Tuesday, March 26, 2019

နာမည္ ပ်က္ၿပီးရင္းပ်က္ေနတဲ့ ဘိုးအင္းရဲ႕ ေနာက္ဆုံးေပၚ Boeing 737 max (နာမည် ပျက်ပြီးရင်းပျက်နေတဲ့ ဘိုးအင်းရဲ့ နောက်ဆုံးပေါ် Boeing 737 max )


ဒီႏွစ္ မတ္လ ကေတာ့ ဘိုးအင္းရဲ႕ လငပုပ္ဖမ္းတဲ့လပါ။ (Zawgyi) 


၂၀၁၉ မတ္လ ၁၀ ရက္မွာ အီသီယိုးပီးယားေလေၾကာင္းက ေလယာဥ္ပ်က္ က်ၿပီးေနာက္သုံးရက္အၾကာမတ္လ ၁၃ ကစလို႔ ဘိုးအင္းရဲ႕ ေနာက္ဆုံးေပၚ Boeing 737 max အားလုံးေျမျပင္မွာ ေခတၱနားေနဖို႔ ကမာၻအႏွံ႔က ေလေၾကာင္းအာဏာပိုင္ေတြက ၫႊန္ၾကားထားခဲ့ပါတယ္။

ေလေၾကာင္းလိုင္းေတြလဲ ခရီး စဥ္ေတြ ဖ်က္သိမ္းရ ခရီးသည္ေတြ လက္မွတ္ေျပာင္းရနဲ႔ အေတာ္ ဒုကၡမ်ားသြားပါတယ္။

လက္ရွိမွာ Boeing 737 max အမ်ားဆုံး (၃၄စီး) ပိုင္ဆိုင္ထားတဲ့ အေမရိကားက Southwest ေလေၾကာင္းကေတာ့ အထိ အနာဆုံးပါ။


အဲဒီေလယာဥ္ေတြအတြက္ ဘိုးအင္းက ေဆာ့ဖ္ဝဲ့ အပ္ဒီပ္ကို ဖန္တီးေနၿပီး အဲဒီီေလယာဥ္ေတြဟာ  အနည္းဆုံး ဒီႏွစ္ ေမလ အထိေတာ့ ပ်ံသန္းခြင့္ရဦးမွာ မဟုတ္ပါ။ ‌

ေလေၾကာင္းလိုင္းေတြရဲ႕ ေနာက္ ျပသနာကေတာ့ ေလယာဥ္ေတြကို ေခတၱရပ္နားထားဖို႔ေနရာ ျဖစ္ပါတယ္။

တစီး ၂စီး’ရွိတဲ့လိုင္းေတြက မေထာင္းတာေပနဲ႔ ၃၄ စီးရွိတဲ့ southwest ေလေၾကာင္းက

ႏိုင္ငံအႏွံ႔မွာ ျပန႔္ႀကဲေနတဲ့ Boeing 737 max ေလယာဥ္ေတြ လနဲ႔ ခ်ီရပ္နားဖို႔ စီစဥ္ရပါတယ္။

အတက္အဆင္း အလြန္မ်ားတဲ့ အေမရိကားကေလဆိပ္ေတြမွာ အၾကားႀကီ ရပ္နားထားဖို႔ စားရိတ္ႀကီးတာေၾကာင့္ ေဈးေပါေပါနဲ႔ ေခတၱ ရပ္နားလို႔ရတဲ့ ေနရာေတြကို ေ႐ႊ႕ၾကရပါတယ္။ ( သူတိုလဲ ပါကင္ခေပးရတယ္ေပါ့ဗ်ာ။ )

Southwest ေလေၾကာင္းက ကယ္လီဖိုးနီးယားေတာင္ပိုင္းက Victorville မ်ာရွိတဲ့ Southern California Logistics Airport  ဆိုတဲ့ ေလယာဥ္ေဟာင္းေတြ နားခိုရာေနရာရွိတဲ့ ေလဆိပ္မွာသူ႔ရဲ႕ ေျမနား Boeing 737 max ကို ေခတၱထားပါတယ္။
Southern California Logistics Airport  ေရာက္ southwest ေလေၾကာင္းပိုင္ ေခတၱေျမခငွက္ႀကီးမ်ား

