Friday, May 31, 2019

ဘယ္သူမဆိုေမာင္းၾကည့္လို႔ရတဲ့ Boeing 737-800 simulator အစစ္ေတြ (ဘယ်သူမဆိုမောင်းကြည့်လို့ရတဲ့ Boeing 737-800 simulator အစစ်တွေ)

ဘယ္သူမဆိုေမာင္းၾကည့္လို႔ရတဲ့ Boeing 737-800 simulator အစစ္ေတြ


Boeing 737-800 simulator အစစ္ေတြကိုေတာ့ Singapore Flyer က Flight experience , Kuala Lumpur က Pavilion mall မွာ နာရီနဲ႔ ေမာင္းလို႔ရပါတယ္။ ‌ပက္ေက့ခ်္ မ်ိဳးစုံရွိပါတယ္။
ဘယ္သူမဆိုေမာင္းလို႔ရပါတယ္။
ေဈးကေတာ့ ႀကီးပါတယ္။
သတ္မွတ္ခ်ိန္အတြင္း တေယာက္မ က အလွည့္က်ေမာင္းလည္းရပါတယ္။
ပိုင္းေလာ့ခုံ ေနာက္မွာ ၂ ေယာက္ ထိုင္ၾကည့္လို႔ရပါတယ္။
ကိုပ်ံေနတာကိုဗီဒီယို ႐ိုက္ထားေပးၿပီး ႀကိဳက္လ်င္ ဗြီဒီယိုကို ဝယ္လို႔ရပါတယ္။ ( ေငြထပ္ခ်ဴတာေပါ့)
ေဈးခ်ခ်ိန္ ႀကိဳဝယ္ထားလို႔ရပါတယ္။
အေပ်ာ္သေဘာသြားေမာင္းလ်င္ေတာ့ ေဈးႀကီးလို႔ မတန္ပါ။
မေလးရွားက နည္းနည္းပို သက္သာပါတယ္။
မပ်ံခင္ ၅ မိနစ္ဗြီဒီယိုနဲ႔ အရင္သင္ေပးပါတယ္။ ပ်ံသန္းေရးနဲ႔ ေလယာဥ္ေၾကာင္းအေျခခံ ေတြပါ။
အစိမ္းသက္သက္ဆိုရင္ေတာ့ ေခါင္းထဲဘာမွမက်န္ေအာင္ မွတ္စရာေတြ ကမ်ားပါတယ္။ ကြန္ျပဴတာမွာ Flight Simulator game ေတြ အႀကိမ္မ်ားမ်ားေမာင္းထားဖူးသူ၊ အဲဒီထဲက က်ဴတိုရီရယ္ေတြ ကို ၾကည့္ထားဖူးသူဆိုလ်င္ေတာ့ အဆင္ေျပမွာပါ။
ေလယာဥ္ရဲ႕ အဓိက အစိပ္အပိုင္းေတြရဲ႕ အေခၚအေဝၚေတြကို သိထားမယ္။ ပ်ံသန္းေရး အေျခခံသေဘာတရားနဲ႔ အသုံးအႏႈံးေတြကို ရင္းႏွီး မယ္၊ Boeing 737-800 instrument panel က ခလုပ္ေတြကို ရင္းႏွီးမယ္ဆိုလ်င္ေတာ့ ေမာင္းေပ်ာ္ပါတယ္။
ကိုယ့္အရည္အခ်င္းကိုလိုက္လို႔ နည္းျပက အခက္အခဲေတြ ကို ဖန္တီးေပးၿပီး ေမာင္းခိုင္းႏိုင္ပါတယ္။
ဥပမာ ကြင္းအနားေရာက္မွ ေကြ႕ဆင္းရတဲ့ ေဟာင္ေကာင္က Kai Tak Airport ကို ဆင္းခိုင္းတာ၊ ေလယာဥ္ စက္တလုံးကို ႐ုတ္တရက္ ပိတ္ၿပီး အင္ဂ်င္တလုံးတည္းနဲ႔ ဆင္းခိုင္းတာမ်ိဳးေပါ့။ ေရွ႕ဘီး မက်တာမ်ိဳးကိုလည္း ေတာင္းလ်င္ ရခ်င္ရမွာပါ။
အရပ္ ၅ ေပေအာက္ဆိုလ်င္ေတာ့ ဟိုမမွီီဒီမွီနဲ႔ ေမာင္းရတာ မတန္ပါ။
simulator ထဲမွာ ဘာေတြ ေပးလုပ္လဲ နည္းျပနဲ႔ ဘာေတြေျပာလဲ ကိုယ္ပ်ံဖို႔လအဆင္သင့္ျဖစ္ၿပီလား မွန္းဆႏိုင္ေအာင္ ၊ တကယ္ေမာင္းထားသူတေယာက္ရဲဲ့ဗီဒီယိုတစိတ္တေဒသကို တင္ထားပါတယ္၊
လင့္ကဒီမွာပါ။
https://my.pcloud.com/publink/show…
https://my.pcloud.com/publink/show…
ဖိုးသုည
၂၈-၅-၁၉

