Tuesday, June 4, 2019

ဘာရယ္မဟုတ္ပဲ ေျပာလိုက္တဲ့ စကားတခြန္းရဲ႕ အတိုင္းအတာ ( ဘာရယ်မဟုတ်ပဲ ပြောလိုက်တဲ့ စကားတခွန်းရဲ့ အတိုင်းအတာ)

ဘာရယ္မဟုတ္ပဲ ေျပာလိုက္တဲ့ စကားတခြန္းရဲ႕ အတိုင္းအတာ

၂၀၁၈ ဧၿပီလ ၅ ရက္ ၾကာသပေတးေန႔၊
စကၤာပူ အေျခစိုက္  Scoot ေလေၾကာင္းလိုင္းက အသက္ ၂၃ ႏွစ္အ႐ြယ္ ေလယာဥ္မယ္ကေလး  ဘူဂ်ိဳဝီးတေယာက္ Singapore - Hat Yai  ခရီးစဥ္ Scoot flight TR634  မွာတာဝန္ထမ္းဖို႔ အလွည့္က်ပါတယ္။
တနာရီခြဲသာသာခရီးအတြက္ လိုအပ္တာေတြျပင္ဆင္အၿပီး ေလယာဥ္ေပၚတက္လာတဲ့ ခရီးသည္ေတြကို လိုအပ္တာေတြကူညီေနစဥ္ ေန႔လည္ ၁၂း ၅၅ ေလာက္မွာ သတ္မွတ္အ႐ြယ္ထက္ႀကီးေနတဲ့ ခရီးေဆာင္အိတ္တလုံးကို ပစၥည္းတင္အကန္႔မွာ မရမကထိုးထည့္ေနတဲ့ ခရီးသည္တေယာက္ကို သတိထားလိုက္မိပါတယ္။
ဘက္ဂ်က္လိုင္းေတြမွာ အပ္ႏွံပစၥည္းေတြအတြက္ အခေၾကးေငြေပးရေတာ့ တခ်ိဳ႕ခရီးသည္ေတြက  ဟန္းကယ္ရီကို မႏိုင္မနင္းထည့္သယ္တတ္ပါတယ္။
အေဖၚ၂ ေယာက္နဲ႔ အတူခရီးထြက္လာတဲ့ စကၤာပူႏိုင္ငံသား ရွဴခြၽန္မန္း (လက္ေထာက္မန္ေနဂ်ာ , အသက္ ၄၁ႏွစ္) ယူလာတဲ့ ဟန္းကယ္ရီ အိတ္က သတ္မွတ္ထားတဲ့ အ႐ြယ္ထက္ပိုႀကီးေနပါတယ္။ ဒါေၾကာင့္အိတ္ကို သူခုံအထက္ကပစၥည္းတင္အကန္႔မွာ ထိုးထည့္ၿပီးေသာ္လည္း အကန္႔အဖုံးပိတ္မရေအာင္ ထြက္ေနပါတယ္။
ေလယာဥ္မယ္ ဘူဂ်ိဳဝီး ကတာဝန္အရ ရွဴခြၽန္မန္းထံခ်ဥ္းကပ္သြားၿပီး ‘ လူႀကီးမင္းရဲ႕ အိတ္က သတ္မွတ္ထားတဲ့အ႐ြယ္ထက္ပိုႀကီးေနလို႔ ေလယာဥ္ေအာက္က ကုန္စည္ခန္းထဲကို ထည့္ရပါမယ္။" လို့ဆိုေပမယ့္ သူက အိတ္ကို မရမကထိုးထည့္ဖို႔ႀကိဳးစားေနပါေသးတယ္။ မျဖစ္ႏိုင္တာေသခ်ာေတာ့မွ လက္ေလွ်ာ့ၿပီး အိတ္ကို ေအာက္ထပ္ ကုန္စည္ခန္းထဲကိုကိုပို႔ဖို႔ သေဘာတူခဲ့ပါတယ္။ “ လူႀကီးမင္း အိတ္ထဲမွာ အေရးႀကီးပစၥည္းဘာေတြပါပါသလဲ ။  ပါ့စ္ပို႔၊ စာ႐ြက္စာတန္း ၊ တန္ဖိုးႀကီးပစၥည္းနဲ႔ လစ္သီယံ ဓါတ္ခဲလို ပစၥည္းေတြကိုေတာ့ ထုတ္ယူထားရပါမယ္။ “ လို႔ ေလယာဥ္မယ္က ေျပာပါတယ္။
ဒါကို မေက်နပ္တဲ့ ခရီးသည္ ရွဴခြၽန္မန္း က “ ဘာမွမပါဘူး. ဗုံးပဲပါတယ္” လို႔ ဘုေတာခဲ့ပါတယ္။ ၿပီးမွသူ႔ကို ရွဴတည္တည္ ျပန္ၾကည့္ေနတဲ့ ေလယဥ္မယ္ကို ေလသံေျပာင္းၿပီး” ဗုံးမဟုတ္ပါဘူး ေနာက္တာပါ။ ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလည္း” လို႔ ျပန္ေျပာခဲ့ပါတယ္။
ေလယာဥ္မယ္ ဘူဂ်ိဳဝီးက သူ႔စကားေၾကာင့္ တပ္လွန္႔လိုက္သလိုျဖစ္ေပမဲ့ "ေနာက္တာပါ" ဆိုတာကို လက္ခံလိုက္ပါတယ္။ သူမ လုပ္စရာရွိတာေတြကို ဆက္လုပ္အၿပီးမွာေတာ့ ေလယာဥ္တက္ကာနီးမွာ သူမရဲ႕ အဖြဲ႕ေခါင္းေဆာင္ ေလယာဥ္မယ္ ဂင္နီေခ်ာင္ဝမ္ခ်င္း ကို အဲဒီအျဖစ္ကို သတင္းပို႔ပါတယ္။  အသက္ ၂၆ ႏွစ္သာရွိေသးတဲ့ အဖြဲ႕ေခါင္းေဆာင္ ဂင္နီက ဘူဂ်ိဳဝီး ကို “ ဒီလိုကိစၥမ်ိဳးဆိုတာ အၿမဲ အေလးအနက္ထားရပါတယ္။ ေနာက္တာလို႔ပဲ ေျပာေျပာ ေပါ့ဆလို႔ မရပါဘူး” လို႔ ေျပာၿပီး ေလယာဥ္ဝန္ထမ္းအားလုံးရဲ႕ ေခါင္းေဆာင္ျဖစ္တဲ့ ကက္ပတိန္ကို ခ်က္ခ်င္းသတင္းပို႔ဖို႔လုပ္ပါတယ္။
ျဖစ္ခ်င္ေတာ့ အဲဒီအခ်ိန္မွာေလယာဥ္က ပ်ံတက္ဖို႔ စလုပ္ေနၿပီျဖစ္တာေၾကာင့္ ေလယာဥ္ေမာင္းခန္းကို ေလယာဥ္မယ္ေခါင္းေဆာင္ ဂင္နီ ဝင္ခြင့္မရွိေတာ့ပါ။
