Friday, July 19, 2019

ဂ်က္ေလယာဥ္ပ်ံစီးရင္ အလယ္ခုံမႀကိဳက္သူမ်ားအတြက္ သတင္းေကာင္း (ဂျက်လေယာဉ်ပျံစီးရင် အလယ်ခုံမကြိုက်သူများအတွက် သတင်းကောင်း)

ဂ်က္ေလယာဥ္ပ်ံစီးရင္ အလယ္ခုံမႀကိဳက္သူမ်ားအတြက္ သတင္းေကာင္း 


တဖက္သုံးခုံပါတဲ့ ေလယာဥ္ေတြမွာအလယ္ခုံကို ခရီးသည္တိုင္းလိုလိုမႀကိဳက္ၾကပါ။ 
ဘိုးအင္း 737အုပ္စု, 787,  အဲယားဘတ္စ္ ေအ 320 , 321 350 တို႔မွာ ခုံေတြက တဖက္ သုံးခုံစီရွိတတ္ၾကပါတယ္။ 
ေလယာဥ္ႀကီးေတြကေတာ့ ေလေၾကာင္းလိုင္းအလိုက္ နည္းနည္းကြားပါတယ္။ 

အလယ္ခုံမွာ ထိုင္ရျခင္းရဲ႕ ဒုကၡမ်ား

ေဘးႏွစ္ဘက္က ကိုယ္ မသိသူေတြ ဆိုအေတာ္အေနက်ပ္ပါတယ္။
ပခုံးေနရာေတြမွာ လည္းၾကပ္ေနပါတယ္။ ဝတဲ့ သူ၂ ေယာက္ၾကားဆို ပိုဆိုးပါတယ္။ ေဘးက ခုံေတြမွာ တဖက္ ကို နည္းနည္း ယိမ္းထားလို႔ရပါေသးတယ္။
လက္တင္တန္းကို ေဘးကသူေတြနဲ႔ လုရပါတယ္။
သတင္းစာဖတ္လ်င္ ျဖန္႔လို႔မရပါ။ ထမင္းစားလ်င္ တေတာင္ဆစ္ ကားၿပီးစားသူ၂ေယာက္ၾကားညပ္ေနလ်င္ စားမရပါ။

Image result for middle seat on plane
https://cboardinggroup.com/10-hacks-to-survive-the-airplane-middle-seat/
ဒီလိုအမ်ားမႀကိဳက္တဲ့အလယ္ခုံစီးသူေတြ ရဲ႕ ဒုကၡကို ကူညီဖို႔ အေမရိကန္ ကိုလိုရာဒိုနယ္က Molon Labe Seating ကုမၸဏီက ခုံပုံစံအသစ္ကိုတီထြင္လိုက္ပါတယ္။
S1, S2 , S3  ဆိုတဲ့ ခုံ သုံးမ်ိဳးမွာ S1ကေတာ့ ခရီးတိုသြား short haulေလယာဥ္ေတြအတြက္ျဖစ္ၿပီး အေမရိကန္ရဲ႕ေလေၾကာင္းအာဏာပိုင္ FAA ကခြင့္ျပဳၿပီးလို႔ Primus Aerospace ကထုတ္ေတာ့မွာျဖစ္ပါတယ္။ အေမရိကန္ရဲ႕ ေလေၾကာင္းလိုင္း ၂ ခုက ေလယာဥ္တခ်ိဳ႕မွာ စတင္ သုံးစြဲမွာျဖစ္ၿပီး ၂၀၂၀ ဧၿပီနဲ႔ ေမလေတြမွာအေမရိကားက ခရီးသည္ေတြ စတင္ၿပီး စံစားရေတာ့မွာပါ ။
အေမရီကားက စတာဆိုေတာ့ ေနာက္ပိုင္းထြက္လာမယ့္ 737 MAX နဲ႔  737 NG တခ်ိဳ႕မွာမ်ားစမ္းသုံးမလားလို႔ မွန္းဆရပါတယ္။

Molon Labe Seating S1

Molon Labe Seating S1 ဆိုတာ အလယ္ခုံကို ေဘး ႏွစ္ခုံထက္ အနည္းငယ္ ႏွိမ့္ထားၿပီး အေနာက္ကိုလည္းနည္းနည္းေ႐ႊ႕လိုက္ပါတယ္။
လက္တင္တန္းေတြကို အဆင့္၂ ဆင့္လုပ္လိုက္ၿပီး နီမ့္တဲ့ အလယ္ခုံမွာ ထိုင္သူက လက္တန္း အေနာက္ဘက္ အနိမ့္ပိုင္းကိုရမွာ ျဖစ္ၿပီး ပိုျမင့္တဲ့ ေဘးခုံ၂ ခုမွာ ထိုင္သူေတြ လက္တင္တန္းရဲ႕ ျမင့္တဲ့ အေရွ႕ပိုင္းကိုသုံးလို႔ရမွာပါ။

https://edition.cnn.com/travel/article/airplane-middle-seat-design-trnd/index.html
အလယ္ခုံကနိမ့္ၿပီး အေနာက္နည္းနည္းေရာက္သြားလို႔ ေဘးကို ၃ လက္မေလာက္အထိပိုက်ယ္ႏိုင္ၿပီး ခရီးသည္ သုံးေယာက္လုံး ပခုံးအခ်င္းခ်င္းၾကပ္ေနတဲ့ ဒုကၡကလည္းလြတ္သြားပါတယ္။
အေနာက္ နည္းနည္းထြက္လာတဲ့ အလယ္ခုံေၾကာင့္ ျပဴတင္းေပါက္ခုံရတဲ့ ခရီးသည္ကေတာ့ အဝင္ အထြက္ နည္းနည္း ခက္သြားမယ္ထင္ပါတယ္။


Screen Shot 2017-12-14 at 11.52.46 AM
S1


Screen Shot 2019-05-10 at 10.56.13 AM
S1

Screen Shot 2019-05-10 at 10.58.29 AM
https://www.airlineseats.biz/s1-short-haul-economy?lightbox=dataItem-jvidbgt6






အနည္းငယ္နွိမ့္ထားတဲ့ အလယ္ခုံ
အနည္းငယ္ပိုက်ယ္တဲ့ S2 ခုံေတြကိုေတာ့ ခရီးရွည္ပ်ံ long haul ေလယာဥ္ႀကီးေတြအတြက္ စမ္းသပ္ေနပါတယ္။


ML Seat-01 - Neutral Background - 0010
S2

ML Seat-01 - Cabin - Fish Eye Scheme 02 0000
S2
ML Seat-01 Dimensions - C 2
S2

ML Seat-01 - Neutral Background - 0006
https://www.airlineseats.biz/s2-long-haul-economy?lightbox=dataItem-jaa3oiy82

S3  ခုံေတြကေတာ့ ခရီးသည္ေတြ အတက္နဲ႔ အတင္းမွာ ေလွ်ာက္လမ္းေဘးခုံကို အလယ္ခုံေပၚကို ထပ္တင္လို႔ရေအာင္လုပ္ထားၿပီးေလွ်ာက္လမ္းကို က်ယ္ေအာင္လုပ္ေပးဖို႔လို႔ဆိုပါတယ္။ အတက္အဆင္းျမန္သြားသလုပ္ သန႔္ရွင္းေရး လုပ္ရတာလည္း ပိုလြယ္ ပိုျမန္ေစမွာပါ၊
ဒီခုံေတြကို ပုံမွန္ခုံေတြထက္ ပိုမိုေပါ့ပါးေအာင္လုပ္ထားလို႔ ေလယာၪ္ အေလးခ်ိန္ သက္သာၿပီး ဆီကုန္လညး္ပိုသင္သာႏိုင္မွာပါ။

ေလွ်ာက္လမ္းက်ယ္ေအာင္ခံုထပ္တားပံု


အီေကာ္ေနာ္မီအတန္းကေန ေလယာဥ္စီးလ်င္ဘယ္ေနရာမွာထိုင္ရလဲ၊ အလယ္ခုံမႀကိဳက္လ်င္ ကိုယ္လိုခ်င္ သလိုေ႐ြးလို႔ရမလား။

အရင္တုန္းက

အရင္တုန္းက ခ်က္ အင္လုပ္ရင္ ေကာင္တာဝန္ထမ္းက ေမးေလ့ရွိပါတယ္။
ျပဴတင္းေပါက္ခုံ window seat ယူမလား လူသြားလမ္းေဘးက isle seat ခုံ ႀကိဳက္လားေပါ့။
အမ်ားစုက ကိုယ္စီးမယ့္ေလယာဥ္က ဘာအမ်ိဳးစားမွန္းလည္းမသိ၊ ဘယ္နံပတ္က ဘာမွန္းလည္းမသိတာမ်ားပါတယ္။
အေရွ႕နား အေနာက္နားwindow seat , isle seat ဆိုၿပီး မွန္ူေ႐ြးၾကတာေပါ့။

