Thursday, June 6, 2019

ဘိုးအင္းရဲ႕ 737 Max ျပသနာက ပိုင္ေလာ့ေတြကိုပါထိခိုက္ၿပီလား (ဘိုးအင်းရဲ့ 737 Max ပြသနာက ပိုင်လော့တွေကိုပါထိခိုက်ပြီလား)








ဘိုးအင္းရဲ႕  737 Max ျပသနာက ပိုင္ေလာ့ေတြကိုပါထိခိုက္ၿပီလား  (ေဇာ္ဂ်ီ)

Icelandair ေလေၾကာင္းလိုင္းကငွားထားတဲ့ 737 Max ပိုင္းေလာ့ ၄၅ ဦးကိုလည္း အလုပ္ကေန ရပ္ဆဲလိုက္ၿပီလို႔ သတင္းထြက္လာပါတယ္

တပူေပၚ၂ ပူဆင့္ျပသနာျဖစ္ေနတဲ့ ဘိုးအင္းရဲ႕  737 Max ေလယာဥ္ေတြ ဘယ္အခ်ိန္မွ ျပန္လည္ပ်ံသန္းခြင့္ရမယ္ဆိုတာ မေရမရာျဖစ္ေနၿပီး ၂၀၁၉ စက္တင္ဘာလထက္မေစာႏိုင္ဘူးလို႔ IATA ကဆိုထားပါတယ္။
အဲဒီေလယာဥ္ေတြကို ၂၀၁၉ မတ္လကတည္းက ေျမမွာ ရပ္နားထားရလို႔ ေလေၾကာင္းလိုင္းအေတာ္မ်ားမ်ားမွာ ဆုံးရႈံးမႈေတြ တေန႔တျခားတက္ေနပါတယ္။


ခရီးစဥ္ဖ်က္သိမ္းရ

တခ်ိဳ႕လိုင္းေတြဆို ဖ်က္သိမ္းလိုက္ရတဲ့ ခရီးစဥ္ေတြက တေန႔တေန႔ ရာနဲ႔ခ်ီပါတယ္၊ လက္ထဲမွာ 737 Max မရွိေသးေပမယ့္ ေအာ္ဒါမွာထားၿပီး သားလိုင္းေတြကလည္း ေလယာဥ္သစ္ေတြကို လက္ခံရရွိဖို႔ မူလကေဘာတူထားတာထက္ လေပါင္းမ်ားစြာ ေႏွာင့္ေႏွးကုန္တာေၾကာင့္ ႀကိဳတင္ျပင္ဆင္ထားတဲ့ ပိုင္းေလာ့ထရိန္နင္ေတြ ခရီးစဥ္ေတြ အကုန္ ကေမာက္ကမျဖစ္ရပါတယ္။

ေခတၱထားသိုဖို႔ေနရာကို ငွားရ

ေနာက္တခုကေလယာဥ္ေတြကို ေခတၱထားသိုဖို႔ေနရာကို ငွားရပါတယ္။ အဲဒီအတြက္လည္းစားရိတ္တက္ပါတယ္။ အေမရိကမွာေတာ့ အဲလိုေနရာေတြရွိပါတယ္၊ ဥပမာ Southwest airlines  ဟာ သူ႔ရဲ႕ 737 Max ေတြကို ကယ္လီဖိုးနီးယားက Victorville မွာရွိတဲ့ ေလယာဥ္သခ်ႋဳင္း ရွိရာ  Southern California Logistics Airport    ေလဆိပ္ကိုပို႔ထားပါတယ္။
ကယ္လီဖိုးနီးယားက Victorville မွာေခတၱရပ္နားထားေသာ Southwest ေလေၾကာင္းပိုင္ 737Max ေလယာဥ္မ်ား

737 Max ပိုင္းေလာ့

ပိုင္းေလာ့ေတြမွာ အမ်ိဳးစား မတူတဲ့ ေလယာဥ္ေတြကို ေမာင္းဖို႔ သင္တန္းသတ္သတ္စီတက္ရၿပီး လက္မွတ္သတ္သတ္စီရွိရတယ္ဆိုပါတယ္။ ပိုင္းေလာ့တဦးမွာ မတူတဲ့ေလယာဥ္ တမ်ိဳးထက္ပိုေမာင္းႏိုင္တဲ့လက္မွတ္ရွိႏိုင္ေသာ္လည္း ေလေၾကာင္းလိုင္းေတြက ေဘးအႏၲရာယ္ကင္းေဝးေရးအတြက္ ေရွးရႈၿပီး Type rating အမ်ိဳးတူတဲ့ ေလယာဥ္ေတြေပၚမွာပဲ တာဝန္ခ်ေလ့ရွိတာပါ။
Type rating

737 Max ကေတာ့ 737 အုပ္စုထဲဝင္သြားလို႔ 
737 Max ပိုင္းေလာ့ေတြကို  Type rating တူတဲ့ Boeing 737 Classic နဲ႔ Boeing 737 Next Generation ေတြမွာအလွည့္က် တာဝန္ခ်ထားလို႔ေတာ့ရပါတယ္။
ၿပီးခဲ့တဲ့ မတ္လကစၿပီး 737 Max ေတြေျမမွာနားလိုက္ရတဲ့ အခါ အဲဒီ 737 Max ပိုင္းေလာ့ေတြကို ဘယ္မွာသုံးမလဲဆိုတဲ့ေမးခြန္းထြက္ေပၚလာပါတယ္။ 737 ေမာ္ဒယ္အေဟာင္းေတြကို လက္ရွိေျပးဆြဲေနေသးတဲ့လိုင္းေတြကေတာ့ 737 Max ပိုင္းေလာ့ေတြကို Type rating တူတဲ့ Boeing 737 Classic နဲ႔ Boeing 737 Next Generation ေတြမွာအလွည့္က် တာဝန္ခ်ထားလို႔ရပါေသးတယ္။


Iceland ႏိုင္ငံက Icelandair

ဥေရာပနဲ႔ ေျမာက္အေမရိကအၾကားက Icelandကြၽန္းႏိုင္ငံက Icelandair ဟာသူ႔ရဲ႕ပထဝီအေနအထားအရ အလတ္စား wide body  ေလယာဥ္ေတြကို သုံးေနတာပါ။ 

Iceland  ႏိုင္ငံတည္ေနရာျပေျမပုံ

ဘိုးအင္းရဲ႕ သစၥာရွိေဖါက္သည္ႀကီးကသူ႔ရဲ႕ သက္တန္းကုန္ကာနီး 757 ေတြကို ေလယာဥ္သစ္ေတြနဲ႔ အစားထိုးရမယ့္အခ်ိန္မွာ ဘိုအင္းရဲ႕ 737 Max ဟာကုန္က်စားရိတ္နည္းနည္းနဲ႔  သူတို႔ လိုအပ္ခ်က္ကို ျဖည့္ႏိုင္မယ့္ေလယာဥ္အေနနဲ႔ ေပၚထြက္လာခဲ့တာပါ။
737 Max ေတြဟာ narrow body မိသားစုထဲဆက္ေနေပမယ့္ အရင္ 737 ေတြထက္ခရီးပိုေဝးေဝးကိုပ်ံႏိုင္သလို  ခရီးသည္လည္းပိုဆံ့ပါတယ္။ 737 Max ေတြဟာ Iceland ကေန 757 ေရာက္ႏိုင္တဲ့ အမရိက ေနရာေတာ္ေတာ္မ်ားမ်ားကိုေတာ့ မေရာက္ႏိုင္ေပမယ့္ ဥေရာပေနရာအႏွံ႔ကိုပ်ံႏိုင္ပါတယ္။  
Icelandair ေလယာဥ္မ်ားပ်ံသန္းေရာက္ရွိႏိုင္ေသာအကြာအေဝး

Icelandair မွာ လက္ရွိ Boeing 757-200’s ၂၅စီး၊  757-300’s ၂စီး,  767-300ER’s ေလးစီးနဲ႔   Boeing 737 MAX ၅စီး ရွိပါတယ္။



Icelandair နဲ႔ 737 Max ရဲ႕ျပသနာမ်ား

737 Max ေတြနားထားရလို႔ အေမရိကနဲ႔ ဥေရာပကေလေၾကာင္းလိုင္းေတြဟာ သူတို႔အားထားရတဲ့ ၂၀၁၉ ဇြန္လက  ဩဂုတ္လအထိ ေဟာလီးေဒး ခရီးသြားရာသီအတြက္ 737 Max မပါတဲ့ ခရီးစဥ္ေတြကိုျပန္လည္ေရးဆြဲၾကရေတာ့ ေလယာဥ္ေတြ မလုံမေလာက္ျဖစ္ၾကပါတယ္။ ေဒၚလာသန္းနဲ႔ခ်ီၿပီးဆုံးရႈံးပါတယ္။
ဒီလိုျပသနာေတြရင္ဆိုင္ေနရတဲ့ ေလေၾကာင္းလိုင္းေတြထဲက Icelandair ေလေၾကာင္းကေတာ့ ဒီႏွစ္ ခရီးသြားရာသီအတြက္ ဘိုးအင္း 767 ေလယာဥ္၂ စီး နဲ႔ 757 တစီးကိုစက္တင္ဘာလကုန္အထိ ေခတၱငွားရမ္းအသုံးျပဳမယ္လို႔ ဧၿပီလမွာေၾကျငာခဲ့ပါတယ္။  ဒါေပမယ့္ အေမရိကနဲ႔ ကေနဒါ ခရီးစဥ္တခ်ိဳ႕ကိုဖ်က္သိမ္းရၿပီး ဧၿပီလကေန ဇြန္လအထိ ခရီးစဥ္ ၁၀၀ ေက်ာ္ကို ဖ်က္ခဲ့ရပါတယ္။
တခါ ေရခဲေအာင္ေအးတဲ့ Iceland လို ရာသီဉတုက ေျမျပင္မွာေလယာဥ္ေတြကို ၾကာရွည္နားထားလို႔မသင့္ပါ။ သူတို႔ရဲ႕ 737 Max  ေတြကို ပူေႏြးတဲ့ ေဒသမွာ အခေၾကးေငြေပးၿပီး အပ္ထားရမွာပါ။
Icelandair လေၾကာင္းပိုင္ 737 Max ေလယာဥ္တစီး