ေလယာဥ္ပ်ံေလထဲေရာက္ေတာ့မွ သူမကအက်ိဳးအေၾကာင္းေျပာျပလို႔ ကက္ပတိန္က ဂင္နီကို ေလယာဥ္ေမာင္းခန္းကို ဝင္ခြင့္ျပဳၿပီး အေသးစိပ္သတင္းပို႔ေစပါတယ္။
ေလယာဥ္ေပၚမွာ ဗုံးပါတယ္လို႔ေျပာတာဟာေနာက္ေျပာင္တာပင္ျဖစ္ပါေစ အေလး အနက္ထားကိုင္တြယ္ဖို႔ ေလ့က်င့္ထားၾကတဲ့သူေတြပီပီ လုပ္ထုံးလုပ္နည္း ပ႐ိုတိုေကာအရ ေလယာဥ္ေရာက္ရွိေနတဲ့ မေလးရွား ေလပိုင္နက္ထိန္းခ်ဳပ္ေမွ်ာ္စင္ ကို "Mayday" တပ္လွန္႔အေၾကာင္းၾကားလိုက္ပါတယ္။





စကၤာပူေလေၾကာင္းထိန္းသိမ္ေရး စခန္းကိုလည္းသတင္းပို႔ၿပီး ေလယာဥ္ကို အနီးဆုံး ျဖစ္တဲ့ ေလဆိပ္မွာဆင္းရမည္ဆိုတဲ့ လုပ္ထုံးလုပ္နည္းအရ စကၤာပူခ်န္ဂီေလဆိပ္ကို ျပန္လွည့္ၿပီး အေရးေပၚဆင္းဖို႔စီစဥ္ပါတယ္။ အၿမဲအဆင္သင့္ျဖစ္ေနတဲ့ စကၤာပူေလတပ္က ပိုင္းေလာ့ရဲ႕ တပ္လွန္႔သတင္းေၾကာင့္ အက္ ၁၅ ႏွစ္စီးကို ခ်က္ခ်င္းေစလႊတ္လိုက္ၿပီး အဲဒီ Scoot flight TR634 ေလယာဥ္ကို ေစာင့္ၾကပ္ပ်ံသန္းလိုက္ပါေစပါတယ္။

ေန႔လည္ ၃း၂၀ နာရီမွာေတာ့ အဲဒီေလယာဥ္က ခ်န္ဂီေလဆိပ္ကိုေဘးကင္းစြာဆင္းသက္လိုက္ပါတယ္။ ဆင္းတာနဲ႔ ေလဆိပ္အေဆာက္အဦေတြနဲ႔ေဝးတဲ့ အေနရာမွာ ရပ္နားေစခဲ့ပါတယ္။
ရဲတပ္ဖြဲ႕ေတြေရာက္လာတဲ့အခါမွသာ ခရီးသည္ နဲ႔ ဝန္ထမ္း ၁၇၉ ေယာက္လုံးကို ေလယာဥ္ေပၚက ဆင္းသက္ေစၿပီး လုံၿခဳံရးစစ္ေဆးမႈေတြလုပ္ပါတယ္။ ေလယာဥ္ကို လည္းေသေသခ်ာခ်ာစစ္ေဆး၊ ေနာက္ေျပာင္မိခဲ့တဲ့ ခရီးသည္ ရႈနဲ႔ သူ႔ခရီးသြားေဖၚ ၂ ေယာက္တို႔ရဲ႕အိတ္ေတြအားလုံးကိုလည္း ရွာေဖြစစ္ေဆးၾကပါတယ္။ ဗုံးလည္းတကယ္မေတြ႕လို႔ အားလုံးေဘးကင္းေၾကာင္းေသခ်ာတဲ့ အခါ ေလယာဥ္ခရီး ၄နာရီ ၄၈ မိနစ္ေနာက္က်ခဲ့ၿပီး ေလယာဥ္ျပန္လည္ထြက္ခြာႏိုင္ခဲ့ပါတယ္.