အြန္လိုင္းေခတ္

ေနာက္ပိုင္းမွာေတာ့ ဘတ္ဂ်က္ လိုင္းေတြ ေပၚလာၿပီး ေလၾကာင္းလိုင္းေတြ အၿပိဳင္အဆိုင္ေဈးခ်ေတာ့ ခုံေနရာေတြ ကို ေဈးႏႈန္းခြဲၿပီးေရာင္းပါေတာ့တယ္။
အြန္လိုင္းနဲ႔  လက္မွတ္ေရာင္းသလို အြန္လိုင္းခ်က္အင္ေတြလည္းေပၚလာ႐ုံမက တခ်ိဳ႕ဆို ေကာင္တာ ခ်က္အင္ လုပ္ရင္ ပိုက္ဆံေပးရမယ္ဆိုၿပီး အြန္လိုင္းခ်က္အင္လုပ္ဖို႔ တြန္းအားေပးတာေတြပါရွိလာပါတယ္။
ေအးဂ်င့္ေတြ ဆီမွာ လက္မွတ္ဝယ္လွ်င္လည္း ခုံကို တခါတည္း ေ႐ြးခိုင္းလို႔ရတတ္ပါတယ္။
အြန္လိုင္းဝယ္တဲ့ လက္မွတ္ေတြ ခုံေ႐ြးလ်င္ ပိုက္ဆံေပးရတာမ်ားပါတယ္။
ဒါလည္းကိုယ္ ဝယ္တဲ့ လက္မွတ္ရဲ႕ fare ေပၚေတာ့ တည္ပါတယ္။
တခ်ိဳ႕ကေတာ့ အြန္လိုင္းခ်က္အင္က်မွ ခုံေ႐ြးလ်င္ အလကားေပးေ႐ြးပါေသးတယ္၊ ခုံကေတာ့ အေတာ္ကိုကန္႔သတ္ေပးထားပါတယ္။
သတိထားမိသေလာက္ အခုေနာက္ပိုင္း  ဘတ္ဂ်က္လိုင္းေတြသာမက လိုင္းႀကီးေတြေတာင္ လက္မွတ္ဝယ္တာနဲ႔ ခုံကို preassigned  တခါတည္းသတ္မွတ္ေပးလိုက္ပါတယ္။
အြန္လိုင္းခ်က္အင္လုပ္တုန္းမွာ ကိုယ္ရတဲ့ ခုံကိုမႀကိဳက္လို႔ ေျပာင္းခ်င္လ်င္ ခုံအလြတ္သုံးေလးခုံေလာက္ေတာင္ မရွိေအာင္လုပ္ထားပါတယ္။ တခ်ိဳ႕ဆို လုံးဝမေပးပါ။
ခ်က္အင္ ဖြင့္ဖြင့္ခ်င္းလုပ္တာေတာင္ အလကားေ႐ြးလို႔ရတဲ့ ခုံေတြကို အလြန္ကန္႔သတ္ထားၿပီး ႀကိဳက္တာလိုခ်င္လ်င္ ပိုက္ပိုက္ေပးရပါေတာ့တယ္။
တခ်ိဳ႕  fare ေတြမွာေတာ့ ခုံကို အလာကားေ႐ြးဖို႔ အခြင့္ေပးထားပါတယ္။
လိုင္းႀကီးေတြမွာ အြန္လိုင္းခ်က္အင္လုပ္တုန္း ခုံေ႐ြးစရာ မက်န္ေပမယ့္ ေကာင္တာမွာ  ပစၥည္းခ်ိန္၊ စာ႐ြက္စာတန္းစစ္တဲ့ အခ်ိန္ အေျပာေကာင္းလ်င္ လဲေပးတတ္ပါတယ္။

ကိုယ္လိုခ်င္တိုင္းမရႏိုင္တဲ့ခုံမ်ား

ဘယ္လိုပဲျဖစ္ျဖစ္ ခရီးသည္ကို ေ႐ြးခြင့္မေပးဘဲ  ေလေၾကာင္းလိုင္းကထိန္းခ်ဳပ္ထားတဲ့ ခုံေတြရွိပါတယ္။
အေရွ႕ဆုံးအတန္းကို ရင္ခြင္ပိုက္ကေလးငယ္ ပါတဲ့ခရီးသည္ေတြကိုဦးစားေပးပါတယ္။ ပုခက္ခ်ိတ္ဖို႔ေနရာရွိလို႔ပါ။
အဲလိုကေလးနဲ႔ခရီးသည္မပါတဲ့ ခရီးစဥ္ဆိုလ်င္ေတာ့ ကိုယ္ရႏိုင္ပါတယ္။ ဒါကို ေကာင္တာခ်က္အင္က ကိုင္လ်င္ကိုင္မကိုင္လ်င္ ပိုက္ဆံေပးရတဲ့ ခုံ ျဖစ္သြားတာမ်ားပါတယ္။
အေတာင္ပံေပၚက အေရးေပၚ ထြက္ေပါက္ရွိတဲ့ ခုံ တန္းမွာ ခုံအေရွ႕ ေျခခ်တဲ့ေနရာက ပိုက်ယ္ပါတယ္။ အဲဒီေနရာကို ပိုက္ဆံပိုေပးမွ ရတာမ်ားပါတယ္။ ဒါေတာင္ အသက္ႀကီးသူတို႔ ကေလ သူငယ္တို႔ပါလ်င္ မေပးပါ။
အေရးအေၾကာင္းဆို အဲဒီခုံတန္းက ခရီးသည္ေတြက အေရးေပၚတံခါးကိုဖြင့္ေပးၿပီး evacuation ကယ္ဆယ္ေရးအတြက္ ကူညီႏိုင္သူကိုသာေပးပါတယ္။
အသက္ႀကီးသူ ဝွီး ခ်ဲစီးသူေတြကို အိမ္သာသြားလို႔ နီးတဲ့ isle seat ေပးတတ္ပါတယ္။
တခါတေလ ေလယာဥ္ ခုံ မျပည့္လ်င္ သေဘာေကာင္းတဲ့ ႀကီးၾကပ္သူေတြက အသက္ႀကီးသူ၊ ကေလး ပါသူေတြ အေနားက ခုံကို လြတ္ေပးထားတတ္ပါတယ္။

ေ႐ြးခြင့္ရလ်င္ ဘယ္ခုံကိုေ႐ြးမလဲ

လူတကိုယ္ အႀကိဳက္တမ်ိဳးပါ။
အတက္အဆင္းရႈခင္းေတြကို ၾကည့္ခ်င္သူကျပဴတင္းေပါက္ခုံ window seat ကိုႀကိဳက္ပါတယ္။
အိမ္သာ မၾကာခဏ ထသြားတတ္သူ၊ ေလယာဥ္ဆိုက္လ်င္ ျမန္ျမန္ဆင္းခ်င္သူေတြကေတာ့ လူသြားလမ္းေဘးက isle seat ခုံ ကိုေ႐ြးမွာပါ။
အတက္အဆင္းမွာ အေတာင္ပံေပါက ဖလက္ေတြ၊ ေအလာ႐ြန္ေတြ၊ အဲယား ဘရိတ္ေတြ အလုပ္လုပ္တာၾကာည့္ခ်င္သူက အေတာင္ပံ အေနာက္ ၅ တန္းေလာက္က ျပတင္းေပါက္ခုံကိုေ႐ြးၿပီ၊း ေလယာဥ္ အင္ဂ်င္နဲ႔ revers thrust ပြင့္တာၾကည့္ဖို႔ေတာ့ အေတာင္ပံ အေရွ႕ကခုံေတြ ကိုေ႐ြးမွာပါ။
ေလယာဥ္ ပ်က္တဲ့ သတင္းေတြၾကည့္ၿပီး ေၾကာက္သူကေတာ့ ပ်က္က်လ်င္ေတာင္ အသက္ရွင္ဖို႔အခြင့္လမ္းမ်ားတဲ့အၿမီးနား isle seat ကို လိုခ်င္ပါတယ္။
ေလေၾကာင္းလိုင္း ဝဘ္ဆိုဒ္ေတြမွာ ခုံအေနအထား  seat plan ကို ေလယာဥ္အမ်ိဳးအစားအလိုက္ တင္ထားတတ္ပါတယ္။ t
အြန္လိုင္းလက္မွတ္ဝယ္စဥ္နဲ႔ အြန္လိုင္းခ်က္အင္လုပ္လ်င္ ခုံေ႐ြးတဲ့ အဆင့္မွာ ခုံ အေနအထားကို ၾကည့္လို႔ရပါတယ္။
ကိုယ္စီးရမယ့္ ေလယာဥ္အမ်ိဳးစားကိုလည္း လက္မွတ္မွာ ေရးထားေပးပါတယ္။
seat guru website  မွာ ေလေၾကာင္းလိုင္းတခုခ်င္းစီရဲ႕ ေလယာဥ္အမ်ိဳးအစားအလိုက္ ခုံ အေနအထားကိုရွာလို႔ရပါတယ္။ ခုံေနရာအလိုက္ အေကာင္းအဆိုးမွတ္ခ်က္ေတြပါေရးထားပါတယ္။ 

ဘယ္သူမွ မႀကိဳက္တဲ့ ခုံမ်ား

အိမ္သာနားကပ္ေနတဲ့ ေနာက္ဆုံးခုံတန္း၂တန္း ၃ တန္း ေလွ်ာက္လမ္းေဘးခုံေတြ အနားမွာ ထမင္းေကြၽးၿပီးခ်ိန္ အိမ္သာတန္းစီသူေတြနဲ႔ က်ပ္ေနလို႔ အေနခက္ပါတယ္။
အလယ္ခုံကိုေတာ့ ခရီးသည္တိုင္းလိုလိုမႀကိဳက္ၾကပါ။
Molon Labe Seating ခုံေတြ ကိုတကယ္သုံးလာၿပီဆိုလ်င္ေတာ့ ခရီးသည္ေတြရဲ႕ အျမင္ေတြကို ၾကားၾကရေတာ့မွာပါ။
ဘယ္လိုပဲျဖစ္ျဖစ္ အလယ္ခုံကိုေတာ့  မတ္တ္သာမွ ယူၾကမယ္ထင္ပါတယ္။
ဖိုးသုည
20-7-19


ဂျက်လေယာဉ်ပျံစီးရင် အလယ်ခုံမကြိုက်သူများအတွက် သတင်းကောင်း (ယူနီကုဒ်) 


တဖက်သုံးခုံပါတဲ့ လေယာဉ်တွေမှာအလယ်ခုံကို ခရီးသည်တိုင်းလိုလိုမကြိုက်ကြပါ။
ဘိုးအင်း 737အုပ်စု, 787,  အဲယားဘတ်စ် အေ 320 , 321 350 တို့မှာ ခုံတွေက တဖက် သုံးခုံစီရှိတတ်ကြပါတယ်။
လေယာဉ်ကြီးတွေကတော့ လေကြောင်းလိုင်းအလိုက် နည်းနည်းကွားပါတယ်။

အလယ်ခုံမှာ ထိုင်ရခြင်းရဲ့ ဒုက္ခများ

ဘေးနှစ်ဘက်က ကိုယ် မသိသူတွေ ဆိုအတော်အနေကျပ်ပါတယ်။
ပခုံးနေရာတွေမှာ လည်းကြပ်နေပါတယ်။ ဝတဲ့ သူ၂ ယောက်ကြားဆို ပိုဆိုးပါတယ်။ ဘေးက ခုံတွေမှာ တဖက် ကို နည်းနည်း ယိမ်းထားလို့ရပါသေးတယ်။
လက်တင်တန်းကို ဘေးကသူတွေနဲ့ လုရပါတယ်။
သတင်းစာဖတ်လျင် ဖြန့်လို့မရပါ။ ထမင်းစားလျင် တတောင်ဆစ် ကားပြီးစားသူ၂ယောက်ကြားညပ်နေလျင် စားမရပါ။