Icelandair နဲ႔ 737 Max ပိုင္းေလာ့

Icelandair မွာအရင္ကသုံးေနတဲ့ 757 နဲ႔ 767 က Type rating တူလို႔ 757 နဲ႔ 767 ပိုင္းေလာ့ေတြက အဲဒီ၂မ်ိဳးထဲက ဘယ္ေလယာဥ္ကို မဆို အလွည့္က်ေျပာင္းေမာင္းလို႔ရပါတယ္။
737 Max ကေတာ့ 737 အုပ္စုထဲဝင္သြားလို႔ 757 နဲ႔ 767 ပိုင္းေလာ့ေတြကို 737 Max မွာတာဝန္တြဲခ်လို႔ မရပါဘူး။
737 MAX 8s နဲ႔  9s ၁၆ စီးဝယ္ထားတဲ့ Icelandair ဟာ 737 Max ပိုင္းေလာ့ အသစ္ေတြကိုထပ္၍ငွားရပါတယ္။
ၿပီးခဲ့တဲ့ မတ္လကစၿပီး 737 Max ေတြေျမမွာနားလိုက္ရတဲ့ အခါ အဲဒီ 737 Max ပိုင္းေလာ့ ေတြမွာ အလုပ္မရွိျဖစ္ရပါတယ္။ သူတို႔မွာ တျခားလိုင္းေတြလို ေျပးဆြဲေနတဲ့  737 ေမာ္ဒယ္အေဟာင္းေတြမရွိပါ။

အခုေတာ့ Icelandair ေလေၾကာင္းလိုင္းကငွားထားတဲ့ 737 Max ပိုင္းေလာ့ ၄၅ ဦးကိုလည္း အလုပ္ကေန ရပ္ဆဲလိုက္ၿပီလို႔ သတင္းထြက္လာပါတယ္။
သူတို႔ထဲက ၂၁ေယာက္က 737 Max ေတြ မရပ္နားမီကမွခန္႔လိုက္တာျဖစ္ၿပီး က်န္ ၂၄ ဦးကေတာ့ ၿပီးခဲတဲ့ ႏွစ္ေႏွာင္းပိုင္းကတည္းက ဒီလိုင္းရဲ႕ ရပ္နားသြားတဲ့ ေလယာဥ္ေတြကို ေမာင္းေနတာဆိုပါတယ္။
ဒီေၾကျငာခ်က္ကို ပိုင္းေလာ့သင္တန္းတခုမွာထုတ္ျပန္ခဲ့တယ္လို႔ aviation24.be သတင္းကဆိုပါတယ္။
737 Max ေလယာဥ္ေတြေျမမွာနားေနေသးသ၍ Icelandair က 737 Max ပိုင္းေလာ့ေတြဟာ သူတို႔ေလေၾကာင္းလိုင္းအတြက္ ဝန္ထုပ္ဝန္ပိုးျဖစ္ေနတာမွန္ေပမယ့္ ေနာင္လာမယ့္ ၃လေလာက္မွာ အဲဒီေလယာဥ္ေတြပ်ံသန္းခြင့္ရလာလ်င္ သူတို႔ကိုျပန္လိုအပ္မွာျဖစ္ပါတယ္ ။ ေနာက္ထပ္ေရာက္လာမယ့္ေလယာဥ္ေတြကေနာက္က်ဖို႔ရွိေနေပမယ့္၊ ပိုင္းေလာ့ေတြကိုလည္း ထရိန္နင္ေတြေပးရဦးမွာျဖစ္လို႔ 737 Max ပိုင္ေလာ့အားလုံးကိုထုတ္ပစ္ရင္ေတာ့ အေတာ္လက္ေတြ႕မဆန္တာပါ။
ပိုင္းေလာ့ေတြကို အလုပ္ထုတ္ပစ္လ်င္ ေလွ်ာ္ေၾကးေတြေပးရဦးမွာလည္းျဖစ္ပါတယ္။
အကယ္၍  Icelandair  က သူဝယ္ထားတဲ့ 737 Max ၁၆ စီးကို လုံးဝမသုံးေတာ့ဘူးလို႔ ဆုံးျဖတ္လိုက္တာ မဟုတ္လ်င္ေတာ့ ဒီသတင္း မွန္ဖို႔ ခက္ပါတယ္။
ဖိုးသုည
6-6-19


ဘိုးအင်းရဲ့  737 Max ပြသနာက ပိုင်လော့တွေကိုပါထိခိုက်ပြီလား (ယူနီကုဒ်) (ယူနီကုဒ်)

Icelandair လေကြောင်းလိုင်းကငှားထားတဲ့ 737 Max ပိုင်းလော့ ၄၅ ဦးကိုလည်း အလုပ်ကနေ ရပ်ဆဲလိုက်ပြီလို့ သတင်းထွက်လာပါတယ်


တပူပေါ်၂ ပူဆင့်ပြသနာဖြစ်နေတဲ့ ဘိုးအင်းရဲ့  737 Max လေယာဉ်တွေ ဘယ်အချိန်မှ ပြန်လည်ပျံသန်းခွင့်ရမယ်ဆိုတာ မရေမရာဖြစ်နေပြီး ၂၀၁၉ စက်တင်ဘာလထက်မစောနိုင်ဘူးလို့ IATA ကဆိုထားပါတယ်။
အဲဒီလေယာဉ်တွေကို ၂၀၁၉ မတ်လကတည်းက မြေမှာ ရပ်နားထားရလို့ လေကြောင်းလိုင်းအတော်များများမှာ ဆုံးရှုံးမှုတွေ တနေ့တခြားတက်နေပါတယ်။

ခရီးစဉ်ဖျက်သိမ်းရ

တချို့လိုင်းတွေဆို ဖျက်သိမ်းလိုက်ရတဲ့ ခရီးစဉ်တွေက တနေ့တနေ့ ရာနဲ့ချီပါတယ်၊ လက်ထဲမှာ 737 Max မရှိသေးပေမယ့် အော်ဒါမှာထားပြီး သားလိုင်းတွေကလည်း လေယာဉ်သစ်တွေကို လက်ခံရရှိဖို့ မူလကဘောတူထားတာထက် လပေါင်းများစွာ နှောင့်နှေးကုန်တာကြောင့် ကြိုတင်ပြင်ဆင်ထားတဲ့ ပိုင်းလော့ထရိန်နင်တွေ ခရီးစဉ်တွေ အကုန် ကမောက်ကမဖြစ်ရပါတယ်။

ခေတ္တထားသိုဖို့နေရာကို ငှားရ

နောက်တခုကလေယာဉ်တွေကို ခေတ္တထားသိုဖို့နေရာကို ငှားရပါတယ်။ အဲဒီအတွက်လည်းစားရိတ်တက်ပါတယ်။ အမေရိကမှာတော့ အဲလိုနေရာတွေရှိပါတယ်၊ ဥပမာ Southwest airlines  ဟာ သူ့ရဲ့ 737 Max တွေကို ကယ်လီဖိုးနီးယားက Victorville မှာရှိတဲ့ လေယာဉ်သင်္ချိုင်း ရှိရာ  Southern California Logistics Airport    လေဆိပ်ကိုပို့ထားပါတယ်။

737 Max ပိုင်းလော့

ပိုင်းလော့တွေမှာ အမျိုးစား မတူတဲ့ လေယာဉ်တွေကို မောင်းဖို့ သင်တန်းသတ်သတ်စီတက်ရပြီး လက်မှတ်သတ်သတ်စီရှိရတယ်ဆိုပါတယ်။ ပိုင်းလော့တဦးမှာ မတူတဲ့လေယာဉ် တမျိုးထက်ပိုမောင်းနိုင်တဲ့လက်မှတ်ရှိနိုင်သော်လည်း လေကြောင်းလိုင်းတွေက ဘေးအန္တရာယ်ကင်းဝေးရေးအတွက် ရှေးရှုပြီး Type rating အမျိုးတူတဲ့ လေယာဉ်တွေပေါ်မှာပဲ တာဝန်ချလေ့ရှိတာပါ။
737 Max ကတော့ 737 အုပ်စုထဲဝင်သွားလို့  737 Max ပိုင်းလော့တွေကို Type rating တူတဲ့ Boeing 737 Classic နဲ့ Boeing 737 Next Generation တွေမှာအလှည့်ကျ တာဝန်ချထားလို့တော့ရပါတယ်။
ပြီးခဲ့တဲ့ မတ်လကစပြီး 737 Max တွေမြေမှာနားလိုက်ရတဲ့ အခါ အဲဒီ 737 Max ပိုင်းလော့တွေကို ဘယ်မှာသုံးမလဲဆိုတဲ့မေးခွန်းထွက်ပေါ်လာပါတယ်။ 737 မော်ဒယ်အဟောင်းတွေကို လက်ရှိပြေးဆွဲနေေသးတဲ့လိုင်းတွေကတော့ 737 Max ပိုင်းလော့တွေကို Type rating တူတဲ့ Boeing 737 Classic နဲ့ Boeing 737 Next Generation တွေမှာအလှည့်ကျ တာဝန်ချထားလို့ရပါသေးတယ်။

Iceland နိုင်ငံက Icelandair

ဥရောပနဲ့ မြောက်အမေရိကအကြားက Icelandကျွန်းနိုင်ငံက Icelandair ဟာသူ့ရဲ့ပထဝီအနေအထားအရ အလတ်စား wide body  လေယာဉ်တွေကို သုံးနေတာပါ။ ဘိုးအင်းရဲ့ သစ္စာရှိဖေါက်သည်ကြီးကသူ့ရဲ့ သက်တန်းကုန်ကာနီး 757 တွေကို လေယာဉ်သစ်တွေနဲ့ အစားထိုးရမယ့်အချိန်မှာ ဘိုအင်းရဲ့ 737 Max ဟာကုန်ကျစားရိတ်နည်းနည်းနဲ့  သူတို့ လိုအပ်ချက်ကို ဖြည့်နိုင်မယ့်လေယာဉ်အနေနဲ့ ပေါ်ထွက်လာခဲ့တာပါ။
737 Max တွေဟာ narrow body မိသားစုထဲဆက်နေပေမယ့် အရင် 737 တွေထက်ခရီးပိုဝေးဝေးကိုပျံနိုင်သလို  ခရီးသည်လည်းပိုဆံ့ပါတယ်။ 737 Max တွေဟာ Iceland ကနေ 757 ရောက်နိုင်တဲ့ အမရိက နေရာတော်တော်များများကိုတော့ မရောက်နိုင်ပေမယ့် ဥရောပနေရာအနှံ့ကိုပျံနိုင်ပါတယ်။  
Icelandair မှာ လက်ရှိ Boeing 757-200’s ၂၅စီး၊  757-300’s ၂စီး,  767-300ER’s လေးစီးနဲ့   Boeing 737 MAX ၅စီး ရှိပါတယ်။

