Thursday, June 27, 2019

Boeing 737 max နဲ႔ ေနာက္ထပ္ ျပသနာ အသစ္။


Boeing 737 max နဲ႔ ေနာက္ထပ္ ျပသနာ အသစ္။

ျပသနာမ်ိဳးစုံနဲ႔ နပန္းလုံးေနတဲ့ Boeing 737 max ရဲ႕ ေမွ်ာ္လင့္ခ်က္ ေရာင္ျခည္ တခုျဖစ္တဲ့ MCAS software update ကိုစမ္းသပ္လို႔ၿပီးၿပီျဖစ္ေၾကာင္း  ၂၀၁၉ ေမလ ၁၈ ရက္မွာ ဘိုးအင္းကေၾကျငာခဲ့ပါတယ္။ ဘိုးအင္းရဲ႕ပိုင္းေလာ့ နဲ႔ အင္ဂ်င္နီယာေတြက အဲဒီ ေဆာ့ဝဲအသစ္ကိုသုံးၿပီး ဆင္ျမဴေလတာတာနဲ႔ တကဲ့ စမ္းသပ္ပ်ံသန္းမႈေပါင္း ၂၀၇ ခုကို နာရီ ၃၆၀ ၾကာေအာင္လုပ္ၿပီးၿပီျဖစ္လို႔ FAA ရဲ႕ စစ္ေဆးမႈရယူဖို႔တင္ျပေတာ့မယ္လို႔ေျပာခဲ့တာပါ။ 

737 Max
MCAS system


ေနာက္ဆုံးသတင္း 

အဲဒီေဆာ့ဝဲအသစ္ကို သုံးၿပီး FAA ပိုင္းေလာ့ေတြ simulator နဲ႔ စမ္းသပ္ေနၾကရာက မေမွ်ာ္လင့္ထားတဲ့ျပသနာအသစ္တခုကို ထပ္ေတြ႕ခဲ့တာပါ။ ဘာျပသနာရယ္လို႔ အေသးစိပ္ထုတ္ျပန္ျခင္းမရွိေပမယ့္ FAA က ၂၀၁၉ ဇြန္ လ ၂၆ ရက္မွာ  “ The FAA recently found a potential risk that Boeing must mitigate” လို႔ထုတ္ျပန္ခဲ့သလို ဘိုးအင္းကလည္း “ (FAA) identified an additional requirement that it has asked the company to address through the software changes that the company has been developing for the past eight months.” လို႔ေၾကျငာပါတယ္။ ဒီျပသနာသစ္အတြက္ ဘိုးအင္းက ေဆာ့ဝဲ အသစ္ကို ေရးေနၿပီး ကုမၸဏီအေနနဲ႔ 737 max ပ်ံသန္းခြင့္ျပန္ရဖို႔ လိုအပ္ခ်က္ေတြကို စိတ္တိုင္းမက်မခ်င္း FAA ကို ပ်ံသန္းခြင့္ လက္မွတ္အတြက္ တင္ျပမွာမဟုတ္ဘူးလို႔ဆိုပါတယ္။ 


ေပါက္ၾကားလာတဲ့ သတင္းေတြ

CNN သတင္းဌာနကေတာ့ သူတို႔ရထားတဲ့ 737 max စမ္းသပ္ေနမႈနဲ႔ နီးစပ္တဲ့ သတင္းအရင္းအျမစ္ ႏွစ္ခုအဆိုအရ ဒီတခါျပသနာက မိုက္က႐ိုပေရာဆက္စာခ်ိဳ႕ယြင္းမႈလို႔ဆိုပါတယ္။ 
အဲဒီခ်ိဳ႕ယြင္းခ်က္က ေလယာဥ္ဦးကို ေျမကို စိုက္ေအာင္တြန္းပို႔တယ္လို႔ဆိုပါတယ္။
ဒီခ်ိဳ႕ ယြင္းခ်က္ကိုျပန္ တုန္ျပန္ဖို႔ simulator ထဲ မွာစမ္းၾကတဲ့အခါပိုင္းေလာ့အေနနဲ႔   စကၠန႔္ပိုင္းအတြင္း ဦးျပန္မတ္လာဖို႔  စြမ္းေဆာင္ႏိုင္ဖို႔ အလြန္ခက္ခဲတယ္။ အဲလို စကၠန႔္ပိုင္းအတြင္းအတြင္း တုန္႔ျပန္ဖိုမလြယ္ဘူးဆိုတာ အလြန္အႏၲရာယ္မ်ားတယ္လို႔ဆိုပါတယ္။ အခုအသစ္ေတြ႕ရွိတဲ့ micro processor ခ်ိဳ႕ယြင္းမႈက ၿပီးခဲ့တဲ့ ေလယာဥ္ပ်က္က်မႈ ၂ ခုနဲ႔ ပတ္သက္မႈ ရွိမရွိေတာ့ မသိေသးပါဘူး။
ဒီျပသနာကို ေျဖရွင္းဖို႔ ဘိုးအင္းအင္ဂ်င္နီယာေတြႀကိဳးစားေနၾကၿပီျဖစ္ေပမယ့္ 737 Max ေတြျပန္လည္ပ်ံသန္းခြင့္ရဖို႔ကေတာ့ အခ်ိန္ပိုၿပီး ၾကာသြားေတာ့မွာပါ။
ဒီျပသနာကို ေျဖရွင္းဖို႔ ေဆာ့ဝဲ အပ္ဒိတ္လုပ္႐ုံနဲ႔ ရမလား micro processor ပစၥည္းအသစ္နဲ႔ အစားထိုးရမလာူဆိုတာေတာ့ ေျပာလို႔မရေသးပါဘူး။


ဘာအက်ိဳးဆက္ေတြျဖစ္လာမလဲ

  • 737 max ေတြ ပ်ံခြင့္ရဖို႔ မွန္းထားတာထက္ပိုၿပီးၾကာပါမယ္။
  • ဒီေလယာဥ္ေတြ အေပၚ လူေတြ ရဲ႕ ယုံၾကည္မႈ အေတာ္ေလး ထပ္ေလ်ာ့သြားပါမယ္။
  • ၿပီးခဲ့တဲ့ ၂ ပတ္က ပဲရစ္ ေလေၾကာင္းျပပြဲမွာ ယုံၾကည္စိတ္ခ်စြာနဲ႔ 737 Max အစီး ၂၀၀ ဝယ္မယ္ဆိုတဲ့  IAG အုပ္စုက ဘယ္လို တုန႔္ျပန္မယ္ဆိုတာကလည္းစိတ္ဝင္စားစရာပါ၊
  • ေလယာဥ္ေတြ ေျမမွာနားထားရလို႔. (သို႔) လက္ခံရရွိဖို႔ ေႏွာင့္ေႏွးလို႔ ေဒၚလာဂသန္းခ်ီ နစ္နာေနတဲ့ ေလေၾကာင္းလိုင္းေတြက ဘိုးအင္းထံက ေလ်ာ္ေၾကးေတာင္းတဲ့ သတင္းေတြ ထပ္ၾကားရႏိုင္ပါတယ္။
  • မွာထားတဲ့ ၄.၉ ဘီလီယံဖိုး ေအာ္ဒါေတြကို ဖ်က္သိမ္းခဲ့တဲ့ Garuda Indonesia ေနာက္ကို လိုက္မယ့္ေလေၾကာင္းလိုင္းေတြလည္းေပၚလာႏိုင္ပါတယ္။ 