ဒီလိုအများမကြိုက်တဲ့အလယ်ခုံစီးသူတွေ ရဲ့ ဒုက္ခကို ကူညီဖို့ အမေရိကန် ကိုလိုရာဒိုနယ်က Molon Labe Seating ကုမ္ပဏီက ခုံပုံစံအသစ်ကိုတီထွင်လိုက်ပါတယ်။
S1, S2 , S3  ဆိုတဲ့ ခုံ သုံးမျိုးမှာ S1ကတော့ ခရီးတိုသွား short haulလေယာဉ်တွေအတွက်ဖြစ်ပြီး အမေရိကန်ရဲ့လေကြောင်းအာဏာပိုင် FAA ကခွင့်ပြုပြီးလို့ Primus Aerospace ကထုတ်တော့မှာဖြစ်ပါတယ်။ အမေရိကန်ရဲ့ လေကြောင်းလိုင်း ၂ ခုက လေယာဉ်တချို့မှာ စတင် သုံးစွဲမှာဖြစ်ပြီး ၂၀၂၀ ဧပြီနဲ့ မေလတွေမှာအမေရိကားက ခရီးသည်တွေ စတင်ပြီး စံစားရတော့မှာပါ ။

Molon Labe Seating S1

Molon Labe Seating S1 ဆိုတာ အလယ်ခုံကို ဘေး နှစ်ခုံထက် အနည်းငယ် နှိမ့်ထားပြီး အနောက်ကိုလည်းနည်းနည်းရွှေ့လိုက်ပါတယ်။
လက်တင်တန်းတွေကို အဆင့်၂ ဆင့်လုပ်လိုက်ပြီး နီမ့်တဲ့ အလယ်ခုံမှာ ထိုင်သူက လက်တန်း အနောက်ဘက် အနိမ့်ပိုင်းကိုရမှာ ဖြစ်ပြီး ပိုမြင့်တဲ့ ဘေးခုံ၂ ခုမှာ ထိုင်သူတွေ လက်တင်တန်းရဲ့ မြင့်တဲ့ အရှေ့ပိုင်းကိုသုံးလို့ရမှာပါ။


အလယ်ခုံကနိမ့်ပြီး အနောက်နည်းနည်းရောက်သွားလို့ ဘေးကို ၃ လက်မလောက်အထိပိုကျယ်နိုင်ပြီး ခရီးသည် သုံးယောက်လုံး ပခုံးအချင်းချင်းကြပ်နေတဲ့ ဒုက္ခကလည်းလွတ်သွားပါတယ်။
အနောက် နည်းနည်းထွက်လာတဲ့ အလယ်ခုံကြောင့် ပြူတင်းပေါက်ခုံရတဲ့ ခရီးသည်ကတော့ အဝင် အထွက် နည်းနည်း ခက်သွားမယ်ထင်ပါတယ်။

အနည်းငယ်ပိုကျယ်တဲ့ S2 ခုံတွေကိုတော့ ခရီးရှည်ပျံ long haul လေယာဉ်ကြီးတွေအတွက် စမ်းသပ်နေပါတယ်။
S3  ခုံတွေကတော့ ခရီးသည်တွေ အတက်နဲ့ အတင်းမှာ လျှောက်လမ်းဘေးခုံကို အလယ်ခုံပေါ်ကို ထပ်တင်လို့ရအောင်လုပ်ထားပြီးလျှောက်လမ်းကို ကျယ်အောင်လုပ်ပေးဖို့လို့ဆိုပါတယ်။ အတက်အဆင်းမြန်သွားသလုပ် သန့်ရှင်းရေး လုပ်ရတာလည်း ပိုလွယ် ပိုမြန်စေမှာပါ၊
ဒီခုံတွေကို ပုံမှန်ခုံတွေထက် ပိုမိုပေါ့ပါးအောင်လုပ်ထားလို့ လေယာဉ္ အလေးချိန် သက်သာပြီး ဆီကုန်လညး်ပိုသင်သာနိုင်မှာပါ။
အမေရီကားက စတာဆိုတော့ နောက်ပိုင်းထွက်လာမယ့် 737 MAX နဲ့  737 NG တချို့မှာများစမ်းသုံးမလားလို့ မှန်းဆရပါတယ်။ ၊

အီကော်နော်မီအတန်းကနေ လေယာဉ်စီးလျင်ဘယ်နေရာမှာထိုင်ရလဲ၊ အလယ်ခုံမကြိုက်လျင် ကိုယ်လိုချင် သလိုရွေးလို့ရမလား။


အရင်တုန်းက

အရင်တုန်းက ချက် အင်လုပ်ရင် ကောင်တာဝန်ထမ်းက မေးလေ့ရှိပါတယ်။
ပြူတင်းပေါက်ခုံ window seat ယူမလား လူသွားလမ်းဘေးက isle seat ခုံ ကြိုက်လားပေါ့။
အများစုက ကိုယ်စီးမယ့်လေယာဉ်က ဘာအမျိုးစားမှန်းလည်းမသိ၊ ဘယ်နံပတ်က ဘာမှန်းလည်းမသိတာများပါတယ်။
အရှေ့နား အနောက်နားwindow seat , isle seat ဆိုပြီး မှန်ူရွေးကြတာပေါ့။

အွန်လိုင်းခေတ်

နောက်ပိုင်းမှာတော့ ဘတ်ဂျက် လိုင်းတွေ ပေါ်လာပြီး လေကြာင်းလိုင်းတွေ အပြိုင်အဆိုင်ဈေးချတော့ ခုံနေရာတွေ ကို ဈေးနှုန်းခွဲပြီးရောင်းပါတော့တယ်။
အွန်လိုင်းနဲ့  လက်မှတ်ရောင်းသလို အွန်လိုင်းချက်အင်တွေလည်းပေါ်လာရုံမက တချို့ဆို ကောင်တာ ချက်အင် လုပ်ရင် ပိုက်ဆံပေးရမယ်ဆိုပြီး အွန်လိုင်းချက်အင်လုပ်ဖို့ တွန်းအားပေးတာတွေပါရှိလာပါတယ်။
အေးဂျင့်တွေ ဆီမှာ လက်မှတ်ဝယ်လျှင်လည်း ခုံကို တခါတည်း ရွေးခိုင်းလို့ရတတ်ပါတယ်။
အွန်လိုင်းဝယ်တဲ့ လက်မှတ်တွေ ခုံရွေးလျင် ပိုက်ဆံပေးရတာများပါတယ်။
ဒါလည်းကိုယ် ဝယ်တဲ့ လက်မှတ်ရဲ့ fare ပေါ်တော့ တည်ပါတယ်။
တချို့ကတော့ အွန်လိုင်းချက်အင်ကျမှ ခုံရွေးလျင် အလကားပေးရွေးပါသေးတယ်၊ ခုံကတော့ အတော်ကိုကန့်သတ်ပေးထားပါတယ်။
သတိထားမိသလောက် အခုနောက်ပိုင်း  ဘတ်ဂျက်လိုင်းတွေသာမက လိုင်းကြီးတွေတောင် လက်မှတ်ဝယ်တာနဲ့ ခုံကို preassigned  တခါတည်းသတ်မှတ်ပေးလိုက်ပါတယ်။
အွန်လိုင်းချက်အင်လုပ်တုန်းမှာ ကိုယ်ရတဲ့ ခုံကိုမကြိုက်လို့ ပြောင်းချင်လျင် ခုံအလွတ်သုံးလေးခုံလောက်တောင် မရှိအောင်လုပ်ထားပါတယ်။ တချို့ဆို လုံးဝမပေးပါ။
ချက်အင် ဖွင့်ဖွင့်ချင်းလုပ်တာတောင် အလကားရွေးလို့ရတဲ့ ခုံတွေကို အလွန်ကန့်သတ်ထားပြီး ကြိုက်တာလိုချင်လျင် ပိုက်ပိုက်ပေးရပါတော့တယ်။
တချို့  fare တွေမှာတော့ ခုံကို အလာကားရွေးဖို့ အခွင့်ပေးထားပါတယ်။
လိုင်းကြီးတွေမှာ အွန်လိုင်းချက်အင်လုပ်တုန်း ခုံရွေးစရာ မကျန်ပေမယ့် ကောင်တာမှာ  ပစ္စည်းချိန်၊ စာရွက်စာတန်းစစ်တဲ့ အချိန် အပြောကောင်းလျင် လဲပေးတတ်ပါတယ်။

ကိုယ်လိုချင်တိုင်းမရနိုင်တဲ့ခုံများ

ဘယ်လိုပဲဖြစ်ြဖစ် ခရီးသည်ကို ရွေးခွင့်မပေးဘဲ  လေကြောင်းလိုင်းကထိန်းချုပ်ထားတဲ့ ခုံတွေရှိပါတယ်။
အရှေ့ဆုံးအတန်းကို ရင်ခွင်ပိုက်ကလေးငယ် ပါတဲ့ခရီးသည်တွေကိုဦးစားပေးပါတယ်။ ပုခက်ချိတ်ဖို့နေရာရှိလို့ပါ။
အဲလိုကလေးနဲ့ခရီးသည်မပါတဲ့ ခရီးစဉ်ဆိုလျင်တော့ ကိုယ်ရနိုင်ပါတယ်။ ဒါကို ကောင်တာချက်အင်က ကိုင်လျင်ကိုင်မကိုင်လျင် ပိုက်ဆံပေးရတဲ့ ခုံ ဖြစ်သွားတာများပါတယ်။
အတောင်ပံပေါ်က အရေးပေါ် ထွက်ပေါက်ရှိတဲ့ ခုံ တန်းမှာ ခုံအရှေ့ ခြေချတဲ့နေရာက ပိုကျယ်ပါတယ်။ အဲဒီနေရာကို ပိုက်ဆံပိုပေးမှ ရတာများပါတယ်။ ဒါတောင် အသက်ကြီးသူတို့ ကလေ သူငယ်တို့ပါလျင် မပေးပါ။
အရေးအကြောင်းဆို အဲဒီခုံတန်းက ခရီးသည်တွေက အရေးပေါ်တံခါးကိုဖွင့်ပေးပြီး evacuation ကယ်ဆယ်ရေးအတွက် ကူညီနိုင်သူကိုသာပေးပါတယ်။
အသက်ကြီးသူ ဝှီး ချဲစီးသူတွေကို အိမ်သာသွားလို့ နီးတဲ့ isle seat ပေးတတ်ပါတယ်။
တခါတလေ လေယာဉ် ခုံ မပြည့်လျင် သဘောကောင်းတဲ့ ကြီးကြပ်သူတွေက အသက်ကြီးသူ၊ ကလေး ပါသူတွေ အနေားက ခုံကို လွတ်ပေးထားတတ်ပါတယ်။