Icelandair နဲ့ 737 Max ရဲ့ပြသနာများ

737 Max တွေနားထားရလို့ အမေရိကနဲ့ ဥရောပကလေကြောင်းလိုင်းတွေဟာ သူတို့အားထားရတဲ့ ၂၀၁၉ ဇွန်လက  ဩဂုတ်လအထိ ဟောလီးဒေး ခရီးသွားရာသီအတွက် 737 Max မပါတဲ့ ခရီးစဉ်တွေကိုပြန်လည်ရေးဆွဲကြရတော့ လေယာဉ်တွေ မလုံမလောက်ဖြစ်ကြပါတယ်။ ဒေါ်လာသန်းနဲ့ချီပြီးဆုံးရှုံးပါတယ်။
ဒီလိုပြသနာတွေရင်ဆိုင်နေရတဲ့ လေကြောင်းလိုင်းတွေထဲက Icelandair လေကြောင်းကတော့ ဒီနှစ် ခရီးသွားရာသီအတွက် ဘိုးအင်း 767 လေယာဉ်၂ စီး နဲ့ 757 တစီးကိုစက်တင်ဘာလကုန်အထိ ခေတ္တငှားရမ်းအသုံးပြုမယ်လို့ ဧပြီလမှာကြေငြာခဲ့ပါတယ်။  ဒါပေမယ့် အမေရိကနဲ့ ကနေဒါ ခရီးစဉ်တချို့ကိုဖျက်သိမ်းရပြီး ဧပြီလကနေ ဇွန်လအထိ ခရီးစဉ် ၁၀၀ ကျော်ကို ဖျက်ခဲ့ရပါတယ်။
တခါ ရေခဲအောင်အေးတဲ့ Iceland လို ရာသီဉတုက မြေပြင်မှာလေယာဉ်တွေကို ကြာရှည်နားထားလို့မသင့်ပါ။ သူတို့ရဲ့ 737 Max  တွေကို ပူနွေးတဲ့ ဒေသမှာ အခကြေးငွေပေးပြီး အပ်ထားရမှာပါ။

Icelandair နဲ့ 737 Max ပိုင်းလော့

Icelandair မှာအရင်ကသုံးနေတဲ့ 757 နဲ့ 767 က Type rating တူလို့ 757 နဲ့ 767 ပိုင်းလော့တွေက အဲဒီ၂မျိုးထဲက ဘယ်လေယာဉ်ကို မဆို အလှည့်ကျပြောင်းမောင်းလို့ရပါတယ်။
737 Max ကတော့ 737 အုပ်စုထဲဝင်သွားလို့ 757 နဲ့ 767 ပိုင်းလော့တွေကို 737 Max မှာတာဝန်တွဲချလို့ မရပါဘူး။
737 MAX 8s နဲ့  9s ၁၆ စီးဝယ်ထားတဲ့ Icelandair ဟာ 737 Max ပိုင်းလော့ အသစ်တွေကိုထပ်၍ငှားရပါတယ်။
ပြီးခဲ့တဲ့ မတ်လကစပြီး 737 Max တွေမြေမှာနားလိုက်ရတဲ့ အခါ အဲဒီ 737 Max ပိုင်းလော့ တွေမှာ အလုပ်မရှိဖြစ်ရပါတယ်။ သူတို့မှာ တခြားလိုင်းတွေလို ပြေးဆွဲနေတဲ့  737 မော်ဒယ်အဟောင်းတွေမရှိပါ။

အခုတော့ Icelandair လေကြောင်းလိုင်းကငှားထားတဲ့ 737 Max ပိုင်းလော့ ၄၅ ဦးကိုလည်း အလုပ်ကနေ ရပ်ဆဲလိုက်ပြီလို့ သတင်းထွက်လာပါတယ်။
သူတို့ထဲက ၂၁ယောက်က 737 Max တွေ မရပ်နားမီကမှခန့်လိုက်တာဖြစ်ပြီး ကျန် ၂၄ ဦးကတော့ ပြီးခဲတဲ့ နှစ်နှောင်းပိုင်းကတည်းက ဒီလိုင်းရဲ့ ရပ်နားသွားတဲ့ လေယာဉ်တွေကို မောင်းနေတာဆိုပါတယ်။
ဒီကြေငြာချက်ကို ပိုင်းလော့သင်တန်းတခုမှာထုတ်ပြန်ခဲ့တယ်လို့ aviation24.beသတင်းကဆိုပါတယ်။
737 Max လေယာဉ်တွေမြေမှာနားနေသေးသ၍ Icelandair က 737 Max ပိုင်းလော့တွေဟာ သူတို့လေကြောင်းလိုင်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာမှန်ပေမယ့် နောင်လာမယ့် ၃လလောက်မှာ အဲဒီလေယာဉ်တွေပျံသန်းခွင့်ရလာလျင် သူတို့ကိုပြန်လိုအပ်မှာဖြစ်ပါတယ် ။ နောက်ထပ်ရောက်လာမယ့်လေယာဉ်တွေကနောက်ကျဖို့ရှိနေပေမယ့်၊ ပိုင်းလော့တွေကိုလည်း ထရိန်နင်တွေပေးရဦးမှာဖြစ်လို့ 737 Max ပိုင်လော့အားလုံးကိုထုတ်ပစ်ရင်တော့ အတော်လက်တွေ့မဆန်တာပါ။
ပိုင်းလော့တွေကို အလုပ်ထုတ်ပစ်လျင် လျှော်ကြေးတွေပေးရဦးမှာလည်းဖြစ်ပါတယ်။
အကယ်၍  Icelandair  က သူဝယ်ထားတဲ့ 737 Max ၁၆ စီးကို လုံးဝမသုံးတော့ဘူးလို့ ဆုံးဖြတ်လိုက်တာ မဟုတ်လျင်တော့ ဒီသတင်း မှန်ဖို့ ခက်ပါတယ်။
ဖိုးသုည
6-6-19





737 Max ပိုင်းလော့
ပိုင်းလော့တွေမှာ အမျိုးစား မတူတဲ့ လေယာဉ်တွေကို မောင်းဖို့ သင်တန်းသတ်သတ်စီတက်ရပြီး လက်မှတ်သတ်သတ်စီရှိရတယ်ဆိုပါတယ်။ ပိုင်းလော့တဦးမှာ မတူတဲ့လေယာဉ် တမျိုးထက်ပိုမောင်းနိုင်တဲ့လက်မှတ်ရှိနိုင်သော်လည်း လေကြောင်းလိုင်းတွေက ဘေးအန္တရာယ်ကင်းဝေးရေးအတွက် ရှေးရှုပြီး Type rating အမျိုးတူတဲ့ လေယာဉ်တွေပေါ်မှာပဲ တာဝန်ချလေ့ရှိတာပါ။

757 နဲ့ 767 က Type rating တူလို့ 757 နဲ့ 767 ပိုင်းလော့တွေက အဲဒီ၂မျိုးထဲက ဘယ်လေယာဉ်ကို မဆို အလှည့်ကျပြောင်းမောင်းလို့ရပါတယ်။
737 Max ကတော့ 737 အုပ်စုထဲဝင်သွားလို့ 757 နဲ့ 767 ပိုင်းလော့တွေကို 737 Max မှာတာဝန်တွဲချလို့ မရပါဘူး။


757 နဲ့ 767 က Type rating တူလို့ 757 နဲ့ 767 ပိုင်းလော့တွေက အဲဒီ၂မျိုးထဲက ဘယ်လေယာဉ်ကို မဆို အလှည့်ကျပြောင်းမောင်းလို့ရပါတယ်။
737 Max ကတော့ 737 အုပ်စုထဲဝင်သွားလို့ 757 နဲ့ 767 ပိုင်းလော့တွေကို 737 Max မှာတာဝန်တွဲချလို့ မရပါဘူး။
737 MAX 8s နဲ့  9s ၁၆ စီးဝယ်ထားတဲ့ Icelandair ဟာ737 Max ပိုင်းလော့ အသစ်တွေကိုထပ်၍ငှားရပါတယ်။
ပြီးခဲ့တဲ့ မတ်လကစပြီး 737 Max တွေမြေမှာနားလိုက်ရတဲ့ အခါ အဲဒီ 737 Max ပိုင်းလော့ တွေမှာ အလုပ်မရှိဖြစ်ရပါတယ်။
တခြားလိုင်းတွေမှာက 737 မော်ဒယ်အဟောင်းတွေရှိနေတော့ 737 Max ပိုင်းလော့တွေကို Type rating တူတဲ့ Boeing 737 Classic နဲ့ Boeing 737 Next Generation တွေမှာအလှည့်ကျ တာဝန်ချထားလို့ရပါသေးတယ်။
737 Max လေယာဉ်တွေမြေမှာနားနေသေးသ၍ Icelandair က 737 Max ပိုင်းလော့တွေဟာသူတို့လေကြောင်းလိုင်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာမှန်ပေမယ့် နောင်လာမယ့် ၃လလောက်မှာ အဲဒီလေယာဉ်တွေပျံသန်းခွင့်ရလာလျင် သူတို့ကိုပြန်လိုအပ်မှာဖြစ်ပါတယ် ။ နောက်ရောက်လာမယ့်လေယာဉ်တွေကနောက်ကျဖို့ရှိနေပေမယ့်၊ ပိုင်းလော့တွေကိုလည်း ထရိန်နင်တွေပေးရဦးမှာဖြစ်လို့ ပိုင်လော့အားလုံးကိုထုတ်ပစ်ရင်တော့ အတော်လက်တွေ့မဆန်တာပါ။
ပိုင်းလော့တွေကို အလုပ်ထုတ်ပစိလျင် လျှော်ကြေးတွေပေးရဦးမှာလည်းဖြစ်ပါတယ်။
အကယ်၍  Icelandair  က 737 Max တွေကို လုံးဝမသုံးတော့ဘုးလို့ ဆုံးဖြတ်လိုက်တာမဟုတ်လျင်တော့ ဒီသတင်း မှန်ဖို့ ခက်ပါတယ်။
ဖိုးသုည
6-6-19


Tuesday, June 4, 2019

ဘာရယ္မဟုတ္ပဲ ေျပာလိုက္တဲ့ စကားတခြန္းရဲ႕ အတိုင္းအတာ ( ဘာရယ်မဟုတ်ပဲ ပြောလိုက်တဲ့ စကားတခွန်းရဲ့ အတိုင်းအတာ)