ပိုင္းေလာ့ထရိန္နင္

Boeing 737 max ေတြ ျပန္လည္ပ်ံသန္းခြင့္ရဖို႔ ေျဖရွင္းရတဲ့ ေနာက္ျပသနာတခုကေတာ့ ပိုင္းေလာထရိန္နင္ပါ။ 
ဘိုးအင္းက 737 type rating ရထားတဲ့ ပိုင့္ေလာ့ေတြ 737 max ကိုေမာင္းဖို႔တနာရီသာသာ အိုင္ပက္ တ်ဴတိုရီရယ္နဲ႔ လုံေလာက္တယ္လို႔ ေျပာခဲ့ပါတယ္။ 
Lion Air flight JT 610 နဲ႔  Ethiopian Aielines ET302 တို႔ပ်က္က်အၿပီးမွာေတာ့ ႏိုင္ငံတကာ ေလေၾကာင္းအာဏာပိုင္ေတြက ဘိုးအင္းေျပာတဲ့ ပိုင္းေလာ့ထရိန္နင္အေပၚမွာ သံသယဝင္လာၾကပါတယ္။ 
ႏိုင္ငံတကာ ေလေၾကာင္းအာဏာပိုင္ေတြ၊ ဘိုးအင္းနဲ႔ FAA တို႔  မြန္ထရီရယ္ၿမိဳ႕မွာ ေမလ ၂၃ ကလုပ္ခဲ့တဲ့ 737 MAX ေတြ ကို  ျပန္လည္ပ်ံသန္းခြင့္ျပဳႏိုင္ဖို႔ အစည္းအေဝးမွာ ေရရာတဲ့ ဆုံးျဖတ္ခ်က္ေတြ မခ်မွတ္ႏိုင္ခဲ့လို႔ IATAက လာမယ့္ ဇူလိုင္လထဲမွာ အလားတူ အစည္းအေဝးေနာက္တခုကို ထပ္မံ ေခၚယူဖို႔ရွိေနပါတယ္။ ။ ကေနဒါ၊ ဥေရာပ ပိုင့္ေလာ့ သမဂၢနဲ႔ အတူ ႏိုင္ငံအေတာ္မ်ားမ်ားက ေလေၾကာင္းလိုင္းေတြနဲ႔ ေလေၾကာင္းအာဏာပိုင္ေတြ က 737 Max ပိုင္းေလာ့ေတြကို simulator training လိုတယ္လို႔ယူဆေနၾကပါၿပီ။ ခက္တာက 737 Max simulator ေတြက အေတာ္ကို နည္းပါးေနေသးၿပီး simulator software မွာလည္းျပသနာရွိလို႔ မၾကာေသးခ်င္ကမွ အပ္ဒိတ္လုပ္ထားခဲ့ရတာပါ။ 737 Max ေတြ အမ်ားအျပားပိုင္ထားတဲ့ အေမရိကားက Southwest နဲ႔  American airlines တို႔အေနနဲ႔ အဲလိုထရန္နင္ေပးဖို႔ ဆိုလ်င္ တလေက်ာ္အခ်ိန္ယူရႏိုင္တယ္ဆိုပါတယ္။ 


737Max သမိုင္းအက်ဥ္း


  • ပထမဆုံး 737Max ေလယာဥ္ကိုေတာ့ ၂၀၁၆ ဇၷဝါရီလ၂၉ ရက္ေန႔မွာ ပ်ံသန္းခဲ့တာပါ ။
  • အေရာင္းသြက္ 737Max မွာ AOA sensor ျပသနာရွိတယ္ဆိုတာကို ဘိုးအင္းအင္ဂ်င္နီယာေတြက ၂၀၁၇ ကတည္းကသိခဲ့တယ္ဆိုပါတယ္။ ဒါေပမယ့္ ဘိုးအင္းက ဒီျပသနာေအၾကာင္းကို လွ်ိဳ႕ဝွက္ထားၿပီး software အပ္ဒိတ္လုပ္ဖို႔ပဲ ႀကိတ္က်ိဳးစားခဲ့တာပါ 
  • ၀၁၈ ေအာက္တိုဘာ ၂၉  မွာ Lion Air flight JT 610 ပ်က္က်ၿပီေလယာဥ္ေပၚပါ ခရီးသည္နဲ႔ ေလယာဥ္ဝန္ထမ္း ၁၈၉ ဦး အားလုံးေသဆုံးးေတာ့ မွ ဘိုးအင္းက 737 max ေတြမွာ အရင္ ဘိုးအင္းေလ ယာဥ္ေတြမွာ မသုံးဘူးတဲ့ MCAS စနစ္ ထည့္သြင္းထားေၾကာင္းထုတ္ေျပာခဲ့ပါတယ္။ 
  • အဲဒီကိစၥကို ဘိုးအင္းတာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံခဲ့တဲ့ အေမရိကန္ေလေၾကာင္းပိုင္းေလာ့ သမဂၢ ကိုယ္စားလွယ္ေတြက မေက်နပ္ေၾကာင္းေျပာခဲ့ပါေသးတယ္။ 
  • ၈ ဇႏၷဝါရီ ၂၀၁၉၊  737Max ေအာ္ဒါ အစင္းေရ ၅၀၀၀ ေက်ာ္သြားၿပီျဖစ္လို႔ ဘိုးအင္းခရီးသည္တင္ ေလယာဥ္ေတြထဲမွာ ေအာ္ဒါအမ်ားဆုံးစံခ်ိန္တင္ေၾကာင္းထုတ္ျပန္။
  • ၂၀၁၉ မတ္လ ၁၀ ရက္မွာ Ethiopian Airlines Flight 302 ပ်က္က်ျပန္ပါတယ္။ 
  • Lion Air နဲ႔ Ethiopian Airlines ပ်က္က်ပုံခ်င္းဆင္တူလို႔ ႏိုင္ငံအေတာ္မ်ားမ်ားက သူတို႔ႏိုင္ငံေတြမွာ 737Max ပ်ံသန္းမႈေတြကိုယာယီရပ္ဆိုင္းခဲ့ေပမယ့္ ဘိုးအင္းနဲ႔ အက္ဖ္ ေအေအတို႔ကေတာ့ မလိုအပ္ဘူးဆိုၿပီး ျငင္းေနခဲ့ပါေသးတယ္။ 
  • ၁၃- မတ္ ၂၀၁၉၊ ဘိုးအင္းနဲ႔ FAA က 737Max ပ်ံသန္းမႈေတြကိုယာယီရပ္ဆိုင္းဖို႔ေၾကျငာပါတယ္။ ကေနဒါ ပို႔ေဆာင္ေရး ဝန္ႀကီး ကတိုက္တြန္းေတာ့မွ အေမရိကန္အစိုးရက 737Max ပ်ံသန္းမႈေတြကိုယာယီရပ္ဆိုင္းဖို႔ အမိန္႔ေပးခဲ့တာပါ။ 737Max ပ်ံသန္းမႈေတြကိုယာယီရပ္ဆိုင္းဖို႔ ေၾကျငာတဲ့ ႏိုင္ငံေတြအထဲမွာေတာ့ ေနာက္ဆုံးလို႔ဆိုပါတယ္
  • ၁၈-ေမ ၂၀၁၉၊  ျပသနာျဖစ္တဲ့ ရဲ႕ ေဆာ့ဖ္ဝဲ အသစ္ကို စမ္းသပ္ၿပီးလို႔ ရဲ႕ အစစ္ေဆးကို ခံၿပီး ေလယာဥ္ေတြမၾကာမီပ်ံသန္းခြင့္ရေတာ့မယ္လို႔ ဘိုးအင္းက ေၾကျငာပါတယ္။ 
  • ၂ ဇြန္ ၂၀၁၉၊   Slat Tracks ဆိုတဲ့ အေတာင္ပံအေရွ႕မွာ တပ္ထားတဲ့ အစိပ္အပိုင္းတခု ဟာ သတ္မွတ္စံခ်ိန္မမွီလို႔  737 Max နဲ႔ 737 NG တခ်ိဳ႕ကို ျပန္လည္ စစ္ေဆးၿပီးပစၥည္း အစားထိုးဖို႔ လိုတယ္လို႔ ေၾကျငာပါတယ္။ 
  • ၂၆ ဇြန္ ၂၀၁၉၊ ေနာက္ျပသနာ အသစ္တခုကို ေတြ႕လို႔ ေျဖရွင္ဖို႔ဘိုးအင္းကိုအေၾကာင္းၾကားထားၿပီး ေလယာဥ္ေတြပ်ံသန္းခြင့္ရဖို႔ ႏွင့္ေႏွးႏိုင္တယ္လို႔  ေၾကျငာ။
ဖိုးသုည
28-06-19