ဒီလိုဗုံးနဲ႔ပတ္သက္တဲ့ တပ္လွန္႔မႈျဖစ္လ်င္လုပ္ရတဲ့ လုပ္ထုံးလုပ္နည္းအရ ပိုင္းေလာ့ေတြနဲ႔ ေလယာဥ္ဝန္ထမ္းအခ်ိဳ႕ေတြကို တာဝန္လဲေပးရသလို၊ ခရီးဖင့္တဲ့ ခရီးသည္ေတြ အစားအေသာက္အတြက္  ကူပြန္ေတြကိုလည္း ေလေၾကာင္းလိုင္းကေပးခဲ့ရပါတယ္။ အဲဒီအက်ိဳးဆက္ကေတာ့ ျဖစ္စဥ္တခုလုံဲးအတြက္ Scoot ေလေၾကာင္းက စကၤာပူေဒၚလာ ၁၃,၇၅၇ ေဒၚလာဆုံးရွဴံးနစ္နာခဲ့ရတယ္လို႔ တရား႐ုံးမွာ တင္ျပခဲ့ပါတယ္။
ေနာက္ေျပာင္မိခဲ့တဲ့ ခရီးသည္ ရွဴ ကို စကၤာပူရဲတပ္ဖြဲ႕က ကုလသမဂၢ အၾကမ္းဖက္တိုက္ခိုက္မႈ တားဆီးေရးဥပေဒနဲ႔ ဖမ္းဆီးခဲ့ပါတယ္။ အဲဒီဥပေဒအတိုင္း သူသာတကယ္ ျပစ္မႈထင္ရွားလ်င္ ဒါဏ္ေငြ စကၤာပူေဒၚလာ ငါးသိန္း (သို႔) ေထာင္ဒါဏ္ ဆယ္ႏွစ္ ( သို႔) ၂မ်ိဳးလုံးက်ခံရႏိုင္တာပါ။
ေနာက္ပိုင္းမွာေတာ့ ရွဴခြၽန္မန္း ကို " အေႏွာက္အယွက္ျပဳျခင္းမွ ကာကြယ္တဲ့ဥပေဒ"  နဲ႔ ေျပာင္းလြဲတရားစြဲခဲ့ပါတယ္။
တရားခြင္မွာ အစိုးရဥပေဒအရာရွိ နီကိုလတ္စ္ခူးက 'ေနာင္တြင္ ဒီလို အျပဳအမူမ်ိဳးမွထပ္မံျဖစ္ပြားျခင္းမွေရွာင္ရွားဖို႔ လက္လြတ္စလြယ္ျပဳမူေျပာဆိုတတ္သူေတြကို သတိေပးသလိုျဖစ္ေအာင္ ျပင္းထန္တဲ့ အေရးယူမႈမ်ိဳးလိုအပ္ေၾကာင္း' တင္ျပခဲ့တာပါ။ တရားသူႀကီး အဒမ္နာကိုဒါကလည္း ရွဴခြၽန္မန္း ရဲ႕ အျပဳအမူဟာ လုံးဝ လက္ခံႏိုင္စရာမရွိဘူးဆိုတာကို သေဘာတူလို႔ အဲဒီျပစ္မႈရဲ႕ အျမင့္ဆုံးပစ္ဒါဏ္  ဒါဏ္ေငြ ေဒၚလာ ၅၀၀၀ ကို ၅၀၀ သာေလွ်ာ့ၿပီး ဒါဏ္ေငြ ေဒၚလာ ၄၅၀၀ ခ်မွတ္ခဲ့ပါတယ္။
အမွားအယြင္းမခံတဲ့ လုံၿခဳံေရးကိစၥလို မ်ိဳးမွာ စိတ္လိုက္မာန္ပါပဲျဖစ္ေစ၊ အေပ်ာ္အပ်က္ပဲျဖစ္ေစ ႏႈတ္မေစာင့္စည္းႏိုင္ခဲ့လ်င္ ဆိုး႐ြားတဲ့ အက်ိဳးဆက္ကို ခံစားရတယ္ဆိုတဲ့ သင္ခန္းစာတခုပါ။
သားေတာ္ေမာင္ ေျပာဖူးတာေလးကို သတိရမိပါတယ္။ "အေဖ၊ ေလဆိပ္မွာ မိတ္ေဆြ " ဂ်က္" ကို လွမ္းေတြ႕လို႔ ဝမ္းသာအားရနဲ႔ " ဟိုင္း ဂ်က္"