ဘာရယ္မဟုတ္ပဲ ေျပာလိုက္တဲ့ စကားတခြန္းရဲ႕ အတိုင္းအတာ

၂၀၁၈ ဧၿပီလ ၅ ရက္ ၾကာသပေတးေန႔၊
စကၤာပူ အေျခစိုက္  Scoot ေလေၾကာင္းလိုင္းက အသက္ ၂၃ ႏွစ္အ႐ြယ္ ေလယာဥ္မယ္ကေလး  ဘူဂ်ိဳဝီးတေယာက္ Singapore - Hat Yai  ခရီးစဥ္ Scoot flight TR634  မွာတာဝန္ထမ္းဖို႔ အလွည့္က်ပါတယ္။
တနာရီခြဲသာသာခရီးအတြက္ လိုအပ္တာေတြျပင္ဆင္အၿပီး ေလယာဥ္ေပၚတက္လာတဲ့ ခရီးသည္ေတြကို လိုအပ္တာေတြကူညီေနစဥ္ ေန႔လည္ ၁၂း ၅၅ ေလာက္မွာ သတ္မွတ္အ႐ြယ္ထက္ႀကီးေနတဲ့ ခရီးေဆာင္အိတ္တလုံးကို ပစၥည္းတင္အကန္႔မွာ မရမကထိုးထည့္ေနတဲ့ ခရီးသည္တေယာက္ကို သတိထားလိုက္မိပါတယ္။
ဘက္ဂ်က္လိုင္းေတြမွာ အပ္ႏွံပစၥည္းေတြအတြက္ အခေၾကးေငြေပးရေတာ့ တခ်ိဳ႕ခရီးသည္ေတြက  ဟန္းကယ္ရီကို မႏိုင္မနင္းထည့္သယ္တတ္ပါတယ္။
အေဖၚ၂ ေယာက္နဲ႔ အတူခရီးထြက္လာတဲ့ စကၤာပူႏိုင္ငံသား ရွဴခြၽန္မန္း (လက္ေထာက္မန္ေနဂ်ာ , အသက္ ၄၁ႏွစ္) ယူလာတဲ့ ဟန္းကယ္ရီ အိတ္က သတ္မွတ္ထားတဲ့ အ႐ြယ္ထက္ပိုႀကီးေနပါတယ္။ ဒါေၾကာင့္အိတ္ကို သူခုံအထက္ကပစၥည္းတင္အကန္႔မွာ ထိုးထည့္ၿပီးေသာ္လည္း အကန္႔အဖုံးပိတ္မရေအာင္ ထြက္ေနပါတယ္။
ေလယာဥ္မယ္ ဘူဂ်ိဳဝီး ကတာဝန္အရ ရွဴခြၽန္မန္းထံခ်ဥ္းကပ္သြားၿပီး ‘ လူႀကီးမင္းရဲ႕ အိတ္က သတ္မွတ္ထားတဲ့အ႐ြယ္ထက္ပိုႀကီးေနလို႔ ေလယာဥ္ေအာက္က ကုန္စည္ခန္းထဲကို ထည့္ရပါမယ္။" လို့ဆိုေပမယ့္ သူက အိတ္ကို မရမကထိုးထည့္ဖို႔ႀကိဳးစားေနပါေသးတယ္။ မျဖစ္ႏိုင္တာေသခ်ာေတာ့မွ လက္ေလွ်ာ့ၿပီး အိတ္ကို ေအာက္ထပ္ ကုန္စည္ခန္းထဲကိုကိုပို႔ဖို႔ သေဘာတူခဲ့ပါတယ္။ “ လူႀကီးမင္း အိတ္ထဲမွာ အေရးႀကီးပစၥည္းဘာေတြပါပါသလဲ ။  ပါ့စ္ပို႔၊ စာ႐ြက္စာတန္း ၊ တန္ဖိုးႀကီးပစၥည္းနဲ႔ လစ္သီယံ ဓါတ္ခဲလို ပစၥည္းေတြကိုေတာ့ ထုတ္ယူထားရပါမယ္။ “ လို႔ ေလယာဥ္မယ္က ေျပာပါတယ္။
ဒါကို မေက်နပ္တဲ့ ခရီးသည္ ရွဴခြၽန္မန္း က “ ဘာမွမပါဘူး. ဗုံးပဲပါတယ္” လို႔ ဘုေတာခဲ့ပါတယ္။ ၿပီးမွသူ႔ကို ရွဴတည္တည္ ျပန္ၾကည့္ေနတဲ့ ေလယဥ္မယ္ကို ေလသံေျပာင္းၿပီး” ဗုံးမဟုတ္ပါဘူး ေနာက္တာပါ။ ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလည္း” လို႔ ျပန္ေျပာခဲ့ပါတယ္။
ေလယာဥ္မယ္ ဘူဂ်ိဳဝီးက သူ႔စကားေၾကာင့္ တပ္လွန္႔လိုက္သလိုျဖစ္ေပမဲ့ "ေနာက္တာပါ" ဆိုတာကို လက္ခံလိုက္ပါတယ္။ သူမ လုပ္စရာရွိတာေတြကို ဆက္လုပ္အၿပီးမွာေတာ့ ေလယာဥ္တက္ကာနီးမွာ သူမရဲ႕ အဖြဲ႕ေခါင္းေဆာင္ ေလယာဥ္မယ္ ဂင္နီေခ်ာင္ဝမ္ခ်င္း ကို အဲဒီအျဖစ္ကို သတင္းပို႔ပါတယ္။  အသက္ ၂၆ ႏွစ္သာရွိေသးတဲ့ အဖြဲ႕ေခါင္းေဆာင္ ဂင္နီက ဘူဂ်ိဳဝီး ကို “ ဒီလိုကိစၥမ်ိဳးဆိုတာ အၿမဲ အေလးအနက္ထားရပါတယ္။ ေနာက္တာလို႔ပဲ ေျပာေျပာ ေပါ့ဆလို႔ မရပါဘူး” လို႔ ေျပာၿပီး ေလယာဥ္ဝန္ထမ္းအားလုံးရဲ႕ ေခါင္းေဆာင္ျဖစ္တဲ့ ကက္ပတိန္ကို ခ်က္ခ်င္းသတင္းပို႔ဖို႔လုပ္ပါတယ္။
ျဖစ္ခ်င္ေတာ့ အဲဒီအခ်ိန္မွာေလယာဥ္က ပ်ံတက္ဖို႔ စလုပ္ေနၿပီျဖစ္တာေၾကာင့္ ေလယာဥ္ေမာင္းခန္းကို ေလယာဥ္မယ္ေခါင္းေဆာင္ ဂင္နီ ဝင္ခြင့္မရွိေတာ့ပါ။
ေလယာဥ္ပ်ံေလထဲေရာက္ေတာ့မွ သူမကအက်ိဳးအေၾကာင္းေျပာျပလို႔ ကက္ပတိန္က ဂင္နီကို ေလယာဥ္ေမာင္းခန္းကို ဝင္ခြင့္ျပဳၿပီး အေသးစိပ္သတင္းပို႔ေစပါတယ္။
ေလယာဥ္ေပၚမွာ ဗုံးပါတယ္လို႔ေျပာတာဟာေနာက္ေျပာင္တာပင္ျဖစ္ပါေစ အေလး အနက္ထားကိုင္တြယ္ဖို႔ ေလ့က်င့္ထားၾကတဲ့သူေတြပီပီ လုပ္ထုံးလုပ္နည္း ပ႐ိုတိုေကာအရ ေလယာဥ္ေရာက္ရွိေနတဲ့ မေလးရွား ေလပိုင္နက္ထိန္းခ်ဳပ္ေမွ်ာ္စင္ ကို "Mayday" တပ္လွန္႔အေၾကာင္းၾကားလိုက္ပါတယ္။





စကၤာပူေလေၾကာင္းထိန္းသိမ္ေရး စခန္းကိုလည္းသတင္းပို႔ၿပီး ေလယာဥ္ကို အနီးဆုံး ျဖစ္တဲ့ ေလဆိပ္မွာဆင္းရမည္ဆိုတဲ့ လုပ္ထုံးလုပ္နည္းအရ စကၤာပူခ်န္ဂီေလဆိပ္ကို ျပန္လွည့္ၿပီး အေရးေပၚဆင္းဖို႔စီစဥ္ပါတယ္။ အၿမဲအဆင္သင့္ျဖစ္ေနတဲ့ စကၤာပူေလတပ္က ပိုင္းေလာ့ရဲ႕ တပ္လွန္႔သတင္းေၾကာင့္ အက္ ၁၅ ႏွစ္စီးကို ခ်က္ခ်င္းေစလႊတ္လိုက္ၿပီး အဲဒီ Scoot flight TR634 ေလယာဥ္ကို ေစာင့္ၾကပ္ပ်ံသန္းလိုက္ပါေစပါတယ္။

ေန႔လည္ ၃း၂၀ နာရီမွာေတာ့ အဲဒီေလယာဥ္က ခ်န္ဂီေလဆိပ္ကိုေဘးကင္းစြာဆင္းသက္လိုက္ပါတယ္။ ဆင္းတာနဲ႔ ေလဆိပ္အေဆာက္အဦေတြနဲ႔ေဝးတဲ့ အေနရာမွာ ရပ္နားေစခဲ့ပါတယ္။
ရဲတပ္ဖြဲ႕ေတြေရာက္လာတဲ့အခါမွသာ ခရီးသည္ နဲ႔ ဝန္ထမ္း ၁၇၉ ေယာက္လုံးကို ေလယာဥ္ေပၚက ဆင္းသက္ေစၿပီး လုံၿခဳံရးစစ္ေဆးမႈေတြလုပ္ပါတယ္။ ေလယာဥ္ကို လည္းေသေသခ်ာခ်ာစစ္ေဆး၊ ေနာက္ေျပာင္မိခဲ့တဲ့ ခရီးသည္ ရႈနဲ႔ သူ႔ခရီးသြားေဖၚ ၂ ေယာက္တို႔ရဲ႕အိတ္ေတြအားလုံးကိုလည္း ရွာေဖြစစ္ေဆးၾကပါတယ္။ ဗုံးလည္းတကယ္မေတြ႕လို႔ အားလုံးေဘးကင္းေၾကာင္းေသခ်ာတဲ့ အခါ ေလယာဥ္ခရီး ၄နာရီ ၄၈ မိနစ္ေနာက္က်ခဲ့ၿပီး ေလယာဥ္ျပန္လည္ထြက္ခြာႏိုင္ခဲ့ပါတယ္.