Boeing နဲ့ ပတ္သက္ျပီး ေရးခဲ့ ေသာ ပို့စ္မ်ား ကိုဒီမွာ ဖတ္နိုင္ပါတယ္၊
https://aviation-phoethunya.blogspot.com/search/label/Boeing


Boeing 737 max နဲ့ နောက်ထပ် ပြသနာ အသစ်။ (ယူနီကုဒ်)

ပြသနာမျိုးစုံနဲ့ နပန်းလုံးနေတဲ့ Boeing 737 max ရဲ့ မျှော်လင့်ချက် ရောင်ခြည် တခုဖြစ်တဲ့ MCAS software update ကိုစမ်းသပ်လို့ပြီးပြီဖြစ်ကြောင်း  ၂၀၁၉ မေလ ၁၈ ရက်မှာ ဘိုးအင်းကကြေငြာခဲ့ပါတယ်။ ဘိုးအင်းရဲ့ပိုင်းလော့ နဲ့ အင်ဂျင်နီယာတွေက အဲဒီ ဆော့ဝဲအသစ်ကိုသုံးပြီး ဆင်မြူလေတာတာနဲ့ တကဲ့ စမ်းသပ်ပျံသန်းမှုပေါင်း ၂၀၇ ခုကို နာရီ ၃၆၀ ကြာအောင်လုပ်ပြီးပြီဖြစ်လို့ FAA ရဲ့ စစ်ဆေးမှုရယူဖို့တင်ပြတော့မယ်လို့ပြောခဲ့တာပါ။


နောက်ဆုံးသတင်း

အဲဒီဆော့ဝဲအသစ်ကို သုံးပြီး FAA ပိုင်းလော့တွေ simulator နဲ့ စမ်းသပ်နေကြရာက မမျှော်လင့်ထားတဲ့ပြသနာအသစ်တခုကို ထပ်တွေ့ခဲ့တာပါ။ ဘာပြသနာရယ်လို့ အသေးစိပ်ထုတ်ပြန်ခြင်းမရှိပေမယ့် FAA က ၂၀၁၉ ဇွန် လ ၂၆ ရက်မှာ  The FAA recently found a potential risk that Boeing must mitigate လို့ထုတ်ပြန်ခဲ့သလို ဘိုးအင်းကလည်း (FAA) identified an additional requirement that it has asked the company to address through the software changes that the company has been developing for the past eight months. လို့ကြေငြာပါတယ်။ ဒီပြသနာသစ်အတွက် ဘိုးအင်းက ဆော့ဝဲ အသစ်ကို ရေးနေပြီး ကုမ္ပဏီအနေနဲ့ 737 max ပျံသန်းခွင့်ပြန်ရဖို့ လိုအပ်ချက်တွေကို စိတ်တိုင်းမကျမချင်း FAA ကို ပျံသန်းခွင့် လက်မှတ်အတွက် တင်ပြမှာမဟုတ်ဘူးလို့ဆိုပါတယ်။


ပေါက်ကြားလာတဲ့ သတင်းတွေ

CNN သတင်းဌာနကတော့ သူတို့ရထားတဲ့ 737 max စမ်းသပ်နေမှုနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ် နှစ်ခုအဆိုအရ ဒီတခါပြသနာက မိုက်ကရိုပရောဆက်စာချို့ယွင်းမှုလို့ဆိုပါတယ်။
အဲဒီချို့ယွင်းချက်က လေယာဉ်ဦးကို မြေကို စိုက်အောင်တွန်းပို့တယ်လို့ဆိုပါတယ်။
ဒီချို့ ယွင်းချက်ကိုပြန် တုန်ပြန်ဖို့ simulator ထဲ မှာစမ်းကြတဲ့အခါ
ပိုင်းလော့အနေနဲ့ ဦးပြန်မတ်လာဖို့ စက္ကန့်ပိုင်းအတွင်း စွမ်းဆောင်နိုင်ဖို့ အလွန်ခက်ခဲတယ်။ အဲလို စက္ကန့်ပိုင်းအတွင်းအတွင်း တုန့်ပြန်ဖိုမလွယ်ဘူးဆိုတာ အလွန်အန္တရာယ်များတယ်လို့ဆိုပါတယ်။ အခုအသစ်တွေ့ရှိတဲ့ micro processor ချို့ယွင်းမှုက ပြီးခဲ့တဲ့ လေယာဉ်ပျက်ကျမှု ၂ ခုနဲ့ ပတ်သက်မှု ရှိမရှိတော့ မသိသေးပါဘူး။
ဒီပြသနာကို ဖြေရှင်းဖို့ ဘိုးအင်းအင်ဂျင်နီယာတွေကြိုးစားနေကြပြီဖြစ်ပေမယ့် 737 Max တွေပြန်လည်ပျံသန်းခွင့်ရဖို့ကတော့ အချိန်ပိုပြီး ကြာသွားတော့မှာပါ။
ဒီပြသနာကို ဖြေရှင်းဖို့ ဆော့ဝဲ အပ်ဒိတ်လုပ်ရုံနဲ့ ရမလား micro processor ပစ္စည်းအသစ်နဲ့ အစားထိုးရမလာူဆိုတာတော့ ပြောလို့မရသေးပါဘူး။


ဘာအကျိုးဆက်တွေဖြစ်လာမလဲ

  • 737 max တွေ ပျံခွင့်ရဖို့ မှန်းထားတာထက်ပိုပြီးကြာပါမယ်။
  • ဒီလေယာဉ်တွေ အပေါ် လူတွေ ရဲ့ ယုံကြည်မှု အတော်လေး ထပ်လျော့သွားပါမယ်။
  • ပြီးခဲ့တဲ့ ၂ ပတ်က ပဲရစ် လေကြောင်းပြပွဲမှာ ယုံကြည်စိတ်ချစွာနဲ့ 737 Max အစီး ၂၀၀ ဝယ်မယ်ဆိုတဲ့  IAG အုပ်စုက ဘယ်လို တုန့်ပြန်မယ်ဆိုတာကလည်းစိတ်ဝင်စားစရာပါ၊
  • လေယာဉ်တွေ မြေမှာနားထားရလို့. (သို့) လက်ခံရရှိဖို့ နှောင့်နှေးလို့ ဒေါ်လာ သန်းချီ နစ်နာနေတဲ့ လေကြောင်းလိုင်းတွေက ဘိုးအင်းထံက လျော်ကြေးတောင်းတဲ့ သတင်းတွေ ထပ်ကြားရနိုင်ပါတယ်။
  • မှာထားတဲ့ ၄.၉ ဘီလီယံဖိုး အော်ဒါတွေကို ဖျက်သိမ်းခဲ့တဲ့ Garuda Indonesia နောက်ကို လိုက်မယ့်လေကြောင်းလိုင်းတွေလည်းပေါ်လာနိုင်ပါတယ်။



