ်အော်ဒါမှာတာထက် ၁.၄ ဘီလီယံ ဈေးသက်သာသွားတယ်ဆိုပါတယ်။ 
 လက်ရှိ အမေရိကန်သမတ ဒေါ်နယ်ထရမ့် တက်ကာစ ၂၀၁၆ ခုတုန်းက Air Force One အသစ်အော်ဒါတွေကို စားရိတ်ကြီးလို့ ရပ်ဆိုင်းထားမယ်လို့ ပြောခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတော့ အဲဒီလေယာဉ်၂စီးကို ဝယ်ဖို့ ဒေါ်လာ ၃.၉ ဘီလီယံနဲ့ အတည်ပြုပေးခဲ့တယ်ဆိုပါတယ်။ ထရမ့်က လက်ရှိ ဆေး ရောင်နဲ့ဒီဇိုင်းကို ပြောင်းပြီး ပိုပြီး အမေရိကန်ဆန်တဲ့ အပြာရင့် ဝမ်းဘိုက်နဲ့ အနီ အဖြူစင်းတွေပါတဲ့ သူ့ရဲ့ မျိုးချစ် အမေရိကန်ဒီဇိုင်း သစ်ကို အေဘီစီ သတင်းထောက်ကိုပြခဲ့ပါသေးတယ်။  အမေရိကန်အလံကအရောင်တွေကို အခြေခံထားတဲ့ ဒီဇိုင်းပါ။ အရင်က ယူအက်စ်အဲယားဝေးလေကြောင်း ကလေယာဉ်ပုံစံ သွားတူနေတယ်လို့ ဝေဘန်သူတွေကဆိုကြပါတယ်။ 



ရက်ပိုင်းအကြာမှာ လွှတ်တော်က အဲဒီလို ဆေး အသစ်ပြာင်းသုတ်မယ့် အစီအစဉ်ကို အပိုစားရိတ်ကိုချွေတာဖို့ အကြောင်းပြပြီး ပယ်ချလိုက်ပါတယ်။ ၂၀၁၄ မှာ Air Force One.ဖြစ်လာမယ့်လေယာဉ်ကြီးတွေကို ဘယ်လိုပုံစံနဲ့ တွေ့ရမယ်ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။

ဖိုးသုည
18-06-19

ကိုးကား


#Hello_Max ! #Ready_to_wake_up ? အင်ဒိုနီးရှား Lionair နဲ့ အီသီယိုးပီးယားအဲယားလိုင်း လေယာဉ်တွေပျက်ကျပြီးနောက် ၂၀၁၉ မတ်လလယ်ကစပြီးမြ...