ဒီလိုဗုံးနဲ႔ပတ္သက္တဲ့ တပ္လွန္႔မႈျဖစ္လ်င္လုပ္ရတဲ့ လုပ္ထုံးလုပ္နည္းအရ ပိုင္းေလာ့ေတြနဲ႔ ေလယာဥ္ဝန္ထမ္းအခ်ိဳ႕ေတြကို တာဝန္လဲေပးရသလို၊ ခရီးဖင့္တဲ့ ခရီးသည္ေတြ အစားအေသာက္အတြက္  ကူပြန္ေတြကိုလည္း ေလေၾကာင္းလိုင္းကေပးခဲ့ရပါတယ္။ အဲဒီအက်ိဳးဆက္ကေတာ့ ျဖစ္စဥ္တခုလုံဲးအတြက္ Scoot ေလေၾကာင္းက စကၤာပူေဒၚလာ ၁၃,၇၅၇ ေဒၚလာဆုံးရွဴံးနစ္နာခဲ့ရတယ္လို႔ တရား႐ုံးမွာ တင္ျပခဲ့ပါတယ္။
ေနာက္ေျပာင္မိခဲ့တဲ့ ခရီးသည္ ရွဴ ကို စကၤာပူရဲတပ္ဖြဲ႕က ကုလသမဂၢ အၾကမ္းဖက္တိုက္ခိုက္မႈ တားဆီးေရးဥပေဒနဲ႔ ဖမ္းဆီးခဲ့ပါတယ္။ အဲဒီဥပေဒအတိုင္း သူသာတကယ္ ျပစ္မႈထင္ရွားလ်င္ ဒါဏ္ေငြ စကၤာပူေဒၚလာ ငါးသိန္း (သို႔) ေထာင္ဒါဏ္ ဆယ္ႏွစ္ ( သို႔) ၂မ်ိဳးလုံးက်ခံရႏိုင္တာပါ။
ေနာက္ပိုင္းမွာေတာ့ ရွဴခြၽန္မန္း ကို " အေႏွာက္အယွက္ျပဳျခင္းမွ ကာကြယ္တဲ့ဥပေဒ"  နဲ႔ ေျပာင္းလြဲတရားစြဲခဲ့ပါတယ္။
တရားခြင္မွာ အစိုးရဥပေဒအရာရွိ နီကိုလတ္စ္ခူးက 'ေနာင္တြင္ ဒီလို အျပဳအမူမ်ိဳးမွထပ္မံျဖစ္ပြားျခင္းမွေရွာင္ရွားဖို႔ လက္လြတ္စလြယ္ျပဳမူေျပာဆိုတတ္သူေတြကို သတိေပးသလိုျဖစ္ေအာင္ ျပင္းထန္တဲ့ အေရးယူမႈမ်ိဳးလိုအပ္ေၾကာင္း' တင္ျပခဲ့တာပါ။ တရားသူႀကီး အဒမ္နာကိုဒါကလည္း ရွဴခြၽန္မန္း ရဲ႕ အျပဳအမူဟာ လုံးဝ လက္ခံႏိုင္စရာမရွိဘူးဆိုတာကို သေဘာတူလို႔ အဲဒီျပစ္မႈရဲ႕ အျမင့္ဆုံးပစ္ဒါဏ္  ဒါဏ္ေငြ ေဒၚလာ ၅၀၀၀ ကို ၅၀၀ သာေလွ်ာ့ၿပီး ဒါဏ္ေငြ ေဒၚလာ ၄၅၀၀ ခ်မွတ္ခဲ့ပါတယ္။
အမွားအယြင္းမခံတဲ့ လုံၿခဳံေရးကိစၥလို မ်ိဳးမွာ စိတ္လိုက္မာန္ပါပဲျဖစ္ေစ၊ အေပ်ာ္အပ်က္ပဲျဖစ္ေစ ႏႈတ္မေစာင့္စည္းႏိုင္ခဲ့လ်င္ ဆိုး႐ြားတဲ့ အက်ိဳးဆက္ကို ခံစားရတယ္ဆိုတဲ့ သင္ခန္းစာတခုပါ။
သားေတာ္ေမာင္ ေျပာဖူးတာေလးကို သတိရမိပါတယ္။ "အေဖ၊ ေလဆိပ္မွာ မိတ္ေဆြ " ဂ်က္" ကို လွမ္းေတြ႕လို႔ ဝမ္းသာအားရနဲ႔ " ဟိုင္း ဂ်က္"
လို႔ လွမ္းမေအာ္မိေစနဲ႔ေနာ္၊  လုံၿခဳံေရးက ေလယဥ္အပိုင္စီးတဲ့ Hijack ထင္ၿပီး ဝိုင္းလာလိမ့္မယ္"  တဲ့။
ဖိုးသုည
04-06-19


ဘာရယ်မဟုတ်ပဲ ပြောလိုက်တဲ့ စကားတခွန်းရဲ့ အတိုင်းအတာ (ယူနီကုဒ်) 