ရွေးခွင့်ရလျင် ဘယ်ခုံကိုရွေးမလဲ

လူတကိုယ် အကြိုက်တမျိုးပါ။
အတက်အဆင်းရှုခင်းတွေကို ကြည့်ချင်သူကပြူတင်းပေါက်ခုံ window seat ကိုကြိုက်ပါတယ်။
အိမ်သာ မကြာခဏ ထသွားတတ်သူ၊ လေယာဉ်ဆိုက်လျင် မြန်မြန်ဆင်းချင်သူတွေကတော့ လူသွားလမ်းဘေးက isle seat ခုံ ကိုရွေးမှာပါ။
အတက်အဆင်းမှာ အတောင်ပံပေါက ဖလက်တွေ၊ အေလာရွန်တွေ၊ အဲယား ဘရိတ်တွေ အလုပ်လုပ်တာကြာည့်ချင်သူက အတောင်ပံ အနောက် ၅ တန်းလောက်က ပြတင်းပေါက်ခုံကိုရွေးပြီ၊း လေယာဉ် အင်ဂျင်နဲ့ revers thrust ပွင့်တာကြည့်ဖို့တော့ အတောင်ပံ အရှေ့ကခုံတွေ ကိုရွေးမှာပါ။
လေယာဉ် ပျက်တဲ့ သတင်းတွေကြည့်ပြီး ကြောက်သူကတော့ ပျက်ကျလျင်တောင် အသက်ရှင်ဖို့အခွင့်လမ်းများတဲ့အမြီးနား isle seat ကို လိုချင်ပါတယ်။
လေကြောင်းလိုင်း ဝဘ်ဆိုဒ်တွေမှာ ခုံအနေအထား  seat plan ကို လေယာဉ်အမျိုးအစားအလိုက် တင်ထားတတ်ပါတယ်။ t
အွန်လိုင်းလက်မှတ်ဝယ်စဉ်နဲ့ အွန်လိုင်းချက်အင်လုပ်လျင် ခုံရွေးတဲ့ အဆင့်မှာ ခုံ အနေအထားကို ကြည့်လို့ရပါတယ်။
ကိုယ်စီးရမယ့် လေယာဉ်အမျိုးစားကိုလည်း လက်မှတ်မှာ ရေးထားပေးပါတယ်။
seatguru website  မှာ လေကြောင်းလိုင်းတခုချင်းစီရဲ့ လေယာဉ်အမျိုးအစားအလိုက် ခုံ အနေအထားကိုရှာလို့ရပါတယ်။ ခုံနေရာအလိုက် အကောင်းအဆိုးမှတ်ချက်တွေပါရေးထားပါတယ်။ 

ဘယ်သူမှ မကြိုက်တဲ့ ခုံများ

အိမ္သာနားကပ္ေနတဲ့ ေနာက္ဆုံးခုံတန္း၂တန္း ၃ တန္း ေလွ်ာက္လမ္းေဘးခုံေတြ အနားမွာ ထမင္းေကြၽးၿပီးခ်ိန္ အိမ္သာတန္းစီသူေတြနဲ႔ က်ပ္ေနလို႔ အေနခက္ပါတယ္။
အလယ္ခုံကိုလည္း ခရီးသည္တိုင္းလိုလိုမႀကိဳက္ၾကပါ။
Molon Labe Seating ခုံေတြ ကိုတကယ္သုံးလာၿပီဆိုလ်င္ေတာ့ ခရီးသည္ေတြရဲ႕ အျမင္ေတြကို ၾကားၾကရေတာ့မွာပါ။
ဘယ္လိုပဲျဖစ္ျဖစ္ အလယ္ခုံကိုေတာ့  မတတ္သာမွ ယူၾကမယ္ထင္ပါတယ္။


ဖိုးသုည
20-7-19





Tuesday, July 2, 2019

တေစၦေလဆိပ္ႀကီး Berlin Brandenburg Airport (BER) {တစ္ဆေလေဆိပ်ကြီး Berlin Brandenburg Airport (BER) (ယူနီကုဒ်)}

တေစၦေလဆိပ္ႀကီး Berlin Brandenburg Airport (BER)

မီးရထားတစင္းဆိုက္လာတယ္၊ တံခါးေတြပြင့္လာေတာ့ လူတေယာက္မွ မပါ။
ေလဆိပ္ခန္းမထဲေရာက္ေတာ့ ေလယာဥ္ အတက္အဆင္းခရီးစဥ္ျပ မွန္သားျပင္ေတြမွာ ေလယာဥ္ခရီးစဥ္ အမွတ္ေတြနဲ႔ အခ်ိန္ေတြက လႈပ္ရွားေနေပမယ့္ ခရီးသည္နဲ႔ ေလေၾကာင္းလိုင္း ဝန္ထမ္းေတြ တေယာက္မွမရွိ။
ပစၥည္းေ႐ြးဖို႔ ခါးပတ္ ( baggage reclaim conveyer belt) ႀကီးလႈပ္ရွားလာတယ္။ အိတ္တလုံးမွမပါ။
ဒါေတြကေန႔စဥ္ တကယ္ျဖစ္ေနတာပါ။
စီးသူမရွိတဲ့ ရထားဘူတာ

ေဆာက္ထား တပ္ထားၿပီးသားစက္ေတြ မသုံးျဖစ္လို႔ ဂ်မ္းျဖစ္ၿပီး ရပ္မသြားေအာင္ ေနစဥ္ သုံးစြဲသူမရွိဘဲ လည္ပတ္ အလုပ္လုပ္ခိုင္းထားရတာပါ။ ဘုတ္ေတြမွာ ျပေနတဲ့ ေလယာဥ္ခရီးစဥ္ေတြကေတာ့ အနားက Berlin Schönefeld Airport ေလဆိပ္ကခရီးစဥ္ေတြပါ။
ဥေရာပရဲ႕ စီးပြားေရး အေတာင့္ဆုံး၊ နည္းပညာ အတိုးတက္ဆုံး ဂ်ာမဏီႏိုင္ငံရဲ႕ Berlin Brandenburg Airport (BER) ေလဆိပ္ႀကီးမွာပါ။

သမိုင္းေၾကာင္း

၁၉၈၉ ခု မွာ ဘာလင္တံတိုင္းကိုၿဖိဳခ်ၿပီး အေရွ႕နဲ႔ အေနာက္ဘာလင္ ႏွစ္ျခမ္းျပန္လည္ေပါင္းစည္းခဲ့ပါတယ္.။
၁၉၉၀ မွာ ဂ်ာမဏီ၂ ႏိုင္ငံျပန္လည္ေပါင္းစည္းၿပီး Federal Republic of Germany လို႔ဖြဲစည္းလိုက္တဲ့အခါ ဘာလင္ဟာ ဂ်ာမဏီရဲ႕ၿမိဳ႕ေတာ္ျပန္ျဖစ္လာပါတယ္။
ၿမိဳ႕ေတာ္ျပန္ျဖစ္လာတဲ့  ဘာလင္မွာ တိုးတက္လာတဲ့ ေလေၾကာင္းပို႔ေဆာင္ေရး အတြက္ ရွိၿပီးသားေလဆိပ္ေတြနဲ႔ မလုံေလာက္ေတာ့ ပါဘူး။ ႏိုင္ငံေရးေခါင္းေဆာင္ေတြက ဘာလင္ အတြက္ ေခတ္မွီေလဆိပ္သစ္ႀကီးတခုကို တည္ေဆာက္ဆို႔လိုတယ္ဆိုတာကို သေဘာတူခဲ့ၾကပါတယ္။
ဒီလိုနဲ႔ ေလဆိပ္သစ္ႀကီးကိုစီမံခန္႔ခြဲဖို႔အတြက္ ၁၉၉၁ ခုႏွစ္ ေမလမွာ  Berlin Brandenburg Airport holding company ႀကီး ကို တည္ေထာင္ ခဲ့ပါတယ္။
၁၉၉၆ ခုဇြန္လေရာက္မွ လက္ရွိ အသုံးျပဳေနတဲ့ Berlin Schönefeld Airport (SXF) အနားက ေျမေနရာကို အတည္ျပဳပါတယ္။

Berlin Brandenburg Airport (BER) နဲ့ Berlin Schönefeld Airport (SXF)


တခါ ဘယ္ပုဂၢလိကေဆာက္လုပ္ေရးအဖြဲ႕ေတြကို ေဆာက္ဖို႔  ေခၚယူမယ္ဆိုတာနဲ႔ ပတ္သက္ၿပီးျဖစ္တဲ့ ျပသနာေတြေၾကာင့္ ၂၀၀၀ ခုႏွစ္ ႏိုဝင္ဘာလေရာက္မွ ယာယီ စီမံကိန္း အတည္ျဖစ္ပါတယ္။ ေလဆိပ္ကို  ၂၀၀၇ ခုႏွစ္မွာဖြင့္လွစ္ဖို႔စီစဥ္ခဲ့ၾကပါတယ္။
လက္ေတြ႕မွာေတာ့ ေလဆိပ္ေဆာက္မယ့္ေနရာမွာေတြ႕တဲ့ ေရွးေဟာင္း သခ်ႋဳင္းကို ေရွးေဟာင္း သုေတသီေတြက ထူးေဖၚတာကို ေစာင့္ရ၊ နယ္ေျမခံျပည္သူေတြနဲ႔ျပသနာ ၊  ကုန္က်စရိတ္တြက္ခ်က္ရာမွာ မွားယြင္းမႈ စတဲ့ျပသနာေတြကိုေျဖရွင္းေနရလို႔ ၂၀၀၆ ခု စက္တင္ဘာလေရာက္မွ ေဆာက္လုပ္ေရး လုပ္ငန္းေတြကိုတကယ္စတင္ႏိုင္ခဲ့ပါတယ္။
ဒီလိုနဲ႔ ေလဆိပ္ဖြင့္ဖို႔ ရက္ကို ၂၀၁၀ ခုႏွစ္ ေအာက္တိုဘာလ ၃၀ လို႔ ျပင္ဆင္သတ္မွတ္ထားခဲ့ပါတယ္.
ဒါေပမဲ့ ေဆာက္လုပ္ေရးလုပ္ငန္းမွာ ျပသနာေတြမ်ားလို႔ ေႏွာင့္ေႏွးေနၿပီး ေလဆိပ္ဖြင့္ဖို႔ ရက္ကို ၂၀၁၂ ခု ဇႏၷဝါရီလု ၃ ရက္၊ ေနာက္ေတာ့ ၂၀၁၂ ဇြန္လလို႔ ထပ္ေျပာင္းပါတယ္။
ဝန္ႀကီးခ်ဳပ္ Angela Merkel ကို ဖိတ္ၿပီး ေလဆိပ္ႀကီးကို ဖြင့္ဖို႔ ျပင္ဆင္ထားရာ ဖြင့္ပြဲမတိုင္မီ တလအလို ၂၀၁၂ ေမလ မွာ မီးေဘးကာကြယ္ေရး စနစ္လက္မွတ္ရဖို႔ စစ္ေဆးေတာ့မွ ဘယ္လိုမွ ေမွ်ာ္မွန္းမထားတဲ့ အေတာ္ဆိုး႐ြားတဲ့ ျပသနာေတြကိုေတြ႕ရလို႔ ဖြင့္ပြဲကို ၂၀၁၃ မတ္လ ၁၇ လို႔ ေျပာင္းရပါတယ္၊ ေနာက္ေတာ့ ၂၀၁၃ ေအာက္တိုဘာ ၂၇ ကို ေ႐ႊ႕ျပန္ပါတယ္။