လို႔ လွမ္းမေအာ္မိေစနဲ႔ေနာ္၊  လုံၿခဳံေရးက ေလယဥ္အပိုင္စီးတဲ့ Hijack ထင္ၿပီး ဝိုင္းလာလိမ့္မယ္"  တဲ့။
ဖိုးသုည
04-06-19


ဘာရယ်မဟုတ်ပဲ ပြောလိုက်တဲ့ စကားတခွန်းရဲ့ အတိုင်းအတာ (ယူနီကုဒ်) 

၂၀၁၈ ဧပြီလ ၅ ရက် ကြာသပတေးနေ့၊
စင်္ကာပူ အခြေစိုက်  Scoot လေကြောင်းလိုင်းက အသက် ၂၃ နှစ်အရွယ် လေယာဉ်မယ်ကလေး  ဘူဂျိုဝီးတယောက် Singapore - Hat Yai  ခရီးစဉ် Scoot flight TR634  မှာတာဝန်ထမ်းဖို့ အလှည့်ကျပါတယ်။
တနာရီခွဲသာသာခရီးအတွက် လိုအပ်တာတွေပြင်ဆင်အပြီး လေယာဉ်ပေါ်တက်လာတဲ့ ခရီးသည်တွေကို လိုအပ်တာတွေကူညီနေစဉ် နေ့လည် ၁၂း ၅၅ လောက်မှာ သတ်မှတ်အရွယ်ထက်ကြီးနေတဲ့ ခရီးဆောင်အိတ်တလုံးကို ပစ္စည်းတင်အကန့်မှာ မရမကထိုးထည့်နေတဲ့ ခရီးသည်တယောက်ကို သတိထားလိုက်မိပါတယ်။
ဘက်ဂျက်လိုင်းတွေမှာ အပ်နှံပစ္စည်းတွေအတွက် အခကြေးငွေပေးရတော့ တချို့ခရီးသည်တွေက  ဟန်းကယ်ရီကို မနိုင်မနင်းထည့်သယ်တတ်ပါတယ်။
အဖေါ်၂ ယောက်နဲ့ အတူခရီးထွက်လာတဲ့ စင်္ကာပူနိုင်ငံသား ရှူချွန်မန်း (လက်ထောက်မန်နေဂျာ , အသက် ၄၁နှစ်) ယူလာတဲ့ ဟန်းကယ်ရီ အိတ်က သတ်မှတ်ထားတဲ့ အရွယ်ထက်ပိုကြီးနေပါတယ်။ ဒါကြောင့်အိတ်ကို သူခုံအထက်ကပစ္စည်းတင်အကန့်မှာ ထိုးထည့်ပြီးသော်လည်း အကန့်အဖုံးပိတ်မရအောင် ထွက်နေပါတယ်။
လေယာဉ်မယ် ဘူဂျိုဝီး ကတာဝန်အရ ရှူချွန်မန်းထံချဉ်းကပ်သွားပြီး ‘ လူကြီးမင်းရဲ့ အိတ်က သတ်မှတ်ထားတဲ့အရွယ်ထက်ပိုကြီးနေလို့ လေယာဉ်အောက်က ကုန်စည်ခန်းထဲကို ထည့်ရပါမယ်" လို့ ဆိုပေမယ့် သူက အိတ်ကို မရမကထိုးထည့်ဖို့ကြိုးစားနေပါသေးတယ်။ မဖြစ်နိုင်တာသေချာတော့မှ လက်လျှော့ပြီး အိတ်ကို အောက်ထပ် ကုန်စည်ခန်းထဲကိုကိုပို့ဖို့ သဘောတူခဲ့ပါတယ်။ “ လူကြီးမင်း အိတ်ထဲမှာ အရေးကြီးပစ္စည်းဘာတွေပါပါသလဲ ။  ပါ့စ်ပို့၊ စာရွက်စာတန်း ၊ တန်ဖိုးကြီးပစ္စည်းနဲ့ လစ်သီယံ ဓါတ်ခဲလို ပစ္စည်းတွေကိုတော့ ထုတ်ယူထားရပါမယ်။ “ လို့ လေယာဉ်မယ်က ပြောပါတယ်။