၂၀၁၈ ဧပြီလ ၅ ရက် ကြာသပတေးနေ့၊
စင်္ကာပူ အခြေစိုက်  Scoot လေကြောင်းလိုင်းက အသက် ၂၃ နှစ်အရွယ် လေယာဉ်မယ်ကလေး  ဘူဂျိုဝီးတယောက် Singapore - Hat Yai  ခရီးစဉ် Scoot flight TR634  မှာတာဝန်ထမ်းဖို့ အလှည့်ကျပါတယ်။
တနာရီခွဲသာသာခရီးအတွက် လိုအပ်တာတွေပြင်ဆင်အပြီး လေယာဉ်ပေါ်တက်လာတဲ့ ခရီးသည်တွေကို လိုအပ်တာတွေကူညီနေစဉ် နေ့လည် ၁၂း ၅၅ လောက်မှာ သတ်မှတ်အရွယ်ထက်ကြီးနေတဲ့ ခရီးဆောင်အိတ်တလုံးကို ပစ္စည်းတင်အကန့်မှာ မရမကထိုးထည့်နေတဲ့ ခရီးသည်တယောက်ကို သတိထားလိုက်မိပါတယ်။
ဘက်ဂျက်လိုင်းတွေမှာ အပ်နှံပစ္စည်းတွေအတွက် အခကြေးငွေပေးရတော့ တချို့ခရီးသည်တွေက  ဟန်းကယ်ရီကို မနိုင်မနင်းထည့်သယ်တတ်ပါတယ်။
အဖေါ်၂ ယောက်နဲ့ အတူခရီးထွက်လာတဲ့ စင်္ကာပူနိုင်ငံသား ရှူချွန်မန်း (လက်ထောက်မန်နေဂျာ , အသက် ၄၁နှစ်) ယူလာတဲ့ ဟန်းကယ်ရီ အိတ်က သတ်မှတ်ထားတဲ့ အရွယ်ထက်ပိုကြီးနေပါတယ်။ ဒါကြောင့်အိတ်ကို သူခုံအထက်ကပစ္စည်းတင်အကန့်မှာ ထိုးထည့်ပြီးသော်လည်း အကန့်အဖုံးပိတ်မရအောင် ထွက်နေပါတယ်။
လေယာဉ်မယ် ဘူဂျိုဝီး ကတာဝန်အရ ရှူချွန်မန်းထံချဉ်းကပ်သွားပြီး ‘ လူကြီးမင်းရဲ့ အိတ်က သတ်မှတ်ထားတဲ့အရွယ်ထက်ပိုကြီးနေလို့ လေယာဉ်အောက်က ကုန်စည်ခန်းထဲကို ထည့်ရပါမယ်" လို့ ဆိုပေမယ့် သူက အိတ်ကို မရမကထိုးထည့်ဖို့ကြိုးစားနေပါသေးတယ်။ မဖြစ်နိုင်တာသေချာတော့မှ လက်လျှော့ပြီး အိတ်ကို အောက်ထပ် ကုန်စည်ခန်းထဲကိုကိုပို့ဖို့ သဘောတူခဲ့ပါတယ်။ “ လူကြီးမင်း အိတ်ထဲမှာ အရေးကြီးပစ္စည်းဘာတွေပါပါသလဲ ။  ပါ့စ်ပို့၊ စာရွက်စာတန်း ၊ တန်ဖိုးကြီးပစ္စည်းနဲ့ လစ်သီယံ ဓါတ်ခဲလို ပစ္စည်းတွေကိုတော့ ထုတ်ယူထားရပါမယ်။ “ လို့ လေယာဉ်မယ်က ပြောပါတယ်။
ဒါကို မကျေနပ်တဲ့ ခရီးသည် ရှူချွန်မန်း က “ ဘာမှမပါဘူး. ဗုံးပဲပါတယ်” လို့ ဘုတောခဲ့ပါတယ်။ ပြီးမှသူ့ကို ရှူတည်တည် ပြန်ကြည့်နေတဲ့ လေယဉ်မယ်ကို လေသံပြောင်းပြီး” ဗုံးမဟုတ်ပါဘူး နောက်တာပါ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလည်း” လို့ ပြန်ပြောခဲ့ပါတယ်။
လေယာဉ်မယ် ဘူဂျိုဝီးက သူ့စကားကြောင့် တပ်လှန့်လိုက်သလိုဖြစ်ပေမဲ့ "နောက်တာပါ" ဆိုတာကို လက်ခံလိုက်ပါတယ်။ သူမ လုပ်စရာရှိတာတွေကို ဆက်လုပ်အပြီးမှာတော့ လေယာဉ်တက်ကာနီးမှာ သူမရဲ့ အဖွဲ့ခေါင်းဆောင် လေယာဉ်မယ် ဂင်နီချောင်ဝမ်ချင်း ကို အဲဒီအဖြစ်ကို သတင်းပို့ပါတယ်။  အသက် ၂၆ နှစ်သာရှိသေးတဲ့ အဖွဲ့ခေါင်းဆောင် ဂင်နီက ဘူဂျိုဝီး ကို “ ဒီလိုကိစ္စမျိုးဆိုတာ အမြဲ အလေးအနက်ထားရပါတယ်။ နောက်တာလို့ပဲ ပြောပြော ပေါ့ဆလို့ မရပါဘူး” လို့ ပြောပြီး လေယာဉ်ဝန်ထမ်းအားလုံးရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ကက်ပတိန်ကို ချက်ချင်းသတင်းပို့ဖို့လုပ်ပါတယ်။
ဖြစ်ချင်တော့ အဲဒီအချိန်မှာလေယာဉ်က ပျံတက်ဖို့ စလုပ်နေပြီဖြစ်တာကြောင့် လေယာဉ်မောင်းခန်းကို လေယာဉ်မယ်ခေါင်းဆောင် ဂင်နီ ဝင်ခွင့်မရှိတော့ပါ။
လေယာဉ်ပျံလေထဲရောက်တော့မှ သူမကအကျိုးအကြောင်းပြောပြလို့ ကက်ပတိန်က ဂင်နီကို လေယာဉ်မောင်းခန်းကို ဝင်ခွင့်ပြုပြီး အသေးစိပ်သတင်းပို့စေပါတယ်။
လေယာဉ်ပေါ်မှာ ဗုံးပါတယ်လို့ပြောတာဟာနောက်ပြောင်တာပင်ဖြစ်ပါစေ အလေး အနက်ထားကိုင်တွယ်ဖို့ လေ့ကျင့်ထားကြတဲ့သူတွေပီပီ လုပ်ထုံးလုပ်နည်း ပရိုတိုကောအရ လေယာဉ်ရောက်ရှိနေတဲ့ မလေးရှား လေပိုင်နက်ထိန်းချုပ်မျှော်စင် ကို "Mayday" တပ်လှန့်အကြောင်းကြားလိုက်ပါတယ်။
စင်္ကာပူလေကြောင်းထိန်းသိမ်ရေး စခန်းကိုလည်းသတင်းပို့ပြီး လေယာဉ်ကို အနီးဆုံး ဖြစ်တဲ့ လေဆိပ်မှာဆင်းရမည်ဆိုတဲ့ လုပ်ထုံးလုပ်နည်းအရ စင်္ကာပူချန်ဂီလေဆိပ်ကို ပြန်လှည့်ပြီး အရေးပေါ်ဆင်းဖို့စီစဉ်ပါတယ်။ အမြဲအဆင်သင့်ဖြစ်နေတဲ့ စင်္ကာပူလေတပ်က ပိုင်းလော့ရဲ့ တပ်လှန့်သတင်းကြောင့် အက် ၁၅ နှစ်စီးကို ချက်ချင်းစေလွှတ်လိုက်ပြီး အဲဒီ Scoot flight TR634 လေယာဉ်ကို စောင့်ကြပ်ပျံသန်းလိုက်ပါစေပါတယ်။
နေ့လည် ၃း၂၀ နာရီမှာတော့ အဲဒီလေယာဉ်က ချန်ဂီလေဆိပ်ကိုဘေးကင်းစွာဆင်းသက်လိုက်ပါတယ်။ ဆင်းတာနဲ့ လေဆိပ်အဆောက်အဦတွေနဲ့ဝေးတဲ့ အနေရာမှာ ရပ်နားစေခဲ့ပါတယ်။
ရဲတပ်ဖွဲ့တွေရောက်လာတဲ့အခါမှသာ ခရီးသည် နဲ့ ဝန်ထမ်း ၁၇၉ ယောက်လုံးကို လေယာဉ်ပေါ်က ဆင်းသက်စေပြီး လုံခြုံရးစစ်ဆေးမှုတွေလုပ်ပါတယ်။ လေယာဉ်ကို လည်းသေသေချာချာစစ်ဆေး၊ နောက်ပြောင်မိခဲ့တဲ့ ခရီးသည် ရှုနဲ့ သူ့ခရီးသွားဖေါ် ၂ ယောက်တို့ရဲ့အိတ်တွေအားလုံးကိုလည်း ရှာဖွေစစ်ဆေးကြပါတယ်။ ဗုံးလည်းတကယ်မတွေ့လို့ အားလုံးဘေးကင်းကြောင်းသေချာတဲ့ အခါ လေယာဉ်ခရီး ၄နာရီ ၄၈ မိနစ်နောက်ကျခဲ့ပြီး လေယာဉ်ပြန်လည်ထွက်ခွာနိုင်ခဲ့ပါတယ်.
ဒီလိုဗုံးနဲ့ပတ်သက်တဲ့ တပ်လှန့်မှုဖြစ်လျင်လုပ်ရတဲ့ လုပ်ထုံးလုပ်နည်းအရ ပိုင်းလော့တွေနဲ့ လေယာဉ်ဝန်ထမ်းအချို့တွေကို တာဝန်လဲပေးရသလို၊ ခရီးဖင့်တဲ့ ခရီးသည်တွေ အစားအသောက်အတွက်  ကူပွန်တွေကိုလည်း လေကြောင်းလိုင်းကပေးခဲ့ရပါတယ်။ အဲဒီအကျိုးဆက်ကတော့ ဖြစ်စဉ်တခုလုံဲးအတွက် Scoot လေကြောင်းက စင်္ကာပူဒေါ်လာ ၁၃,၇၅၇ ဒေါ်လာဆုံးရှူံးနစ်နာခဲ့ရတယ်လို့ တရားရုံးမှာ တင်ပြခဲ့ပါတယ်။
နောက်ပြောင်မိခဲ့တဲ့ ခရီးသည် ရှူ ကို စင်္ကာပူရဲတပ်ဖွဲ့က ကုလသမဂ္ဂ အကြမ်းဖက်တိုက်ခိုက်မှု တားဆီးရေးဥပဒေနဲ့ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီဥပဒေအတိုင်း သူသာတကယ် ပြစ်မှုထင်ရှားလျင် ဒါဏ်ငွေ စင်္ကာပူဒေါ်လာ ငါးသိန်း (သို့) ထောင်ဒါဏ် ဆယ်နှစ် ( သို့) ၂မျိုးလုံးကျခံရနိုင်တာပါ။
နောက်ပိုင်းမှာတော့ ရှူချွန်မန်း ကို " အနှောက်အယှက်ပြုခြင်းမှ ကာကွယ်တဲ့ဥပဒေ"  နဲ့ ပြောင်းလွဲတရားစွဲခဲ့ပါတယ်။
တရားခွင်မှာ အစိုးရဥပဒေအရာရှိ နီကိုလတ်စ်ခူးက 'နောင်တွင် ဒီလို အပြုအမူမျိုးမှထပ်မံဖြစ်ပွားခြင်းမှရှောင်ရှားဖို့ လက်လွတ်စလွယ်ပြုမူပြောဆိုတတ်သူတွေကို သတိပေးသလိုဖြစ်အောင် ပြင်းထန်တဲ့ အရေးယူမှုမျိုးလိုအပ်ကြောင်း' တင်ပြခဲ့တာပါ။ တရားသူကြီး အဒမ်နာကိုဒါကလည်း ရှူချွန်မန်း ရဲ့ အပြုအမူဟာ လုံးဝ လက်ခံနိုင်စရာမရှိဘူးဆိုတာကို သဘောတူလို့ အဲဒီပြစ်မှုရဲ့ အမြင့်ဆုံးပစ်ဒါဏ်  ဒါဏ်ငွေ ဒေါ်လာ ၅၀၀၀ ကို ၅၀၀ သာလျှော့ပြီး ဒါဏ်ငွေ ဒေါ်လာ ၄၅၀၀ ချမှတ်ခဲ့ပါတယ်။
အမှားအယွင်းမခံတဲ့ လုံခြုံရေးကိစ္စလို မျိုးမှာ စိတ်လိုက်မာန်ပါပဲဖြစ်စေ၊ အပျော်အပျက်ပဲဖြစ်စေ နှုတ်မစောင့်စည်းနိုင်ခဲ့လျင် ဆိုးရွားတဲ့ အကျိုးဆက်ကို ခံစားရတယ်ဆိုတဲ့ သင်ခန်းစာတခုပါ။
သားတော်မောင် ပြောဖူးတာလေးကို သတိရမိပါတယ်။ "အဖေ၊ လေဆိပ်မှာ မိတ်ဆွေ " ဂျက်" ကို လှမ်းတွေ့လို့ ဝမ်းသာအားရနဲ့ " ဟိုင်း ဂျက်"
လို့ လှမ်းမအော်မိစေနဲ့နော်၊ လုံခြုံရေးက လေယဉ်အပိုင်စီးတဲ့ Hijack ထင်ပြီး ဝိုင်းလာလိမ့်မယ်"  တဲ့။
ဖိုးသုည
04-06-19
https://www.channelnewsasia.com/news/singapore/scoot-bomb-hoax-flight-man-fined-10786222
https://www.channelnewsasia.com/news/singapore/scoot-fake-bomb-threat-plane-returns-to-singapore-10107322
https://www.todayonline.com/singapore/scoot-passenger-whose-use-bomb-word-flight-sparked-security-scramble-fined-s4500
https://www.straitstimes.com/singapore/transport/scoot-flight-returns-to-singapore-safely-after-alleged-bomb-threat-on-board


Sunday, June 2, 2019

737 ကပ္ဆိုက္ေနတဲ့ ဘိုးအင္း(737 ကပ်ဆိုက်နေတဲ့ ဘိုးအင်း)

737 ကပ္ဆိုက္ေနတဲ့ ဘိုးအင္း

ေျမမွာ နားေနရတဲ့ Boeing 737 ေတြကို အျမန္ဆုံး ျပည္လည္ ေဝဟင္ပ်ံႏိုင္ခြင့္ရဖို႔ ႀကိဳးစားေနတဲ့ ဘိုးအင္ ကုမၸဏီခမ်ာ 737 Max   သာမက တျခား Boeing 737 model တခ်ိဳ႕ကိုပါသက္ေရာက္တဲ့  ျပသနာအသစ္တခုထပ္ေတြ႕ရျပန္ပါၿပီ။
737-600, -700, -800 – 900 တို႔ပါဝင္တဲ့ 737 NG နဲ႔ 737 Max အပါအဝင္ Boeing 737ေလယာဥ္တခ်ိဳ႕ရဲ႕ ေတာင္ပံေတြမွာ ျပစ္ခ်က္ပါတဲ့ အစိပ္အပိုင္းေတြ ရွိေနတာကိုေတြ႕ရတယ္လို႔ မေန႔က 2-6-19 မွာ ေၾကျငာပါတယ္။
ေလေၾကာင္းလိုင္းေတြကို လည္းဒီကိစၥိကို အသိေပးထားၿပီး service bulletin
ထုတ္ကာ ေလယာဥ္ေတာင္ပံအေရွ႕မွာတပ္ထားတဲ့ Leading edge slats
ေတြကို ျပန္လည္ စစ္ေဆးဖို႔နဲ႔ အျပစ္အနာအဆာ ေတြ႕လ်င္ အစားထိုးဖို႔ ေဆာင္႐ြက္ေနပါၿပီ။