အခုထိအသုံးမျပဳရေသးတဲ့ ေလဆိပ္အေဆာက္ အဦႀကီး


၂၀၁၃ ဇႏၷဝါရီလအေရာက္မွာေတာ့ ေလဆိပ္တကယ္ဖြင့္မယ့္ရက္ကို မေၾကျငာႏိုင္ေတာဘဲ  ၂၀၁၄ အထိ ဖြင့္ႏိုင္မွာ မဟုတ္ဘူးလို႔သာေၾကျငာႏိုင္ပါေတာ့တယ္၊ ဘာလင္ၿမိဳ႕ေတာ္ဝန္လည္း ႀကီးၾကပ္ေရး ဘုတ္အဖြဲ႕က ႏႈတ္ထြက္ၿပီး Berlin Brandenburg Airportရဲ႕ စီအီးအိုကိုလဲ ရာထုးက ျဖဳတ္လိုက္ပါတယ္။
၂၀၁၄ မွာ စီအီးအို အသစ္ Hartmut Mehdorn က ေလဆိပ္ကို ၂၀၁၆ အထိ ဖြင့္လွစ္ႏိုင္ဖြယ္ မရွိလို႔ ေၾကျငာပါတယ္။ တပူေပၚ ႏွစ္ပူဆင့္တက္တက္လာတဲ့ ျပသနာေတြနဲ႔ မေရရာမႈေတြေၾကာင့္ Mehdorn လည္း ၂၀၁၄ ဒီဇင္ဘာလမွာ စီအီးအိုအျဖ့စ္မွ ႏႈတ္ထြက္ခဲ့ပါတယ္။
၂၀၁၅ ဇူလိုင္၊ ဘာလင္ၿမိဳ႕ေတာ္ဝန္သစ္ Michael Müller က ႀကီးၾကပ္ေရး ဘုတ္အဖြဲ႕ဥကၠဌ ေနရာကို ရယူၿပီး ေလဆိပ္ကို  ၂၀၁၇ မွာ ဖြင့္လွစ္ႏိုင္ေအာင္ ဦးေဆာင္ျပန္ပါတယ္။
၂၀၁၅ ဩဂုတ္လမွာေတာ့ ေလဆိပ္စီမံကိမ္း အတြင္းက ခ်စားမႈ လာယ္စားမႈေတြ တစၿပီးတစ ထြက္လာပါတယ္။ ေလဆိပ္နည္းပညာဆိုင္ရာ ဒါ႐ိုက္တာ Jochen Grossmann ဟာ ယူ႐ို သန္းတဝက္ လာယ္စားမယ္ဆိုတဲ့ စြဲခ်က္နဲ႔ တရားတေဘာင္ရင္ဆိုင္ေနရပါတယ္။

၂၀၁၆ ဒီဇင္ဘာလမွာေတာ့ ေနာက္ဆုံးရည္မွန္းထားတဲ့ ၂၀၁၇ မွာေလဆိပ္ဖြင့္လွစ္ႏိုင္ဖို႔ မျဖစ္ႏိုင္ပါဘူးဆိုျပန္ပါတယ္။
မီးလုံးေတြမွားတပ္တာ၊ တံခါးေတြကို နံပတ္တပ္မွားေနတာ၊ မီးခလုပ္ေတြ မရွိတာ၊ မွားယြင္းတဲ့ မီးႀကိဳးသြယ္တန္းမႈ၊ မီးေဘးအခ်က္ေပး စနစ္ မွားယြင္းမႈ စတာေတြကေန အေဆာက္အဦအမိုးက သတ္မွတ္ထားတာထက္ ၂ဆေက်ာ္ပိုေလးေနတယ္ဆိုတဲ့ ျပသနာ အႀကီးႀကီးအထိ၊ ျပသနာေပါင္း (၅၅၀၀၀၀) သန္းတဝက္ေက်ာ္ေလာက္ကိုျပင္ဆင္ရမယ္ဆိုတာ ေတြ႕ရွိလာရလို႔ပါ။

ဘာေတြမွားခဲ့တာလဲ 

ပညာရွင္နဲ႔ ႏိုင္ငံေရးသမား ေနရာမွား

အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္ေတြကို ခ်ေပးရတဲ့ ေလဆိပ္ေဆာက္လုပ္ေရး ႀကီးၾကပ္မႈ ဘုတ္အဖြဲ႕ဝင္ေတြဟာ လုပ္ငန္းကြၽမ္းက်င္သူ စပယ္ရွယ္လစ္ေတြ ျဖစ္ရမယ့္အစား ဒီလုပ္ငန္းေတြနဲ႔ နီးစပ္မႈ မရွိတဲ့ ႏိုင္ငံေရးသမားေတြျဖစ္တဲ့ ဘာလင္ၿမိဳ႕ေတာ္ဝန္ နဲ႔  Brandenburg ျပည္နယ္ဝန္ႀကီးခ်ဳပ္ တို႔ ျဖစ္ေနပါတယ္။  စီမံကိန္းအႀကီးကဲ၊ နည္းပညာအႀကီးအကဲေတြကလည္း ဆိုင္ရာနယ္ပယ္မွာ မကြၽမ္းက်င္ၾကလို႔ လူေတြတေယာက္ၿပီး တေယာက္ေျပာင္းရပါတယ္။
သူတို႔က ေဆာက္လုပ္ေရးလုပ္ငန္းေတြကို အေတြ႕အႀကဳံရင့္ ကုမၸဏီႀကီးတခုကို အပ္ၿပီး စီမံခန္႔ခြဲေစတာမ်ိဳးမဟုတ္ဘဲ လုပ္ငန္း ကန္ထ႐ိုက္  ၃၀ -၄၀ ေလာက္ကို ေဈးသက္သက္သာသာနဲ႔ ခိုင္းလို႔ရတဲ့ ကုမၸဏီ အငယ္ကေလးေတြကို တိုက္႐ိုက္ခြဲေပးခဲ့ပါတယ္။ အဲဒီမွာလုပ္ငန္းေတြအၾကားညႇိႏႈိင္းထိန္းခ်ဳပ္ရတာေတြက ရႈပ္ေထြးကုန္ပါတယ္။

ဗိသုကာဆိုင္ရာျပသနာမ်ား

ဗိသုကာဆိုင္ရာ မွားယြင္းတဲ့ထဲမွာ ျပသနာ္ႀကီးတခုကေတာ့ပါ။ ဒီဇိုင္းဆြဲတဲ့ ဗိသုကာက ပူၿပီး အထက္ကိုဆန္တက္တတ္တဲ့ မီးခိုးေတြကို ေလဆိပ္ခန္းမေအာက္ေျခကေနစုပ္ထုတ္ဖို႔ လုပ္ထားပါတယ္၊  အစအဆုံးျပန္ျပင္ရပါတယ္။
ခ်က္အင္လုပ္ဖို႔ေကာင္တာေတြက သိပ္နည္းေနၿပီး ခရီးသည္ေတြအိတ္ေတြကို ျပန္ေ႐ြးဖို႔ စနစ္ကနည္းလုံေလာက္မႈမရွိပါ။
အေအးေပးစနစ္က အလြန္အားနည္းလို႔ အပူလြန္ၿပီး ကြန္ျပဴတာစနစ္ေတြကို အလိုေလွ်ာက္ျဖတ္ေတာက္ လိုက္ရင္ ေလဆိပ္တခုလုံး ကကြန္ျပဳူတာေတြရပ္သြားႏိုင္ပါတယ္။
မီးအေရးေပၚလ်င္ အလိုေလွ်ာက္ပိတ္ရမယ့္တံခါးေတြ မပိတ္လို႔ ျပန္ျပင္ရမွာ တံခါး တေထာင္ေလာက္ရွိပါသတဲ့ ၊ ျပန္လုပ္ရမယ့္ လွ်ပ္စစ္ႀကိဳးေတြက ကီလိုမီတာေပါင္မ်ားစြာ။
ေလယာဥ္ေတြပ်ံသန္းတဲ့ လမ္းေၾကာင္းနဲ႔ ဆူညံသံကာကြယ္ေပးဖို႔ လိုအပ္တဲ့ ေနရာေတြကို တြက္ခ်က္တာကလဲ လြဲေနပါတယ္။
ေလဆိပ္ဗိသုကာ Meinhard von Gerkan's က ေလဆိပ္မွာ ေဈးဝယ္တာကို မႀကိဳက္သူျဖစ္လို႔ ေလဆိပ္ဒီဇိုင္းမွာ ဆိုင္ေတြ နည္းႏိုင္သမွ်နည္းေအာင္ ေလွ်ာ့ထားခဲ့ ပါတယ္။ ဒီအေၾကာင္းကို ေလဆိပ္ကုမၸဏီက သိတာေနာက္က်လို႔ ဆိုင္ခန္းေတြအတြက္ အထပ္တခု ထပ္တိုးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ ေလဆိပ္ေတြက အဲဒီလိုဆိုင္ခန္းငွားခေတြကေန ဝင္ေငြ အမ်ားအျပားရေနၾကတာပါ။
ျပသနာက အဲလိုထပ္တိုးတဲ့ အထပ္အတြက္ လိုအပ္လာတဲ့ မီးသတ္စနစ္လို မီးခိုးစုပ္ထုတ္စနစ္လို စနစ္ေတြကို ထပ္ျဖည့္ရမွာျဖစ္ၿပီး ဘယ္လို ထပ္ျဖည့္ထားတယ္ဆိုတာ ဘယ္သူမွ ေသခ်ာမသိဘူးဆိုပါတယ္။
ေလဆိပ္ႀကီးရဲ႕ မီးေဘးကာကြယ္ေရးစနစ္ စီမံကိန္းကိုေရးဆြဲသူ Alfredo di Mauro ဟာ လက္မွတ္ရအင္ဂ်င္နီယာတေယာက္မဟုတ္ဘဲ technical draftsman တေယာက္သာျဖစ္ပါသတဲ့ ။
The Magic Carpet နဲ႔ မၿပီးႏိုင္ေသာ ေဆာက္လုပ္ေရးလုပ္ငန္းခြင္