ပိုင်းလော့ထရိန်နင်

Boeing 737 max တွေ ပြန်လည်ပျံသန်းခွင့်ရဖို့ ဖြေရှင်းရတဲ့ နောက်ပြသနာတခုကတော့ ပိုင်းလောထရိန်နင်ပါ။
ဘိုးအင်းက 737 type rating ရထားတဲ့ ပိုင့်လော့တွေ 737 max ကိုမောင်းဖို့တနာရီသာသာ အိုင်ပက် တျူတိုရီရယ်နဲ့ လုံလောက်တယ်လို့ ပြောခဲ့ပါတယ်။
Lion Air flight JT 610 နဲ့  Ethiopian Aielines ET302 တို့ပျက်ကျအပြီးမှာတော့ နိုင်ငံတကာ လေကြောင်းအာဏာပိုင်တွေက ဘိုးအင်းပြောတဲ့ ပိုင်းလော့ထရိန်နင်အပေါ်မှာ သံသယဝင်လာကြပါတယ်။
နိုင်ငံတကာ လေကြောင်းအာဏာပိုင်တွေ၊ ဘိုးအင်းနဲ့ FAA တို့  မွန်ထရီရယ်မြို့မှာ မေလ ၂၃ ကလုပ်ခဲ့တဲ့ 737 MAX တွေ ကို  ပြန်လည်ပျံသန်းခွင့်ပြုနိုင်ဖို့ အစည်းအဝေးမှာ ရေရာတဲ့ ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်ခဲ့လို့ IATAက လာမယ့် ဇူလိုင်လထဲမှာ အလားတူ အစည်းအဝေးနောက်တခုကို ထပ်မံ ခေါ်ယူဖို့ရှိနေပါတယ်။ကနေဒါ၊ ဥရောပ ပိုင့်လော့ သမဂ္ဂနဲ့ အတူ နိုင်ငံအတော်များများက လေကြောင်းလိုင်းတွေနဲ့ လေကြောင်းအာဏာပိုင်တွေ က 737 Max ပိုင်းလော့တွေကို simulator training လိုတယ်လို့ယူဆနေကြပါပြီ။ ခက်တာက 737 Max simulator တွေက အတော်ကို နည်းပါးနေသေးပြီး simulator software မှာလည်းပြသနာရှိလို့ မကြာသေးချင်ကမှ အပ်ဒိတ်လုပ်ထားခဲ့ရတာပါ။ 737 Max တွေ အများအပြားပိုင်ထားတဲ့ အမေရိကားက Southwest နဲ့  American airlines တို့အနေနဲ့ အဲလိုထရန်နင်ပေးဖို့ ဆိုလျင် တလကျော်အချိန်ယူရနိုင်တယ်ဆိုပါတယ်။


737Max သမိုင်းအကျဉ်း

  • 737 family ရဲ့ နောက်ဆုံးပေါ်  737Max 8 နဲ့ 9 ကို ၂၀၁၁ ဩဂုတ်လ ၃ရက်နေ့မှာ တရားဝင် လူသိရှင်ကြားကြေငြာခဲ့ပါတယ်.
  • ပထမဆုံး 737Max လေယာဉ်ကိုတော့ ၂၀၁၆ ဇ္နဝါရီလ၂၉ ရက်နေ့မှာ ပျံသန်းခဲ့တာပါ ။
  • ဒါပေမယ့် အရောင်းသွက် 737Max မှာ AOA sensor ပြသနာရှိတယ်ဆိုတာကို ဘိုးအင်းအင်ဂျင်နီယာတွေက ၂၀၁၇ ကတည်းကသိခဲ့တယ်ဆိုပါတယ်။ ဒါပေမယ့် ဘိုးအင်းက ဒီပြသနာအေကြာင်းကို လျှို့ဝှက်ထားပြီး ဆော့တဲ့ အပ်ဒိတ်လုပ်ဖို့ပဲ ကြိတ်ကျိုးစားခဲ့တာပါ
  •  ၂၀၁၈ အောက်တိုဘာ ၂၉ ရက်  မှာ Lion Air flight JT 610 ပျက်ကျပြီး လေယာဉ်ပေါ်ပါ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း ၁၈၉ ဦး အားလုံးသေဆုံးတော့ မှ ဘိုးအင်းက 737 max တွေမှာ အရင် ဘိုးအင်းလေ ယာဉ်တွေမှာ မသုံးဘူးတဲ့ MCAS စနစ် ထည့်သွင်းထားကြောင်းထုတ်ပြောခဲ့ပါတယ်။
  • အဲဒီကိစ္စကို ၂၀၁၈ နိုဝင်ဘာလမှာ ဘိုးအင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန်လေကြောင်းပိုင်းလော့ သမဂ္ဂ ကိုယ်စားလှယ်တွေက မကျေနပ်ကြောင်းပြောခဲ့ပါသေးတယ်။
  • ၈ ဇန္နဝါရီ ၂၀၁၉၊ 737Max အော်ဒါ အစင်းရေ ၅၀၀၀ ကျော်သွားပြီဖြစ်လို့ ဘိုးအင်းခရီးသည်တင် လေယာဉ်တွေထဲမှာ အော်ဒါအများဆုံးစံချိန်တင်ကြောင်းထုတ်ပြန်
  • ၂၀၁၉ မတ်လ ၁၀ ရက်မှာ Ethiopian Airlines Flight 302 ပျက်ကျပြီးလေယာဉ်ပေါ်ပါ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း ၁၅၇ ဦး အားလုံးသေဆုံးပြန်ပါတယ်။
  • Lion Air နဲ့ Ethiopian Airlines ပျက်ကျပုံချင်းဆင်တူလို့ နိုင်ငံအတော်များများက သူတို့နိုင်ငံတွေမှာ 737Max ပျံသန်းမှုတွေကိုယာယီရပ်ဆိုင်းခဲ့ပေမယ့် ဘိုးအင်းနဲ့ အက်ဖ် အေအေတို့ကတော့ မလိုအပ်ဘူးဆိုပြီး ငြင်းနေခဲ့ပါသေးတယ်။
  • ၁၃- မတ် ၂၀၁၉၊ ဘိုးအင်းနဲ့ FAA က 737Max ပျံသန်းမှုတွေကိုယာယီရပ်ဆိုင်းဖို့ကြေငြာပါတယ်။ ကနေဒါ ပို့ဆောင်ရေး ဝန်ကြီး ကတိုက်တွန်းတော့မှ အမေရိကန်အစိုးရက 737Max ပျံသန်းမှုတွေကိုယာယီရပ်ဆိုင်းဖို့ အမိန့်ပေးခဲ့တာပါ။ 737Max ပျံသန်းမှုတွေကိုယာယီရပ်ဆိုင်းဖို့ ကြေငြာတဲ့ နိုင်ငံတွေအထဲမှာတော့ နောက်ဆုံးလို့ဆိုပါတယ်
  • ၁၈-မေ ၂၀၁၉၊  ပြသနာဖြစ်တဲ့ ရဲ့ ဆော့ဖ်ဝဲ အသစ်ကို စမ်းသပ်ပြီးလို့ FAA ရဲ့ အစစ်ဆေးကို ခံပြီး  737 Max လေယာဉ်တွေမကြာမီပျံသန်းခွင့်ရတော့မယ်လို့ ဘိုးအင်းက ကြေငြာပါတယ်။ 
  • ၂ ဇွန် ၂၀၁၉၊   Slat Tracks ဆိုတဲ့ အတောင်ပံအရှေ့မှာ တပ်ထားတဲ့ အစိပ်အပိုင်းတခု ဟာ သတ်မှတ်စံချိန်မမှီလို့  737 Max နဲ့ 737 NG တချို့ကို ပြန်လည် စစ်ဆေးပြီးပစ္စည်း အစားထိုးဖို့ လိုတယ်လို့ ကြေငြာပါတယ်။ 
  • ၂၆ ဇွန် ၂၀၁၉၊ နောက်ပြသနာ အသစ်တခုကို တွေ့လို့ ဖြေရှင်ဖို့ဘိုးအင်းကိုအကြောင်းကြားထားပြီး လေယာဉ်တွေပျံသန်းခွင့်ရဖို့ နှင့်နှေးနိုင်တယ်လို့  ကြေငြာခဲ့တာပါ။  
737 Max ေတြ ပ်ံသန္းဖို႔ အႏၳရာယ္မရွိပါဆိုတဲ့ FAA ရဲ႕ မူလေၾကျငာခ်က္ 
737 Max ေတြ ပ်ံသန္းဖို႔ အႏၳရာယ္မရွိပါဆိုတဲ့ FAA ရဲ႕ မူလေၾကျငာခ်က္