ဘိုးအင္းက ေသာၾကာေန႔ (31-5-19) ကသူတို႔ရဲ႕ ေလယာဥ္အစိပ္အပိုင္း တင္သြင္းသူေတြနဲ႔ အစည္းအေဝးမွာ  ဝန္ထမ္းတခ်ိဳ႕က တခ်ိဳ႕အစိပ္အပိုင္းေတြဟာ လိုအပ္တဲ့ အပူေပးျပဳျပင္မႈေတြလုပ္မထားတာကို စတင္ သတိျပဳမိတာလို႔ဆိုပါတယ္။
ကနဦးေတြ႕ရွိခ်က္မွာ supplier တဦးတည္းထံက တင္သြင္းတဲ့ slat tracks 148 ခုမွာ အဲလို ျပစ္ခ်က္ေတြေတြ႕ခဲ့တာပါ။ 737 Max အစီး ၂၀ နဲ႔  737 NG၂၁ စီးတို႔မွာ အဲလို႔ ခ်ိဳ႕ယြင္းခ်က္ရွိတဲ့ အစိပ္အပိုင္းပါသြားတယ္လို႔ ယူဆေနတာပါ။
FAA ကေတာ့ ေနာက္ထပ္ 737 Max ၁၅၉ စီး နဲ႔  737 NG ၁၁၂ စီးတို႔ကိုပါစစ္ေဆးဖို႔ အေၾကာင္းၾကားထားပါတယ္။
ျမန္မာျပည္က MNA မွာ 737 NG ေတြရွိပါတယ္။
အဲဒီ Leading edge slats are ဆိုတာကေတာ့ ေလယာဥ္ရဲ႕ အေတာင္ပံအေရွ႕ဖက္မွာ
Aerodynamic ကို ထိန္းေက်ာင္းဖို႔ ထပ္ဆင္တာပါ။
https://en.wikipedia.org/wiki/Leading-edge_slat#/media/File:Voilure_A319.jpg

 ခ်ိဳ႕ ယြင္းခ်က္ရွိတဲ့ အဲဒီအပိုင္းက သက္တမ္းမျပည့္မီ အလုပ္မလုပ္ႏိုင္ေတာ့တာ၊ အက္ကြဲတာ ျပတ္က်တာျဖစ္ႏိုင္ေပမဲ့  ေလယာဥ္ ပ်ံသန္းေနစဥ္ပ်က္က်ရေအာင္ေတာ့ မျဖစ္ပါဘူးလို႔  FAA ကဆိုပါတယ္။
ယေန႔အထိေတာ့ အဲဒီ slats ေၾကာင့္ ပ်က္ဆီးခ်ိဳ႕ယြင္းတဲ့ သတင္းခုမွမရေသးပါဘူးလို႔ဆိုပါတယ္။
ဖိုးသုည
3-6-19


737 ကပ်ဆိုက်နေတဲ့ ဘိုးအင်း

မြေမှာ နားနေရတဲ့ Boeing 737 တွေကို အမြန်ဆုံး ပြည်လည် ဝေဟင်ပျံနိုင်ခွင့်ရဖို့ ကြိုးစားနေတဲ့ ဘိုးအင် ကုမ္ပဏီခမျာ 737 Max   သာမက တခြား Boeing 737 model တချို့ကိုပါသက်ရောက်တဲ့  ပြသနာအသစ်တခုထပ်တွေ့ရပြန်ပါပြီ။
737-600, -700, -800 – 900 တို့ပါဝင်တဲ့ 737 NG နဲ့ 737 Max အပါအဝင် Boeing 737လေယာဉ်တချို့ရဲ့ တောင်ပံတွေမှာ ပြစ်ချက်ပါတဲ့ အစိပ်အပိုင်းတွေ ရှိနေတာကိုတွေ့ရတယ်လို့ မနေ့က 2-6-19 မှာ ကြေငြာပါတယ်။
လေကြောင်းလိုင်းတွေကို လည်းဒီကိစ္စိကို အသိပေးထားပြီး service bulletin
ထုတ်ကာ လေယာဉ်တောင်ပံအရှေ့မှာတပ်ထားတဲ့ Leading edge slats 
တွေကို ပြန်လည် စစ်ဆေးဖို့နဲ့ အပြစ်အနာအဆာ တွေ့လျင် အစားထိုးဖို့ ဆောင်ရွက်နေပါပြီ။
ဘိုးအင်းက သောကြာနေ့ (31-5-19) ကသူတို့ရဲ့ လေယာဉ်အစိပ်အပိုင်း တင်သွင်းသူတွေနဲ့ အစည်းအဝေးမှာ  ဝန်ထမ်းတချို့က တချို့အစိပ်အပိုင်းတွေဟာ လိုအပ်တဲ့ အပူပေးပြုပြင်မှုတွေလုပ်မထားတာကို စတင် သတိပြုမိတာလို့ဆိုပါတယ်။
ကနဦးတွေ့ရှိချက်မှာ supplier တဦးတည်းထံက တင်သွင်းတဲ့ slat tracks 148 ခုမှာ အဲလို ပြစ်ချက်တွေတွေ့ခဲ့တာပါ။ 737 Max အစီး ၂၀ နဲ့  737 NG၂၁ စီးတို့မှာ အဲလို့ ချို့ယွင်းချက်ရှိတဲ့ အစိပ်အပိုင်းပါသွားတယ်လို့ ယူဆနေတာပါ။
FAA ကတော့ နောက်ထပ် 737 Max ၁၅၉ စီး နဲ့  737 NG ၁၁၂ စီးတို့ကိုပါစစ်ဆေးဖို့ အကြောင်းကြားထားပါတယ်။
မြန်မာပြည်က MNA မှာ 737 NG တွေရှိပါတယ်။
အဲဒီ Leading edge slats are ဆိုတာကတော့ လေယာဉ်ရဲ့ အတောင်ပံအရှေ့ဖက်မှာ
Aerodynamic ကို ထိန်းကျောင်းဖို့ ထပ်ဆင်တာပါ။ ချို့ ယွင်းချက်ရှိတဲ့ အဲဒီအပိုင်းက သက်တမ်းမပြည့်မီ အလုပ်မလုပ်နိုင်တော့တာ၊ အက်ကွဲတာ ပြတ်ကျတာဖြစ်နိုင်ပေမဲ့  လေယာဉ် ပျံသန်းနေစဉ်ပျက်ကျရအောင်တော့ မဖြစ်ပါဘူးလို့  FAA ကဆိုပါတယ်။
ယနေ့အထိတော့ အဲဒီ slats ကြောင့် ပျက်ဆီးချို့ယွင်းတဲ့ သတင်းခုမှမရသေးပါဘူးလို့ဆိုပါတယ်။
ဖိုးသုည

3-6-19
https://boeing.mediaroom.com/2019-06-02-Boeing-Service-Bulletin-on-737-Slat-Tracks
https://edition.cnn.com/2019/06/02/business/boeing-faa-737-slat-track-assemblies/index.html
https://www.faa.gov/news/updates/?newsId=93206
Boeing Service Bulletin on 737 Slat Tracks

SEATTLE – June 2, 2019 –Boeing is working with the Federal Aviation Administration (FAA) and has contacted 737 operators advising them to inspect the slat track assemblies on certain airplanes. One batch of slat tracks with specific lot numbers produced by a supplier was found to have a potential nonconformance. If operators find the parts in question, they are to replace them with new ones before returning the airplane to service. 
Slat tracks are used to guide the slats located on the leading edge of an airplane’s wings. Boeing has not been informed of any in-service issues related to this batch of slat tracks.
Boeing is now staging replacement parts at customer bases to help minimize aircraft downtime while the work is completed. Once the new parts are in hand, the replacement work should take one to two days. Boeing will also issue a safety service bulletin outlining the steps to take during the inspections. 
Boeing has identified 21 737NGs most likely to have the parts in question. To ensure a thorough assessment, airlines are advised to check an additional 112 NGs. 
A separate service bulletin will go to 737 MAX operators to do inspections before the MAX fleet returns to service. Boeing identified 20 737 MAX airplanes that are most likely to have the parts in question. Operators will be asked to check an additional 159 MAXs to ensure a thorough assessment. 
“We are committed to supporting our customers in every way possible as they identify and replace these potentially non-conforming tracks,” said Kevin McAllister, President & CEO of Boeing Commercial Airplanes. 
The FAA will issue an Airworthiness Directive making Boeing’s recommendations mandatory.
Contact
Boeing Communications
312-544-2002
media@boeing.com

Saturday, June 1, 2019

ေတာင္အာဖရိက ဆယ္ေက်ာ္သက္ တို႔ ကိုယ္တိုင္တည္ေဆာက္ေသာေလယာဥ္ျဖင့္ အာဖရိကတိုက္ကိုျဖတ္ပ်ံမည္။ (တောင်အာဖရိက ဆယ်ကျော်သက် တို့ ကိုယ်တိုင်တည်ဆောက်သောလေယာဉ်ဖြင့် အာဖရိကတိုက်ကိုဖြတ်ပျံမည်။)

ေတာင္အာဖရိက ဆယ္ေက်ာ္သက္ တို႔ ကိုယ္တိုင္တည္ေဆာက္ေသာေလယာဥ္ျဖင့္ အာဖရိကတိုက္ကိုျဖတ္ပ်ံမည္။ 

U-Dream Global အဖြဲ႕ကိုတည္ေထာင္သူ အသက္ ၁၇ ႏွစ္ အ႐ြယ္ Megan Werner  မီဂင္ဝါနာ ဦးေဆာင္တဲ့ ေတာင္အာဖရိက ဆယ္ေက်ာ္သက္ ၂၀ ပါ အဖြဲ႕ဟာ ေလးေယာက္စီး DIY  Sling 4 ေလယာဥ္ကို ရက္သတၱ ၂ ပတ္အတြင္း တည္ေဆာက္ခဲ့ၾကပါတယ္။  The Airplane Factory ေလယာဥ္ကုမၸဏီ၊ Denel Aviation က ေခါင္းေဆာင္ ၅ ဦးနဲ႔ U-Dream Global အဖြဲ႕လူႀကီးေတြက နည္းပညာနဲ႔ လိုအပ္တာေတြကိုပံ့ပိုးႀကီးၾကပ္ခဲ့ၾကပါတယ္။
Sling -4 Kit