အနာဂတ္အတြက္ႀကိဳတင္ျပင္ဆင္မႈအားနည္းခ်က္မ်ား

ေလဆိပ္စီမံကိန္းကို စတင္စဥ္က တႏွစ္ကို ခရီးသည္ ၂၇ သန္း အတြက္ရည္႐ြယ္ခဲ့ေပမယ့္ ေလဆိပ္ဖြင့္လွစ္ဖို႔ ေႏွာင္ေႏွးတာနဲ႔အမွ် အကယ္ဖြင့္လွစ္မယ့္အခ်ိန္မွာ ေလဆိပ္ႀကီး အေနနဲ႔ လက္ခံရမယ့္ ခရီးစဥ္နဲ႔ခရီးသည္အေရအတြက္က  အမ်ားႀကီးပိုလာမွာျဖစ္ပါတယ္။  ဒါေၾကာင့္ ဖြင့္လွစ္ၿပီးတာနဲ႔ တိုးခ်ဲ႕တဲ့လုပ္ငန္းကို  စတင္ရမယ့္ အေနအထားမွာရွိေနပါတယ္.
ေဆာက္လုပ္တာ အခ်ိန္ၾကာတာနဲ႔ အမွ် ေလေၾကာင္းလုပ္ငန္းေတြက ေျပာင္းလဲလာေတာ့ လိုအပ္ခ်က္ အသစ္ေတြ တိုးတိုးလာပါတယ္။ အခုေနာက္ပိုင္း ေဈးသက္သာတဲ့ ဘတ္ဂ်က္ေလေၾကာင္းလိုင္းေတြ အလ်င္အျမန္တိုးခ်ဲ႕တြင္က်ယ္လာတဲ့အခါ ေလဆိပ္ေတြမွာ သူတို႔ဖို႔ ေဈးေပါေပါနဲ႔ အလုပ္လုပ္ေပးႏိုင္တဲ့ low cost တာမီနယ္ေတြလိုလာပါတယ္။ မူလဒီဇိုင္းမွာ အဲလို ဘတ္ဂ်က္ေလေၾကာင္းအတြက္ ဂိတ္ေတြမပါဘဲ  လုပ္ငန္းစရိတ္ႀကီးတဲ့ "jet bridges" ေတြပဲပါပါတယ္၊။ ဒါပမယ့္ ႀကီးၾကပ္ေရးဘုတ္အဖြဲ႕ဝင္ ႏိုင္ငံေရးသမားေတြကို လိုအပ္တဲ့ ဘတ္ဂ်က္ေလေၾကာင္းအတြက္ ဂိတ္ေတြ ထည့္ေပးဖို႔ထက္ Airbus A380 ေလယာဥ္ႀကီးေတြတြက္ ဂိတ္ေတြထည့္ဖို႔ကိုတြန္းအားေပးပါတယ္။
တဖက္ကလည္း အလုပ္လုပ္ေပးႏိုင္တဲ့ low cost တာမီနယ္ေတြ မျဖစ္မေနလိုအပ္လာေတာ့ သူတို႔အတြက္ ေနာက္ထပ္ ေနရာအသစ္တိုးခ်ဲ႕ရျပန္ပါတယ္၊ ဒီလို႔ အသစ္ျဖည့္စြက္ရတာေတြမ်ားလာေတာ့ ေလဆိပ္ေဆာက္လုပ္သူေတြမွာလည္း ဘယ္ကဘယ္လိုဆက္လုပ္ရမယ္ဆိုတာမသိေအာင္ ရႈပ္ေထြးကုန္ပါတယ္။

စရိတ္ စရိတ္ စရိတ္

၂၀၀၆ မွာ စတင္စဥ္က ယူ႐ို ၂.၅ဘီလီယံနဲ႔ ေရးဆြဲခဲ့တဲ့ စီမံကိန္းႀကီးဟာ ၂၀၁၇ မွာ ယူ႐ို ၆.၅ ဘီလီယံအထိကုန္က်ၿပီးျဖစ္ပါတယ္။  ေလဆိပ္ကိုမဖြင့္ရေသးလို႔ ဝင္ေငြမဝင္ေပမယ့္  ၇ ႏွစ္ေက်ာ္ ေႏွာင့္ေႏွးေနတဲ့ ေလဆိပ္မွာ ေန႔စဥ္နဲ႔အမွ် ထိမ္းသိမ္းရတဲ့စရိတ္ေတြတက္ေနသလို LCD display လို တခ်ိဳ႕ပစၥည္းေတြဆို မသုံးရေသးခင္ အသစ္နဲ႔ အစားထိုးရတဲ့ အေနအထားေရာက္ေနပါတယ္။ စက္ပစၥည္းေတြကိုလည္း မသုံးတာၾကာၿပီးဂ်မ္းမျဖစ္ေအာင္ ေန႔စဥ္ေမာင္းေပးေနရပါတယ္။ အစိုးရပိုင္ ေလဆိပ္ကုမၸဏီႀကီးက ေလဆိပ္ကို ထိန္းသိမ္းရတဲ့ စရိတ္ဟာ တလကို ယူ႐ို ၁၇ သန္းရွိပါတယ္။

All 750 of the monitors showing flight information had to be replaced earlier in 2018 - at a cost of €500,000 (Credit: Getty Images)

အခုထိျပင္ရတာေတြကလည္း ျပင္မဆုံးျဖစ္ေနလို႔ဒီေလဆိပ္ကို ဆက္မျပင္ေတာ့ဘဲ ဖ်က္ပစ္ၿပီး အသစ္တခုကို အစကျပန္စတာ အကုန္အက် ပိုသက္သာမယ္လို႔ အႀကံေပးတာေတြလည္းရွိပါတယ္။
ရထားဘူတာကထြက္လာတဲ့ စက္ေလွကားတခ်ိဳ႕ဟာ သိတ္တိုလြန္းတယ္၊ျပန္ျပင္ဖို႔ ကလည္း စားရိတ္အလြန္ႀကီးမယ္

ျပည္သူေတြေပးထားတဲ့ အခြန္ေတြကို ဒီေလာက္မ်ားမ်ားသုံးထားၿပီးမွ ျပန္ဖ်က္ဖို႔ မျဖစ္ေတာ့ဘူး တခုခုအေကာင္အထည္ ျပႏိုင္ေအာင္လုပ္ရေတာ့မယ္ point of no reture ကိုေရာက္ေနၿပီလို႔ ဆိုၿပီး ဆက္လုပ္ေနၾကတာပါ။
အခု ေနာက္ဆုံး သတ္မွတ္ထားတဲ့ ေလဆိပ္ဖြင့္ရက္ကေတာ့ ၂၀၂၀ ေအာက္တိုဘာလထဲမွာ ျဖစ္မယ္လို႔ ဆိုထားပါတယ္။ ဒီသတ္မွတ္ထားတဲ့ ရက္ကိုလည္း စိတ္ဝင္စားသူမရွိသေလာက္ျဖစ္ေနပါၿပီ။
တခ်ိန္က ကမာၻႀကီးကိုၿခိမ္းေျခာက္ခဲ့တဲ့ နာဇီ ဂ်ာမဏီရဲ႕ ၿမိဳ႕ေတာ္၊ အခုလည္းဥေရာပမွာ စီးပြားေရးနဲ႔နည္းပညာမွာ ေရွ႕ကဦးေဆာင္ေနတဲ့ ေခတ္သစ္ဂ်ာမဏီရဲ႕ၿမိဳ႕ေတာ္ ဘာလင္ဟာ ေလာေလာဆယ္မွာေတာ့ ၁၉၃၄ ခုႏွစ္ကတည္းကေဆာက္ခဲ့တဲ့ Berlin Schönefeld Airport  (IATA: SXF, ICAO: EDDB)   နဲ႔ ၁၉၄၈ မွာ ရက္ ၉၀ နဲ႔ တည္ေဆာက္ခဲ့တဲ့ Berlin Tegel "Otto Lilienthal" Airport (IATA: TXL, ICAO: EDDT)  တို႔ကိုပဲဆက္လက္ အားထားေနရပါတယ္။
ဒီ Berlin Brandenburg Airport (BER) ေလဆိပ္ႀကီးရဲ႕ျပသနာကေတာ့ ႏိုင္ငံတကာ မွာလည္း ျဖစ္တတ္တာေၾကာင့္ တိုင္ျပည္အုပ္ခ်ဳပ္သူေတြနဲ႔ ပညာရွင္ေတြ အားလုံး သခၤန္းစာယူရမယ့္ နမူႀကီးတခုျဖစ္ပါတယ္။ 

ဖိုးသုည
2/7/19

တစ္ဆေလေဆိပ်ကြီး Berlin Brandenburg Airport (BER) (ယူနီကုဒ်)

မီးရထားတစင်းဆိုက်လာတယ်၊ တံခါးတွေပွင့်လာတော့ လူတယောက်မှ မပါ။ 
လေဆိပ်ခန်းမထဲရောက်တော့ လေယာဉ် အတက်အဆင်းခရီးစဉ်ပြ မှန်သားပြင်တွေမှာ လေယာဉ်ခရီးစဉ် အမှတ်တွေနဲ့ အချိန်တွေက လှုပ်ရှားနေပေမယ့် ခရီးသည်နဲ့ လေကြောင်းလိုင်း ဝန်ထမ်းတွေ တယောက်မှမရှိ။ 
ပစ္စည်းရွေးဖို့ ခါးပတ် ( baggage reclaim conveyer belt) ကြီးလှုပ်ရှားလာတယ်။ အိတ်တလုံးမှမပါ။ 
ဒါတွေကနေ့စဉ် တကယ်ဖြစ်နေတာပါ။ 
ဆောက်ထား တပ်ထားပြီးသားစက်တွေ မသုံးဖြစ်လို့ ဂျမ်းဖြစ်ပြီး ရပ်မသွားအောင် နေစဉ် သုံးစွဲသူမရှိဘဲ လည်ပတ် အလုပ်လုပ်ခိုင်းထားရတာပါ။ ဘုတ်တွေမှာ ပြနေတဲ့ လေယာဉ်ခရီးစဉ်တွေကတော့ အနားက Berlin Schönefeld Airport လေဆိပ်ကခရီးစဉ်တွေပါ။ 
ဥရောပရဲ့ စီးပွားရေး အတောင့်ဆုံး၊ နည်းပညာ အတိုးတက်ဆုံး ဂျာမဏီနိုင်ငံရဲ့ Berlin Brandenburg Airport (BER) လေဆိပ်ကြီးမှာပါ။