ဘယ်သူမဆိုမောင်းကြည့်လို့ရတဲ့ Boeing 737-800 simulator အစစ်တွေ ( ယူနီကုဒ်) 

Boeing 737-800 simulator အစစ်တွေကိုတော့ Singapore Flyer က Flight experience , Kuala Lumpur က Pavilion mall မှာ နာရီနဲ့ မောင်းလို့ရပါတယ်။ ‌ပက်ကေ့ချ် မျိုးစုံရှိပါတယ်။ 
ဘယ်သူမဆိုမောင်းလို့ရပါတယ်။ 
ဈေးကတော့ ကြီးပါတယ်။ 
သတ်မှတ်ချိန်အတွင်း တယောက်မ က အလှည့်ကျမောင်းလည်းရပါတယ်။
ပိုင်းလော့ခုံ နောက်မှာ ၂ ယောက် ထိုင်ကြည့်လို့ရပါတယ်။
ကိုပျံနေတာကိုဗီဒီယို ရိုက်ထားပေးပြီး ကြိုက်လျင် ဗွီဒီယိုကို ဝယ်လို့ရပါတယ်။ ( ငွေထပ်ချူတာပေါ့)
ဈေးချချိန် ကြိုဝယ်ထားလို့ရပါတယ်။ 
အပျော်သဘောသွားမောင်းလျင်တော့ ဈေးကြီးလို့ မတန်ပါ။ 
မလေးရှားက နည်းနည်းပို သက်သာပါတယ်။
မပျံခင် ၅ မိနစ်ဗွီဒီယိုနဲ့ အရင်သင်ပေးပါတယ်။ ပျံသန်းရေးနဲ့ လေယာဉ်ကြောင်းအခြေခံ တွေပါ။ 
အစိမ်းသက်သက်ဆိုရင်တော့ ခေါင်းထဲဘာမှမကျန်အောင် မှတ်စရာတွေ ကများပါတယ်။ ကွန်ပြူတာမှာ Flight Simulator game တွေ အကြိမ်များများမောင်းထားဖူးသူ၊ အဲဒီထဲက ကျူတိုရီရယ်တွေ ကို ကြည့်ထားဖူးသူဆိုလျင်တော့ အဆင်ပြေမှာပါ။ 
လေယာဉ်ရဲ့ အဓိက အစိပ်အပိုင်းတွေရဲ့ အခေါ်အဝေါ်တွေကို သိထားမယ်။ ပျံသန်းရေး အခြေခံသဘောတရားနဲ့ အသုံးအနှုံးတွေကို ရင်းနှီး မယ်၊ Boeing 737-800 instrument panel က ခလုပ်တွေကို ရင်းနှီးမယ်ဆိုလျင်တော့ မောင်းပျော်ပါတယ်။
ကိုယ့်အရည်အချင်းကိုလိုက်လို့ နည်းပြက အခက်အခဲတွေ ကို ဖန်တီးပေးပြီး မောင်းခိုင်းနိုင်ပါတယ်။ 
ဥပမာ ကွင်းအနားရောက်မှ ကွေ့ဆင်းရတဲ့ ဟောင်ကောင်က Kai Tak Airport ကို ဆင်းခိုင်းတာ၊ လေယာဉ် စက်တလုံးကို ရုတ်တရက် ပိတ်ပြီး အင်ဂျင်တလုံးတည်းနဲ့ ဆင်းခိုင်းတာမျိုးပေါ့။ ရှေ့ဘီး မကျတာမျိုးကိုလည်း တောင်းလျင် ရချင်ရမှာပါ။
မလေးရှား https://kualalumpur.flightexperience.com/
စင်္ကာပူ https://singapore.flightexperience.com.sg/
အရပ် ၅ ပေအောက်ဆိုလျင်တော့ ဟိုမမှီဒီမှီနဲ့ မောင်းရတာ မတန်ပါ။
simulator ထဲမှာ ဘာတွေ ပေးလုပ်လဲ နည်းပြနဲ့ ဘာတွေပြောလဲ ကိုယ်ပျံဖို့လအဆင်သင့်ဖြစ်ပြီလား မှန်းဆနိုင်အောင် ၊ တကယ်မောင်းထားသူတယောက်ရဲ့ဗီဒီယိုတစိတ်တဒေသကို တင်ထားပါတယ်၊
လင့်ကဒီမှာပါ။ 
ဖိုးသုည
၂၈-၅-၁၉

No comments:

Post a Comment

#Hello_Max ! #Ready_to_wake_up ? အင်ဒိုနီးရှား Lionair နဲ့ အီသီယိုးပီးယားအဲယားလိုင်း လေယာဉ်တွေပျက်ကျပြီးနောက် ၂၀၁၉ မတ်လလယ်ကစပြီးမြ...