ဒါကို မကျေနပ်တဲ့ ခရီးသည် ရှူချွန်မန်း က “ ဘာမှမပါဘူး. ဗုံးပဲပါတယ်” လို့ ဘုတောခဲ့ပါတယ်။ ပြီးမှသူ့ကို ရှူတည်တည် ပြန်ကြည့်နေတဲ့ လေယဉ်မယ်ကို လေသံပြောင်းပြီး” ဗုံးမဟုတ်ပါဘူး နောက်တာပါ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလည်း” လို့ ပြန်ပြောခဲ့ပါတယ်။
လေယာဉ်မယ် ဘူဂျိုဝီးက သူ့စကားကြောင့် တပ်လှန့်လိုက်သလိုဖြစ်ပေမဲ့ "နောက်တာပါ" ဆိုတာကို လက်ခံလိုက်ပါတယ်။ သူမ လုပ်စရာရှိတာတွေကို ဆက်လုပ်အပြီးမှာတော့ လေယာဉ်တက်ကာနီးမှာ သူမရဲ့ အဖွဲ့ခေါင်းဆောင် လေယာဉ်မယ် ဂင်နီချောင်ဝမ်ချင်း ကို အဲဒီအဖြစ်ကို သတင်းပို့ပါတယ်။  အသက် ၂၆ နှစ်သာရှိသေးတဲ့ အဖွဲ့ခေါင်းဆောင် ဂင်နီက ဘူဂျိုဝီး ကို “ ဒီလိုကိစ္စမျိုးဆိုတာ အမြဲ အလေးအနက်ထားရပါတယ်။ နောက်တာလို့ပဲ ပြောပြော ပေါ့ဆလို့ မရပါဘူး” လို့ ပြောပြီး လေယာဉ်ဝန်ထမ်းအားလုံးရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ကက်ပတိန်ကို ချက်ချင်းသတင်းပို့ဖို့လုပ်ပါတယ်။
ဖြစ်ချင်တော့ အဲဒီအချိန်မှာလေယာဉ်က ပျံတက်ဖို့ စလုပ်နေပြီဖြစ်တာကြောင့် လေယာဉ်မောင်းခန်းကို လေယာဉ်မယ်ခေါင်းဆောင် ဂင်နီ ဝင်ခွင့်မရှိတော့ပါ။
လေယာဉ်ပျံလေထဲရောက်တော့မှ သူမကအကျိုးအကြောင်းပြောပြလို့ ကက်ပတိန်က ဂင်နီကို လေယာဉ်မောင်းခန်းကို ဝင်ခွင့်ပြုပြီး အသေးစိပ်သတင်းပို့စေပါတယ်။
လေယာဉ်ပေါ်မှာ ဗုံးပါတယ်လို့ပြောတာဟာနောက်ပြောင်တာပင်ဖြစ်ပါစေ အလေး အနက်ထားကိုင်တွယ်ဖို့ လေ့ကျင့်ထားကြတဲ့သူတွေပီပီ လုပ်ထုံးလုပ်နည်း ပရိုတိုကောအရ လေယာဉ်ရောက်ရှိနေတဲ့ မလေးရှား လေပိုင်နက်ထိန်းချုပ်မျှော်စင် ကို "Mayday" တပ်လှန့်အကြောင်းကြားလိုက်ပါတယ်။