ဖိုးသုည
28-6-19

Boeing နဲ့ ပတ်သက်ပြီး ရေးခဲ့ သော ပို့စ်များ ကိုဒီမှာ ဖတ်နိုင်ပါတယ်၊
https://aviation-phoethunya.blogspot.com/search/label/Boeing

Friday, June 21, 2019

လွ်ပ္စစ္ေလယာဥ္ပ်ံ Alice

အစၥေရးတို႔ရဲ႕ လွ်ပ္စစ္ေလယာဥ္ပ်ံ


ပဲရစ္မွာ ၂၀၁၉ ဇြန္ ၁၇ ကေန ၂၃ အထိျပဳလုပ္ေနတဲ့ ႏိုင္ငံတကာ အာကာသနဲ႔ ေလေၾကာင္းျပပြဲႀကီးမွာ အစၥေရးကုမၸဏီတခုျဖစ္တဲ့  Eviation က Alice လို႔ အမည္ေပးထားတဲ့ လွ်ပ္စစ္ေလယာဥ္ရဲ႕ ေရွ႕ေျပးေမာ္ဒယ္ကိုျပသထားပါတယ္။

Alice





ခ၇ီးသည္ ကိုးဦးကိုသယ္ေဆာင္ႏိုင္တဲ့ အဲဒီေလယာဥ္က မိုင္ ၆၅၀ အထိ အကြားအေဝးကို တနာရီ ၂၇၆ မိုင္ႏႈန္းနဲ႔ ပ်ံသန္းႏိုင္မယ္ဆိုပါတယ္။  ခရီးသည္တင္ ေလယာဥ္အမ်ားစုရဲ႕  အျမန္ႏႈန္းထက္ဝက္သာသာပဲရွိမွာပါ။ 900 ကီလိုဝပ္နာရီ အားရွိတဲ့ ဘက္ထရီကထုတ္ေပးတဲ့ လွ်ပ္စစ္နဲ႔ အၿမီးဖ်ားက ပင္မပန္ကာတလုံး အျပင္အေတာင္ပံဖ်ား ၂ခုမွာလည္း ပန္ကာ အေသးတခုစီပါမွာပါ။
Alice လေယာဉ်၏ အချက်အလက်အချို့

ေလယာဥ္ဝမ္းကို ျပားၿပီးကားထားတဲ့ အတြက္ ေလပင့္အား Lift ကို တျခားေလယာဥ္ေတြကို အေတာင္ပံကရ႐ုံမက ေလယာဥ္ကိုယ္ထည္ကပါ ပံ့ပိုးေပးမယ္ဆိုပါတယ္။

လွ်ပ္စစ္ေလယာဥ္ျဖစ္လို႔ ေလထုညစ္ညမ္းမႈမျဖစ္႐ုံမွ်မက အသံဆူညံမႈကလည္း အလြန္႔အလြန္နည္းသြားပါတယ္။

တစီးကို ေဒၚလာ ေလးသန္းတန္ အဲဒီေလယာဥ္ကို ျပပြဲမွာေဈးဦးေပါက္အေနနဲ႔ အေမရိကန္ regional airline  တခုျဖစ္တဲ့ Cape Air က ဆယ္ဂဏန္း  အေရအတြက္ကို ဝယ္ယူမယ္လို႔ ဆိုပါတယ္။ Alice ကို ၂၀၂၁ မ်ာ ပ်ံသန္းခြင့္လက္မွတ္ရႏိုင္ဖို႔ ေမွ်ာ္လင့္ထားၿပီး ၂၀၂၂ မွာ စတင္ ေပးအပ္ႏိုင္ဖို႔ စီစဥ္ထားပါတယ္။

Alice မွာသုံးထားတဲ့  MagniX ေမာ္တာကို လည္းဒီျပပြဲမွာျပသထားပါတယ္။
Eviation နဲ႔  MagniX ကုမၸဏီ၂ခုလုံးကို စကၤာပူက ဘီလီယံနာသူေဌးႀကီး ကလဲေမာင့္ကေငြေၾကးေထာက္ပံ့ထားတယ္ဆိုပါတယ္။
MagniX ေမာ္တာေတြကို လက္ရွိ အင္ဂ်င္သုံး ေလယာဥ္ငယ္ကေလးေတြမွာ အစားထိုးသုံးလို႔ ရေအာင္ ထုတ္ထားတယ္လို႔ဆိုပါတယ္။


ဖိုးသုည

20-6-19



အစ္စရေးတို့ရဲ့ လျှပ်စစ်လေယာဉ်ပျံ (ယူနီကုဒ်)

ပဲရစ်မှာ ၂၀၁၉ ဇွန် ၁၇ ကနေ ၂၃ အထိပြုလုပ်နေတဲ့ နိုင်ငံတကာ အာကာသနဲ့ လေကြောင်းပြပွဲကြီးမှာ
အစ္စရေးကုမ္ပဏီတခုဖြစ်တဲ့  Eviation က Alice လို့ အမည်ပေးထားတဲ့ လျှပ်စစ်လေယာဉ်ရဲ့ ရှေ့ပြေးမော်ဒယ်ကိုပြသထားပါတယ်။
Alice