အဖြဲေခါင္းေဆာင္ Megan Werner  ဟာ ပိုင္းေလာ့ ၊ စာေရးဆရာမနဲ႔ စိတ္ဓါတ္ျမႇင့္တင္ေရး ေဟာေျပာသူတေယာက္လည္းျဖစ္ပါတယ္။
ေလယာဥ္တည္ေဆာက္ျခင္းကို  ႀကီးၾကပ္တဲ့ U-Dream Global အဖြဲ႕က သိပၸံ၊ နည္းပညာ၊ စက္မႈ၊ သခ်ၤာ၊ တီထြင္ဖန္တီးမႈ၊ လူငယ္မ်ား စြမ္းရည္နဲ႔ ကြၽမ္းက်င္မႈဖြံ႕ၿဖိဳးေရးကို အားေပးဖို႔လုပ္တာဆိုပါတယ္။

သုတို႔ဟာ ဇြန္လ ၁၅ ရက္မွာ ေတာင္အာဖရိကႏိုင္ငံ ကိပ္ေတာင္းၿမိဳ႕ကေန အီဂ်စ္ႏိုင္ငံ ကိုင္႐ိုၿမိဳ႕ကို အဲဒီေလယာဥ္နဲ႔ ပ်ံသန္းၾကမွာပါ။
ေလယာဥ္ကို ေနာက္ဆုံးစစ္ေဆးမႈနဲ႔ ပ်ံသန္းခြင့္တို႔ရယူၿပီးလ်င္ေတာ့ ေတာင္အာဖရိကကေန Namibia, Zimbabwe, Malawi, Tanzania, Kenya, Ethiopia, Eritrea စတဲ့ ႏိုင္ငံေတြကၿမိဳ႕ေတြကတဆင့္ အီဂ်စ္ႏိုင္ငံ ကိုင္႐ိုၿမိဳ႕ကို ပ်ံသန္းမွာျဖစ္ၿပီး အျပန္မွာေတာ့ Uganda, Rwanda, and Zambiaတို႔ကိုပါဝင္မယ္ဆိုပါတယ္။ စုစုေပါင္းတလေက်ာ္ ၾကာမွာလည္းျဖစ္ပါတယ္။

Cape to Cairo

ခရီးရွည္ႀကီးမွာ ပါဝင္တဲ့အဖြဲ႕ဝင္ေတြအတြက္ ခရီးရွည္ႀကီးတေလွ်ာက္မွာ လိုအပ္တဲ့ သယ္ယူပို႔ေဆာင္ေရး၊ နဲ႔ လိုအပ္တဲ့ပံ့ပိုးမႈေတြကို  CFS, ExecuJet, Worldfuel and The Airplane Factory တို႔က ဝိုင္းဝန္းပံ့ပိုးၾကမွာ ျဖစ္ေပမယ့္ ေလာင္စာဆီ၊ ေနထိုင္စားေသာက္မႈ၊ ပ်ံသန္း၊ ျပဳျပင္ထိန္းသိမ္းမယ့္ အဖြဲ႕ေတြ၊ နိင္ငံအမ်ားႀကီး ကို ဝင္ထြက္ဖို႔ ပ်ံသန္းခြင့္ ျပည္ဝင္ခြင့္ စာ႐ြက္စာတန္း စသည္ျဖင့္ လုပ္စရာမ်ားစြာရွိတာေၾကာင့္ ေတာင္အာဖရိကရန္ South African Rand ေငြ
သုံးသိန္းခြဲ (34,000 USD)ေလာက္လိုအပ္ေနပါေသးတယ္။ အဲဒီအတြက္ BackaBuddy campaign  လုပ္ၿပီး ရန္ပုံေငြရွာေဖြေနပါတယ္.။
“ က်မတို႔က လူငယ္ေတြနဲ႔ ကမာၻတလႊားကို တကယ္ခိုင္မာတဲ့ ယုံၾကည္ခ်က္ရွိလ်င္ ဘာမဆိုျဖစ္ႏိုင္တယ္ဆိုတာကို ျပခ်င္တာပါ။ ဆယ္ေက်ာ္သက္ေတြေတာင္ ကိုယ္တိုင္ေဆာက္တဲ့ ေလယာဥ္တဲ့ အာဖရိတိုက္ကိုျဖတ္ပ်ံႏိုင္မွေတာ့ ဘာအခက္အခဲကိုမွမေက်ာ္လႊာႏိုင္စရာမရွိပါဘူး” လို႔ BackaBuddy campaign အတြက္ ရံပုံေငြရွာရင္း ေမဂင္က ေျပာခဲ့ပါတယ္။

ဖိုးသုည
1-06-19


တောင်အာဖရိက ဆယ်ကျော်သက် တို့ ကိုယ်တိုင်တည်ဆောက်သောလေယာဉ်ဖြင့် အာဖရိကတိုက်ကိုဖြတ်ပျံမည်။ (ယူနီကုဒ်)

U-Dream Global အဖွဲ့ကိုတည်ထောင်သူ အသက် ၁၇ နှစ် အရွယ် Megan Werner  မီဂင်ဝါနာ ဦးဆောင်တဲ့ တောင်အာဖရိက ဆယ်ကျော်သက် ၂၀ ပါ အဖွဲ့ဟာ လေးယောက်စီး DIY  Sling 4 လေယာဉ်ကို ရက်သတ္တ ၂ ပတ်အတွင်း တည်ဆောက်ခဲ့ကြပါတယ်။  The Airplane Factory လေယာဉ်ကုမ္ပဏီ၊ Denel Aviation က ခေါင်းဆောင် ၅ ဦးနဲ့ U-Dream Global အဖွဲ့လူကြီးတွေက နည်းပညာနဲ့ လိုအပ်တာတွေကိုပံ့ပိုးကြီးကြပ်ခဲ့ကြပါတယ်။
အဖွဲခေါင်းဆောင် Megan Werner  ဟာ ပိုင်းလော့ ၊ စာရေးဆရာမနဲ့ စိတ်ဓါတ်မြှင့်တင်ရေး ဟောပြောသူတယောက်လည်းဖြစ်ပါတယ်။
လေယာဉ်တည်ဆောက်ခြင်းကို  ကြီးကြပ်တဲ့ U-Dream Global အဖွဲ့က သိပ္ပံ၊ နည်းပညာ၊ စက်မှု၊ သင်္ချာ၊ တီထွင်ဖန်တီးမှု၊ လူငယ်များ စွမ်းရည်နဲ့ ကျွမ်းကျင်မှုဖွံ့ဖြိုးရေးကို အားပေးဖို့လုပ်တာဆိုပါတယ်။
သုတို့ဟာ ဇွန်လ ၁၅ ရက်မှာ တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့ကနေ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို အဲဒီလေယာဉ်နဲ့ ပျံသန်းကြမှာပါ။
လေယာဉ်ကို နောက်ဆုံးစစ်ဆေးမှုနဲ့ ပျံသန်းခွင့်တို့ရယူပြီးလျင်တော့ တောင်အာဖရိကကနေ Namibia, Zimbabwe, Malawi, Tanzania, Kenya, Ethiopia, Eritrea စတဲ့ နိုင်ငံတွေကမြို့တွေကတဆင့် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို ပျံသန်းမှာဖြစ်ပြီး အပြန်မှာတော့ Uganda, Rwanda, and Zambiaတို့ကိုပါဝင်မယ်ဆိုပါတယ်။ စုစုပေါင်းတလကျော် ကြာမှာလည်းဖြစ်ပါတယ်။
ခရီးရှည်ကြီးမှာ ပါဝင်တဲ့အဖွဲ့ဝင်တွေအတွက် ခရီးရှည်ကြီးတလျှောက်မှာ လိုအပ်တဲ့ သယ်ယူပို့ဆောင်ရေး၊ နဲ့ လိုအပ်တဲ့ပံ့ပိုးမှုတွေကို  CFS, ExecuJet, Worldfuel and The Airplane Factory တို့က ဝိုင်းဝန်းပံ့ပိုးကြမှာ ဖြစ်ပေမယ့် လောင်စာဆီ၊ နေထိုင်စားသောက်မှု၊ ပျံသန်း၊ ပြုပြင်ထိန်းသိမ်းမယ့် အဖွဲ့တွေ၊ နိင်ငံအများကြီး ကို ဝင်ထွက်ဖို့ ပျံသန်းခွင့် ပြည်ဝင်ခွင့် စာရွက်စာတန်း စသည်ဖြင့် လုပ်စရာများစွာရှိတာကြောင့် တောင်အာဖရိကရန် South African rand ငွေ
သုံးသိန်းခွဲ (34,000 USD)လောက်လိုအပ်နေပါသေးတယ်။ အဲဒီအတွက် BackaBuddy campaign  လုပ်ပြီး ရန်ပုံငွေရှာဖွေနေပါတယ်.။
“ ကျမတို့က လူငယ်တွေနဲ့ ကမ္ဘာတလွှားကို တကယ်ခိုင်မာတဲ့ ယုံကြည်ချက်ရှိလျင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတာကို ပြချင်တာပါ။ ဆယ်ကျော်သက်တွေတောင် ကိုယ်တိုင်ဆောက်တဲ့ လေယာဉ်တဲ့ အာဖရိတိုက်ကိုဖြတ်ပျံနိုင်မှတော့ ဘာအခက်အခဲကိုမှမကျော်လွှာနိုင်စရာမရှိပါဘူး” လို့ BackaBuddy campaign အတွက် ရံပုံငွေရှာရင်း မေဂင်က ပြောခဲ့ပါတယ်။

ဖိုးသုည
1-06-19

https://www.airplanefactory.com/aircraft/sling-4-kit/
https://www.udream.co.za/
\https://www.backabuddy.co.za/champion/project/cape-to-cairo
https://www.youtube.com/watch?time_continue=15&v=ooFr307BGr8
https://allafrica.com/stories/201905300073.html
http://www.capetalk.co.za/articles/350070/sa-teens-build-plane-to-fly-from-cape-to-cairo

#Hello_Max ! #Ready_to_wake_up ? အင်ဒိုနီးရှား Lionair နဲ့ အီသီယိုးပီးယားအဲယားလိုင်း လေယာဉ်တွေပျက်ကျပြီးနောက် ၂၀၁၉ မတ်လလယ်ကစပြီးမြ...