ဒီလိုနဲ႔ မေန႔က မတ္လ ၂၆ ရက္မွာ Southwest ေလေၾကာင္းက အေမရိကေတာင္ပိုင္း ေအာ္လန္ဒိုေလဆိပ္မွာ ရပ္ထားတဲ့ Boeing 737 max တစီးကို သူ႔ ညီအကိုေတာ္ေတြနဲ႔ အတူနားေနဖို႔ ကယ္လီဖိုးနီးယားေတာင္ပိုင္းက Southern California Logistics Airport  ေလဆိပ္ကိုေ႐ႊ႕ဖို႔ လုပ္ပါတယ္ ။ 

အဲဒီေလယာဥ္ဟာ ခရီးစဥ္အမွတ္  SWA8701 အျဖစ္ ပ်ံတက္ၿပီးမိနစ္ပိုင္းအတြင္း အင္ဂ်င္ျပသနာျဖစ္လို႔ ခြင့္ေတာင္းၿပီး ကြင္းကို ျပန္လွည့္ကာ အေရးေပၚဆင္းတဲ့ရပါတယ္။

ခရီးသည္မပါတဲ့ ေလယာဥ္ျဖစ္ၿပီး ေခ်ာေခ်ာေမာေမာ ဆင္းသက္ႏိုင္ခဲ့တယ္ဆိုပါတယ္။ အရင္က ပ်က္က်တဲ့ Boeing 737 max ႏွစ္စီး ႀကဳံရတဲ့ ျပသနာနဲ႔ေတာ့ တူပုံမရပါဘူး။

ဘာပဲ ျဖစ္ျဖစ္ ေလယာဥ္ပ်က္က်ေစတဲ့ အဓိက အေၾကာင္းရင္းကို ေသေသခ်ာခ်ာ မသိရမခ်င္း။ တခါ အဲ ဒီခ်ိဳ႕ယြင္းခ်က္ကို ျပင္ဆင္ၿပီး ေသခ်ာ ထပ္မံ စမ္းသပ္မၿပီး မခ်င္းေတာ့ Boeing 737 max ေတြ ေျမမွာနားေနရဦးမွာ ျဖစ္လို႔ လက္ဝယ္ရွိထားတဲ့ ေလေၾကာင္းလိုင္းေတြလည္း ေန႔စဥ္နဲ႔ အမွ် ေဒၚလာေတြ ေသာင္းနဲ႔ သိန္းနဲ႔ ခ်ီၿပီး ဆုံးးရႈံးေနဦးမွာပါ.။



ဖိုးသုည


27-3-2019

ဒီနှစ် မတ်လ ကတော့ ဘိုးအင်းရဲ့ လငပုပ်ဖမ်းတဲ့လပါ။ (Unicode) 
ခရီးသည်မပါတဲ့ ဘိုးအင်းရဲ့ နောက်ဆုံးပေါ် Boeing 737 max တစီးအရေးပေါ်ဆင်းရပြန်ပါပြီ။

၂၀၁၉ မတ်လ ၁၀ ရက်မှာ အီသီယိုးပီးယားလေကြောင်းက လေယာဉ်ပျက် ကျပြီးနောက်သုံးရက်အကြာမတ်လ ၁၃ ကစလို့ ဘိုးအင်းရဲ့ နောက်ဆုံးပေါ် Boeing 737 max အားလုံးမြေပြင်မှာ ခေတ္တနားနေဖို့ကမ္ဘာအနှံ့က လေကြောင်းအာဏာပိုင်တွေက ညွှန်ကြားထားခဲ့ပါတယ်။
လေကြောင်းလိုင်းတွေလဲ ခရီး စဉ်တွေ ဖျက်သိမ်းရ ခရီးသည်တွေ လက်မှတ်ပြောင်းရနဲ့ အတော် ဒုက္ခများသွားပါတယ်။
လက်ရှိမှာ Boeing 737 max အများဆုံး (၃၄စီး) ပိုင်ဆိုင်ထားတဲ့ အမေရိကားက Southwest လေကြောင်းကတော့ အထိ အနာဆုံးပါ။

အဲဒီလေယာဉ်တွေအတွက် ဘိုးအင်းက ဆော့ဖ်ဝဲ့ အပ်ဒီပ်ကို ဖန်တီးနေပြီး အဲဒီီလေယာဉ်တွေဟာ  အနည်းဆုံး ဒီနှစ် မေလ အထိတော့ ပျံသန်းခွင့်ရဦးမှာ မဟုတ်ပါ။ ‌