စင်္ကာပူလေကြောင်းထိန်းသိမ်ရေး စခန်းကိုလည်းသတင်းပို့ပြီး လေယာဉ်ကို အနီးဆုံး ဖြစ်တဲ့ လေဆိပ်မှာဆင်းရမည်ဆိုတဲ့ လုပ်ထုံးလုပ်နည်းအရ စင်္ကာပူချန်ဂီလေဆိပ်ကို ပြန်လှည့်ပြီး အရေးပေါ်ဆင်းဖို့စီစဉ်ပါတယ်။ အမြဲအဆင်သင့်ဖြစ်နေတဲ့ စင်္ကာပူလေတပ်က ပိုင်းလော့ရဲ့ တပ်လှန့်သတင်းကြောင့် အက် ၁၅ နှစ်စီးကို ချက်ချင်းစေလွှတ်လိုက်ပြီး အဲဒီ Scoot flight TR634 လေယာဉ်ကို စောင့်ကြပ်ပျံသန်းလိုက်ပါစေပါတယ်။
နေ့လည် ၃း၂၀ နာရီမှာတော့ အဲဒီလေယာဉ်က ချန်ဂီလေဆိပ်ကိုဘေးကင်းစွာဆင်းသက်လိုက်ပါတယ်။ ဆင်းတာနဲ့ လေဆိပ်အဆောက်အဦတွေနဲ့ဝေးတဲ့ အနေရာမှာ ရပ်နားစေခဲ့ပါတယ်။
ရဲတပ်ဖွဲ့တွေရောက်လာတဲ့အခါမှသာ ခရီးသည် နဲ့ ဝန်ထမ်း ၁၇၉ ယောက်လုံးကို လေယာဉ်ပေါ်က ဆင်းသက်စေပြီး လုံခြုံရးစစ်ဆေးမှုတွေလုပ်ပါတယ်။ လေယာဉ်ကို လည်းသေသေချာချာစစ်ဆေး၊ နောက်ပြောင်မိခဲ့တဲ့ ခရီးသည် ရှုနဲ့ သူ့ခရီးသွားဖေါ် ၂ ယောက်တို့ရဲ့အိတ်တွေအားလုံးကိုလည်း ရှာဖွေစစ်ဆေးကြပါတယ်။ ဗုံးလည်းတကယ်မတွေ့လို့ အားလုံးဘေးကင်းကြောင်းသေချာတဲ့ အခါ လေယာဉ်ခရီး ၄နာရီ ၄၈ မိနစ်နောက်ကျခဲ့ပြီး လေယာဉ်ပြန်လည်ထွက်ခွာနိုင်ခဲ့ပါတယ်.
ဒီလိုဗုံးနဲ့ပတ်သက်တဲ့ တပ်လှန့်မှုဖြစ်လျင်လုပ်ရတဲ့ လုပ်ထုံးလုပ်နည်းအရ ပိုင်းလော့တွေနဲ့ လေယာဉ်ဝန်ထမ်းအချို့တွေကို တာဝန်လဲပေးရသလို၊ ခရီးဖင့်တဲ့ ခရီးသည်တွေ အစားအသောက်အတွက်  ကူပွန်တွေကိုလည်း လေကြောင်းလိုင်းကပေးခဲ့ရပါတယ်။ အဲဒီအကျိုးဆက်ကတော့ ဖြစ်စဉ်တခုလုံဲးအတွက် Scoot လေကြောင်းက စင်္ကာပူဒေါ်လာ ၁၃,၇၅၇ ဒေါ်လာဆုံးရှူံးနစ်နာခဲ့ရတယ်လို့ တရားရုံးမှာ တင်ပြခဲ့ပါတယ်။
နောက်ပြောင်မိခဲ့တဲ့ ခရီးသည် ရှူ ကို စင်္ကာပူရဲတပ်ဖွဲ့က ကုလသမဂ္ဂ အကြမ်းဖက်တိုက်ခိုက်မှု တားဆီးရေးဥပဒေနဲ့ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီဥပဒေအတိုင်း သူသာတကယ် ပြစ်မှုထင်ရှားလျင် ဒါဏ်ငွေ စင်္ကာပူဒေါ်လာ ငါးသိန်း (သို့) ထောင်ဒါဏ် ဆယ်နှစ် ( သို့) ၂မျိုးလုံးကျခံရနိုင်တာပါ။
နောက်ပိုင်းမှာတော့ ရှူချွန်မန်း ကို " အနှောက်အယှက်ပြုခြင်းမှ ကာကွယ်တဲ့ဥပဒေ"  နဲ့ ပြောင်းလွဲတရားစွဲခဲ့ပါတယ်။