သမိုင်းကြောင်း

၁၉၈၉ ခု မှာ ဘာလင်တံတိုင်းကိုဖြိုချပြီး အရှေ့နဲ့ အနောက်ဘာလင် နှစ်ခြမ်းပြန်လည်ပေါင်းစည်းခဲ့ပါတယ်.။
၁၉၉၀ မှာ ဂျာမဏီ၂ နိုင်ငံပြန်လည်ပေါင်းစည်းပြီး Federal Republic of Germany လို့ဖွဲစည်းလိုက်တဲ့အခါ ဘာလင်ဟာ ဂျာမဏီရဲ့မြို့တော်ပြန်ဖြစ်လာပါတယ်။ 
မြို့တော်ပြန်ဖြစ်လာတဲ့  ဘာလင်မှာ တိုးတက်လာတဲ့ လေကြောင်းပို့ဆောင်ရေး အတွက် ရှိပြီးသားလေဆိပ်တွေနဲ့ မလုံလောက်တော့ ပါဘူး။ နိုင်ငံရေးခေါင်းဆောင်တွေက ဘာလင် အတွက် ခေတ်မှီလေဆိပ်သစ်ကြီးတခုကို တည်ဆောက်ဆို့လိုတယ်ဆိုတာကို သဘောတူခဲ့ကြပါတယ်။
ဒီလိုနဲ့ လေဆိပ်သစ်ကြီးကိုစီမံခန့်ခွဲဖို့အတွက် ၁၉၉၁ ခုနှစ် မေလမှာ  Berlin Brandenburg Airport holding company ကြီး ကို တည်ထောင် ခဲ့ပါတယ်။ 
၁၉၉၆ ခုဇွန်လရောက်မှ လက်ရှိ အသုံးပြုနေတဲ့ Berlin Schönefeld Airport (SXF) အနားက မြေနေရာကို အတည်ပြုပါတယ်။  
MAP
တခါ ဘယ်ပုဂ္ဂလိကဆောက်လုပ်ရေးအဖွဲ့တွေကို ဆောက်ဖို့  ခေါ်ယူမယ်ဆိုတာနဲ့ ပတ်သက်ပြီးဖြစ်တဲ့ ပြသနာတွေကြောင့် ၂၀၀၀ ခုနှစ် နိုဝင်ဘာလရောက်မှ ယာယီ စီမံကိန်း အတည်ဖြစ်ပါတယ်။ လေဆိပ်ကို  ၂၀၀၇ ခုနှစ်မှာဖွင့်လှစ်ဖို့စီစဉ်ခဲ့ကြပါတယ်။ 
လက်တွေ့မှာတော့ လေဆိပ်ဆောက်မယ့်နေရာမှာတွေ့တဲ့ ရှေးဟောင်း သင်္ချိုင်းကို ရှေးဟောင်း သုတေသီတွေက ထူးဖေါ်တာကို စောင့်ရ၊ နယ်မြေခံပြည်သူတွေနဲ့ပြသနာ ၊  ကုန်ကျစရိတ်တွက်ချက်ရာမှာ မှားယွင်းမှု စတဲ့ပြသနာတွေကိုဖြေရှင်းနေရလို့ ၂၀၀၆ ခု စက်တင်ဘာလရောက်မှ ဆောက်လုပ်ရေး လုပ်ငန်းတွေကိုတကယ်စတင်နိုင်ခဲ့ပါတယ်။ 
ဒီလိုနဲ့ လေဆိပ်ဖွင့်ဖို့ ရက်ကို ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၃၀ လို့ ပြင်ဆင်သတ်မှတ်ထားခဲ့ပါတယ်. 
ဒါပေမဲ့ ဆောက်လုပ်ရေးလုပ်ငန်းမှာ ပြသနာတွေများလို့ နှောင့်နှေးနေပြီး လေဆိပ်ဖွင့်ဖို့ ရက်ကို ၂၀၁၂ ခု ဇန္နဝါရီလု ၃ ရက်၊ နောက်တော့ ၂၀၁၂ ဇွန်လလို့ ထပ်ပြောင်းပါတယ်။ 
ဝန်ကြီးချုပ် Angela Merkel ကို ဖိတ်ပြီး လေဆိပ်ကြီးကို ဖွင့်ဖို့ ပြင်ဆင်ထားရာ ဖွင့်ပွဲမတိုင်မီ တလအလို ၂၀၁၂ မေလ မှာ မီးဘေးကာကွယ်ရေး စနစ်လက်မှတ်ရဖို့ စစ်ဆေးတော့မှ ဘယ်လိုမှ မျှော်မှန်းမထားတဲ့ အတော်ဆိုးရွားတဲ့ ပြသနာတွေကိုတွေ့ရလို့ ဖွင့်ပွဲကို ၂၀၁၃ မတ်လ ၁၇ လို့ ပြောင်းရပါတယ်၊ နောက်တော့ ၂၀၁၃ အောက်တိုဘာ ၂၇ ကို ရွှေ့ပြန်ပါတယ်။ 
၂၀၁၃ ဇန္နဝါရီလအရောက်မှာတော့ လေဆိပ်တကယ်ဖွင့်မယ့်ရက်ကို မကြေငြာနိုင်တောဘဲ  ၂၀၁၄ အထိ ဖွင့်နိုင်မှာ မဟုတ်ဘူးလို့သာကြေငြာနိုင်ပါတော့တယ်၊ ဘာလင်မြို့တော်ဝန်လည်း ကြီးကြပ်ရေး ဘုတ်အဖွဲ့က နှုတ်ထွက်ပြီး Berlin Brandenburg Airportရဲ့ စီအီးအိုကိုလဲ ရာထုးက ဖြုတ်လိုက်ပါတယ်။ 
၂၀၁၄ မှာ စီအီးအို အသစ် Hartmut Mehdorn က လေဆိပ်ကို ၂၀၁၆ အထိ ဖွင့်လှစ်နိုင်ဖွယ် မရှိလို့ ကြေငြာပါတယ်။ တပူပေါ် နှစ်ပူဆင့်တက်တက်လာတဲ့ ပြသနာတွေနဲ့ မရေရာမှုတွေကြောင့် Mehdorn လည်း ၂၀၁၄ ဒီဇင်ဘာလမှာ စီအီးအိုအဖြ့စ်မှ နှုတ်ထွက်ခဲ့ပါတယ်။ 
၂၀၁၅ ဇူလိုင်၊ ဘာလင်မြို့တော်ဝန်သစ် Michael Müller က ကြီးကြပ်ရေး ဘုတ်အဖွဲ့ဥက္ကဌ နေရာကို ရယူပြီး လေဆိပ်ကို  ၂၀၁၇ မှာ ဖွင့်လှစ်နိုင်အောင် ဦးဆောင်ပြန်ပါတယ်။ 
၂၀၁၅ ဩဂုတ်လမှာတော့ လေဆိပ်စီမံကိမ်း အတွင်းက ချစားမှု လာယ်စားမှုတွေ တစပြီးတစ ထွက်လာပါတယ်။ လေဆိပ်နည်းပညာဆိုင်ရာ ဒါရိုက်တာ Jochen Grossmann ဟာ ယူရို သန်းတဝက် လာယ်စားမယ်ဆိုတဲ့ စွဲချက်နဲ့ တရားတဘောင်ရင်ဆိုင်နေရပါတယ်။

၂၀၁၆ ဒီဇင်ဘာလမှာတော့ နောက်ဆုံးရည်မှန်းထားတဲ့ ၂၀၁၇ မှာလေဆိပ်ဖွင့်လှစ်နိုင်ဖို့ မဖြစ်နိုင်ပါဘူးဆိုပြန်ပါတယ်။ 
မီးလုံးတွေမှားတပ်တာ၊ တံခါးတွေကို နံပတ်တပ်မှားနေတာ (၄၀၀၀)၊ မီးခလုပ်တွေ မရှိတာ၊ မှားယွင်းတဲ့ မီးကြိုးသွယ်တန်းမှု၊ မီးဘေးအချက်ပေး စနစ် မှားယွင်းမှု စတာတွေကနေ အဆောက်အဦအမိုးက သတ်မှတ်ထားတာထက် ၂ဆကျော်ပိုလေးနေတယ်ဆိုတဲ့ ပြသနာ အကြီးကြီးအထိ၊ ပြသနာပေါင်း (၅၅၀၀၀၀) သန်းတဝက်ကျော်လောက်ကိုပြင်ဆင်ရမယ်ဆိုတာ တွေ့ရှိလာရလို့ပါ။ 

ဘာတွေမှားခဲ့တာလဲ 

ပညာရှင်နဲ့ နိုင်ငံရေးသမား နေရာမှား

အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချပေးရတဲ့ လေဆိပ်ဆောက်လုပ်ရေး ကြီးကြပ်မှု ဘုတ်အဖွဲ့ဝင်တွေဟာ လုပ်ငန်းကျွမ်းကျင်သူ စပယ်ရှယ်လစ်တွေ ဖြစ်ရမယ့်အစား ဒီလုပ်ငန်းတွေနဲ့ နီးစပ်မှု မရှိတဲ့ နိုင်ငံရေးသမားတွေဖြစ်တဲ့ ဘာလင်မြို့တော်ဝန် နဲ့  Brandenburg ပြည်နယ်ဝန်ကြီးချုပ် တို့ ဖြစ်နေပါတယ်။  စီမံကိန်းအကြီးကဲ၊ နည်းပညာအကြီးအကဲတွေကလည်း ဆိုင်ရာနယ်ပယ်မှာ မကျွမ်းကျင်ကြလို့ လူတွေတယောက်ပြီး တယောက်ပြောင်းရပါတယ်။ 
သူတို့က ဆောက်လုပ်ရေးလုပ်ငန်းတွေကို အတွေ့အကြုံရင့် ကုမ္ပဏီကြီးတခုကို အပ်ပြီး စီမံခန့်ခွဲစေတာမျိုးမဟုတ်ဘဲ လုပ်ငန်း ကန်ထရိုက်  ၃၀ -၄၀ လောက်ကို ဈေးသက်သက်သာသာနဲ့ ခိုင်းလို့ရတဲ့ ကုမ္ပဏီ အငယ်ကလေးတွေကို တိုက်ရိုက်ခွဲပေးခဲ့ပါတယ်။ အဲဒီမှာလုပ်ငန်းတွေအကြားညှိနှိုင်းထိန်းချုပ်ရတာတွေက ရှုပ်ထွေးကုန်ပါတယ်။ 