ခ၇ီးသည် ကိုးဦးကိုသယ်ဆောင်နိုင်တဲ့ အဲဒီလေယာဉ်က မိုင် ၆၅၀ အထိ အကွားအဝေးကို တနာရီ ၂၇၆ မိုင်နှုန်းနဲ့ ပျံသန်းနိုင်မယ်ဆိုပါတယ်။  ခရီးသည်တင် လေယာဉ်အများစုရဲ့  အမြန်နှုန်းထက်ဝက်သာသာပဲရှိမှာပါ။
Alice လေယာဉ်၏ အချက်အလက်အချို့
900 ကီလိုဝပ်နာရီ အားရှိတဲ့ ဘက်ထရီကထုတ်ပေးတဲ့ လျှပ်စစ်နဲ့ အမြီးဖျားက ပင်မပန်ကာတလုံး အပြင်အတောင်ပံဖျား ၂ခုမှာလည်း ပန်ကာ အသေးတခုစီပါမှာပါ။
လေယာဉ်ဝမ်းကို ပြားပြီးကားထားတဲ့ အတွက် လေပင့်အား Lift ကို တခြားလေယာဉ်တွေကို အတောင်ပံကရရုံမက လေယာဉ်ကိုယ်ထည်ကပါ ပံ့ပိုးပေးမယ်ဆိုပါတယ်။
လျှပ်စစ်လေယာဉ်ဖြစ်လို့ လေထုညစ်ညမ်းမှုမဖြစ်ရုံမျှမက အသံဆူညံမှုကလည်း အလွန့်အလွန်နည်းသွားပါတယ်။
တစီးကို ဒေါ်လာ လေးသန်းတန် အဲဒီလေယာဉ်ကို ပြပွဲမှာဈေးဦးပေါက်အနေနဲ့ အမေရိကန် regional airline  တခုဖြစ်တဲ့ Cape Air က ဆယ်ဂဏန်း အရေအတွက်ကို ဝယ်ယူမယ်လို့ ဆိုပါတယ်။ Alice ကို ၂၀၂၁ မျာ ပျံသန်းခွင့်လက်မှတ်ရနိုင်ဖို့ မျှော်လင့်ထားပြီး ၂၀၂၂ မှာ စတင် ပေးအပ်နိုင်ဖို့ စီစဉ်ထားပါတယ်။ 
Alice မှာသုံးထားတဲ့  MagniX မော်တာကို လည်းဒီပြပွဲမှာပြသထားပါတယ်။
Eviation နဲ့  MagniX ကုမ္ပဏီ၂ခုလုံးကို စင်္ကာပူက ဘီလီယံနာသူဌေးကြီး ကလဲမောင့်ကငွေကြေးထောက်ပံ့ထားတယ်ဆိုပါတယ်။
MagniX မော်တာတွေကို လက်ရှိ အင်ဂျင်သုံး လေယာဉ်ငယ်ကလေးတွေမှာ အစားထိုးသုံးလို့ ရအောင် ထုတ်ထားတယ်လို့ဆိုပါတယ်။
ဖိုးသုည
20-6-19
https://www.cnbc.com/2019/06/18/all-electric-jet-firm-eviation-announces-us-airline-as-first-customer.html

Tuesday, June 18, 2019

အမေရိကန် သမတ၏ မိုးပျံ ရုံးခန်း ၊ Air Force One.(Unicode)


အမေရိကန် သမတ၏ မိုးပျံ ရုံးခန်း ၊   Air Force One.
Standby….Liberty 2–4 is changing call signs, Liberty 2–4 is now Air Force One”

၁၉၉၇ က မင်းသားကြီး ဟယ်ရီစင်ဖို့ဒ် သရုပ်ဆောင်တဲ့ Air Force One ရုပ်ရှင်ထဲက ဇာတ်ဝင် စကားတခုပါ။
လစ်ဘာတီ ၂၄ ဆိုတဲ့ ဆီဖြည့် လေယာဉ်ကြီးက သမတကြီးကို ကယ်တင်ပြီးနောက် သူ့လေယာဉ်ကြီးက သမတစီးတဲ့ လေယာဉ်ဖြစ်သွားလို့ ဆက်သွယ်ရေး သင်္ကေတ ကို  Liberty 2–4  ကနေ Air Force One” လို့ပြောင်းလိုက်တာပါ


Air Force One ဆိုတာဘာလဲ

လက်ရှိ အမေရိကန်သမတ ရှိနေတဲ့ လေယာဉ်ကို  Air Force One, ရဟတ်ယာဉ်ကို Marine One
လို့ခေါ်တာကိုတော့ အများသိကြပါတယ်။
Air Force One ရုပ်ရှင်ကလည်းနာမည်ကြီးခဲ့တာကိုး။
လက်ရှိ Air Force One (လေတပ်အခေါ် VC-25A) အနေနဲ့ အသုံးတော်ခံရတဲ့ လေယာဉ်ကြီးက၊ ချွတ်စွတ်တူတဲ့ အမွှာ ဘိုးအင်း 747-200B လေယာဉ်ကြီး ၂စီး၊ မှတ်ပုံတင် အမှတ် SAM 28000 နဲ့ SAM 29000 အထဲက သမတစီးတဲ့ တစီးစီးကိုခေါ်တာပါ။
လေယာဉ်ကို သမတမစီးသေးသရွေ့ Air Force One မဖြစ်ပါဘူး။
အခုနောက်ပိုင်း အမေရိကန်လေတပ်က အမေရိကန်နိုင်ငံရဲ့ စစ်ဦးစီးချုပ် Commander-in-Chief ( သမတ) စီးတဲ့ အထူး လေယာဉ် (မိုးပျံ အမိန့်ပေးစခန်း) ကို Air Force One လို့ ခေါ်တယ်ဆိုပါတယ်။ 

မိုးပျံအမိန့်ပေးစခန်း (mobile command center)

2001 ခု စက်တင်ဘာ ၁၁ ရက်နေ့ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦနဲ့ပင်တာဂွန် စစ်ဌာနချုပ်တို့ကို အပိုင်စီးထားတဲ့ လေယာဉ်တွေနဲ့ တိုက်ခိုက်ခံရချိန်မှာ အကြမ်းဖက်သမားတွေက ဝါရှင်တန်ရှိ သမတအိမ်ဖြူကိုလည်း အဲလို တိုက်ခိုက်ဖို့ ယူနိုက်တက် ဖလိုက် ၉၃ လေယာဉ်ကို အပိုင်စီးပြီးသွားခဲ့တာပါ။ လေယာဉ်ပေါ်ပါခရီးသည်တွေနဲ့ ဝန်ထမ်းတွေက အခြားအပိုင်စီးခံလေယာဉ်တွေကိုသုံပြီး အကြမ်းဖက်တိုက်ခိုက်တဲ့သတင်းကို ဖုန်းအဆက်အသွယ်တွေကနေသိသွားကြလို့ အပိုင်စီးသူတွေကို ပြန်ခုခံတိုက်ခိုက်ကြတဲ့ အတွက် လေယာဉ်လည်းလိုရာမရောက်ဘဲ ပျက်ကျခဲ့ပါတယ်။  အဲဒီတုန်းက သမတ ဘုရှ်ကိုသူ့ရဲ့ လုံခြုံရေးတွေက  Air Force One ကြီးပေါ်တင်ပြီး ဘာဖြစ်တယ်ဆိုတာ သေချာသိပြီး အခြေအနေတွေ ရှင်းလင်းတဲ့အထိ လေထဲမှာ ၈ နာရီကြာအောင် ပျံဲဝနေခဲ့ပါတယ်။ သမတလည်း လေထဲကနေ ဖုန်းနဲ့ စီမံခန့်ခွဲမှုတွေကို လုပ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအချိန်မှာအမေရိကန်တနိုင်ငံလုံးရဲ့လေပိုင်နက်ကိုတော့ ပိတ်ထားပြီး တခြားဘာလေယာဉ်မှ ပျံသန်းခွင့်မပြုပါ။ အဲ ဒီတကြိမ်ကလွဲရင် Air Force One က သမတရဲ့ ခရီးသွား စီးတော်ယာဉ်အဖြစ်ပဲအသုံးတော်ခံရတာပါ။

သမိုင်းကြောင်း 

Guess Where II 1943

အမေရိကန်သမတအတွက် သီးသန့်လေယာဉ်တွေရဲ့အစဟာ C-87A (Liberator Express) ဆိုတဲ့ အင်ဂျင်လေးလုံးတပ် လေယာဉ်ကြီးလို့ ဆိုရမှာပါ။ Consolidated Aircraft ကုမ္ပဏီကထုတ်တဲ့ serial 41-24159 နဲ့ C-87A လေယာဉ်တစီးကို ၁၉၄၃ ခုမှာ အဲဒီအချိန်က သမတ ဖရင်ကလင် ရုစဗဲရဲ့နိုင်ငံတကာခရီးစဉ်တွေမှာ သုံးဖို့ အထူးပြင်ဆင်မှုတွေလုပ်ပြီး Guess Where II လို့ အမည်ပေးခဲ့ပါတယ်။ ဒါပေမယ့် သမတရဲ့ အထူးလုံခြုံရေးတပ်က C-87A တွေရဲ့ ဘေးကင်းမှုမှတ်တမ်းတွေကို စိတ်မချလို့ ငြင်းပယ်ခဲ့ပါတယ်။ 