တရားခွင်မှာ အစိုးရဥပဒေအရာရှိ နီကိုလတ်စ်ခူးက 'နောင်တွင် ဒီလို အပြုအမူမျိုးမှထပ်မံဖြစ်ပွားခြင်းမှရှောင်ရှားဖို့ လက်လွတ်စလွယ်ပြုမူပြောဆိုတတ်သူတွေကို သတိပေးသလိုဖြစ်အောင် ပြင်းထန်တဲ့ အရေးယူမှုမျိုးလိုအပ်ကြောင်း' တင်ပြခဲ့တာပါ။ တရားသူကြီး အဒမ်နာကိုဒါကလည်း ရှူချွန်မန်း ရဲ့ အပြုအမူဟာ လုံးဝ လက်ခံနိုင်စရာမရှိဘူးဆိုတာကို သဘောတူလို့ အဲဒီပြစ်မှုရဲ့ အမြင့်ဆုံးပစ်ဒါဏ်  ဒါဏ်ငွေ ဒေါ်လာ ၅၀၀၀ ကို ၅၀၀ သာလျှော့ပြီး ဒါဏ်ငွေ ဒေါ်လာ ၄၅၀၀ ချမှတ်ခဲ့ပါတယ်။
အမှားအယွင်းမခံတဲ့ လုံခြုံရေးကိစ္စလို မျိုးမှာ စိတ်လိုက်မာန်ပါပဲဖြစ်စေ၊ အပျော်အပျက်ပဲဖြစ်စေ နှုတ်မစောင့်စည်းနိုင်ခဲ့လျင် ဆိုးရွားတဲ့ အကျိုးဆက်ကို ခံစားရတယ်ဆိုတဲ့ သင်ခန်းစာတခုပါ။
သားတော်မောင် ပြောဖူးတာလေးကို သတိရမိပါတယ်။ "အဖေ၊ လေဆိပ်မှာ မိတ်ဆွေ " ဂျက်" ကို လှမ်းတွေ့လို့ ဝမ်းသာအားရနဲ့ " ဟိုင်း ဂျက်"
လို့ လှမ်းမအော်မိစေနဲ့နော်၊ လုံခြုံရေးက လေယဉ်အပိုင်စီးတဲ့ Hijack ထင်ပြီး ဝိုင်းလာလိမ့်မယ်"  တဲ့။
ဖိုးသုည
04-06-19
https://www.channelnewsasia.com/news/singapore/scoot-bomb-hoax-flight-man-fined-10786222
https://www.channelnewsasia.com/news/singapore/scoot-fake-bomb-threat-plane-returns-to-singapore-10107322
https://www.todayonline.com/singapore/scoot-passenger-whose-use-bomb-word-flight-sparked-security-scramble-fined-s4500
https://www.straitstimes.com/singapore/transport/scoot-flight-returns-to-singapore-safely-after-alleged-bomb-threat-on-board


No comments:

Post a Comment

#Hello_Max ! #Ready_to_wake_up ? အင်ဒိုနီးရှား Lionair နဲ့ အီသီယိုးပီးယားအဲယားလိုင်း လေယာဉ်တွေပျက်ကျပြီးနောက် ၂၀၁၉ မတ်လလယ်ကစပြီးမြ...