ဗိသုကာဆိုင်ရာပြသနာများ

ဗိသုကာဆိုင်ရာ မှားယွင်းတဲ့ထဲမှာ ပြသနာ်ကြီးတခုကတော့ပါ။ ဒီဇိုင်းဆွဲတဲ့ ဗိသုကာက ပူပြီး အထက်ကိုဆန်တက်တတ်တဲ့ မီးခိုးတွေကို လေဆိပ်ခန်းမအောက်ခြေကနေစုပ်ထုတ်ဖို့ လုပ်ထားပါတယ်၊  အစအဆုံးပြန်ပြင်ရပါတယ်။ 
ချက်အင်လုပ်ဖို့ကောင်တာတွေက သိပ်နည်းနေပြီး ခရီးသည်တွေအိတ်တွေကို ပြန်ရွေးဖို့ စနစ်ကနည်းလုံလောက်မှုမရှိပါ။ 
အအေးပေးစနစ်က အလွန်အားနည်းလို့ အပူလွန်ပြီး ကွန်ပြူတာစနစ်တွေကို အလိုလျှောက်ဖြတ်တောက် လိုက်ရင် လေဆိပ်တခုလုံး ကကွန်ပြုူတာတွေရပ်သွားနိုင်ပါတယ်။  
မီးအရေးပေါ်လျင် အလိုလျှောက်ပိတ်ရမယ့်တံခါးတွေ မပိတ်လို့ ပြန်ပြင်ရမှာ တံခါး တထောင်လောက်ရှိပါသတဲ့ ၊ ပြန်လုပ်ရမယ့် လျှပ်စစ်ကြိုးတွေက ကီလိုမီတာပေါင်များစွာ။
လေယာဉ်တွေပျံသန်းတဲ့ လမ်းကြောင်းနဲ့ ဆူညံသံကာကွယ်ပေးဖို့ လိုအပ်တဲ့ နေရာတွေကို တွက်ချက်တာကလဲ လွဲနေပါတယ်။ 
လေဆိပ်ဗိသုကာ Meinhard von Gerkan's က လေဆိပ်မှာ ဈေးဝယ်တာကို မကြိုက်သူဖြစ်လို့ လေဆိပ်ဒီဇိုင်းမှာ ဆိုင်တွေ နည်းနိုင်သမျှနည်းအောင် လျှော့ထားခဲ့ ပါတယ်။ ဒီအကြောင်းကို လေဆိပ်ကုမ္ပဏီက သိတာနောက်ကျလို့ ဆိုင်ခန်းတွေအတွက် အထပ်တခု ထပ်တိုးဖို့ တောင်းဆိုခဲ့ပါတယ်။ လေဆိပ်တွေက အဲဒီလိုဆိုင်ခန်းငှားခတွေကနေ ဝင်ငွေ အများအပြားရနေကြတာပါ။ 
ပြသနာက အဲလိုထပ်တိုးတဲ့ အထပ်အတွက် လိုအပ်လာတဲ့ မီးသတ်စနစ်လို မီးခိုးစုပ်ထုတ်စနစ်လို စနစ်တွေကို ထပ်ဖြည့်ရမှာဖြစ်ပြီး ဘယ်လို ထပ်ဖြည့်ထားတယ်ဆိုတာ ဘယ်သူမှ သေချာမသိဘူးဆိုပါတယ်။ 
လေဆိပ်ကြီးရဲ့ မီးဘေးကာကွယ်ရေးစနစ် စီမံကိန်းကိုရေးဆွဲသူ Alfredo di Mauro ဟာ လက်မှတ်ရအင်ဂျင်နီယာတယောက်မဟုတ်ဘဲ technical draftsman တယောက်သာဖြစ်ပါသတဲ့ ။ 

အနာဂတ်အတွက်ကြိုတင်ပြင်ဆင်မှုအားနည်းချက်များ

လေဆိပ်စီမံကိန်းကို စတင်စဉ်က တနှစ်ကို ခရီးသည် ၂၇ သန်း အတွက်ရည်ရွယ်ခဲ့ပေမယ့် လေဆိပ်ဖွင့်လှစ်ဖို့ နှောင်နှေးတာနဲ့အမျှ အကယ်ဖွင့်လှစ်မယ့်အချိန်မှာ လေဆိပ်ကြီး အနေနဲ့ လက်ခံရမယ့် ခရီးစဉ်နဲ့ခရီးသည်အရေအတွက်က  အများကြီးပိုလာမှာဖြစ်ပါတယ်။  ဒါကြောင့် ဖွင့်လှစ်ပြီးတာနဲ့ တိုးချဲ့တဲ့လုပ်ငန်းကို  စတင်ရမယ့် အနေအထားမှာရှိနေပါတယ်. 
ဆောက်လုပ်တာ အချိန်ကြာတာနဲ့ အမျှ လေကြောင်းလုပ်ငန်းတွေက ပြောင်းလဲလာတော့ လိုအပ်ချက် အသစ်တွေ တိုးတိုးလာပါတယ်။ အခုနောက်ပိုင်း ဈေးသက်သာတဲ့ ဘတ်ဂျက်လေကြောင်းလိုင်းတွေ အလျင်အမြန်တိုးချဲ့တွင်ကျယ်လာတဲ့အခါ လေဆိပ်တွေမှာ သူတို့ဖို့ ဈေးပေါပေါနဲ့ အလုပ်လုပ်ပေးနိုင်တဲ့ low cost တာမီနယ်တွေလိုလာပါတယ်။ မူလဒီဇိုင်းမှာ အဲလို ဘတ်ဂျက်လေကြောင်းအတွက် ဂိတ်တွေမပါဘဲ  လုပ်ငန်းစရိတ်ကြီးတဲ့ "jet bridges" တွေပဲပါပါတယ်၊။ ဒါပမယ့် ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင် နိုင်ငံရေးသမားတွေကို လိုအပ်တဲ့ ဘတ်ဂျက်လေကြောင်းအတွက် ဂိတ်တွေ ထည့်ပေးဖို့ထက် Airbus A380 လေယာဉ်ကြီးတွေတွက် ဂိတ်တွေထည့်ဖို့ကိုတွန်းအားပေးပါတယ်။ 
တဖက်ကလည်း အလုပ်လုပ်ပေးနိုင်တဲ့ low cost တာမီနယ်တွေ မဖြစ်မနေလိုအပ်လာတော့ သူတို့အတွက် နောက်ထပ် နေရာအသစ်တိုးချဲ့ရပြန်ပါတယ်၊ ဒီလို့ အသစ်ဖြည့်စွက်ရတာတွေများလာတော့ လေဆိပ်ဆောက်လုပ်သူတွေမှာလည်း ဘယ်ကဘယ်လိုဆက်လုပ်ရမယ်ဆိုတာမသိအောင် ရှုပ်ထွေးကုန်ပါတယ်။  

စရိတ် စရိတ် စရိတ်

၂၀၀၆ မှာ စတင်စဉ်က ယူရို ၂.၅ဘီလီယံနဲ့ ရေးဆွဲခဲ့တဲ့ စီမံကိန်းကြီးဟာ ၂၀၁၇ မှာ ယူရို ၆.၅ ဘီလီယံအထိကုန်ကျပြီးဖြစ်ပါတယ်။  လေဆိပ်ကိုမဖွင့်ရသေးလို့ ဝင်ငွေမဝင်ပေမယ့်  ၇ နှစ်ကျော် နှောင့်နှေးနေတဲ့ လေဆိပ်မှာ နေ့စဉ်နဲ့အမျှ ထိမ်းသိမ်းရတဲ့စရိတ်တွေတက်နေသလို LCD display လို တချို့ပစ္စည်းတွေဆို မသုံးရသေးခင် အသစ်နဲ့ အစားထိုးရတဲ့ အနေအထားရောက်နေပါတယ်။ စက်ပစ္စည်းတွေကိုလည်း မသုံးတာကြာပြီးဂျမ်းမဖြစ်အောင် နေ့စဉ်မောင်းပေးနေရပါတယ်။ အစိုးရပိုင် လေဆိပ်ကုမ္ပဏီကြီးက လေဆိပ်ကို ထိန်းသိမ်းရတဲ့ စရိတ်ဟာ တလကို ယူရို ၁၇ သန်းရှိပါတယ်။ 
အခုထိပြင်ရတာတွေကလည်း ပြင်မဆုံးဖြစ်နေလို့ဒီလေဆိပ်ကို ဆက်မပြင်တော့ဘဲ ဖျက်ပစ်ပြီး အသစ်တခုကို အစကပြန်စတာ အကုန်အကျ ပိုသက်သာမယ်လို့ အကြံပေးတာတွေလည်းရှိပါတယ်။ 
ပြည်သူတွေပေးထားတဲ့ အခွန်တွေကို ဒီလောက်များများသုံးထားပြီးမှ ပြန်ဖျက်ဖို့ မဖြစ်တော့ဘူး တခုခုအကောင်အထည် ပြနိုင်အောင်လုပ်ရတော့မယ် point of no reture ကိုရောက်နေပြီလို့ ဆိုပြီး ဆက်လုပ်နေကြတာပါ။
အခု နောက်ဆုံး သတ်မှတ်ထားတဲ့ လေဆိပ်ဖွင့်ရက်ကတော့ ၂၀၂၀ အောက်တိုဘာလထဲမှာ ဖြစ်မယ်လို့ ဆိုထားပါတယ်။ ဒီသတ်မှတ်ထားတဲ့ ရက်ကိုလည်း စိတ်ဝင်စားသူမရှိသလောက်ဖြစ်နေပါပြီ။ 
တချိန်က ကမ္ဘာကြီးကိုခြိမ်းခြောက်ခဲ့တဲ့ နာဇီ ဂျာမဏီရဲ့ မြို့တော်၊ အခုလည်းဥရောပမှာ စီးပွားရေးနဲ့နည်းပညာမှာ ရှေ့ကဦးဆောင်နေတဲ့ ခေတ်သစ်ဂျာမဏီရဲ့မြို့တော် ဘာလင်ဟာ လောလောဆယ်မှာတော့ ၁၉၃၄ ခုနှစ်ကတည်းကဆောက်ခဲ့တဲ့ Berlin Schönefeld Airport  (IATA: SXF, ICAO: EDDB)   နဲ့ ၁၉၄၈ မှာ ရက် ၉၀ နဲ့ တည်ဆောက်ခဲ့တဲ့ Berlin Tegel "Otto Lilienthal" Airport (IATA: TXL, ICAO: EDDT)  တို့ကိုပဲဆက်လက် အားထားနေရပါတယ်။ 
ဒီ Berlin Brandenburg Airport (BER) လေဆိပ်ကြီးရဲ့ပြသနာကတော့ နိုင်ငံတကာ မှာလည်း ဖြစ်တတ်တာကြောင့် တိုင်ပြည်အုပ်ချုပ်သူတွေနဲ့ ပညာရှင်တွေ အားလုံး သင်္ခန်းစာယူရမယ့် နမူကြီးတခုဖြစ်ပါတယ်။ 

ဖိုးသုည
2/7/19

#Hello_Max ! #Ready_to_wake_up ? အင်ဒိုနီးရှား Lionair နဲ့ အီသီယိုးပီးယားအဲယားလိုင်း လေယာဉ်တွေပျက်ကျပြီးနောက် ၂၀၁၉ မတ်လလယ်ကစပြီးမြ...