Sacred Cow 1942-45

ဒီလိုနဲ့ C-87A အစား ဒေါက် ဂလပ်စ် ကုမ္ပဏီကထုတ်တဲ့ C-54 Skymaster (VC-54C) လေယာဉ်ကို ရေဒီယိုတယ်လီဖုန်း၊ အိပ်ဖို့နေရာနဲ့ သမတရုစဗဲရဲ့ ဘီးတပ်ခုံတက်ဖို့ ဓါတ်လှေကားတွေပါတပ်ပြီး တကယ်သုံးဖြစ်တဲ့ ပထမဆုံး အမေရိကန်သမတစီး သီးသန့်လေယာဉ်ရယ်လို့ ဖြစ်လာပါတယ်။ Sacred Cow လို့နာမည်ပြောင်ပေးထားတဲ့ အဲဒီလေယာဉ်ကို အမေရိကန်လေတပ်ပြတိုက် National Museum of the United States Air Forceမှာ ပြထားပါတယ်။ Sacred Cow အကြောင်း အသေးစိပ်နဲ့ ပုံတွေကို ဒီလင့်  https://www.nationalmuseum.af.mil/Visit/Museum-Exhibits/Fact-Sheets/Display/Article/195813/douglas-vc-54c-sacred-cow/  မှာကြည့်လို့ရပါတယ်။


၁၉၄၃ ခုက သမတရုစဗဲ ဟာ အင်္ဂလန်က ဝန်ကြီးချုပ်ချာချီနဲ့ တွေ့ဖို့ သွားတဲ့ အခါ ဘိုးအင်းကထုတ်တဲ့ 
Boeing 314 Clipper ဆိုတဲ့ ရေယာဉ်ပျံကိုလည်းသုံးခဲ့ပါသေးတယ်။ 

Independence 1947-53


၁၉၄၇ ခုနှစ်မှာတော့ သမတ ထရူးမင်းလက်ထက်မှာ ဒေါက်ဂလပ်စ်ကုမ္ပဏီထုတ် DC-6 Liftmaster (VC-118) လေယာဉ်ကို  အမည်ပေးပြီး Sacred Cow နေရာမှာ အစားထိုးခဲ့ပါတယ်။ လူ၂၄ယောက်စီးနိုင်နဲ့ အဲဒီလေယာဉ်ကိုလည်း အမေရိကန်လေတပ်ပြတိုက် National Museum of the United States Air Forceမှာတွေ့နိုင်ပါတယ်။  The Independence အကြောင်း အသေးစိပ်နဲ့ ပုံတွေကို ဒီလင့် 


The Independence

Columbine II and III and Aero Commanders


သမတ အိုင်စင်ဟောင်ဝါလက်ထက်မှာတော့ Independence အပြင် Columbine II and Columbine III လို့ အမည်ပေးထားတဲ့ Lockheed ကုမ္ပဏီထုတ် C-121 Super Constellations (VC-121E) လေယာဉ် ၂စီးကိုလည်းသုံးခဲ့ပါသေးတယ် 




Columbine III  အကြောင်း အသေးစိပ်နဲ့ ပုံတွေကို ဒီလင့်  https://www.nationalmuseum.af.mil/Visit/Museum-Exhibits/Fact-Sheets/Display/Article/195805/lockheed-vc-121e-columbine-iii/  မှာကြည့်လို့ရပါတယ်။

Special Air Mission 970 (1959-1962)

သမတ အိုင်စင်ဟောင်ဝါ လက်ထက်မှာ ၁၉၅၉ ခုမှ ပထမဆုံး သမတစီး ဂျက်လေယာဉ် အဖြစ်  Boeing 707-120 ကို SAM 970,  ဆိုတဲ့ အမည်နဲ့ Columbine III နေရာကို အစားထိုးလိုက်ပါတယ်။  SAM 970 ကို သမတ အိုင်စင်ဟောင်ဝါ ၊ ကေနဒီ၊ ဂျွန်ဆင် နဲ့ နစ်ဆင်တို့ သုံးခဲ့ကြပါတယ်။ အသေးစိပ် အချက်အလက်တွေကို   https://www.museumofflight.org/aircraft/boeing-vc-137b-707-120sam-970-air-force-one မှာကြည့်နိုင်ပါတယ်။ 


Special Air Mission 26000 and 27000


၁၉၆၂ သမတ ကနေဒီလက်ထက် မှာ ပိုသစ်တဲ့ Boeing 707 VC-137C လေယာဉ်ကို အစားထိုးပြီး 
Special Air Mission SAM 26000 and 27000 လို့ မှတ်ပုံတင်ခဲ့ပါတယ်။ ဒီလေယာဉ်တွေဟာ 
SAM 26000  နဲ့ ပတ်သက်တဲ့ အချက်အလက်တွေနဲ့ ဓါတ်ပုံတွေကို https://www.nationalmuseum.af.mil/Visit/Museum-Exhibits/Fact-Sheets/Display/Article/195807/boeing-vc-137c-sam-26000/ မှာတွေ့နိုင်ပါတယ်၊ 
သမတအတွက် အထူးဒီဇိုင်းတွေနဲ့ ပြင်ဆင်ထားတဲ့ ပထမဆုံး လေယာဉ်တွေလို့ဆိုပါတယ်၊ အပြင်ဘက်မှာလည်းပိုမိုခံညားတဲ့ အပြာနဲ့ အဖြူဆေးရာင်ကိုသုတ်ခဲ့ပါတယ် 


လက်ရှိ Air Force One အဖြစ်အသုံးတော်ခံလေယာဉ်များ (Special Air Mission 28000 and 29000 )(လေတပ်အခေါ်  VC-25A) 

၁၉၉၀ ခုနှစ် မှာတော့ သတမရဲ့လေတပ်အုပ်စုထဲကို  ဘိုးအင်း 747-200B လေယာဉ်
သစ်၂ စီး ရောက်ရှိလာပါတယ်။  အမှတ် 28000 ( ဒီဇင်ဘာ ၈ရက်) နဲ့ 29000 (ဒီဇင်ဘာ ၂၃)  တို့ပါ။
ဒီလေယာဉ်ကြီးတွေမှာ F-16  တိုက်လေယာဉ်တွေမှာ သုံးတဲ့ Heads up Display (HUD)၊ အဆင့်မြင့်ရေဒါစနစ် နဲ့ သူများရေဒါကို ပိတ်ဆို့တဲ့ စနစ်၊  နျူကလီးယားပေါက်ကွဲမှက ထွက်ပေါ်လာတဲ့ ရေဒီယို လျှပ်စစ်သံလိုက်လှိုင်း electromagnetic pulse (EMP) တွေဒါဏ်ခံနိုင်အောင် ကွယ်ထားတဲ့ ဆက်သွယ်ရေးစနစ်၊ ရေငုပ်သင်္ဘောတွေနဲ့ ဆက်သွယ်ဖို့ Very Low Frequency (AVLF)ဆက်သွယ်ရေး။  
အနားရောက်လာတဲ့ အပူရှာ ဒုံးကျဉ်ကို မီးကျဉ်တွေဖြန့်ကြဲပြီလမ်းလွှဲကာ ဖေါက်ခွဲပစ်မယ့် ဒုံးကျဉ်ကာကွယ်ရေးစနစ် directed infrared countermeasures (DIRCM)၊ လေထဲမှာ ဆီဖြည့်တဲ့ စနစ်၊ နဲ့ အခြား လျှိုဝှက်စနစ်တွေပါဝင်လို့  စစ်ဖြစ်လာလျင် လေထဲမှာပျံသန်းရင်း ကွပ်ကဲ အမိန့်ပေးတဲ့ စခန်းအဖြစ်အသုံးပြုနိုင်ပါတယ်။