လေကြောင်းလိုင်းတွေရဲ့ နောက် ပြသနာကတော့ လေယာဉ်တွေကို ခေတ္တရပ်နားထားဖို့နေရာ ဖြစ်ပါတယ်။
တစီး ၂စီး’ရှိတဲ့လိုင်းတွေက မထောင်းတာပေနဲ့ ၃၄ စီးရှိတဲ့ southwest လေကြောင်းက
နိုင်ငံအနှံ့မှာ ပြန့်ကြဲနေတဲ့ Boeing 737 max လေယာဉ်တွေ လနဲ့ ချီရပ်နားဖို့ စီစဉ်ရပါတယ်။

အတက်အဆင်း အလွန်များတဲ့ အမေရိကားကလေဆိပ်တွေမှာ အကြားကြီ ရပ်နားထားဖို့ စားရိတ်ကြီးတာကြောင့် ဈေးပေါပေါနဲ့ ခေတ္တ ရပ်နားလို့ရတဲ့ နေရာတွေကို ရွှေ့ကြရပါတယ်။ ( သူတိုလဲ ပါကင်ခပေးရတယ်ပေါ့ဗျာ။ )
Southwest လေကြောင်းက ကယ်လီဖိုးနီးယားတောင်ပိုင်းက Victorville မျာရှိတဲ့ Southern California Logistics Airport  ဆိုတဲ့ လေယာဉ်ဟောင်းတွေ နားခိုရာနေရာရှိတဲ့ လေဆိပ်မှာသူ့ရဲ့ မြေနား Boeing 737 max ကို ခေတ္တထားပါတယ်။  


ဒီလိုနဲ့ မနေ့က မတ်လ ၂၆ ရက်မှာ Southwest လေကြောင်းက အမေရိကတောင်ပိုင်း အော်လန်ဒိုလေဆိပ်မှာ ရပ်ထားတဲ့ Boeing 737 max တစီးကို သူ့ ညီအကိုတော်တွေနဲ့ အတူနားနေဖို့ ကယ်လီဖိုးနီးယားတောင်ပိုင်းက Southern California Logistics Airport  လေဆိပ်ကိုရွှေ့ဖို့ လုပ်ပါတယ် ။ 
အဲဒီလေယာဉ်ဟာ ခရီးစဉ်အမှတ်  SWA8701 အဖြစ် ပျံတက်ပြီးမိနစ်ပိုင်းအတွင်း အင်ဂျင်ပြသနာဖြစ်လို့ ခွင့်တောင်းပြီး ကွင်းကို ပြန်လှည့်ကာ အရေးပေါ်ဆင်းတဲ့ရပါတယ်။

ခရီးသည်မပါတဲ့ လေယာဉ်ဖြစ်ပြီး ချောချောမောမော ဆင်းသက်နိုင်ခဲ့တယ်ဆိုပါတယ်။ အရင်က ပျက်ကျတဲ့ 
Boeing 737 max နှစ်စီး ကြုံရတဲ့ ပြသနာနဲ့တော့ တူပုံမရပါဘူး။
ဘာပဲ ဖြစ်ဖြစ် လေယာဉ်ပျက်ကျစေတဲ့ အဓိက အကြောင်းရင်းကို သေသေချာချာ မသိရမချင်း။ တခါ အဲ ဒီချို့ယွင်းချက်ကို ပြင်ဆင်ပြီး သေချာ ထပ်မံ စမ်းသပ်မပြီး မချင်းတော့ Boeing 737 max တွေ မြေမှာနားနေရဦးမှာ ဖြစ်လို့ လက်ဝယ်ရှိထားတဲ့ လေကြောင်းလိုင်းတွေလည်း နေ့စဉ်နဲ့ အမျှ ဒေါ်လာတွေ သောင်းနဲ့ သိန်းနဲ့ ချီပြီး ဆုံးးရှုံးနေဦးမှာပါ.။

ဖိုးသုည
27-3-2019


#Hello_Max ! #Ready_to_wake_up ? အင်ဒိုနီးရှား Lionair နဲ့ အီသီယိုးပီးယားအဲယားလိုင်း လေယာဉ်တွေပျက်ကျပြီးနောက် ၂၀၁၉ မတ်လလယ်ကစပြီးမြ...