Special Air Mission 28000

Radar, HF Radio, IR Radiation




အထပ်သုံးထပ်ပါတဲ့ လေယာဉ်ကြီးမှာ သမတနဲ့ မိသားစုအတွက် ရေချိုးခန်း အိမ်သာ၊ အဝတ်လဲခန်းပါတဲ့ အိပ်ခန်၊း နားနေခန်း ကွန်ဖရန့် ခန်းမ၊ သမတရုံးခန်း , လျှိ့ဝှက် ထောက်လှမ်းရေးနဲ့ သမတရဲ့ လက်ထောက် အဖွဲ့များ နဲ့ သတင်း သမားများ နေဖို့ အဆောင်၊ စာသောက်ခန်း၊ ဆေးခန်းနဲ့ ခွဲစိပ်ခန်းငယ်တို့ ပါဝင်ပါတယ်။
ဝန်ထမ်း ၂၆ ယောက် မှာ လေယာဉ်ဝန်ထမ်းတွေသာမက  စားဖိုမှုး၊ ဆရာဝန်၊ သူနာပြုတို့ပါပါဝင်ပါတယ်။
ဒီလေယာဉ်ကြီးတွေ တနာရီပျံတိုင် ကုန်ကျစားရိတ်  ပြည်သူတွေ ပေးထားတဲ့ အခွန်ငွေထဲက  ဒေါ်လာတသိန်းရှစ်သောင်း ကုန်ကျတယ်ဆိုပါတယ်။
၂၀၀၁ ခု 9/11 အချိန်တုန်းက သမတ ဘုရှ်က လေယာဉ်ပေါ်ကနေ  ဗွီဒီယိုကွန်ဖရန့်လုပ်လို့မရသလို  သတင်းဗွီဒီယိုတွေကိုလည်းကြည့်လို့ မရလို့ အြဒီကိစ္စပြီးပြီးချင်း လေယာဉ်ပေါ်က ဆက်သွယ်ရေးစနစ်ကို ဒေါ်လာ သန်း ၅၀ အကုန်ခံပြီး အရေးပေါ် အဆင့် မြှင့်ခဲ့ရပါသေးတယ်။
ဒီလေယာဉ်ကြီးတွေအကြောင် အသးစိတ်အချက်အလက်တွေကိုတေ့ာ https://www.flightglobal.com/news/articles/usaf-offers-rare-glimpse-of-vc-25b-configurations-450587/
https://www.globalsecurity.org/military/systems/aircraft/vc-25-schem02.htm တွေမှာ ရှာလို့ ရနိုင်ပါတယ်။


အနာဂတ်ရဲ့ Air Force One.

သက်တန်း ၃၀ကျော်ပြီဖြစ်တဲ့ ဒီ လေယာဉ်ကြီး ၂စီးကို အစားထိုးဖို့လေတပ်က ပိုကြီးပြီး ပိုခေတ်မှီတဲ့ စနစ်တွေပါတဲ့ ဘိုးအင်းရဲ့ 747-8 ၂စီးကို အော်ဒါလုပ်ထားပါတယ်။ ၂၀၂၄ ဒီဇင်ဘာမှာ လက်ခံရရှိနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

လက်ရှိနဲ့ အနာဂတ် Air Force One. နှိုင်းယှဉ်ချက်
 747-8  ဆိုတာကတော့ ဘိုးအင်းရဲ့  747 မိသားစုရဲ့ နောက်ဆုံးပေါ် အဆင့်မြှင့်ထားတဲ့ မော်ဒယ်ပါ။ ဒါေပမယ့် လေကြောင်းလိုင်းတွေက ဒီ 747-8 ခရီးသည်တင်လေယာဉ်တွေ ထပ်မဝယ်တော့ဘဲ ဆီစား ပိုပြီးသက်သာတဲ့ အင် ဂျင် ၂လုံးတပ်လေယာဉ်တွေကို ပြောင်းသုံးနေကြပါပြီ။ ဘိုးအင်းကလည်း အခုနောက်ပိုင်းမှာ 747-8 ကို ကုန်တင်လေယာဉ်တွေပဲ အသစ်ထုတ်တော့တာပါ။ ဒီလေယာဉ်ကြီး ၂စီးကိုတော့ ရုရှားက Transaero, လေကြောင်းလိုင်းအတွက်ဆောက်ထားခဲ့တာပါ။  လက်လွှဲမပေးနိုင်မီ ၂၀၁၅ မှာအဲဒီလေကြောင်းလိုင်း ဒေဝါလီခံသွားလို့ ပိုက်မိနေတဲ့ ဒီလေယာဉ်ကြီး ၂စီးကို လေတပ်ကို ရောင်းတဲ့အခါ အသစ်အော်ဒါမှာတာထက် ၁.၄ ဘီလီယံ ဈေးသက်သာသွားတယ်ဆိုပါတယ်။ 
 လက်ရှိ အမေရိကန်သမတ ဒေါ်နယ်ထရမ့် တက်ကာစ ၂၀၁၆ ခုတုန်းက Air Force One အသစ်အော်ဒါတွေကို စားရိတ်ကြီးလို့ ရပ်ဆိုင်းထားမယ်လို့ ပြောခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတော့ အဲဒီလေယာဉ်၂စီးကို ဝယ်ဖို့ ဒေါ်လာ ၃.၉ ဘီလီယံနဲ့ အတည်ပြုပေးခဲ့တယ်ဆိုပါတယ်။ ထရမ့်က လက်ရှိ ဆေး ရောင်နဲ့ဒီဇိုင်းကို ပြောင်းပြီး ပိုပြီး အမေရိကန်ဆန်တဲ့ အပြာရင့် ဝမ်းဘိုက်နဲ့ အနီ အဖြူစင်းတွေပါတဲ့ သူ့ရဲ့ မျိုးချစ် အမေရိကန်ဒီဇိုင်း သစ်ကို အေဘီစီ သတင်းထောက်ကိုပြခဲ့ပါသေးတယ်။  အမေရိကန်အလံကအရောင်တွေကို အခြေခံထားတဲ့ ဒီဇိုင်းပါ။ အရင်က ယူအက်စ်အဲယားဝေးလေကြောင်း ကလေယာဉ်ပုံစံ သွားတူနေတယ်လို့ ဝေဘန်သူတွေကဆိုကြပါတယ်။ 



ရက်ပိုင်းအကြာမှာ လွှတ်တော်က အဲဒီလို ဆေး အသစ်ပြာင်းသုတ်မယ့် အစီအစဉ်ကို အပိုစားရိတ်ကိုချွေတာဖို့ အကြောင်းပြပြီး ပယ်ချလိုက်ပါတယ်။ ၂၀၁၄ မှာ Air Force One.ဖြစ်လာမယ့်လေယာဉ်ကြီးတွေကို ဘယ်လိုပုံစံနဲ့ တွေ့ရမယ်ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။

ဖိုးသုည
18-06-19

ကိုးကား


#Hello_Max ! #Ready_to_wake_up ? အင်ဒိုနီးရှား Lionair နဲ့ အီသီယိုးပီးယားအဲယားလိုင်း လေယာဉ်တွေပျက်ကျပြီးနောက် ၂၀၁၉ မတ်လလယ်ကစပြီးမြ...